Miss Globe International 2014 ပြိုင်ပွဲသွားရောက်ယှဉ်ပြိုင်မယ့် အလှမယ် ဂျူးစံသာ

ပို့စ်တင်ချိန် - 6/02/2014 05:13:00 PM



တူုရကီနိုင်ငံမှာကျင်းပမယ့် Miss Globe International 2014 ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြုအလှမယ်အနေနဲ့ အလှမယ် ဂျူးစံသာဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ပြိုင်ပွဲဝင်ကာလက ဇွန်လ ၁၁ရက်နေ့မှ ဇွန်လ ၂၁ရက်နေ့အထိဖြစ်ကြောင်း သိရပါတယ်။

ပြိုင်ပွဲအတွက်အစွမ်းကုန်ကြိုးစားပြင်ဆင်နေတဲ့ အလှမယ်ဂျူးစံသာက
” ပြိုင်ပွဲ အတွက်လိုအပ်တဲ့ Training တွေကို ပုံမှန်လေ့ကျင့်နေပါတယ်။ ဆရာမခေမီကိုဆီမှာအကသင်နေပါတယ်။ ဥက္ကလာဂေါက်ကွင်းမှာ ဆရာဦးဟန်ထွန်းနဲ့ ဂေါက်ဖ် ရိုက် သင်နေပါတယ်။ Micasa မှာလည်း ပုံမှန်ရေကူးဖြစ်ပါတယ်။ Utopia Tower မှာလည်း ပုံမှန် Fitness ကစားဖြစ်နေပါတယ်။

ဖိလစ်ပိုင်မှာသင်ယူခဲ့တဲ့ Catwalk training တွေ၊ မိတ်ကပ်ပိုင်း ဆိုင်ရာတွေ ကိုလည်း ပြန်ပြီးလေ့ကျင့် ဖြစ်ပါတယ်။ ဖိလစ်ပိုင်က သင်တန်းတွေ ကလည်း ညီမအတွက် အထောက်အကူ အများကြီး ဖြစ်ပါတယ်။ ဒီမှာလေ့ ကျင့်မှုလုပ်မှ ပြိုင်ပွဲမှာ အရာအားလုံးအဆင်ပြေမှာ ဖြစ်တဲ့ အတွက်ညီမ ဒီမှာ လေ့ကျင့် မှု တော်တော် များများပြုလုပ်ဖြစ်နေပါတယ်” လို့ ပြောပါတယ်။

ဒီပြိုင်ပွဲရဲ့ Talent show မှာ ဂျူးစံသာ ရခိုင်ဆီမီးခွက်အကဖြင့် ကပြ ယှဉ်ပြိုင်မှာ ဖြစ်ကြောင်းလည်း သိရပါ တယ်။ တူရကီနိုင်ငံမှာကျင်းပမယ့် ၈၉ ကြိမ်မြောက် Miss Globe International 2014 ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ပထမဦးဆုံးအကြိမ်ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်ပြီး အလှမယ် ဂျူးစံသာကို
၂ဝ၁၄ ခုနှစ်၊ မတ်လ ၄ ရက်နေ့ ကကရဝိက်နန်းတော်မှာ Miss Globe Myanmar 2014 အလှမယ်ရွေးချယ်ပွဲ ပြုလုပ်ပြီးနယ် ပယ်အသီးသီးမှ
အကဲဖြတ်ဒိုင်များ ဖြင့်ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

ခိုင်ဝေလွင်


Popular Journal