လေးစားခဲ့ရတဲ့ ဒါရိုက်တာဖြစ်လို့ ရုပ်ရှင်ကားကြီးကို လက်ခံခဲ့တာပါ ဆိုတဲ့ ခင်ဝင့်ဝါ


ကမ္ဘာ့အလှမယ် စာရင်းဝင် ခင်ဝင့်ဝါသည် အနုပညာ လမ်းကြောင်း ပေါ်သို့ လျှောက်လှမ်းလာခဲ့ရာ ဗီဒီယို ဇာတ်လမ်းများ၌သာမက ယခုအခါတွင် ရုပ်ရှင် ဇာတ်ကားကြီးထဲတွင် စတင်ပါဝင် သရုပ်ဆောင်ခဲ့ရာ ဇာတ်လမ်း မသိသေးခင်ကပင် သူမငယ်ငယ်က လေးစားခဲ့ရသော ဒါရိုက်တာ တစ်ဦးက ရိုက်ကူးမည် ဆိုသောကြောင့် ရုပ်ရှင် ဇာတ်ကားကြီးကို လက်ခံခဲ့ပါသည်ဟု ပြောကြားခဲ့သည်။

''ဆရာဦးစိုးမိုးက ညီမငယ်ငယ် ကတည်းက အားကျလေးစား ခဲ့ရတဲ့ ဒါရိုက်တာ တစ်ဦးပါ။ ဆရာ့ဘက်ကနေ သမီးကို ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ဖို့အတွက် ပြောကတည်းက ဝမ်းသာခဲ့ရတယ်။ ဆရာကပေးတဲ့ ဇာတ်လမ်းကို မကြည့်ခင် ဆရာက ကမ်းလှမ်းခဲ့တာ ဖြစ်ပြီး ရုပ်ရှင်ကားကြီးလဲ ဖြစ်တဲ့အတွက် လက်ခံခဲ့တာပါ။ ညီမအနေနဲ့က သရုပ်ဆောင်ရမယ့် ကာရိုက်တာတွေကို သေသေချာချာ လေ့ကျင့်ရမှာပါ။ စီနီယာတွေ ဘယ်လို သရုပ်ဆောင်လဲ ဆိုတာကိုလဲ လေ့လာရမှာပါ'' ဟု ခင်ဝင့်ဝါက ပြောသည်။
သူမအနေဖြင့် ရုပ်ရှင်ဇာတ်ကားကြီး အတွက် ပြင်ဆင်မှုများကိုလည်း ''ဗီဒီယိုနဲ့ ရုပ်ရှင်ကားဆိုတာကတော့ မတူဘူးပေါ့။ ဗီဒီယိုက အိမ်က တီဗွီမှာပဲမြင်ရတာ၊ ရုပ်ရှင်ကား ဆိုတာပိတ်ကားပေါ်မှာ မျက်နှာကို အသေးစိတ် မြင်ရတယ်။ပိုပြီးတော့ စိတ်လှုပ်ရှားဖို့လဲ ကောင်းတယ်။ ပိုပြီးတော့လဲ အားစိုက်ပြီး ပြင်ဆင်ထားပါတယ်။ ဒီဇာတ်ကားကြီးကလည်း သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်း ဖြစ်တော့ ကိုယ်တာဝန်ယူရမယ့် ကာရိုက်တာပိုင်းကို ပီပြင်အောင် သရုပ်ဆောင် နိုင်ဖို့အတွက် အများကြီး ကြိုးစား သွားမှာပါ'' ဟု သူမက ပြောပြ ခဲ့သည်။ ။

Sunday Journal

အဆိုတော် ပိုပိုပြောသည့် လူငယ်တစ်ယောက်ရဲ့ ဒိုင်ယာရီ


ချစ်ခဲ့ဖူးသမျှ' စီးရီးခွေကို ကိုယ်ပိုင်ခွန်အားတွေနဲ့ ကြိုးစားပြီး ပရိသတ်ရှေ့ရောက်အောင် ပို့ပေး ခဲ့သည့် အဆိုတော် ပိုပိုရဲ့ ရည်မှန်း ချက်ဦးစားပေး ဘဝလျှောက်လှမ်း မှုတွေကို မျှဝေပေးလိုက်ပါသည်။

လူငယ်တစ်ယောက်အနေနဲ့ ရည်မှန်း ချက်အတွက် ကြိုးစားရာမှာ စိတ် ဓာတ်တွေကို ဘယ်လိုပုံစံမျိုးနဲ့ လျှောက်လှမ်းခဲ့သလဲ

ပိုပို အဆိုနဲ့ပတ်သက်တဲ့ ပြိုင် ပွဲတွေ ဝင်ပြိုင်တယ်၊ ပြိုင်ပွဲတွေမှာ ရှုံးတယ်။ ဒါပေမယ့် ဇွဲမလျှော့ခဲ့ ဘူး။ နယ်ရှိုးလေးတွေ သွားဆို တယ်။ ပိုက်ဆံစုတယ်။ ငါးနှစ် ကျော်ကျော်မှာ 'ချစ်ဖူးသမျှ' စီးရီး ခွေထွက်ပါတယ်။ ပြီးမှ VCD ထွက်ပါတယ်။ ပိုပိုက ငါဖြစ်ရ မယ်ဆိုတဲ့ စိတ်ဓာတ်ထားတယ်။ တစ်ခါတလေကျရင်တော့ လူဆို တော့ စိတ်ညစ်စရာရှိရင် အမြဲငို တယ်။ သူများမသိအောင် အော်ငို လိုက်တယ်။ အဲဒီနည်းလမ်းတစ်ခု ပဲသုံးတယ်။ ငိုပြီးသွားရင်တော့ ကိုယ်လုပ်စရာရှိတဲ့ အလုပ်ကို အေးအေးဆေးဆေး လုပ်ပါတယ်။

ဂီတဘက်မှာ ပိုပိုဝင်လာတဲ့ လမ်း ကြောင်းက ပုံစံတစ်မျိုးနဲ့နော်။ ဂီတဈေးကွက်မကောင်းတဲ့ အချိန် မှာ ပိုပိုအားမာန်အပြည့်နဲ့ ဝင်လာ နိုင်တာ ဘယ်လိုပံ့ပိုးမှုတွေရှိခဲ့လို့ လဲ။

ပိုပိုက အဘွားနဲ့ ငယ်ငယ် ကတည်းကနေတာပါ။ မိဘနှစ်ပါး ကလဲ မပံ့ပိုးဘူး။ ဆွေမျိုးတွေ ကလဲ မပံ့ပိုးဘူး။ ဘယ်သူကမှ ဘာလုပ်ပါလို့ မပြောဘူး။ ကိုယ် လုပ်ချင်တဲ့ ပုံစံနဲ့ကိုယ်လုပ်တယ်။ သီချင်းတစ်ပုဒ်ကို ပိုပိုကြိုးစားပြီး ရေးတယ်။ ကိုယ့်စတိုင်လ်ပေါ် အောင်ရေးတယ်။ဘယ်သူမှ ပံ့ပိုးမှု မရှိဘဲ ကိုယ့်ဘာသာကိုယ့် ကြိုးစား တယ်။ ပံ့ပိုးမယ့်သူရှိလာရင် အခု ဆိုအောင်မြင်လာတာကြာပြီ။ အခု လိုဒုက္ခခံပြီး ကြိုးစားစရာမလိုဘူး။
လူငယ်တစ်ယောက်အနေနဲ့ အချစ် ရေးနဲ့ပတ်သက်ပြီး ဘယ်လိုပုံစံနဲ့ ကျော်ဖြတ်ခဲ့သလဲ
အချစ်ရေးကတော့ ပိုပို ကံ မကောင်းပါဘူး။ အရင်တုန်းက ပိုပို ကောင်လေးရဲ့မိဘတွေက သဘောမတူဘူး။ ဘာကြောင့် သဘောမတူတာလဲ။ ပိုပို မေးချင် တယ်။ သေချာတယ်။ ပိုက်ဆံမရှိ လို့ဘဲဖြစ်မယ်။ သူတို့လိုချင်တာ မရှိလို့ ပိုပိုနဲ့သဘောမတူတာလို့ပဲ မှတ်လိုက်တယ်။ အဲဒီအချိန်မှာ အချစ်နဲ့ လမ်းခွဲခဲ့ရတယ်။ ကြားထဲ မှာ ကံမကောင်းတာလဲရှိပါတယ်။ ကိုယ်လိုချင်တဲ့ပုံစံကတစ်မျိုး ဒါ ကြောင့်မဟုတ် အကြောင်းအရာ အမျိုးမျိုးပေါ့။ ကောင်းပါတယ်။ အဖြစ်အပျက်လေးတွေကြောင့် သီချင်းတွေက အများကြီးထွက် တာပေါ့။
အချစ်ရေးမှာ ကံမကောင်းပေမယ့် ရည်မှန်းချက်မပျက် ကြိုးစားနိုင် ခဲ့တဲ့ ပိုပိုအနေနဲ့ အချစ်ရေးကြောင့် စိတ်ညစ်နေသူ လူငယ်တွေအတွက် အကြံပေးပါဦး
ပိုပို ငယ်ငယ်ကတည်းက ဝမ်းနည်းတတ်တဲ့ စိတ်မရှိဘူး။ ကိုယ့်ရဲ့မိသားစုနဲ့ ကိုယ်ရေးကိုယ် တာနဲ့ ပတ်သက်ပြီး အမြဲတမ်းငိုခဲ့ရ တယ်။ ဒါကြောင့် ခံစားချက်လဲ မထားချင်ဘူး။
ကိုယ်ခံစားခဲ့ရတာတွေက ကိုယ့်ဘဝတိုးတက်ဖို့အတွက် သင် ခန်းစာလို့ သတ်မှတ်လို့ရပါတယ်။ဘာပဲပြောပြော အကောင်းဆုံးသင် ခန်းစာအနေနဲ့ ရည်စားနဲ့ပဲ ဖြစ်ဖြစ်၊ အလုပ်နဲ့ပဲဖြစ်ဖြစ် ကျရှုံးသွားရင် နောက်တစ်ခါ ပြန်ထူနိုင်မယ်၊ လဲ ကျသွားရင် ပြန်ထူမယ် ဆိုတဲ့ခံယူ ချက်နဲ့ လူငယ်တွေကို ရှေ့ဆက်စေ ချင်ပါတယ်။
သူငယ်ချင်း မိတ်ဆွေအပေါင်း အသင်းတွေကို ဘယ်လိုရွေးချယ် ပေါင်းသင်းသလဲ
ပိုပို့သူငယ်ချင်းတွေက ပိုပို ကိုချစ်ကြတယ်။ ယောက်ျားလေး ဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ် အဓိကကယုံကြည်မှုတစ်ခုတည်းနဲ့ အလုပ်လုပ်တယ်။ သူငယ်ချင်းက တစ်ယောက်နဲ့ တစ်ယောက်နား လည်ရမယ်။ သူ့စိတ် ကိုယ့်စိတ် နားလည်ပေးရမယ်။ ပိုပို့စိတ်ကို သူငယ်ချင်းတော်တော်များများက နားလည်ပေးတယ်။ နားမလည်နိုင် တဲ့ လူတွေသာ သူငယ်ချင်းမဟုတ် ဘူး။ ပိုပိုက တစ်ခါတလေစိတ် တိုတတ်တယ်။ သူငယ်ချင်းတွေက အဲဒါမကောင်းပြောရင်ပြောမယ်၊ တစ်ခါတလေ ပိုပို ဘာလုပ်လုပ် ထောက်ခံပေးတယ်။ အဓိကက ကိုယ့်ကိုယ်ကိုယ် Control အမသူ လုပ်နိုင် ဖို့ အရေးကြီးတယ်။ သူငယ်ချင်း ကောင်းမကောင်းဆိုတာ တစ်မျိုး ပေါ့။ တချို့သူငယ်ချင်းတွေဆို ဒုက္ခပေးဖို့ပဲ စဉ်းစားတယ်။ ရှောင် လို့မရတော့ ခံလိုက်ရပါတယ်။အဲဒါလဲ သင်ခန်းစာတစ်မျိုးပေါ့။
ပိုပို့ရဲ့တစ်နေ့တာကို အဓိပ္ပာယ်ရှိရှိ နေ့တစ်နေ့ကို ဘယ်လိုဖြတ်သန်း လေ့ရှိသလဲ
ဘဝမှာ ဘုရားဟောသလို သီလ၊ ဒါန၊ ဘာဝနာ လုပ်ပေါ့။ များသောအားဖြင့် ငါးပါးသီလ လုံအောင်ကြိုးစားတယ်။ ငါးပါး သီလလုံမှ ကိုယ်စကားပြောတဲ့ အချိန်မှာ သူများတွေက ကိုယ့်ကို မှန်ကန်တဲ့စကားပြောတယ်။ ကိုယ် လုပ်တဲ့အလုပ် မှန်ကန်တဲ့အတွက် သူများတွေ လေးစား ချစ်မြတ်နိုး တယ်။ ငါးပါးသီလလုံတယ်၊ ဘုရား ရှိခိုးတယ်၊ အဓိဋ္ဌာန်ဝင်တယ်၊ မေတ္တသုတ်ရွတ်တယ်။ ပုတီးစိပ် တယ်။ ဒါပထမဆုံးအဓိပ္ပာယ်ရှိတဲ့ အလုပ်ပါ။ ဒုတိယအဓိပ္ပာယ်ရှိတဲ့ အလုပ်က တွေ့တဲ့နေရာမှာလှူတယ်။ အဘိုးအဘွားအရွယ်တွေ လှူတယ်။ လူတစ်ယောက်အကျိုးရှိအောင် စာသင်တာတို့၊ သင်တန်းတက်တာ တို့ ပိုပိုမလုပ်နိုင်သေးဘူး။ မအား သေးတဲ့အတွက်ပါ ဘုရားရှိခိုး တယ်၊ လှူတယ်၊ သီချင်းရေးတယ်၊ နားထောင်တယ်။ ဒါတွေက ပိုပိုရဲ့ အဓိပ္ပာယ်ရှိတဲ့အလုပ်ပါ။
ပိုပို့ရဲ့ ကြိုးစားမှုတွေ တိုးတက် လာချိန်မှာ ကိုယ့်ကိုအထင်သေးတဲ့ လူတွေနဲ့တွေ့ရင် ဘယ်လိုဆက်ဆံ ဖြစ်မှာလဲ
ပိုပိုအခုလို အခွေထွက်နိုင် လာတာပျော်ပါတယ်။ အမှန်အတိုင်း ပြောမယ်ဆို အဆိုတော်လုပ်လာ တာ တစ်နှစ်ကျော်ပြီ၊ အတွဲခွေ ထွက်တာနဲ့ဆို ကိုးခွေရှိပြီ။ အဲဒါ လဲလူသိပ်မသိဘူး။ သီချင်းတော့ သိကြတယ်။ အခု VCD ထွက်လို့ ပွဲသွားဆိုတဲ့အချိန်မှာ ပရိသတ်က တစ်ကွင်းလုံးဝိုင်းအားပေးတယ်။ အဲဒါ ပိုပို ငယ်ဘဝအိပ်မက်ကို ပထမဆုံးရတာပါ။ ဒါတောင် အခုအချိန်မှ ရတာနော်။ ဘာပဲပြော ပြော တစ်ဆင့်ထက်တစ်ဆင့်တိုး လာတော့ အရမ်းပျော်ပါတယ်။ နည်းနည်းအောင်မြင်လာတယ်လို့ ပြောရမှာပါ။ အောင်မြင်မှုအပေါ် မှာ မာနလဲမကြီးတတ်ပါဘူး။ အလုပ်ရှိရင် အလုပ်ပုံမှန်လုပ်တယ်။ ကြိုးစားရမယ်ဆို ကြိုးစားတယ်။ ပိုပို့ကိုအထင်သေးခဲ့တဲ့ လူတွေနဲ့ တွေ့ရင်လဲ ပြုံးနေမှာပါ။ ဘယ်လို မှသဘောမထားပါဘူး။ အထင် သေးခဲ့တဲ့လူတွေအပေါ်မှာ ဘာမှ မဖြစ်ပါဘူး။ အခုချိန်မှာတော့ ဘဝ မှာကြိုးစားဖို့ လှေကားထစ်တွေလို့ ပဲ သတ်မှတ်ပါတယ်။
ကိုယ်ပိုင်မိသားစုဘဝကို ဘယ်လို တည်ထောင်မလဲ
မိသားစုဘဝကို ပိုပို တကယ် ချစ်နိုင်တဲ့ လူတစ်ယောက်နဲ့ပဲ တည်ထောင်ပါ့မယ်။ ကိုယ်လဲ သူ့ကို နားလည်ပေးနိုင်၊ သူလဲ ကိုယ့်ကို နားလည်ခွင့်လွှတ်ပေးပြီး အဆင် ပြေအောင် တည်ဆောက်မယ်။ ပိုပို က မိသားစုမရှိဘူး။ တစ်ယောက် တည်းသမားဆိုပေမယ့် ရှုပ်ရှုပ် ယှက်ယှက်လဲမလုပ်ဘူး။ အတတ် နိုင်ဆုံး ငါးပါးသီလလုံအောင်နေ တယ်။ ကိုယ့်ဘဝကောင်းဖို့အတွက် ကြိုးစားနေတယ်။ အခုချိန်မှာ ဘာ အချစ်မှ မမျှော်လင့်ပါဘူး။ တကယ် တမ်း အချိန်တန်လို့ရမယ့် အချစ် ကတော့ နှစ်ယောက်စလုံးချစ်တဲ့ အချစ်ကို လိုချင်ပါတယ်။ နှစ်ယောက် စလုံးချစ်မှ အိမ်ထောင်ရေးတစ်ခု ကို ခိုင်ခိုင်မာမာဆောက်တည်နိုင် မှာပါ။ နှစ်ယောက်စလုံးချစ်ပြီး မိသားစုဘဝ ရှေ့ဆက်နိုင်မယ်ဆိုမှ ယူတာ ကောင်းပါတယ်။ သူချစ် ကိုယ်ချစ်ကိုပဲသဘောကျပါတယ်။

မေဆုဟန်

The Union Daily

ဆိုတေး ကျန်းမာရေးကောင်းလား


ကျန်းမာရေး အခြေနေကောင်းမွန်လာပြီဖြစ်တဲ့ အဆိုတော်ဆိုတေး၏ “မင်္ဂလာပါဆိုတေး” စီးရီး ဟာ ဖေဖော်ဝါရီ ၁၂ ရက်မှာ ထွက်ရှိမယ်လို့သိရတာကြောင့် ဆိုတေး၏မိခင်ဖြစ်သူကို မေးမြန်းခဲ့ ပါတယ် ..

