အမျိုးဘာသာသာသနာအတွက် အန္တရာယ် ဘာသာမဲ့အတွေးအခေါ်များ လက်မခံဟုဆို

ပို့စ်တင်ချိန် - 7/02/2014 08:10:00 AM



ညစ်ညမ်းသောရေးသားမှုများပါရှိသဖြင့် ဝေဖန်ရှုတ်ချမှုတင်မက ဥပဒေနှင့်ပါ ရင်ဆိုင်နေရသော ရိုမန်ဘော့ထ်တို့ရဲ့ကမ္ဘာ လုံးချင်းစာအုပ်ရေးသားသူ အောင်ရင်ငြိမ်းသည် မိမိ၏တပည့်မဟုတ်သလို မည်သို့မျှ ပတ်သက်သူမဟုတ်ကြောင်း ထိုသို့ပြော ဆိုခံနေရသည့် ညှို့မဂ်္ဂဇင်းအယ်ဒီတာချုပ် ကိုဦးဆွေက ငြင်းဆိုလိုက်သည်။

အောင်ရင်ငြိမ်းကို ဂျာနယ်တစ်စောင်တွင် စာပြင်အဖြစ်လည်းကောင်း၊ မဂ္ဂဇင်းတစ်စောင်တွင် ကဗျာအယ်ဒီတာအဖြစ် လည်းကောင်း အလုပ်သွင်းပေးခဲ့ဖူးကြောင်း၊ ထိုအလုပ်မှလည်း နုတ်ထွက်သွားရသည်မှာ ၂လ ခန့်ရှိပြီဖြစ်ကြောင်း၊ အောင်ရင် ငြိမ်း၏စာအုပ်အကြောင်းရေးရာ၌ ညှို့မဂ္ဂဇင်းနှင့်ယှဉ်တွဲရေးသားမှုများအပေါ်ကန့်ကွက်ပါကြောင်း၊ ညှို့မဂ္ဂဇင်းကို သက်ဆိုင်ရာ က ပိတ်ပင်ခဲ့သည်မှာ လျှောက်ထားစဉ်က ဘာသာရပ်နှင့် ထုတ်ဝေသည့်ဘာသာရပ်မတူ၍သာဖြစ်ကြောင်း ကိုဦးဆွေက ဆက်လက် ပြောကြားသည်။

ရိုမန်ဘော့ထ်စာအုပ်ပါ အရေးအသားများနှင့်ပတ်သက်၍လည်း ကိုဦးဆွေက လုံးဝလက်မခံပါကြောင်း၊ သို့သော် လူအများဝေဖန် ကဲ့ရဲ့နေသည့် အပြာအရေးအသားများထက် ဘာသာမဲ့တို့၏ အယူအဆများကို တင်ပြထားခြင်းက အမျိုး၊ ဘာသာ၊ သာသနာအတွက် ပို၍အန္တရာယ်ကြီးမားကြောင်း၊ ကမ္ဘာပေါ်မှာ ဘာသာမဲ့များပြားလာမှုကို လျစ်လျူမရှုသင့် ကြောင်း၊ ဗုဒ္ဓဘာသာမိဘနှစ်ပါးမှ မွေးဖွားလာသည့် လူငယ်တစ်ဦးအဘယ့်ကြောင့် ယခုကဲ့သို့ ဘာသာမဲ့ဖြစ်ရသည်ကို ဆန်းစစ်လေ့လာသင့်ကြောင်း ပြောကြားသွားသည်။      

hotnewsweekly