ကျန်းမာရေးကောင်းလာပြီလား။

ကျန်းမာရေးအခြေအနေကတော့ အရင်ကထက်စာရင် နည်းနည်းကောင်းလာပါပြီ။ ဒါပေမဲ့ စိတ်ချရတဲ့ အခြေအနေတော့ မဟုတ်သေးပါဘူး။ အားလည်း သိပ်မရှိသေးဘူး။ ကျန်းမာရေးအတွက် လေ့ကျင့်ခန်း လုပ် နေပါတယ်။

ဒါဆိုရင် သီချင်းတွေဆိုနိုင်ပြီလား။

သီချင်းတွေဆိုနိုင်ပြီလားဆိုတော့ နယ်ပွဲတွေတော့ လိုက်မဆိုနိုင်သေးဘူး။ ဒူးက အနာအရှိန်ကြောင့်ပါ။ ရန်ကုန်မှာကြတော့ တဖြေးဖြေးနဲ့ အားယူပြီးတော့ လုပ်ဆောင်ရတာပေါ့။

ဒါဆိုရင် အခုလက်ရှိကော အနုပညာနဲ့ ပတ်သက်ပြီး ဘာတွေလှုပ်ရှားဖို့ရှိလဲ။

ဖေဖော်ဝါရီ ၁၂ ရက်မှာ တစ်ကိုယ်တော်အခွေ ထွက်ဖို့ ရှိပါတယ်။ တေးစီးရီးနာမည်ကတော့ မင်္ဂလာပါ ဆိုတေးပါ။ ဒီ တေးစီးရီးမှာ ပါဝင်တဲ့ သီချင်း ၁၃ ပုဒ်ကို တေးရေးက ဒေးဗစ်တစ်ပုဒ် ရေးသားပါတယ်။ ကျန်တာကတော့ ကိုယ်ကိုယ်တိုင်ပဲ ရေးသားထားတာပါ။ Band ကတော့ Lazy Club နဲ့ပါ။

ဒုတိယတေးစီးရီးဖြစ်တဲ့ မင်္ဂလာပါဆိုတေး တေးစီးရီးက ပထမအခွေထက်ပိုပြီး အားရတာမျိုး ရှိလား။

ပထမအခွေလည်း ပရိသတ်အားပေးမှု တော်တော်လေး ရရှိခဲ့ပါတယ်။ အခုလည်း ပရိသတ်အားပေးမယ် လို့ မျှော်လင့်ပါတယ်။ နေမကောင်းတဲ့ကြားက အကောင်းဆုံးဖြစ်အောင် ပြုလုပ်ထားတဲ့အတွက် အကောင်းဆုံး ဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်။

သင်္ကြန်မှာ သီချင်းသီဆိုမယ်လို့ ကြားထားတယ်။ အဲဒါ ဟုတ်ပါသလား။

အခြေအနေပေါ်မူတည်ပြီး သီဆို ဖြစ်မှာပါ။ သီဆိုနိုင်ရင်တော့ ကောင်းတာပေါ့။ နယ်တော့ လိုက်မဆိုဖြစ် ပေမယ့် ရန်ကုန်မှာတော့ သီဆိုဖြစ်နိုင်ပါတယ်။ သူနေကောင်းရင်တော့ အစီအစဉ်တစ်ခု လုပ်ဖြစ်မှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ဆေးရုံမှာ သုံးလလောက် တက်လိုက်ရတယ်ဆိုတော့ သူက တော်တော်လေး ပိန်နေတယ်။ အဲဒီအတွက် အခြေအနေကိုလဲ ကြည့်ရဦးမှာပါ။ သူကိုယ်တိုင်လည်း ကျန်းမာရေးကို ဂရု စိုက်သလို အန်တီတို့တွေလည်း ၀ိုင်းပြီး ဂရုစိုက်ကြပါတယ်လို့ မိခင်ဖြစ်သူက ဆိုတေးကိုယ်စား မဇ္ဈိမကို ပြောကြားခဲ့ပါတယ်။

မိုးသူ၊ မေနှင်းကြည်
Mizzima - News in Burmese

သေနတ်အဝေးကြည့်မှန်ပြောင်း၊ကျဉ်အိမ်၊ဗုံးသီးထည့်အိတ်၊အီကွေ့မန့်ထည့်ဆာလာအိတ် များကျိုင်းတုံမြို့နယ်တွင်တွေ့ရှိ




ကျိုင်းတုံ ဇန်နဝါရီ ၂၃

၂၀၁၄ခုနှစ် ဇန်န၀ါရီလ (၂၂)ရက် (၁၁း၃၀)နာရီအချိန်တွင် ကျိုင်းတုံမြို့နယ်၊ တာပင်းပူးပေါင်းစစ်ဆေးရေး စခန်း(ခန့်မှန်းမြေပုံညွှန်း-အန်ဒီ၇၈၇၇၅၀) ၌တာဝန်ကျမှုးယစ်တပ်ဖွဲ့စု(၂၈) မှဒုရဲအုပ် အောင်မင်းသန်း ဦးစီးတပ်ဖွဲ့ဝင်၊ ဒုရပရ(ကျိုင်းတုံ)မှ ဒုရဲအုပ်ထွန်းထွန်းနိုင် ဦးစီး တပ်ဖွဲ့ဝင်များ၊ အကောက်ခွန်ဦးစီးဌာနမှ အကောက်ခွန်ဦးစီးမှူးဦးအောင်လွင်ဦး၊ တိ/မွေး ကုဆရာဝန် ဒေါက်တာရန်နိုင်ဦး၊ သက်သေများသည့် ဦးကျော်ရဲအောင်၊ ဦးမျိုးမင်းတို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုင်းလားမှကျိုင်းတုံသို့ ထွက်ခွာသွားမည့် ယာဉ်မောင်းစိုင်းဆမ်အွန် ၃၄နှစ်၊ (ဘ)ဦးနန်းနွန်း၊ ရှမ်း/ဗုဒ္ဒ ၁၃/ကတန(နိုင်)၀၈၆၉၀၈၊မ(၂၃၃) ၊ဆောက်ပျက်ရပ်၊ရပ်ကွက်(၂)၊ ကျိုင်းတုံမြို့နေသူ မောင်းနှင်ပြီး ယာဉ်နောက်လိုက်အေးထွန်း၊ ၄၀နှစ် (ဘ)ဦးငွေသန်း၊ဗမာ/ဗုဒ္ဒ ၉/နထက(နိုင်)၀၀၃၄၅၄၊စွန်မွန်းကုန်း၊
ရပ်ကွက်(၁)ကျိုင်းတုံမြို့နေသူ လိုက်ပါလာသော ယာဉ်အမှတ်(၈ဈ/-----)၊ နီဆန်းအမျိုးအစား(၆)ဘီး၊ဖြူ+အပြာယာဉ်အား ရှာဖွေစစ်ဆေးခဲ့ရာ ယာဉ်ပေါ်တွင် အကောက်ခွန်မဲ့ပစ္စည်းများအားရှာဖွေရာ 50EA RF SIZE 64x36x30.5 GW စာတမ်းပါ စက္ကူဖာကြီး တစ်ဖာလျင် Bushieff BANNER DUSK &DAWN ဗူးခွံဖြင့် ထည့်ထားသည့် အလျား(၁၁.၈)လက်မ၊ပြောင်းဝအချင်း(၁.၅)လက်မခန့်ရှိ(စနိုက်ပါ)အဝေးကြည့်မှန်ပြောင်း(၅၀)ချောင်းစီပါ၊ စက္ကူကတ်ထူ ဖာကြီး(၅)ဖာ၊အဝေးကြည့်မှန်ပြောင်းစုစုပေါင်း(၂၅၀)ချောင်း၊ စက္ကူကတ်ထူ
ဖာကြီးအတွင်း အဖြူရောင်စက္ကူဗူးငယ်အတွင်းထည့်လျက်သေနတ်နှင့် အဝေးကြည့်မှန်ပြောင်း ဆက်စပ်ရာတွင် အသုံးပြုသောဆက်စပ်ပစ္စည်းများ ထည့်ထားသည့် ဗူးငယ်(၂၅၀)ဗူး၊ ပလပ်စတစ်ဆာလာအိတ်ကြီး(၁)အိတ်လျင်
(၁၀၀)ခုစီပါလက်နက်ကိုင်တပ်ဖွဲ့ဝင်များအသုံးပြုသော ကျဉ်အိမ်နှင့် ဗုံးသီးများထည့်ရန်အိတ်များနှင့် သိုင်းကြိုးပါအစိမ်းရောင်(တရုတ်နိုင်ငံလုပ်)အီကွေ့မန့်များထည့်ထားသည့်ဆာလာအိတ်ကြီး(၅)အိတ်၊ စုစုပေါင်းအီကွေ့မန့်(၅၀၀)ခု၊စက္ကူကတ်ဖာတစ်ဖာလျှင်စည်သွပ်အသားဗူး(၂၄)ဗူးစီပါ CANNED YUNNANHAMစာတမ်းပါတရုတ်နိုင်ငံလုပ် အကောက်ခွန်မဲ့စက္ကူကတ်ဖာ(၆၉)ဖာ၊ စုစုပေါင်း(၁၆၅၆)ဗူး၊ ကညနမှထုတ်ပေးသော ယာဉ်သက်သေခံလက်မှတ်(နံပါတ်--------)၊ ယာဉ်အမှတ်(၈ဈ/------)နံပါတ်NISSAN ဖြူ+အပြာရောင်)၊(၆)ဘီးယာဉ်(၁)စီးရှာဖွေတွေ့ရှိသော အကောက်ခွန်မဲ့ပစ္စည်းများအား ဒုရဲအုပ်အောင်မင်းသန်းမှသက်သေများ ရှေ့တွင်ရှာဖွေပုံစံဖြင့် သိမ်းဆည်းပြီး ဥပဒေအရ အရေးယူဆောင် ရွက်သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ကနဦးသတင်း သိရသည်။

MOI Webportal Myanmar

ငယ်ဘဝဖြစ်ရပ်အချို့ကို ထုတ်ဖော်ဝန်ခံလိုက်သည့် ကေတီပယ်ရီ


ကေတီက သူမငယ်စဉ်က ရင်သားများ ကြီးထွားလာစေရန် ဘုရားသခင်ထံ ဆုတောင်းခဲ့ဖူးကြောင်း ပြောကြားခဲ့သလို စောစောစီးစီး အပျိုရည် ပျက်ခဲ့သည်ကိုလည်း ဖွင့်ဟခဲ့

GQမဂ္ဂဇင်းအတွက် ကိုယ်ဟန်ပြ ဓာတ်ပုံရိုက်ပေးပြီးနောက် မဂ္ဂဇင်းနှင့် အင်တာဗျူး အစီအစဉ်တွင် ကေတီပယ်ရီက သူမ၏ ငယ်ဘဝအကြောင်း ပွင့်ပွင့်လင်းလင်း ခပ်ကြမ်းကြမ်း ဖြေဆိုသွားခဲ့သည်။ ကေတီက သူမငယ်စဉ်က ရင်သားများ ကြီးထွားလာစေရန် ဘုရားသခင်ထံ ဆုတောင်းခဲ့ဖူးကြောင်း ပြောကြားခဲ့သလို စောစောစီးစီး အပျိုရည် ပျက်ခဲ့သည်ကိုလည်း ဖွင့်ဟခဲ့သည်။ ဘာသာတရား ကိုင်းရှိုင်းသည့် မိသားစုမှ ပေါက်ဖွားလာသော်လည်း ကေတီ၏ ငယ်ဘဝသည် မိဘများ၏ အုပ်ထိန်းမှု စည်းကမ်းဘောင်ကို ကျော်လွန်နေသည်ကို သူမက GQသို့ အသိပေး ပြောကြားခဲ့သည်။ သူမအသက် (၁၁)နှစ် အရွယ်တွင်ပင် ခန္ဓာကိုယ် အချိုးအဆက်နှင့် ပတ်သက်၍ အလိုမကျမှုကို ခံစားတတ်နေပြီဟု ဆိုသည်။

"ကျွန်မ အခန်းထဲမှာ လှဲအိပ်လိုက်ရင်း ကိုယ့်ခြေထောက်ကိုယ် လှမ်းကြည့်နေမိတယ်။ ပြီးတော့ ဘုရားသခင်ဆီကို တိုင်တည်ဆုတောင်းခဲ့မိတယ်။ ဘုရားသခင်ရယ်၊ ကျွန်တော်မျိုးမကို ခုလိုလှဲအိပ်နေချိန်မှာ လှမ်းကြည့်ရင် ခြေထောက်ကို မမြင်နိုင်လောက်တဲ့အထိ ရင်သားကြီးကြီးတွေ ဖန်ဆင်းပေးပါ ဆိုပြီးတော့လေ"ဟု ကေတီက ပြောကြားခဲ့သည်။ သူမက အသက်(၁၆)နှစ် အရွယ်တွင် တွေ့ရှိခဲ့သည့် ချစ်သူတစ်ဦးနှင့်ပင် အပျိုရည် ပျက်ခဲ့ကြောင်းလည်း ပွင့်ပွင့်လင်းလင်း ဝန်ခံခဲ့သေးသည်။ "သူ့ရဲ့ Volvo ဆီဒင်မော်တော်ကား ရှေ့ခန်းမှာပေါ့။ ဂျက်ဖ်ဘက္ကလီရဲ့ Grace အယ်လ်ဘမ်ကို ဖွင့်ထားရင်းနဲ့လေ။ ကျွန်မကတော့ အဲဒီ အယ်လ်ဘမ်ကို သိပ်ကြိုက်တယ်"ဟု ကေတီက ပြောဆိုသွားသည်။

အသက်(၂၉)နှစ်ရှိ ကေတီက သူမအနေဖြင့် ဘုရားသခင် ပေးသနားထားသည်ထက် ပိုမိုလွန်ကဲသော ခန္ဓာကိုယ်အလှအပ ပြုပြင်မှုမျိုး မရှိခဲ့ဟုလည်း ဆိုသည်။ "ဘယ်တော့မှ ကျွန်မ ပလပ်စတစ် ဆာဂျရီ မလုပ်ဘူး။ နှာခေါင်း၊ ပါးရိုးကအစ ရင်သားပုံစံကိုတောင် အပြောင်းအလဲ မလုပ်ခဲ့ဘူး။ ကျွန်မက ဘုရားသခင်ရဲ့ ဖန်ဆင်းမှုအတိုင်း သဘာဝကျကျပဲ ကျေနပ်ဂုဏ်ယူတယ်။ ကျွန်မ ပြောချင်တာက ကိုယ့်ကိုယ်ကိုယ် ယုံကြည်ကိုးစားတဲ့ မိန်းမတွေဟာ ဘယ်လို ပြုပြင်ပြောင်းလဲထားတဲ့ အလှအပမျိုးမှ မလိုအပ်ဘူး ဆိုတာပါပဲ"ဟုလည်း ကေတီက မှတ်ချက်ပြုသွားခဲ့သည်။

Planet Myanmar Network

မက်ဆီကြောင့် မိမိပိုထူးချွန်လာကြောင်း ရော်နယ်လ်ဒို ဝန်ခံ


လီယွန်နယ်လ်မက်ဆီ ရှိနေခြင်းက မိမိကို ပိုမိုကောင်းမွန် ပြည့်စုံသော ကစားသမားတစ်ဦး ဖြစ်လာစေရန် တွန်းအားပေးခဲ့ကြောင်း ခရစ္စတီယာနို ရော်နယ်လ်ဒိုက အသိအမှတ်ပြု ပြောကြားလိုက်သည်။

ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီသည် ပြီးခဲ့သည့် (၄)နှစ်ဆက်တိုက် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု (Ballon d'Or)ကို ရရှိခဲ့သူ ဖြစ်သည်။ (၂၀၁၃)ခုနှစ် အတွက်မူ အဆိုပါဆုကို ပြိုင်ဘက် ရီးယဲလ်မက်ဒရစ် အသင်းမှ ပေါ်တူဂီ လက်ရွေးစင် အသင်းခေါင်းဆောင် ရော်နယ်လ်ဒိုက ဆွတ်ခူးနိုင်ခဲ့သည်။ ပြီးခဲ့သည့် နှစ်ပိုင်းများအတွင်း ကမ္ဘာ့ဘောလုံးလောက၏ အတောက်ပဆုံး ကြယ်နှစ်ပွင့်အဖြစ် အားပြိုင်ခဲ့သည့်နောက် ရော်နယ်လ်ဒိုက မက်ဆီနှင့် ပရော်ဖက်ရှင်နယ်ဆန်ဆန် ပြိုင်ဆိုင်ရင်း ၎င်းအတွက် တက်လမ်းကောင်းများ ရရှိခဲ့ကြောင်း ဝန်ခံပြောဆိုသွားခဲ့သည်။

"အပြင်းအထန် ယှဉ်ပြိုင်နေရခြင်းက ကျွန်တော့်ကို ပိုကောင်းတဲ့ ကစားသမားတစ်ယောက် ဖြစ်စေခဲ့ပါတယ်။ ဒါပေမဲ့ သေချာတွေးကြည့်ရင် မက်ဆီ တစ်ယောက်တည်းကို ယှဉ်ပြိုင်နေရတာတော့ မဟုတ်ဘူးလေ။ ပရီးမီးယားလိဂ်နဲ့ တခြားလိဂ်ပြိုင်ပွဲတွေမှာ တကယ့် ကမ္ဘာ့ထိပ်တန်း ကစားသမားတွေ ရှိနေတာကို ကျွန်တော်သိပါတယ်။ လူးဝစ်ဆွာရက်ဇ်၊ အန်းဒရက်စ် အင်နီယေစတာ၊ နေမာ၊ ဂါရတ်သ်ဘေးလ်၊ ဒီယေဂို ကော်စတာနဲ့ ရာဒါမယ် ဖယ်လ်ကာအိုတို့လည်း ရှိသေးတယ်။ သူတို့ဟာ ပွဲတိုင်းပွဲတိုင်း ကစားနေရင်းနဲ့ ကိုယ့်အရည်အသွေးကိုယ် မြှင့်တင်လာနိုင်ခဲ့သူတွေ ဖြစ်ပါတယ်။ မက်ဆီနဲ့ ကျွန်တော်ကတော့ အကောင်းဆုံးဖြစ်ဖို့ အချိန်တိုင်း မျှော်လင့်နေသူတွေပါ။ တစ်ယောက်ကိုတစ်ယောက် သာအောင် ကြိုးစားနေတာက နှစ်ယောက်စလုံးအတွက် အထောက်အကူ ဖြစ်စေပါတယ်"ဟု အသက်(၂၈)နှစ်ရှိ ရော်နယ်လ်ဒိုက ပြောဆိုသွားသည်။

မန်ချက်စတာ ယူနိုက်တက်နှင့် ရီးယဲလ်တို့တွင် Ballon d'Orဆုကို တစ်ကြိမ်စီ ရရှိဖူးသည့် ရှေ့တန်းလူက "ကျွန်တော့် အနေနဲ့ အများကြီး ပြင်းပြင်းထန်ထန် လေ့ကျင့် ကြိုးစားနေရမယ် ဆိုတာကို နားလည်ပါတယ်။ ကျွန်တော်ဟာ ပရော်ဖက်ရှင်နယ် ပီသဖို့ အမြဲတမ်း အသင့်ရှိနေသူပါ။ ဒါဟာ ကျွန်တော့်ကိုယ်ပိုင် ထုံးတမ်း အစဉ်အလာပါပဲ။ ယူနိုက်တက်မှာ ကျွန်တော် ဂယ်ရီနဗီးလ်နဲ့ ရိုင်ယန်ဂစ်တို့လို ကစားသမားတွေဆီက အများကြီး သင်ယူနိုင်ခဲ့တယ်။ ရီးယဲလ်မှာတော့ ရောလ်ဂွန်ဇာလက်ဇ်၊ မိုက်ကယ် ဆယ်လ်ဂါဒိုတို့ဆီကနေ ပညာတွေ ရခဲ့ပါတယ်။ လက်ရွေးစင် အသင်းမှာ လူးဝစ်ဖီဂို၊ ဒေကို၊ ဖာနန်ဒိုကူတို၊ရီကော်စတာတို့ဆီက သင်ယူခဲ့တယ်။ တကယ်တော့ ပရော်ဖက်ရှင်နယ် ပီသမှုဟာ ကစားသမားတစ်ယောက် အောင်မြင်မှုရဖို့ (၇၀)ရာခိုင်နှုန်းလောက် အရေးပါနေတဲ့ အရာမျိုးပါပဲ"ဟု ရော်နယ်ဒိုက ပြောဆိုသွားခဲ့သည်။

Soccer Myanmar

ရေခဲသေတ္တာထဲသို့ အမြဲထည့်မထားသင့်သော အစားအသောက်များ


ဇန်န၀ါရီ ၂၃ ရက် ၂၀၁၄ ခုနှစ်

တချို့အစားအစာတွေကို ကျန်းမာရေးကောင်းစေတယ်လို့ ထင်မှတ်ပြီး ရေခဲသေတ္တာထဲမှာ သိမ်းဆည်းပြီး စားသုံးလေ့ရှိကြပါတယ်။ ဒါပေမဲ့ တချို့အစာတွေဟာ သင်ထင်သလိုမဟုတ်ဘဲ ကျန်းမာရေးအတွက် အန္တရာယ်ရှိနိုင်ပါတယ်။ ဒါကြောင့် အောက်ပါအစားအသောက်တွေက အမြဲနေ့စဉ်စားသုံးရင် အန္တရာယ်ရှိနိုင်တာကြောင့် သင့်အိမ်ရှိ ရေခဲသေတ္တာထဲ အမြဲထည့်မထားသင့်ပါဘူး။

၁။ နို့နဲ့ နို့ထွက်ပစ္စည်း

နို့နဲ့ နို့ထွက်ပစ္စည်းမှာ ကယ်လ်စီယမ် ပါဝင်တာကြောင့် အဓိက စားသုံးသင့်တယ်လို့ လူအများစုက ထင်မှတ်ထားကြပါတယ်။ တရုတ်နိုင်ငံမှာ မကြာခင်က ပြုလုပ်တဲ့ လေ့လာမှုအရ နို့နဲ့ နို့ထွက်ပစ္စည်းဟာ အရိုးကျန်းမာရေးအတွက် အသုံးမဝင်ရုံမက နို့ထွက်ပစ္စည်း များများ အသုံးပြုတာကြောင့် အရိုးပါးရောဂါနဲ့ ဆက်စပ်နေတဲ့ အရိုးကျိုးနိုင်ခြေ ပိုမြင့်မားတယ်လို့ တွေ့ရှိခဲ့ပါတယ်။ နို့ထွက်ပစ္စည်းတွေဟာ ခန္ဓာကိုယ်အတွင်း အက်စစ်ဓာတ်ဖြစ်စေတာကြောင့်လို့ ဆိုပါတယ်။ အက်စစ်ဓာတ်ပြယ်ဖို့အတွက် ခန္ဓာကိုယ်က အရိုးထဲမှ ဆားတွေကို ဆွဲထုတ်လိုက်ရတာကြောင့် အရိုးတွေ အားနည်းသွားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် လူအများစုဟာ နို့နဲ့ နို့ထွက်ပစ္စည်းမှာ ပါဝင်တဲ့ Lactose ခေါ်တဲ့ သကြားတစ်မျိုးနဲ့ Casein ခေါ်တဲ့ ပရိုတင်း အမျိုးအစားကို ခံနိုင်ရည်နည်းကြပါတယ်။ နို့ထွက်ပစ္စည်းမှာ ပါဝင်တဲ့ rGBH ခေါ်တဲ့ ဟော်မုန်းဟာလည်း တချို့ကင်ဆာရောဂါ ဖြစ်နိုင်ခြေကို မြင့်မားစေနိုင်ပါတယ်။

၂။ မွေးမြူရေးကြက်ဥ

မွေးမြူရေးကြက်ဥတွေမှာ ပဋိဇီဝဆေးဝါးတွေ၊ ဟော်မုန်းတွေ၊ ပိုးသတ်ဆေးတေ၊ ဆာမိုနဲလားနဲ့ တခြား ဘက်တီးရီးယားပိုးမွှားတွေ ပါဝင်တတ်ပါတယ်။ အကယ်၍ ကြက်ဥ စားတော့မယ်ဆိုရင် အိမ်မွေးကြက်ဥနဲ့ သြဂဲနစ်နည်းပညာနဲ့ မွေးမြူထားတဲ့ ကြက်ဥတွေကို စားပါ။

၃။ မာဂျရင်းနှင့် ထောပတ်

မာဂျရင်းမှာ ထပ်ပြန်ကြော်ဆီတွေနဲ့ ခန္ဓာကိုယ်အတွက် မလိုအပ်တဲ့ တခြားဓာတုပစ္စည်းတွေ အများအပြား ပါဝင်ပါတယ်။ ထောပတ်မှာ တိရစ္ဆာန်မှရရှိတဲ့ ပြည့်ဝဆီတွေ အများအပြား ပါဝင်တာကြောင့် နှလုံးကို ပျက်စီးစေနိုင်ပါတယ်။ နှစ်မျိုးစလုံးမှ ကယ်လိုရီ အများအပြား ရရှိနိုင်ပြီး သွေးတွင်းကိုလက်စထရော အဆင့်ကိုလည်း မြင့်မားစေနိုင်ပါတယ်။

၎။ မေရိုးနိစ်

မေရိုးနိစ်မှာ မျိုးရိုးဗီဇ ပြုပြင်ထားတဲ့ ပဲပိစပ်အဆီတွေ ပါဝင်ပါတယ်။ သုတေသနပြုလုပ်ချက်အရ မျိုးရိုးဗီဇ ပြုပြင်ထားတဲ့ အစားအစာတွေဟာ မြုံတာ၊ မွေးကင်းစကလေး သေဆုံးတာတို့နဲ့ ဆက်စပ်နေတယ်လို့ တွေ့ရှိခဲ့ပါတယ်။ မေရိုးနိစ်ရဲ့ သွင်ပြင်သဏ္ဌာန်ဟာလည်း အဆီအခဲပျစ်ပျစ်တွေနဲ့ တူညီနေတာမို့ အဆီပါဝင်မှု များပြားနေမယ်ဆိုတာ အမှန်အကန်ပါ။ ဒီအစာတွေ စားတာကြောင့် ခန္ဓာကိုယ်မှာ အဆီစုဆောင်းမှုတွေလည်း များပြားနိုင်ပါတယ်။

၅။ Ketchup (ဆော့စ်အမျိုးမျိုး)

Ketchup တွေမှာ ဖရုတို့စ် ပါဝင်မှုများတဲ့ ပြောင်းဖူးအချိုရည် (High-frutose corn syrup, HFCS) နဲ့ တခြားဓာတုပစ္စည်းတွေ အများအပြား ပါဝင်ပါတယ်။ သစ်သီးတွေမှာ HFCS ဟာ အနည်းငယ် ပါဝင်ပေမယ့် သူတို့မှာ အမျှင်ဓာတ်၊ ဗီတာမင်စီနဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေပါ ပါဝင်တာမို့ ခန္ဓာကိုယ်တွင်းမှာ ဖရုတို့စ်ကို ထိရောက်စွာ ချေဖျက်နိုင်ပါတယ်။ HFCS ပါဝင်မှု များပြားတဲ့ အစားအစာတွေကိုမူ အသည်းမှ ချေဖျက်နိုင်စွမ်း အရမ်းခက်ခဲသွားပါတယ်။ ဒါကြောင့် အသည်းအဆီဖုံးတာ၊ ထရိုင်ဂလစ်စရိုက်အဆင့် မြင့်မားတာ အစရှိတဲ့ ပြဿနာတွေအပြင် ခန္ဓာကိုယ်မှ အစာစားချင်စိတ်ကို အချက်ပြတဲ့ စနစ်တွေပါ ပျက်စီးစေနိုင်ပါတယ်။ ဒါ့အပြင် အမျိုးအစား (၂) ဆီးချိုရောဂါနဲ့ Metabolic Syndrome ဖြစ်နိုင်ခြေလည်း မြင့်မားသွားပါတယ်။

၆။ စူပါမားကက်ရှိ ဟင်းရွက်သုပ်ရာတွင် ထည့်သောပစ္စည်း (Salad Dressings)

ဒီ Dressings တွေမှာ ဓာတုပစ္စည်းတွေ၊ တာရှည်ခံပစ္စည်းတွေ၊ သကြား၊ HFCS ၊ နို့ထွက်ပစ္စည်းနဲ့ မျိုးရိုးဗီဇပြုပြင်ထားတဲ့ အစာတွေ ပါဝင်ပါတယ်။ ရှလကာရည်၊ သံလွင်ဆီနဲ့ ဟင်းခတ်အမွေးအကြိုင်တွေကို အသုံးပြုပြီး ဟင်းသီးဟင်းရွက်တွေနဲ့ သုပ်စားပါ။

၇။ အသားလွှာ

အဆီပါဝင်မှုနည်းတဲ့ အသားလွှာမှာတောင် ပါဝင်တဲ့ပစ္စည်းတွေဟာ ကျန်းမာရေးအတွက် အန္တရာယ်များပါတယ်။ အသားလွှာတွေ ပါးစပ်ထဲမှာ အလွယ်တကူ ပျော်ဝင်သွားစေနိုင်ဖို့ ဆား၊ သကြားနဲ့ ဓာတုပစ္စည်းတွေကို အသုံးပြုရလို့ပါ။ တာရှည်ခံပစ္စည်းနဲ့ အရောင်ဆိုးပစ္စည်းတွေကိုလည်း အသုံးပြုထားပါတယ်။

၇။ ပြုပြင်ထားသည့် အသားများနှင့် ဝက်ပေါင်ခြောက်

ဝက်အူချောင်းနဲ့ ဝက်ပေါင်ခြောက်လိုမျိုး ပြုပြင်ထားတဲ့ အစားအစာတွေဟာ ကျန်းမာရေးအတွက် အန္တရာယ်များပါတယ်။ လေ့လာမှုတစ်ခုအရ ပြုပြင်ထားတဲ့ အစာတွေ စားတာကြောင့် မုန့်ချိုအိတ်ကင်ဆာဖြစ်နှုန်း ၆၇ ရာခိုင်နှုန်း မြင့်တက်နိုင်တယ်လို့ သိရပါတယ်။

၈။ ဒိန်ချဉ်

ဒိန်ချဉ်မှာ လူ့အကျိုးပြုဘက်တီးရီးယားတွေ ပါဝင်တာကြောင့် ကျန်းမာရေးအတွက် အကျိုးရှိတယ်လို့ လူအများ ထင်မှတ်ကြပါတယ်။ ဒါပေမဲ့ ဒိန်ချဉ်ဟာ ပိုးသတ်ထားတဲ့ နို့နဲ့ ပြုလုပ်ထားတာဖြစ်ပြီး သူ့မှာ Lactose နဲ့ Casein တွေအပြင် နို့ထွက်ပစ္စည်းမှာ ပါဝင်တဲ့ အရာတွေအားလုံး ပါဝင်ပါတယ်။

၉။ တိုဟူး

အသားကို စားမယ့်အစား တိုဟူးကို စားမယ်ဆိုရင် ကျန်းမာရေးအတွက် အကျိုးကျေးဇူးရနိုင်တယ်လို့ လူအများ ထင်မှတ်ကြပါတယ်။ တိုဟူးဟာ ပဲပိစပ် ထုတ်ကုန်တစ်မျိုးပါ။ အမေရိကန်မှ ထုတ်လုပ်တဲ့ ပဲပိစပ်တွေရဲ့ ၈၇ ရာခိုင်နှုန်းဟာ မျိုးရိုးဗီဇ ပြုပြင်ထားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ပဲပိစပ်ဟာ တချို့ ကင်ဆာရောဂါ၊ သိုင်းရွိုက်ရောဂါ၊ မြုံတာ အပါအဝင် ကျန်းမာရေးပြဿနာတချို့နဲ့ ဆက်စပ်နေပါတယ်။ ကောက်နှံတစ်ခုလုံးပါဝင်စာတွေ စားပေးရင် အသားဓာတ်ကို အများအပြား ရရှိနိုင်ပါတယ်။

၁၀။ ဖျော်ရည်

ဖျော်ရည်တွေမှာ သကြားအများအပြား ပါဝင်ပါတယ်။ ဒါ့အပြင် အမျှင်ဓာတ် အနည်းငယ်သာ ပါဝင်ပြီး ကယ်လိုရီ အများအပြားလည်း ပါဝင်တာမို့ သွေးတွင်း သကြားဓာတ်ကိုလည်း မြင့်တက်စေနိုင်တဲ့အပြင် အစာစားချင်စိတ်ကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။ စူပါမားကက်မှာ တင်ရောင်းထားတဲ့ ဖျော်ရည်တွေဟာ ပိုးသတ်ထားတာတွေ ဖြစ်တာကြောင့် အာဟာရဓာတ်တွေ အများအပြား ဆုံးရှုံးပြီးသား ဖြစ်ပါတယ်။

၁၁။ ဆော်ဒါ

ဆော်ဒါဟာ ခန္ဓာကိုယ်တွင်း အက်ဆစ်ဓာတ်ကို ဖြစ်စေတဲ့အပြင် သူ့မှာလည်း HFCS တွေ အများအပြား ပါဝင်ပါတယ်။ Diet ဆော်ဒါမှာ ဆေးသကြားတွေ ပါဝင်တာကြောင့် အဲဒီနှစ်မျိုးစလုံးဟာ ကိုယ်အလေးချိန် ပြဿနာကို ဖြစ်ပေါ်စေနိုင်ပါတယ်။

ရေခဲသေတ္တာအတွင်း ထည့်သင့်သည့် အစားအစာများ

- အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များ
- ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သစ်သီးဝလံများ
- သြဂဲနစ် သစ်သီးများ
- ရှလကာရည်
- သြဂဲနစ် ကြက်ဥ
- ဗာဒံစေ့
- ထောပတ်သီး
- ပဲအမျိုးမျိုး
- လတ်လတ်ဆတ်ဆတ် အသားများ

ဒေါက်တာခင်မိုးမိုး

by ပိုပိုဇော် (သဘာဝအားအင်)

မမွေးသေးတဲ့ ကလေးကို ဖေ့စ်ဘွတ်ကနေ ရောင်းချခဲ့လို့ ချီလီ ဆယ်ကျော်သက်မလေး အဖမ်းခံရ


ချီလီနိုင်ငံမှ အသက် ၁၈ နှစ်အရွယ် မိန်းကလေး တစ်ဦးသည် သူမ၏ မမွေးဖွားရသေးသော ကလေးငယ်အား လူမှု ဆက်ဆံရေး ကွန်ရက် ဖေ့စ်ဘွတ်မှ တစ်ဆင့် အင်္ဂလိပ်သုံးငွေ ၆၈ပေါင်ဖြင့် ရောင်းချခဲ့သည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။

ဗာရွန်နီကာ ကာရယ်ရာချာပါရို အမည်ရှိ ဆယ်ကျော်သက် အရွယ် ချီလီ မိန်းကလေးကို ယင်းပြစ်မှုကြောင့် ဖမ်းဆီးထားပြီး သူမ၏ မိခင်နှင့် ညီမတို့ကိုလည်း မမွေးသေးသည့် ကလေးငယ်အား ရောင်းချရန် ကူညီ ပါဝင် မှုကြောင့် ရဲတပ်ဖွဲ့က ဖမ်းဆီးထားသည်ဟု သိရ သည်။

ရဲတပ်ဖွဲ့၏ အဆိုအရ ချာပါရိုသည် ၂ဝ၁၃ ခုနှစ် ဖေဖော်ဝါရီလတွင် ကိုယ်ဝန်နှစ်လ ဆောင်ထားခဲ့ပြီး သူမက သူမ၏ အသက် ၁၇ နှစ်အရွယ် ယောက်ျားလေး မိတ်ဆွေအား ဤကိစ္စနှင့် ပတ်သက် ၍ နှုတ်ဆိတ်နေရန် တောင်းဆိုခဲ့သည်။ သို့ရာတွင် သူမ၏မိသားစုကိုမူ သူမက ဖွင့်ဟ တိုင်ပင်ခဲ့သည်။

ချာရိုပါ၏ မိခင် အိန်ဂျယ်လာ ချာပါရို ၄၂ နှစ်နှင့် အစ်မ ဒန်နီရယ် ပီရက်ဇ် ၂၄ နှစ်တို့က သူမအား ရွေး စရာ နည်းလမ်း သုံးခုကို ပေးခဲ့သည်။

”ရောင်းပစ်လိုက်၊ ဖျက်ပစ်လိုက် ဒါမှ မဟုတ် မွေးစားဖို့ ပေးလိုက်”ဟူသော ရွေးစရာ ၃ ခုအနက်မှ ရောင်းချရန် နည်းလမ်းကို ချာပါရိုက ရွေးချယ်ခဲ့ပြီး လူမှု ဆက်ဆံရေး ကွန်ရက် ဖေ့စ်ဘွတ်တွင် ကြေညာခဲ့ရာ Concepcion မြို့မှ စုံတွဲ တစ်တွဲက ချက်ချင်း ဆက်သွယ်ခဲ့သည်။

သို့ရာတွင် ထိုစုံတွဲမှာဝယ်ယူရန် အခွင့် မသာခဲ့ပေ။ အဘယ့်ကြောင့် ဆိုသော် ဆန်ဒီ ယေဂိုမြို့မှ မိသားစု တစ်စုက ထိုကလေးငယ်အား ၁၁၃၅ ဒေါ်လာဖြင့် ဝယ်ယူရန် ကမ်းလှမ်းခဲ့ပြီး ဖြစ်သောကြောင့်ဖြစ်သည်။

ကလေးငယ် မွေးဖွားသည့် ၂ဝ၁၃ နိုဝင်ဘာ ၄ ရက်နေ့တွင် ကလေးငယ်အား ဝယ်ယူမည့် မိသားစုက အာဏာ ပိုင်တို့ထံ အကြောင်းကြားခဲ့ပြီး ကလေး ငယ်အား ငွေပမာဏအနည်းငယ်သာ ပေးပြီး ဝယ်ယူခဲ့သည်။

ကလေးငယ်အားဝယ်ယူသည့် မိသားစုကိုလည်း ရဲတပ်ဖွဲ့က ထိန်းသိမ်းထားပြီး ရုံးတင် စစ်ဆေးနေသည်ဟု သိရသည်။ ဤဖြစ်ရပ်သည် အလွန် ရှုပ်ထွေးသော ကိစ္စ ဖြစ်သည်ဟု ရဲအရာရှိက သုံးသပ်သည်။ အကြောင်း မှာ ချီလီ ဥပဒေအရ လျော်ကြေးငွေ တစ်စုံတစ်ရာဖြင့် မွေးကင်းစ ကလေးငယ်အား အင်တာနက်မှတစ်ဆင့် ပို့ဆောင်ပေးရန် ကမ်းလှမ်းမှုသည် ရာဇဝတ်မှု မမြောက်သောကြောင့် ဖြစ်သည်။

KYL
Ref:Daily Mail

Popular Myanmar News Journal

နမ့်စန်မှာ ဒေါ်အောင်ဆန်းစုကြည်လေယာဉ်ဆင်းဖို့ တပ်က ခွင့်မပြု


ရှမ်းပြည်နယ် နမ့်စန်မြို့ရှိ တပ်မတော်လေယာဉ်ကွင်းမှာ ခေတ္တလေယာဉ်ဆင်းသက်ခွင့် မရရှိတာကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်ကို ပြောင်းလဲပြီး စီစဉ်ထားတယ်လို့ စီစဉ်သူတွေက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှမ်းပြည်နယ် ၃ မြို့နယ်ခရီးစဉ်အတွက် နေပြည်တော်ကနေ လေယာဉ်နဲ့ ထွက်ပြီး နမ့်စန်မြို့က လေယာဉ်ကွင်းမှာ ဆင်းဖို့ လွန်ခဲ့တဲ့ ရက်ပိုင်းက မေတ္တာရပ်ခံ တင်ပြထားတာဖြစ်ပြီး ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံကိုပါ မေတ္တာရပ်ခံ ထားတာပါ။ ဒါပေမယ့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံက တစုံတရာ အကြောင်း ပြန်ကြားမှု မရှိတဲ့အတွက် ဟဲဟိုးလေယာဉ်ကွင်းမှာပဲ ဆင်းပြီးခရီးစဉ်ကို ဆက်လက်စီစဉ် လိုက်တယ်လို့ ခရီးစဉ်အတွက် ဆောင်ရွက်သူတဦးဖြစ်တဲ့ ဦးရဲလှိုင်က ပြောပါတယ်။

“ကာကွယ်ရေး ဦးစီးချုပ်အထိ ပို့တဲ့ဟာကို မနေ့က အထိ အကြောင်းမပြန်ဘူး။ ဒီနေ့ အချိန်အထိ အကြောင်း မပြန်သေးဘူး။”

တစုံတရာ အကြောင်းပြန်ကြားမှု မရှိတဲ့အတွက် ဟဲဟိုးလေယာဉ်ကွင်းဟာ အရင်ကာလတုန်းက အရပ်ဘက်ကသုံးတဲ့ လေယာဉ်ကွင်းဖြစ်ပြီး နောက်ပိုင်းမှာ တပ်ပိုင်ကွင်းလုပ်ခဲ့တာလို့ ဦးရဲလှိုင်က ရှင်းပြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၄ ရက်နေ့ နေ့လည် ၃ နာရီမှာ နေပြည်တော်ကနေထွက်ပြီး ဟဲဟိုးလေယာဉ်ကွင်းမှာ ရောက်ရှိမှာဖြစ်ပါတယ်။ ဟဲဟိုးမှာ ညနေစာ စားပြီးတဲ့နောက် နမ့်စန်မြို့ကို မော်တော်ကားနဲ့သွားပြီး နမ့်စန်မှာ ညအိပ်မှာလို့ ဆိုပါတယ်။

ဇန်န၀ါရီလ ၂၅ ရက်နေ့ကျရင် နမ့်စန်မှာ ဟောပြောပွဲလုပ်ပြီး မိုးနဲကို သွားမယ်။ မိုးနဲမှာ နေ့ခင်းစာထမင်းစားပြီးနောက် ဟောပြောပွဲပြီးနောက် လင်းခေးမြို့ကို သွားပြီး ညအိပ်ပြီး နောက်နေ့ ဟောပြောမှာဖြစ်ပါတယ်။

ဟဲဟိုးနဲ့ နမ့်စန်လမ်းဟာ လမ်းကောင်းပေမယ့် ၃ နာရီခန့်မောင်းရမှာဖြစ်ပါတယ်။ လမ်းတလျောက်မှာ လွိုင်လင်၊ ပင်လုံနဲ့ မိုင်းပွန်၊ ဟိုပုန်းနဲ့ တောင်ကြီးမြို့တွေက ကြိုဆိုဖို့ ရှိတယ်လို့ ဆိုပါတယ်။

ဌာနေပြည်သူ့စစ် ဟိုမိန်းအဖွဲ့နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို မိုးနဲအထက်ဘက် ဆိုက်ထယ်ရွာမှာ တွေ့ဆုံနိုင်ဖို့ ကနဦးပိုင်းတုန်းက စီစဉ်ထားချက်ဟာလည်း စစ်တိုင်းက တားမြစ်တဲ့အတွက် ဖျက်လိုက်ရတယ်လို့ ဦးရဲလှိုင်က ပြောပါတယ်။

“ဟိုမိန်းအဖွဲ့က ပထမ တွေ့မယ်ပြောတော့ အန်ကယ်ဦးဝင်ထိန်တို့နဲ့ တွေ့လို့ရမယ့် အစီအစဉ်တွေလုပ်တော့ နောက်တော့ စစ်တိုင်းက မင်းတို့နဲ့ မဆိုင်ဘူး မင်းတို့ မတွေ့ရဘူးပြောတော့ အဲဒီ အစီအစဉ်က ပျက်သွားတယ်။ သူတို့က တွေ့ချင်တယ် နောက်တော့ စစ်တိုင်းက ဖိအားပေးလို့ မတွေ့ရဘူးလို့ သူတို့ တာဝန်ခံက ကျနော်ကို အဲလို ပြောပါတင်ခင်ဗျ။”

ဒေါ်အောင်ဆန်းစုကြည်က ဒီနှစ်ဆန်းကစလို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေး ဟောပြောပွဲတွေကို ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ကရင်ပြည်နယ်တွေမှာ ဆောင်ရွက်ခဲ့ပြီး ရှမ်းပြည်နယ်ကို လာရောက်ဖို့ ဖြစ်ပါတယ်။ လင်းခေးမြို့မှာတော့ ဘုန်းကြီးကျောင်းကို ၀င်ရောက်ပြီး သံဃာတော်တွေ၊ လူငယ်တွေနဲ့ တွေ့ဖို့ စီစဉ်ထားပါတယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ အခြေခံဥပဒေ ပြင်ဆင်ရေး အတွက် နိုင်ငံတော် သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်၊ လွှတ်တော် ဥက္ကဋ္ဌတွေနဲ့ လေးပွင့်ဆိုင် တွေ့ဆုံလိုကြောင်း ထပ်မံ မေတ္တာရပ်ခံခဲ့ပါတယ်။

By အေးနိုင် (ဒီဗွီဘီ)

မြိတ်မြို့၌ စိတ်မနှံ့သူ တစ်ဦးမှ ပုဆိန်ဖြင့် ခုတ်၍ အမျိုးသမီး (၁)ဦးနှင့် ကျောင်းသား(၁)ဦးသေဆုံး၊ ကျောင်းသားတစ်ဦး အတွင်း လူနာ အဖြစ် ကုသနေရ



ဓာတ်ပုံ - (စွပ်ကျယ် အကျီ င်္နှင့် ပတ်တီးစည်းထားသူမှာ ဓားခုတ်သူ တရားခံ ဖြစ်သည်။ )

 ကျောင်းသား(၁)ဦးသေဆုံး၊ ကျောင်းသားတစ်ဦး အတွင်း လူနာ အဖြစ် ကုသနေရ
၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ (၂၃) ရက်နေ့ နေ့လည် (၃)နာရီ ခွဲ အချိန်ခန့်တွင် မြိတ်မြို့ မြိတ်တောင် ရပ်ကွက် စက်ဝင်းရပ် ဒိုင်လမ်း နှင့် သဇင်ခွဲ လမ်းထောင့် မုန့်ဆိုင်အရှေ့ ၌ စိတ်မနှံ့သူဟု ယူဆရသူ တစ်ဦးမှ လမ်းသွား လမ်းလာများအား ပုဆိန်တစ်လက် ၊ ဓားရှည် တစ်လက် ဖြင့် လိုက်လံ ခုတ်ထစ်မှုကြောင့် အမျိုးသမီး တစ်ဦးနှင့် သူငယ်တန်း ကျောင်းသား တစ်ဦး သေဆုံးပြီး ဒုတိယတန်း ကျောင်းသား တစ်ဦး မြိတ်ဆေးရုံကြီးတွင် အတွင်း လူနာအဖြစ် ကုသနေရကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ မြိတ်မြို့ ဘုရားကိုင် မူလတန်း လွန်ကျောင်းမှ ကျောင်းဆင်းချိန်၌ မောင်ဖြိုးဝေယံ ၊(မိဘ) ဦးသန်းဝေ -ဒေါ်ထားနွယ်၊ အသက် (၈)နှစ်၊ ဒုတိယတန်း၊ နှင့် မောင်ဟိန်းမင်းအောင်၊ အသက် (၇)နှစ်၊ သူငယ်တန်း၊ (မိဘ) ဦးကြည်ရှိန်၊ ဒေါ်စောမြ ၊ ငုဝါ (၃) လမ်း စက်ဝင်းရပ် နေသူနှင့် ဒေါ်နှင်းနှင်းဝေ အသက် (၃၀) ၊ (ဘ) ဦးမြင့်ဆွေ ၊ ကျောင်းဈေးရောင်း တို့သည် နေအိမ်သို့ ပြန်လာစဉ် စက်ဝင်းရပ် ဒိုင်လမ်းနှင့် သဇင်ခွဲလမ်းထောင့် အရောက်၌ စိတ်မနှံသူဟု ယူဆရသော ကျော်နိုင် အသက် (၄၀)နှစ် ၊ အမှတ်(၄၄) သဇင်လမ်း စက်ဝင်းရပ် နေသူမှ ပုဆိန် တစ်လက် ၊ ဓားရှည် တစ်လက် ကိုင်ဆောင်၍ လိုက်လံ ခုတ်ခဲ့ရာ မောင်ဟိန်းမင်းအောင်နှင့် နှင့် ဒေါ်နှင်းနှင်းဝေ တို့မှာ ဦးခေါင်း ခုတ်ထစ် ဒဏ်ရာများ ရရှိပြီး ဆေးရုံရောက်စဉ် သေဆုံး သွားပြီး မောင်ဖြိုးဝေယံမှာ ဦးခေါင်း ခုတ်ထစ် ဒဏ်ရာဖြင့် ဆေးရုံ၌ အတွင်းလူနာ အဖြစ် ကုသခံနေရကြောင်း သိရသည်။

ထိုဖြစ်စဉ်နှင့် ပတ်သက်၍ ဓားခုတ် တရားခံဖြစ်သူ ကျော်နိုင်အား မြိတ်မြို့မ ရဲစခန်းမှ (ပ) အမှတ် (၆၅/၂၀၁၄) ၊ ပြစ်မှု ပုဒ်မ ၃၂၆/ ၃၀၂ ဖြင့် အမှုဖွင့် ဖမ်းဆီး အရေးယူ ထားကြောင်း သတင်းရရှိသည်။

မြိတ်ပုလဲမြေ

တစ္ဆေ သင်္ဘောကြီးနဲ့ စိုးရိမ်မှုတွေ

 ဓာတ်ပုံ- The Mirror.co.uk

တစ္ဆေသင်္ဘောကြီးတစင်း ဗြိတိန်နိုင်ငံဆီ ဦးတည်ရွေ့လျားနေလို့ စိုးရိမ်မှုတွေရှိနေပါတယ်။

အဲဒီသင်္ဘောပေါ်မှာ လူမပါဘဲ Cannibal ကြွက်တွေပါပါတဲ့ ရုရှားသရုပ်ဆောင် မင်းသမီး အမည်ဖြစ်တဲ့ Lyubov Orlova ဆိုတဲ့ သင်္ဘောကြီး တစီးဟာ ၂၀၁၂ ခုနှစ် လောက် ကတည်းက ကနေဒါ ကမ်းခြေက ကင်းကွာသွားပြိး မြောက်အတ္တလန်တိတ်သမုဒ္ဓရာထဲမှာ မျောနေခဲ့တာလို့ ဗြိတိန်အခြေစိုက် The Mirror သတင်း တပုဒ်မှာ ဖော်ပြ ထားပါတယ်။

ကြွက်တွေသာ ပါပြီး လူမပါတဲ့ အဲဒီ့သင်္ဘောကြီးကိုလူတွေက တစ္ဆေသင်္ဘောကြီးလို့လည်း ခေါ်နေကြပါ တယ်တဲ့။ အလျား ပေ ၃၀၀ ရှိတဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ လော်ကက ဆိုဗီယက်ယူနီယံမှာ တည်ဆောက်ခဲ့ တာဖြစ်ပါတယ်။

မနှစ်က ကောင်းကင်ဂြိုလ်တု ဓာတ်ပုံတွေမှာ တွေ့ခဲ့ရတာကြောင့် သင်္ဘောကိုလိုက်ရှာခဲ့တဲ့
လေယာဉ်တွေ က တော့ ရှာမတွေ့ဖြစ်ခဲ့ပါတယ်တဲ့။

တန်ချိန် ၄၂၅၀ တင်ဆောင်နိုင်ပြီး စတာလင်ပေါင် ၆ သိန်းတန်တဲ့ အဲဒီသင်္ဘောကြီးဟာ ဒီလိုနဲ့ ရေထဲ
မျောနေခဲ့ တာပါ။

သင်္ဘောပေါ်မှာ ကြွက်တွေကလည်း အချင်းချင်း သတ်ဖြတ်စားသောက်နေကြပုံရပြီး သင်္ဘောပေါ်မှာလူတွေ တက်လိုက်ရင်တော့ ကျန်းမာရေးအတော်ထိခိုက်နိုင်တဲ့ အဆိပ်တွေတောင်ပျံ့နှံ့နိုင်တယ်လို့ ဘယ်လ်ဂျီယံ သုတေသီ Pim De Rhoodes က The Sun သတင်းစာကိုမှတ်ချက်ပေးထားပါတယ်။

အရင်က ဒိုမီနီကန်အစိုးရကလည်း ဒီသင်္ဘောကြီးကို ဆွဲယူဖို့ ကြိုးစားခဲ့ပါသေးတယ်။ ဒီအပြင် ကနေဒါ အစိုးရကလည်း အလားတူ ပင်လယ်ရေနက်ပိုင်းအထိ ဆွဲထုတ်သွားဖို့ ကြိုးစားခဲ့တယ်လို့လည်း သိရပါ တယ်။

သိပ်မကြာသေးခင် လပိုင်းအတွင်းက အင်အားပြင်း မုန်တိုင်းတွေကြောင့် ဒီလောက် ကြီးတဲ့ သင်္ဘောကြီး
မြုပ် ဖို့တောင် တော်တော်ခက်တယ် လို့ အိုင်းရစ် ကမ်းခြေစောင့် တပ်အကြီးအကဲ Chris Reynolds ကလည်း မှတ်ချက်ပေးထားပါတယ်။

 “ကျနော်တို့ကတော့ သတိနဲ့ စောင့်ကြည့်နေရမှာဘဲ” လို့ သူက ဆက် ပြောထားပါတယ်။

အိမ့်သံစဉ် ~
Irrawaddy ဧရာဝတီ သတင်း

ဗိုလ်ချုပ်ဈေး ဆိုင်ခန်းများ ရောင်းချမှု ဖြေရှင်းချက်ပေးရန် လွှတ်တော်တောင်းဆို


ရန်ကုန်မြို့၏ အထင်ကရ ဈေးကြီးဖြစ်သော ဗိုလ်ချုပ်အောင်ဆန်းဈေး (ဗိုလ်ချုပ်ဈေး) (ဓာတ်ပုံ – စိုင်းဇော် / ဧရာဝတီ)

ရန်ကုန်မြို့၏ အထင်ကရ ဈေးကြီးဖြစ်သော ဗိုလ်ချုပ်အောင်ဆန်းဈေး (ဗိုလ်ချုပ်ဈေး) ရှိ သမဝါယမ ဝန်ကြီးဌာနပိုင် ဆိုင်ခန်းများကို ပုဂ္ဂလိကသို့ရောင်းချခဲ့မှုအပေါ် အမျိုး သားလွှတ်တော်သို့ သေချာစွာ တင်ပြ ဖြေရှင်းချက်ပေးရန်  အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က တောင်းဆိုလိုက်သည်။

ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ကျင်းပသော အမျိုးသားလွှတ်တော် အစည်းအဝေးတွင် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ဗိုလ်ချုပ်အောင်ဆန်းဈေးကြီးရှိ Super World ခန်းမ ၁ နှင့် ၂  ဆိုင်ခန်းများကို ပုဂ္ဂလိကသို့ လွှဲအပ်ရောင်းချထားခြင်း ရှိ၊ မရှိနှင့် စပ်လျဉ်းသည့်မေးခွန်းကို သမဝါယမ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန်းထွန်းက လာရောက်ဖြေဆိုစဉ် ရှင်းလင်းသော အဖြေမပေးသည့်အတွက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ရှင်းလင်းသည့်ဖြေရှင်းချက် အဖြေမျိုးပေးရန် တောင်းဆိုခြင်း ဖြစ်သည်ဟု သိရှိရသည်။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က နိုင်ငံတော်ပိုင် မြေနေရာပေါ်တွင် ဆောက်ထားသည့် ဗိုလ်ချုပ်အောင်ဆန်းဈေး ဆိုင်ခန်းများကို အစိုးရက ရောင်းချခြင်းမဟုတ်ဘဲ သမဝါယမဝန်ကြီးဌာန လက်အောက်ရှိ သမဝါယမ အမှုဆောင် အဖွဲ့က လက်သိပ်ထိုး ရောင်းချမှုသည် ဥပဒေညီညွတ်မှု ရှိ၊ မရှိ မေးခွန်းမေးမြန်းရာ ဝန်ကြီးဌာနသည် ပြတ်သားသော အဖြေမပေးနိုင်ဘဲ စာတမ်းဖတ်သည့်ပုံစံ လွှတ်တော်တွင် လာရောက်ဖြေဆိုကြောင်း သိရှိရသည်။

”နိုင်ငံပိုင်ပစ္စည်းတွေကို သမဝါယမ အမှုဆောင်အဖွဲ့က ရောင်းချခဲ့တယ်။ ဒါကြောင့် မေးခွန်းထုတ်ခဲ့တာပါ။ လာဖြေတဲ့ဝန်ကြီးက အရင်လုပ်ခဲ့တဲ့ မှတ်တမ်းထဲကအတိုင်း ဒီဆိုင်ခန်းတွေက သမဝါယမပိုင်၊ ဒါပေမယ့် သူတို့က အခြေအနေအရ ရောင်းလိုက်တာလို့ ထဖြေတယ်။ ဒါက နိုင်ငံပိုင်ပစ္စည်းတွေ၊ သမဝါယမ အမှုဆောင် တွေကို ချပေးထားတဲ့နေရာပဲ။ နိုင်ငံပိုင်တွေဗျ။ သမဝါယမ အမှုဆောင်တွေပိုင်တဲ့ ပစ္စည်းမဟုတ်ဘူး” ဟု ဦးဖုန်းမြင့်အောင်က ပြောသည်။

ယခင်ခေတ်က ဗိုလ်ချုပ်ဈေးအတွင်း ဖွင့်လှစ်ထားသည့် Super World ခန်းမ ၁၊ ၂ နေရာရှိ ဆိုင်ခန်း များကို သမဝါယမအမှုဆောင်အဖွဲ့က ပုဂ္ဂလိက လုပ်ငန်းရှင် ဦးမောင်မောင်လွင်၊ ဒေါ်ရှုကြည်ထံသို့ ရောင်းချ ခဲ့ပြီး ယခုအခါ ဆိုင်ခန်း ငှားရမ်းသူများနှင့် ပုဂ္ဂလိကပိုင်ရှင်တို့အကြား အငြင်းပွားမှု ဖြစ်ပွားလျက်ရှိကြောင်း သိရှိရသည်။

”ကျမ ငှားဖွင့်လာတာ ၁၉၉၃ ခုနှစ် နောက်ပိုင်းကတည်းက ငှားဖွင့်လာတာပါ။ ဦးမောင်မောင်လွင် ကို ဆိုင်ငှားခပေးပြီး ငှားဖွင့်ခဲ့တာ။ ပြီးခဲ့တဲ့ ၂ဝ၁၃ ခုနှစ် နှစ်ကုန်ပိုင်းအထိ ဆိုင်ငှားခပေးပြီးပြီ။ ၂ဝ၁၃ ခုနှစ် ၁၂ ပိုင်း တရက်နေ့က အဲဒီနေရာမှာ အကြီးစားပြင်ဆင်မှု လုပ်မယ်ဆိုပြီး ဦးမောင်မောင်လွင်က စာကပ်တယ်။ ကျမတို့ကို ဖယ်ပေးဖို့ မဖယ်ပေးရင် အတင်းပြောင်းရွှေ့ခိုင်းမယ်လို့ ပြောတယ်။ ကျမတို့ လက်မခံနိုင်ဘူး”ဟု ဆိုင်ခန်းငှားရမ်းသူတဦးမှ ပြောသည်။

ဦးဖုန်းမြင့်အောင်ကမူ ”အစကတည်းက နိုင်ငံပိုင်ကို ပုဂ္ဂလိကပိုင်အဖြစ် ရောင်းလို့ကို မရတာဗျ။ အရင် အစိုးရတွေက လုပ်ထုံးလုပ်နည်းကျော်ပြီး လုပ်ခဲ့တဲ့ကိစ္စ။ အခု အကြီးစားပြင်မယ်ဆိုပြီး ဖယ်ခိုင်းတာတွေဖြစ်တာ တွေက ကိစ္စတခုပေါ့။ ကျနော်ပြောချင်တာက နိုင်ငံပိုင်ပစ္စည်းကို သမဝါယမဝန်ကြီးဌာနက ရောင်းချင်သလို ရောင်းလို့ရသလား။ အဲလိုသာဆိုရင် ဝန်ကြီးဌာနတွေ အားလုံးက နိုင်ငံပိုင်ပစ္စည်းတွေကို ရောင်းကုန်ကြမှာပေါ့” ဟု ဧရာဝတီသတင်းဌာနသို့ ရှင်းပြသည်။

Irrawaddy ဧရာဝတီ သတင်း

ကလေးငယ်(၂)ဦး ပစ္စည်းဟောင်းတစ်ခုအား လက်ဖြင့် ထုရိုက်ဆော့ကစားရာမှ ပေါက်ကွဲမှုဖြစ်၍ ဒဏ်ရာများရရှိ



ရန်ကုန်၊ ဇန်န၀ါရီ ၂၃

၂၃.၁.၂၀၁၄ ရက်နေ့ ၀၇၂၀ အချိန် မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်၊ ဧကရာဇ်ရပ်ကွက်၊ ရန်ကုန်-ပဲခူးလမ်းဘေး၊ မင်္ဂလာဒုံမြို့နယ်စည်ပင် သာယာအုပ်ချုပ်ရေးမှူးရုံးဝင်းအတွင်းရှိ စည်ပင်ဝန်ထမ်းလိုင်းခန်း အမှတ်(A)အခန်း(၆)နေ သန့်ရှင်းရေးလုပ်သားဖြစ်သူ ဦးလှဝင်း၏ သားနှင့်သမီးဖြစ်ကြသော မောင်မျိုးကို(၈)နှစ်နှင့် မခိုင်သဇင်ဝင်း၊ အသက်(၁၀)လတို့(၂)ဦးသည် ၎င်းနေအိမ်ပေါ်တွင် အိမ်ရှေ့ဝင်ပေါက်
နေရာ၌ ပစ္စည်းဟောင်းတစ်ခု(စိစစ်ဆဲ)အား မောင်မျိုးကိုမှ
လက်ဖြင့်ထုရိုက်ဆော့ကစားစဉ် ပေါက်ကွဲမှုဖြစ်ပွါးခဲ့ပါသည်။

အဆိုပါပေါက်ကွဲမှုကြောင့် မောင်မျိုးကိုတွင် ၀ဲလက်ကောက်ဝတ်ပြတ်၊ ယာလက်ချောင်းများပြတ်၊မျက်နှာဝဲဘက်ပွန်းပဲ့၊ရင်ဘတ်ပါက်ပြဲဒဏ်ရာ
များ၊ မခိုင်သဇင်ဝင်းတွင် ၀ဲတံတောင်စုတ်ပြဲ၊ ၀မ်းဗိုက်ပေါက်ပြဲဒဏ်ရာများ ရရှိခဲ့သဖြင့် အင်းစိန်ဆေးမှတဆင့် ရန်ကင်းကလေးဆေးရုံကြီးသို့ အတွင်းလူနာ(စိုးရိမ်ရ)များအဖြစ် လွှဲပြောင်းတင်ပို့ကုသလျက်ရှိပါသည်။

အဆိုပါအခင်းဖြစ်နေရာသို့ တာဝန်ရှိသူများရောက်ရှိစစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

ခိုးမှုပြစ်ချက်ဟောင်းရှိသူအား မသင်္ကာဖမ်းဆီးစစ်ဆေးရာမှ ဆိုင်ကယ်(၁၅)စီးခိုးမှုပေါ်



ရန်ကုန်၊ ဇန်န၀ါရီ ၂၃

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ အုပ်ချုပ်မှုတပ်ခွဲ၊ မှုခင်းအကူဌာနစုမှတပ်ဖွဲ့ဝင်များသည် ခိုးမှုဖောက်ထွင်းမှုများမှ တရားခံများဖမ်းဆီးရမိရေးအတွက်သတင်းစုံစမ်းစဉ် ၁၁.၁.၂၀၁၄ရက်နေ့ ၁၆၀၀အချိန်ခန့်တွင် မြောက်ဥက္ကလာပမြို့နယ်၊ (ဈ)ရပ်ကွက်၊ ဧရာလမ်းမပေါ်၌ KENBO အမျိုးအစားဆိုင်ကယ်(၁)စီးဖြင့် မသင်္ကာဖွယ်တွေ့ရှိသည့် ခိုးမှုပြစ်ချက်ဟောင်းများရှိသူ သန်းရွှေဝင်း (ဘ)ဦးသန်းဝင်း၊ (ဈ)ရပ်ကွက်၊ မြောက်ဥက္ကလာပမြို့နယ်နေသူအား စစ်ဆေးခဲ့ရာ ၎င်းသည် ညီဖြစ်သူအောင်အောင်(ခ)ဇော်ဝင်းအောင် (ဘ)ဦးသန်းဝင်း၊ တစ်ရပ်ကွက်တည်းနေ ညီဘုန်းထက်(ဘ)ဦးမြသိန်း တို့နှင့်အတူမြောက်ဥက္ကလာပမြို့နယ်၊ (င)ရပ်ကွက်အတွင်းမှ ခိုးယူလာခဲ့သော ဆိုင်ကယ်ဖြစ်ကြောင်းပေါ်ပေါက်ခဲ့သဖြင့်
မြောက်ဥက္ကလာပမြို့မရဲစခန်း (ပ)၃၄/၂၀၁၄၊ ပုဒ်မ ၃၇၉/၅၄ ဖြင့် အမှုဖွင့်ကာ ၎င်းတို့(၃)ဦးအားဖမ်းဆီးပြီး အသေးစိတ်စစ်ဆေးခဲ့ပါသည်။

ထိုသို့စစ်ဆေးရာ အောင်အောင်(ခ)ဇော်ဝင်းအောင်နှင့်ညီဘုန်းထက်တို့
(၂)ဦးသည် ၂၀၁၃ခုနှစ် ဒီဇင်ဘာလအတွင်းက မြောက်ဥက္ကလာပမြို့နယ် အတွင်းမှ ဆိုင်ကယ်(၅)စီး၊ မင်္ဂလာဒုံမြို့နယ်အတွင်းမှ ဆိုင်ကယ်(၈)စီး ၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်းမှ ဆိုင်ကယ်(၁)စီး၊ စုစုပေါင်းဆိုင်ကယ် (၁၄)စီးတို့အား ခိုးယူရောင်းချထားကြောင်း ထပ်မံပေါ်ပေါက်သဖြင့် သက်ဆိုင်ရာမြို့နယ်ရဲစခန်း အသီးသီးတွင် အမှုများဖွင့်လှစ်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

ခိုးမှုပြစ်ချက်ဟောင်းရှိသူများအား မသင်္ကာဖမ်းဆီးစစ်ဆေးရာမှ ခိုးမှု(၁)မှုပေါ်


ရန်ကုန်၊ ဇန်န၀ါရီ ၂၃

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ အုပ်ချုပ်မှုတပ်ခွဲ၊ မှုခင်းအကူဌာနစုမှတပ်ဖွဲ့ဝင်များသည် ခိုးမှုဖောက်ထွင်းမှုများမှ တရားခံများဖမ်းဆီးရမိရေးအတွက် သတင်းစုံစမ်းစဉ် ၆.၁.၂၀၁၄ရက်နေ့ ၁၆၀၀အချိန်ခန့်တွင် ခိုးမှုပြစ်ချက်ဟောင်းရှိသည့် ဒေါပုံမြို့နယ်၊
နွယ်အေးရပ်ကွက်နေ သူများဖြစ်သော သားကြီး(ခ)စိုးမင်းနိုင် (ဘ)ဦးလှရွှေနှင့် ပေါတာ(ခ)အရိုး(ခ)ချစ်ဦး(ဘ)ဦးလှရွှေတို့(၂)ဦးအား
နွယ်အေးရပ်ကွက်၊ မာလာနွယ်လမ်းပေါ်၌ မသင်္ကာဖွယ်တွေ့ရှိသဖြင့် ဖမ်းဆီးစစ်ဆေးခဲ့ပါသည်။

၎င်းတို့(၂)ဦးအားစစ်ဆေးရာ၂၀.၁၂.၂၀၁၃ရက်နေ့ ၀၄၀၀အချိန်ခန့်က ပုဇွန်တောင်မြို့နယ်၊ (၂)ရပ်ကွက်၊ ဗိုလ်တထောင်ဈေးလမ်းထောင့်ရှိ အဟောင်းပစ္စည်းများရောင်း/၀ယ်သည့် ဆိုင်အတွင်း ၀င်ရောက်ကာ သံထည်၊ကြေးပြား၊ကြေးနန်းကြိုးအတိုအစများ စုစုပေါင်းအလေးချိန် (၂၂)ပိဿာကျော်ခန့်အားခိုးယူရောင်းချထားခဲ့ကြောင်းပေါ်ပေါက်သဖြင့် ပုဇွန်တောင်မြို့မရဲစခန်း(ပ)၁၄/၂၀၁၄၊ ပုဒ်မ ၃၈၀/၅၄ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

Net Guide Journal (29-Jan-2014)

Myanmar Journal Download Free

အကျယ်ချဲ့ကြည့်ရန်





ဆံပင်အရောင်ဆိုးတတ်သူများ သတိ


Shenzhen (စန်းကျွင့် ) မြို့ ကမိန်းကလေးတစ်ယောက် ဆံပင်အလှပြင်ဆိုင် hair salon မှာဆံပင်အရောင်တင်ဆိုးဆေး သွားလုပ်တာထိပ်ပြောင်ဖြစ်ဖို့အနည်းသာလိုတော့တယ် ။
ဆံပင်အလှပြုပြင်သူပေးသောသူက အဲဒီမိန်းကလေးကို ဆံပင်ညှပ်ပေးပြီး ဆံပင်ကို အရောင်ဆိုးဆေး ထားပြီးတခြား customers နှစ်ယောက်ကို ဆံပင်ညှပ်ပေးပြီး အချိန်တော်တော်လေးကြာမှ အဲဒီမိန်းကလေးဆံပင်ကိုလာလုပ်တဲ့အခါ
ဆံပင်ကိုလေမှုတ်လေ ဆံပင်ကျွတ်လေ ။ ဆံပင်အလှပြင်ဆိုင်သူဌေးက
အဲဒီမိန်းကလေးကိုဆေးရုံကိုခေါ်သွား ပြတာ ဆရာဝန်က ဦးရေခွံ ရောင်ရမ်း ခြင်း ရောဂါလို့ပြောပါတယ် ။
ရဲစခန်းကိုတိုင်ကြားလိုက်ပြီး ဆံပင်အလှပြင်ဆိုင်ကိုသွားရောက်
စစ်ဆေးတာ ဆိုင်က လိုင်စင်မရှိ ၊ အတွေ့အကြုံ မရှိတဲ့ဆိုင်ဖြစ်တာမို့
နောက်ဆုံးဆိုင်ရှင်သူဌေးက အဲဒီမိန်းကလေးကို 2,000 yuan လျှော်ကြေး ပေးလိုက်ပါတယ် ။ အဲဒီမိန်းကလေးရဲ့ညာဖက်ဦးခေါင်းနောက်စေ့နားကဆံပင်တွေကျွတ်
ကုန်တာကိုတွေ့ရတယ် ။ အပြင်ထွက်တိုင်း ဦးထုပ်ဆောင်းနေရတယ် ။
တခါတလေဦးခေါင်းအရေခွံက ယားယံခြင်းကိုခံစားနေရပါတယ်လို့သတင်းမှာဖေါ်ပြထားပါတယ် ။
နောက်ထပ်ဆံပင်ပေါက်မပေါက်ဆိုတာတော့ဘယ်သူမှအာမမခံနိင်ပါဘုး ။ သူငယ်ချင်းတို့လည်း ဆံပင်ဆိုးဆေးဝယ်ရာတွင်သတိထားပြီးဝယ်ပါ ။
ဆေးဘုးရဲ့ အနောက်မှာဘာဒြပ်တွေပါလဲဆိုတာရေးထားပါတယ် ။
မသိ မသင်္ကာ တွေရှိရင် အရောင်းစာရေးတွေကိုမေးပြီးမှဝယ်ပါ ။
ကျင်းလိသိရသလောက်ပြောရရင်ဆံပင်ဆိုးဆေးမှာပါဝင်တဲ့ဒြပ်တစ်မျိုး PPD(ParaPhenyleneDiamine)လို့ခေါ်တဲ့ဆေးက ကျန်းမာရေးကိုထိခိုက်နိင်ပါတယ် ။ တချို့သူတွေက နာတည်ရှည်အရေပြား Allergy ဖြစ်တတ်တဲ့အပြင် တစ်ကိုယ်လုံးအရေပြားယားယံခြင်း ၊ ဆီးအိမ်ကင်ဆာ၊ ရင်ကြပ်ရောဂါ ၊ နှလုံးရောဂါ ၊
အရေပြားကွာခြင်း အစရှိသောရောဂါများကိုရရှိနိင်ပါတယ် ။ ဆိုးဆေးအပြင် Jelly သုံးသူများလည်းသတိထားပါ ။ ဆံပင်ကျွတ်ပြီး
ထိပ်ပြောင်သူတွေဖြစ်လာတဲ့သူတွေများပြားလာတာကိုတွေ့ရပါတယ် ။
မြန်မာပြည်မှာရှိနေတဲ့ ကျင်းလိ တု တစ်ယောက် ငယ်ထိပ်မှာဆီမလိမ်းပဲ ပြောင်နေတယ် ။ Jelly သုံးလို့တဲ့ ...
သူငယ်ချင်းများအားလုံးကျန်းမာပါစေ ~~~
Jin Li Chao

မှော်ဘီတင့်ကားတပ်မှ လက်နက်တိုက် ဖောက်ထွင်းခံရ တိုင်းရဲတပ်ဖွဲ့ကိုယ်တိုင် ကိုင်တွယ်နေ


ရန်ကုန်၊ မဇ္ဈိမ။             ။မှော်ဘီတင့်ကားတပ်မှ လက်နက်တိုက် ဖောက်ထွင်းရပြီး ခဲယမ်းလက်နက်အချို့ ပျောက်ဆုံးနေမှုကို တိုင်း၊ ခရိုင်အဆင့်များဖြင့် ပူးပေါင်း ဖော်ထုတ်နေသည်ဟု မှော်ဘီမြို့မရဲစခန်းမှ ဒု-ရဲမှူး နိုင်နိုင်ငြိမ်းက ဇန်နဝါရီ ၂၃ရက်တွင် မဇ္ဈိမကို အတည်ပြုပြောပြခဲ့သည်။

အဆိုပါ လက်နက်တိုက် ဖောက်ထွင်းခံရမှုကို ဇန်နဝါရီ ၂၁ရက် နံနက် တွင် သိရှိခဲ့ပြီး အမှတ် (၅၀၁၀) တင့်ကား တပ်ရင်းမှ တပ်ရင်းမှူး ကြည်း ၂၃၇၈၅ ဒုတိယဗိုလ်မှူးကြီး အောင်သူက ဇန်နဝါရီ ၂၂ ရက်တွင် အမှုဖွင့် တိုင်တန်းလိုက်ခြင်း ဖြစ်သည်။

“လောလောဆယ်တော့ တိုင်းနဲ့ ခရိုင်တပ်ဖွဲ့တွေကပါ ပူးပေါင်းဖော်ထုတ်နေပါတယ်။ လက်နက် ၂ လက်နဲ့ ကျည် ၅၀၀တောင့် ပါသွားတာ ဟုတ်ပါတယ်။ ကျန်တဲ့အပိုင်းကတော့ တရားခံလွှတ်သွားမှာစိုးလို့ ဘာမှ ထုတ်ဖော်ပြောကြားပေးလို့ မရသေးပါဘူး”ဟု ရဲမှူး နိုင်နိုင်ငြိမ်းက ရှင်းပြခဲ့သည်။

အဆိုပါ တင့်ကားတပ်မှာ မှော်ဘီမြို့နယ် သန္ဓေပင်ကျေးရွာအုပ်စု၊ ရန်ကုန်- ပြည်ကားလမ်းဘေးရှိ အမှတ် (၅၀၁၀)တင့်ကားတပ်ရင်းဖြစ်ပြီး လက်နက်တိုက် ဖောက်ထွင်းခံထားရသည်ကို ဇန်နဝါရီ ၂၁ ရက် နံနက် ၇ နာရီတွင် စတင်သိရှိခဲ့ခြင်း ဖြစ်သည်။

ယင်းတပ်မှ တပ်ကြပ်ကြီး သိန်းအေးက မကောင်းတော့သည့် ခဲယမ်းများအပ်နှံရန်အတွက် ခဲယမ်းများထုတ်ယူရန် တပ်ရင်း လက်နက်တိုက်သို့လာစဉ် ဌာနချုပ်တပ်ခွဲ လက်နက်တိုက်မှာ တံခါးပွင့်နေသည်ကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ထို့နောက် ဌာနချုပ်တပ်ခွဲ လက်နက်တိုက် တာဝန်ခံ တပ်ကြပ်ကြီး ရဲနောင်နှင့်အတူ သွားရောက် စစ်ဆေးရာ လက်နက်တိုက်အပြင်ဘက် ပျဉ်းကတိုးတံခါးနှင့် အတွင်းဘက်သံတံခါးတို့တွင် ခက်ထားသည့် BAOGU အမျိုးအစား အာမခံသော့ (၂)လုံးမှာ အဖျတ်ခံထားရခြင်းဖြစ်သည်။

လက်နက်တိုက်အတွင်း ဝင်ရောက်စစ်ဆေးရာ သေနတ်စင်မှ သေနတ်ခတ်သံကြိုးမှာ ပြတ်တောက်နေပြီး လက်နက်နံပါက် ဂျီ ၁၃၁၃၉ နှင့်  ဂျီ ၀၂၈၅၀ဖြစ်သည့် အမ်အေ 13 မတ် 1 အမျိုးအစား သေနက် (၂)လက် တို့မှာ ပျောက်ဆုံးနေခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ခဲယမ်းသေတ္တာအတွင်းမှ ၉ မမ ယမ်းပြင်းကျည် စုစုပေါင်း ၅၀၀ တောင့်နှင့် အမ်အေ ၁၃ ကျည်ကတ် (၅)ခုတို့ ပျောက်ဆုံးနေသည်ကို စစ်ဆေးတွေ့ရှိခဲ့သည်။

ထို့ကြောင့် မှော်ဘီရဲစခန်းက (ပ)၄၀/၂၀၁၄ဖြင့် အမှုဖွင့်လိုက်ပြီး ခိုးယူသူကို ၁၉၄၉ ခုနှစ် လက်နက် (အရေးပေါ်ပြစ်ဒဏ်စီရင်မှု)(ယာယီ)အက်ဥပဒေပုဒ်မ ၂(၁)(က)ဖြင့် အရေးယူရန် တိုင်းအဆင့် ရဲတပ်ဖွဲ့များဖြင့် ပူးပေါင်း ဖော်ထုတ်နေခြင်းလည်း ဖြစ်သည်။

Written by  ဇော်ဇော်ထွေး

Mizzima - News in Burmese

မန်း ဆေးရုံကြီးအနီး မီးလောင်နေ


မန္တလေးဆေးရုံကြီးအနီး ၇၅လမ်း၊ ၂၈-၂၉လမ်းကြားတွင် မီးလောင်မှုဖြစ်ပွားလျှက်ရှိသည်။

၇၅လမ်းမပေါ်ရှိ ခရစ်ယာန်ချက်ကျောင်းနှင့် စတ္တရမဟီရပ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးကြားရှိ မြေစိုက်ပျဉ်ထောင်နှစ်ထပ်အိမ်မှ စတင်လောင်ကြွမ်းခြင်းဖြစ်ပြီး မီးလောင်ပြီး ၁၅မီနစ်ခန့်အကြာ ပျဉ်ထောင်အိမ်မှာ ပြိုကျသွားခဲ့ပြီး ဘေးနှစ်ဘက်ရှိ ချက်ကျောင်းအဆောက်အဦးနှင့် စတ္တရမဟီရပ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံးအား ဆက်လက်လောင်ကြွမ်းလျှက် ရှိနေပြီး ယခုအချိန် ၃နာရီ ၂၀မီးနစ် အချိန်ထိ မီးသတ်အင်အား များစွာဖြင့် ဆက်လက်ငြိမ်းသက်လျှက်ရှိသည်။

ဖိုးပြည့်

Popular Myanmar News Journal

ရန်ကုန်နှင့် မန္တလေးရှိ ကျူးများကို အစိုးရက အင်အားသုံးပြီး ဆက်တိုက်ရှင်း


ရန်ကုန်နှင့်မန္တလေးမြို့ ကြီးများရှိ ကျူးကျော်အိမ်ရာများကို အစိုးရက ယခုလအတွင်း အင်အားသုံး ဖယ်ရှား မှုများ ဆက်တိုက်ပြုလုပ် နေပြီ ဖြစ်သည်။

အထူးသဖြင့် နိုင်ငံတော်၏ စီမံကိန်းနယ်မြေများနှင့် နီးစပ်ခြင်း၊ အာဆီယံဥက္ကဋ္ဌတာဝန်ယူနေချိန်တွင် သက်ဆိုင်ရာမြို့များ၏ မြို့အင်္ဂါရပ်နှင့် ညီစေရန်အတွက် မြန်မာနိုင်ငံ၏ အဓိကမြို့ကြီးများမှ ကျူးကျော်များကို စတင်ဖယ်ရှားရန် သက်ဆိုင်ရာဝန်ကြီးဌာနများအပါအ၀င် ဒေသဆိုင်ရာအာဏာပိုင်များနှင့် ပူးပေါင်းပြီး အင်အားသုံးဖြေရှင်းရန် စီစဉ်နေရခြင်းဖြစ်ကြောင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးတစ်ဦးက ပြောကြားသည်။

““ဖယ်မယ်ဆိုရင်လည်း သူတို့ကို ကြိုတင်အကြောင်းကြားပါတယ်။ အခုဖြစ်နေတဲ့ပြဿနာက ဘယ်ကလာမှန်းမသိတဲ့ နေ့ချင်းညချင်း တဲတွေလာဆောက်တဲ့ တဲတွေကို ဖယ်ရှားရာမှာ အခက်အခဲတချို့ရှိတယ်””ဟု အထက်ပါညွှန်ကြားရေးမှူးကဆိုသည်။

အစိုးရက ယခုလ ၁၄ ရက်မှ စတင်ပြီး တွံတေး-ရန်ကုန်ကားလမ်းမပေါ်ရှိ ကျူးကျော်တဲအလုံးရေထောင်ချီကို ဒေသခံများနှင့် သက်ဆိုင်ရာအာဏာပိုင်များက စတင်ဖယ်ရှားခဲ့သည်။ ထို့နောက် ဇန်န၀ါရီ ၂၁ရက် တွင် ကျူးကျော်တဲအလုံးရေ ၁၃၀ ကျော် ရှိသည့် လှိုင်သာယာမြို့နယ် (၁၉)ရပ်ကွက်တွင် သက်ဆိုင်ရာက အင်အားသုံးပြီး ဖယ်ရှားခဲ့သည်။ ဇန်န၀ါရီ ၂၂ ရက်တွင်လည်း လှိုင်သာယာမြို့နယ်၌ပင် ရွှေလင်ဗန်း စက်မှုဇုန်အနီးရှိ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာနပိုင်မြေ၌ ဆောက်လုပ်ထားသည့် ကျူးကျော်တဲအလုံးရေ တစ်ထောင်ဝန်းကျင် စတင်ဖယ်ရှားခဲ့သည်။

““တာဝန်အရ လုပ်တာပါ။ ကျူးကျော်တွေကို နေရာဖယ်ပေးဖို့ သုံးကြိမ်စာ ထုတ်ပြီးပါပြီ။ ဖယ်ရှားတဲ့အချိန်မှာ သူတို့ပစ္စည်းတွေ ပျက်စီးမှုမရှိအောင်လို့ သေချာလုပ်နေပါတယ်”” ဟု လှိုင်သာယာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးထိန်စိုးကပြောသည်။

ယခု ဇန်န၀ါရီ နောက်ဆုံးပတ်အတွင်း ရန်ကုန်မြို့ သီလ၀ါနယ်မြေရှိ ကျူးကျော်များနှင့် လှိုင်သာယာမြို့နယ်အတွင်းရှိ ကျူးကျော်တဲများအားလုံးကို ဖယ်ရှားရန် စီစဉ်နေပြီဖြစ်ကြောင်း သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများထံမှ သတင်းရရှိသည်။

ရန်ကုန်အပြင် မန္တလေးတွင်လည်း ဧရာဝတီမြစ်ကမ်းဘေးတာ ပေါင်ကျိုးအနီးရှိ ကျူးကျော်နေအိမ်အလုံး ၇၀ ကျော်ကို ဇန်န၀ါရီ ၂၀ ရက်က စတင်ဖယ်ရှားရှင်းလင်းခဲ့သည်။ အဆိုပါ ကျူးကျော်အိမ်များကို ဖယ်ရှားရာတွင် အစိုးရကရဲတပ်ဖွဲ့၊ စည်ပင်၊ မီးသတ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ ခေါ်ဆောင်လာသည့် ဒေသခံရွာသားများအ ပါအ၀င် အင်အားထောင်ကျော်ဖြင့် နာရီပိုင်းအတွင်းဖယ်ရှားရှင်း လင်းမှုများ ပြုလုပ်နေခြင်းဖြစ်ကြောင်း ကျုးကျော်တဲများတွင် နေထိုင်သူအချို့ကဆိုသည်။

ဆက်လက်ပြီး ကျုးကျော်တဲများကျန်ရှိနေသည့် မြန်မာနိုင်ငံမှ မြို့ကြီးများအချို့တွင် အင်အားသုံးဖယ်ရှားမှုများ ဆက်တိုက်ပြုလုပ်မည်ဟု မြို့ရွာနှင့်အိုးအိမ်ဖွံ့ ဖြိုးမှုဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။ လက်ရှိအစိုးရ လက်ထက်တွင် ကျုးကျော်အိမ်အများအပြား ပေါ်ပေါက်လာသဖြင့် အချို့သောနေရာများ၌ လာရောက် ကျူးကျော်နေထိုင်သူများနှင့် ဒေသခံများအပါအ၀င် ရဲတပ်ဖွဲ့များနှင့် ပဋိပက္ခအသွင်ဆောင်သည်အထိ သုံးကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်။

အများစုမှာ အမှန်တကယ် နေစရာမရှိသည်ထက် မြေနေရာဦးချင်သူများ၊ မြေယာလျော်ကြေးလိုချင်သူများ လာရောက်နေထိုင်ကြခြင်းဖြစ်ပြီး နောက်ကွယ်မှ အားပေးအားမြှောက်အချို့လည်း ရှိနေသည်ဟု အစိုးရက ပြောဆိုဝေဖန်ထားသည်။

7day Daily

Mister And Miss University ပြိုင်ပွဲဝင် ကောင်းမြတ်ဟိန်း ရေကူးကန်တွင် ရုတ်တရက်သေဆုံး


ရန်ကုန်၊ ဇန်နဝါရီ ၂၂

မြန်မာနိုင်ငံအတွင်းရှိ တက္ကသိုလ် အသီးသီးမှ စံပြမောင်မယ်များ ပေါ်ထွက်လာစေရေးကို ရည်ရွယ်၍ စီစဉ်ပြုလုပ်မည့် Mister And Miss University ပြိုင်ပွဲ၏ နောက်ဆုံးအဆင့်တွင် ဝင်ရောက် ယှဉ်ပြိုင်ရန် ရွေးချယ်ခံထားရသည့် ရန်ကုန် အနောက်ပိုင်းတက္ကသိုလ် ကိုယ်စားပြု ဒုတိယနှစ် တက္ကသိုလ် ကျောင်းသား ကောင်းမြတ်ဟိန်းသည် ပြိုင်ပွဲအတွက် စခန်းသွင်း လေ့ကျင့်နေသည့် City Golf Resort ဟိုတယ်၏ ရေကူးကန်တွင် ရုတ်တရက် ကွယ်လွန်သွားခဲ့ကြောင်း August Myanmar Media Group မှ CEO ဦးရဲမြန်မာအောင်က The Voice သို့ ပြောကြားသည်။

ဇန်နဝါရီလ ၂၂ ရက် ည ၁၂ နာရီကျော်အချိန်၌ ကောင်းမြတ်ဟိန်း၏ အလောင်းကို City Golf Resort ဟိုတယ်၏ ရေကူးကန်တွင် ဟိုတယ် လုံခြုံရေးများက တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်းနေ့ညမှာ စခန်းသွင်း လေ့ကျင့်သည့် နောက်ဆုံးည ဖြစ်သည့်အတွက် ပြိုင်ပွဲဝင်များကို ပါတီတစ်ခု ကျင်းပပေးခဲ့ပြီး ယင်းပါတီသို့လည်း ကောင်းမြတ်ဟိန်း ပါမလာခဲ့ကြောင်း၊ ယခင်နေ့များတွင်မူ ညစဉ် ၁၀ နာရီတွင် ပြိုင်ပွဲဝင်များကို စစ်ဆေးလေ့ ရှိသော်လည်း ယင်းနေ့တွင်မူ ပါတီပွဲမှာ ညဥ့်နက်မှ ပြီးဆုံးသည့်အတွက် မစစ်ဆေးဖြစ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ကောင်းမြတ်ဟိန်း သေဆုံးမှုကို CID မှ တာဝန်ရှိသူများက စစ်ဆေးနေဆဲ ဖြစ်သည့်အတွက် သေဆုံးရသည့် အကြောင်းအရင်းကို မသိရသေးကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

“ကောင်းမြတ်တဲ့ ရည်ရွယ်ချက်တွေနဲ့ ကျင်းပမယ့် ပြိုင်ပွဲတစ်ခုမှာ မမျှော်လင့်တဲ့ ကံကြမ္မာဆိုး တစ်ခုကြောင့် ဒီလိုအဖြစ်အပျက် မျိုးဖြစ်ပွားလာတဲ့အတွက် ပြိုင်ပွဲဝင် ကောင်းမြတ်ဟိန်းရဲ့ မိသားစုနဲ့ ထပ်တူ ကျွန်တော်တို့တွေလည်း အရမ်းဝမ်းနည်းရပါတယ်။ ပြိုင်ပွဲရဲ့ နောက်ဆုံး Final ပွဲစဉ်ကို ဇန်နဝါရီလ ၂၄ ရက်နေ့ အမျိုးသားကဇာတ်ရုံမှာ ပြုလုပ်ဖို့ စီစဉ်ထားပေမယ့် ပြိုင်ပွဲဝင်တွေ အားလုံးရဲ့ သဘောတူညီချက်နဲ့ ပြိုင်ပွဲကို ရက်ရွှေ့လိုက်ပါတယ်” ဟု ဦးရဲမြန်မာအောင်က ဆိုသည်။

အနောက်ပိုင်း တက္ကသိုလ်တွင်၊ ဒုတိယနှစ် အင်္ဂလိပ်စာမေဂျာ အထူးပြုနှင့် ပညာသင်ကြားနေသူ Mister And Miss University ပြိုင်ပွဲဝင် ကောင်းမြတ်ဟိန်း (အမည်ရင်း ကျော်ဇောဟိန်း) သည် အသက် ၂၀ အရွယ်တွင် ကွယ်လွန်ခဲ့ခြင်း ဖြစ်ပြီး ၎င်း၏ ရုပ်အလောင်းကို ဇန်နဝါရီလ ၂၅ ရက်နေ့၊ မွန်းလွဲ၂ နာရီအချိန်တွင် ရေဝေး သုသာန်၌ မီးသင်္ဂြိုဟ်မည် ဖြစ်ကြောင်း၊ ကောင်းမြတ်ဟိန်းသည် တက္ကသိုလ်ဝင်တန်း အောင်ပြီးကတည်းက မော်ဒယ်လ်လောကသို့ ဝင်ရောက်ပြီး အနုပညာ အလုပ်များကို လုပ်ကိုင်ခဲ့ကြောင်း ကောင်းမြတ်ဟိန်း၏ အစ်မဖြစ်သူ မစိုးယုမော်က ပြောကြားသည်။

The Voice Weekly

ဆီဂိုဒေါင် မီးလောင်မှု မီးသတ်နှင့် ရဲစစ်ဆေးချက်ကွဲလွဲ


ရန်ကုန်၊ ဇန်နဝါရီ ၂၂

မင်္ဂလာဒုံမြို့နယ် ရန်ကုန်-ပြည်လမ်းဘေးရှိ စစ်ဘက်ရေးရာ လုံခြုံရေး တပ်ဆွယ် (လေ) ဝင်းတွင် ဇန်နဝါရီလ ၂၁ ရက် ညနေ ၆ နာရီ ၅ မိနစ်က ဆီဂိုဒေါင် မီးလောင်ကျွမ်းမှုနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့တို့၏ မီးလောင်ကျွမ်းမှု အကြောင်းရင်း စစ်ဆေးချက် နှစ်ဖက်ကွဲလွဲနေကြောင်း အဆိုပါ စစ်ဆေးချက်များအရ သိရှိရသည်။

အဆိုပါ တပ်ဆွယ် (လေ) ဝင်းတွင်းရှိ ပုဂ္ဂလိကပိုင် ဓာတ်ဆီဆိုင်က ငှားရမ်းလုပ်ကိုင်သော ဆီဂိုဒေါင်တွင်းရှိ ဓာတ်ဆီများကို ဆီသယ်ယာဉ်အပေါ်ရှိ ဆီပီပါများတွင်းသို့ ဆီဂေါက်တံဖြင့် ဖြည့်ထည့်နေစဉ် ဆီဆိုင်လုပ်သားတစ်ဦးက ဆီပေပါအဖုံးကို သံဂေါက်ဖြင့် လှည့်ပိတ်စဉ် မီးပွားများ ပွင့်ထွက်ရာမှ မီးစတင် လောင်ကျွမ်းခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

အလားတူ အဆိုပါ မီးလောင်မှုသည် ဓာတ်ဆီတိုင်ကီကို ဆီသယ်ယာဉ်ပေါ်သို့ တင်ဆောင်စဉ် ဆီတိုင်ကီမှာ သံမတလင်းပေါ်သို့ ပြုတ်ကျခဲ့ရာမှ မီးပွားများ ပွင့်ထွက်ကာ မီးလောင်ခဲ့ခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနက ထုတ်ပြန်သည်။

“ဆီတိုင်ကီ သမံတလင်းပေါ် ပြုတ်ကျရာက မီးစပွင့်ပြီး ဓာတ်ဆီဂိုဒေါင်ကို မီးကူးစက် လောင်ကျွမ်းခဲ့တယ်ဆိုတာ မျက်မြင်တွေ့ရှိသူများရဲ့ ပြောပြချက်နဲ့ မီးလောင်မှုကြောင့် အရေးယူခံရသူ ကာယကံရှင် ကိုယ်တိုင်ရဲ့ ထွက်ဆိုချက်တွေကို ရယူခဲ့တာပါ” ဟု ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ ပုဂ္ဂလိကပိုင် ဓာတ်ဆီဆိုင်အတွင်း ဆီဘောက်ဆာယာဉ်မှ ဓာတ်ဆီများကို ၁၂ ဘီးအမျိုးအစား ဆီသယ်ယာဉ် အပေါ်ရှိ ဆီတိုင်ကီများတွင်းသို့ ဆီဂေါက်တံဖြင့် ဆီဖြည့်စဉ် သံဂေါက်တံဖြင့် အဖုံးပိတ်ရာမှ မီးစပွင့်ကာ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ခြင်းကို ဆီဆိုင်ပိုင်ရှင်၏ ထွက်ဆိုချက်များအရ သိရှိရကြောင်း မင်္ဂလာဒုံ မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ဓာတ်ဆီတိုင်ကီ သမံတလင်းပေါ် ပြုတ်ကျရာမှ မီးစပွင့်ကာ ကူးစက်လောင်ကျွမ်းမှု ဖြစ်ကြောင်း မီးသတ်တပ်ဖွဲ့က စစ်ဆေး တွေ့ရှိသော်လည်း ရဲတပ်ဖွဲ့က ဆီဂေါက်တံဖြင့် ဆီပေပါ အဖုံးဖွင့်ရာမှ မီးစပွင့်ကာ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်ဟု စစ်ဆေးချက်မှာလည်း မီးလောင်နိုင်ခြေ ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“ဆီတိုင်ကီ အဖုံးဖွင့်ရာက ဆီဂေါက်တံနဲ့ တိုင်ကီ ပွတ်တိုက်ပြီး မီးလောင်ကျွမ်းမှုမျိုးတွေ ရှိခဲ့တော့ သူတို့ရဲ့ စစ်ဆေးချက်ကလည်း လွဲမှားတယ်လို့ ပြောလို့မရဘူး” ဟု ၎င်းကဆိုသည်။

အဆိုပါ မီးလောင်မှုကြောင့် ဒီဇယ်နှင့် ဓာတ်ဆီပီပါ အလုံး ၇၀၊ ၁၂ ဘီး ဆီတင်ယာဉ်နှစ်စီး စက်သုံးဆီတင်ယာဉ် တစ်စီး၊ ပရာဒိုခဲရောင် ယာဉ်အပျက်တစ်စီး၊ သွပ်မိုး၊ ဆန်ကာကာထားသည့် ပေ ၂၀ ပတ်လည် တဲတစ်လုံးတို့ မီးလောင် ဆုံးရှုံးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

အဆိုပါ လုံခြုံရေးတပ်ဖွဲ့(လေ) ဝင်းအတွင်း ပုဂ္ဂလိက ဓာတ်ဆီဆိုင်မှ မီးလောင်ကျွမ်းမှုကြောင့် အမျိုးသားလေးဦး မီးလောင်ဒဏ်ရာ ရရှိခဲ့ပြီး မရမ်းကုန်းမြို့နယ်တွင် နေထိုင်သူ ဓာတ်ဆီဆိုင်ပိုင်ရှင် ကိုကျော် (ခ) ကိုကျော်ကျော်ကို မင်္ဂလာဒုံမြို့မရဲစခန်းက (ပ)၃၃/၁၄ ၊ ပုဒ်မ ၂၈၅/၃၃၇/၃၃၈ ဖြင့် အမှုဖွင့်ပြီး စစ်ဆေးဆောင်ရွက်လျက် ရှိကာ လောင်စာဆီ ပီပါများကို လက်ခံသိမ်းဆည်းပေးသော စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (လေ) မှ တပ်ကြပ်ကြီး တင်ဌေးကို ၎င်း၏ မိခင်တပ်မှ စစ်ခုံရုံးဖွဲ့ကာ စစ်ဆေးဆောင်ရွက်မည် ဖြစ်ကြောင်း မင်္ဂလာဒုံ မြို့မရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly

စရဖ(လေ)၀င်းအတွင်း ဓာတ်ဆီဆိုင်မီးလောင်မှု အမျိုးသားလေးဦး ဒဏ်ရာရ


မင်္ဂလာဒုံလေတပ် စစ်ဘက်ရေးရာ လုံခြုံရေး (စရဖ) ၀င်းအတွင်း မြေငှားကာ ဖွင့်ထားသည့် ပုဂ္ဂလိကဓာတ်ဆီဆိုင် မီးလောင်မှုကြောင့် အမျိုးသားလေးဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

မင်္ဂလာဒုံမြို့နယ်၊ ဈေးရပ်ကွက်၊ ပြည်လမ်းမဘေးရှိ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (လေ)၀င်းအတွင်း ပုဂ္ဂလိက ဓာတ်ဆီဆိုင်မှာ ဇန်န၀ါရီ ၂၁ ရက်က မီးလောင်ကျွမ်းခဲ့ပြီးနောက် ဆီဆိုင်အလုပ်သမားနှစ်ဦး အပါအ၀င် အမျိုးသားလေးဦး ဒဏ်ရာရကာ အင်းစိန်ဆေးရုံတွင် တင်ထားရပြီး ဆုံးရှုံးမှုတန်ဖိုးမှာ ကျပ်ငွေ ၂၈၁ သိန်း ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

မီးလောင်ရာသို့ မီးသတ်ယာဉ် အစီး ၉၀ ခန့် လာရောက်ငြှိမ်းသတ်ခဲ့သောကြောင့်ည ၈ နာရီခန့်တွင် မီးငြိမ်းခဲ့သည်။ ဆီဂိုဒေါင်အတွင်းရှိ ဓာတ်ဆီများကို FUSO အမျိုးအစား ၁၂ ဘီးယာဉ်ပေါ်ရှိ ပီပါများထဲသို့ ဆီဂေါက်ဖြင့် လိုက်လံဖြည့်ထည့်ပြီးနောက် ဆီဆိုင်အလုပ်သမားက ပီပါအဖုံးအား သံဂေါက်ဖြင့်လှည့်ပိတ်စဉ် မီးဖွားများပွင့်ကာ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။ မီးလောင်မှုကြောင့် ဒဏ်ရာရရှိသူ လေးဦးအနက် တစ်ဦးမှာစိုးရိမ်ရပြီး အင်းစိန်ဆေးရုံတွင် အတွင်းလူနာများအဖြစ် တက်ရောက်ကုသလျက်ရှိသည်။

““ညတုန်းက ဆီဆိုင်က မီးလောင်ဒဏ်ရာရတဲ့သူတွေ ဆေးရုံကို ရောက်လာကြတယ်။ အခု သူတို့ကို ဆေးကုပေးနေပါတယ်”” ဟု အင်းစိန်ဆေးရုံမှ တာဝန်ကျဝန်ထမ်းတစ်ဦးက ပြောသည်။

အဆိုပါမီးလောင်မှုနှင့်ပတ်သက်၍ လောင်စာဆီ ပီပါများအား လက်ခံသိမ်းဆည်းပေးသူ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (လေ) မှ တပ်ကြပ်ကြီးတစ်ဦးနှင့် လောင်စာဆီဆိုင်ပိုင်ရှင်တို့နှစ်ဦးအား မင်္ဂလာဒုံမြို့မရဲစခန်းက ပြစ်မှုဆိုင်ရာ ပုဒ်မ  ၂၈၅/၃၃၇/၃၃၈ တို့ဖြင့် အမှုဖွင့်အရေးယူထားသည်။

““တကယ်အရေးယူရမှာက တပ်မှူးကိုဗျ။ ကိုယ့်တပ်ထဲမှာ တပ်ကြပ်ကြီးအဆင့်ရှိသူက ဥပဒေနဲ့မညီတာကို ဆောင်ရွက်နေတာကိုတောင် ဒီတပ်မှူးက မသိဘူးတဲ့လား။ ဒါမှမဟုတ် မသိချင်ယောင်ဆောင်နေတာလား။ ဥပဒေကို လေးစားလိုက်နာရမယ့် ဒီလိုအဖွဲ့အစည်းကမှ ဥပဒေကို မလေးစားရင် သာမန်ပြည်သူတွေကို ဘယ်လိုထိန်းသိမ်းမလဲ”” ဟု အဆိုပါမီးလောင်မှုနှင့် ပတ်သက်၍ အမျိုးသားတစ်ဦးက ပြောသည်။

Author: သန်းဌေး

7day Daily

တရုတ်စာသားပါ ရေခဲမှတ်အထိမခဲဘဲ အအေးဒဏ်ခံနိုင်သည့် စားဆီတစ်မျိုး မန်းဈေးကွက်အတွင်း အသံထွက်လာ


တရုတ်စာတန်း တစ်မျိုးတည်းသာ ပါပြီး သက်တမ်းကုန်ဆုံးရက် သတ်မှတ် ရက်စွဲမပါ၊ ဆီခဲသွားခြင်းလည်းမရှိသည့် စားဆီတစ်မျိုး မန္တလေးဈေးကွက် တွင် ရောင်းဝယ် လျက်ရှိကြောင်း မန္တလေးဆီ ကုန်သည်များနှင့် စက်ပိုင်ရှင်များအသင်း မှ သိရသည်။

အဆိုပါဆီများအား ရေခဲသေတ္တာ အတွင်းထည့်၍ အေးခဲမှတ်ထိ ထား သော်လည်း အေးခဲသွားခြင်း မရှိခြင်း ကြောင့် စားသုံးသူများ သတိထားရန် လိုအပ်မည်ဖြ စ်ကြောင်း ဆီစက်ပိုင်ရှင် အချို့က သုံးသပ်ပြောကြားသည်။

”ဆီဆိုတာ ဘယ်ဆီဖြစ်ဖြစ် သတ်မှတ်ထားတဲ့ အေးခဲမှတ်ရောက်ရင် ခဲကိုခဲရမယ်။ အခုဟာက မခဲဘူး” ဟု ဆီစက်လုပ်ငန်းပိုင်ရှင်တစ်ဦးက ပြော သည်။

ထို့ပြင် ၄င်းဆီများဖြင့် ကြော်ပါက ဆီမှာမည်းညစ်ညစ်အရောင်သို့ ပြောင်း လဲသွားပြီး ပဲဆီပုံစံနှင့် ဆင်တူကာ ဈေး နှုန်းမှာလည်းပြည်တွင်းစား အုန်းဆီ ဈေး နှုန်းခန့်သာ ရှိနေကြောင်း သိရသည်။

၎င်းဆီများမှာ အနီရောင် တရုတ် စာတန်းပါ ငါးဆယ်သား၊ တစ်ပိဿာ ဘူး အမျိုးအစားများဖြင့် မန္တလေးဈေး ကွက်သို့ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး ဘူးပေါ် တွင် အခြားသော စာတန်းနှင့် သတ်မှတ် ရက်စွဲများ မပါဝင်ကြောင်း ဆီဘူးနမူနာ အား သိမ်းဆည်းထားသည့် မန္တလေး ဆီကုန်သည်များနှင့် စက်ပိုင်ရှင်အသင်း မှ အတွင်းရေးမှူးဦးထွန်းထွန်း က ပြော သည်။ ယင်းအတွက် ၄င်းဆီများအား မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဌာန (FDA)သို့ယခင် ၂ဝ၁၃ ခုနှစ်က ဓာတ်ခွဲစမ်းသပ် ရန် ပေးပို့ ထား ပြီး ဖြစ်သော်လည်း ယခုအချိန်ထိ အ ကြောင်းပြန်ကြားလာခြင်း မရှိသေး ကြောင်းအထက်ပါပုဂ္ဂိုလ်က ထပ်လောင်း ပြောသည်။

FDA အနေနှင့် ၂ဝ၁၃ ခုနှစ် အတွင်း အရောဆီများစွာအား ဓာတ်ခွဲ စမ်းသပ်ခဲ့ပြီး အများစုမှာ ပဲဆီ၊ နှမ်းဆီ များအား စားအုန်းဆီဖြင့်ေ ရာနှောထား ခြင်းဖြစ်ကြောင်း FDA ဓာတ်ခွဲစမ်းသပ် မှုရေးရာ ကျွမ်းကျင် တာဝန်ရှိသူတစ်ဦး ကပြောသည်။

”အဲ့ဒီလို မအေးခဲတဲ့ဆီဆိုပြီး ဓာတ်ခွဲခဲ့တာတော့ မရှိပါဘူး။ နောက် အဲဒီမအေးခဲဘူးဆိုတာ ဘယ်လိုလဲဆို တာ နားမလည်ပါဘူး” ဟု အထက်ပါ ပုဂ္ဂိုလ်က ထပ်လောင်ြးေ ပာသည်။

ရန်ကုန်ဆီဈေးကွက်အတွင်း၌မူ တရုတ်မှတင်သွင်းသည့် စားဆီများ တင်သွင်းခြင်းမရှိကြောင်းနှင့် လက်ရှိ ဈေးကွက်တွင် ပြည်တွင်း ထုတ်ဆီများ အပြင် ထိုင်း၊ စင်ကာ ပူနှင့် မလေးရှား မှ ဆီများတင်သွင်းရောင်း ချလျက်ရှိ ကြောင်း ညောင်ပင်လေးဈေးရှိ ဆီ ရောင်းဝယ်ရေးဆိုင်များမှ သိရသည်။

ထို့ပြင် ဈေးကွက်တွင် ပဲဆီအမျိုး အစားအလိုက် တစ်ပိဿာ ကျပ် ၃ဝဝဝ မှ ၃၆ဝဝ၊ နှမ်းဆီ တစ်ပိဿာ ငါးထောင် နှင့် အထက်တွင်ရှိကာ စားအုန်းဆီ တစ်ပိဿာလျှင် အမျိုးအစားအ လိုက် တစ်ပိဿာ ၁၅ဝဝ ကျပ် အထက်တွင် ရှိကြောင်း သိရသည်။

သုတလင်း၊ ဖိုးလပြည့်

Popular Myanmar News Journal

ပလိပ်အထည်စက်ရုံ ဝန်ထမ်း တစ်ရာကျော် မြင်းခြံ သံမဏိစက်ရုံသို့ ပြောင်းရွှေ့ပေးမည်


မန္တလေး၊ ဇန်နဝါရီ ၂၂

စက်မှုဝန်ကြီးဌာန အောက်ရှိ အမှတ် ၂ အထည်စက်ရုံ (ပလိပ်)ကို ၂၀၁၃-၂၀၁၄ ခုနှစ် ဘဏ္ဍာရေးနှစ်မှ စတင်ကာ ပုဂ္ဂလိက ကုမ္ပဏီသို့ လွှဲအပ်စဉ်က ယင်းစက်ရုံ ဝန်ထမ်း ၁၁၁ ဦးသည် အစိုးရဝန်ထမ်း အဖြစ် ဆက်လက် လုပ်ကိုင်လိုကြောင်း အဆိုပြုခဲ့ရာ အဆိုပါ ဝန်ထမ်း တစ်ရာကျော်ကို ဇန်နဝါရီလ ၂၇ ရက်နေ့မှ စတင်ကာ မြင်းခြံ သံမဏိစက်ရုံသို့ ပြောင်းရွှေ့ တာဝန်ထမ်း ဆောင်စေမည် ဖြစ်ကြောင်း ယင်းဌာန စက်ရုံတာဝန်ခံ ဦးစောလွင်က ပြောကြားသည်။

“ပြောင်းရွှေ့ခွင့် ညွှန်ကြားစာကို ၂၀ ရက်နေ့က ရပါတယ်။ အစိုးရဝန်ထမ်း အဖြစ် ဆက်လုပ်မယ်ဆိုပြီး အဆိုပြုထားတဲ့ အတွက် အခုလို ပြောင်းရွှေ့ ခံရတာပါ။ သံမဏိစက်ရုံမှာ ဇန်နဝါရီလ ၂၇ ရက်နေ့ အလုပ်စ ဝင်ရပါမယ်” ဟု အဆိုပါ မြင်းခြံ သံမဏိစက်ရုံသို့ ပြောင်းရွှေ့ခံရသူ ဝန်ထမ်း တစ်ဦးက The Voice သို့ ပြောကြားသည်။

လက်ရှိ အဆိုပါ အမှတ် ၂ အထည် စက်ရုံ(ပလိပ်) စက်ရုံ ဝန်ထမ်း ၆၀၀ ဦးကျော် (အဆိုပြုထားသူ ၁၁၁ ဦးမပါ) သည် ဇန်နဝါရီလ ၁၆ ရက်နေ့ စတင်ကာ ဆန္ဒဖော်ထုတ်လျက်ရှိရာ ၂၀၁၅ ခုနှစ်အထိ အစိုးရဝန်ထမ်း အဖြစ် ဆက်လက်တာဝန် ထမ်းဆောင်ခွင့် ရရှိရေး အချက်မှလွဲ၍ ကျန်တောင်းဆိုချက် ၁၂ ချက်ကို ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ပြေလည်မှု ရရှိသွားပြီ ဖြစ်ကြောင်း ယင်းဆန္ဒ ထုတ်ဖော်နေသူများ ထံမှ သိရှိရသည်။

ယင်းကဲ့သို့ ဆန္ဒပြတောင်းဆိုနေမှုများ ပြုလုပ်နေစဉ်အတွင်း အစိုးရဝန်ထမ်း အဖြစ် ဆက်လက် လုပ်ကိုင်ရန် ပြီးခဲ့သည့် စက်တင်ဘာလကပင် အဆိုပြုထားသူ ဝန်ထမ်း ၁၁၁ ဦးကိုသာ စက်မှုဝန်ကြီး ဌာနအောက်ရှိ မြင်းခြံ သံမဏိစက်ရုံသို့ ပြောင်းရွှေ့ လွှဲပြောင်းပေးခြင်း ဖြစ်ကြောင်း ယင်းစက်ရုံ တာဝန်ရှိသူထံမှ သိရှိရသည်။

The Voice Weekly

စောင့်ကြည့်ရမည့်သူတစ်ဦး သို့မဟုတ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်


မြန်မာပြည်သူများသည် သူတို့၏စစ်ဗိုလ်ချုပ် ကြီး များအား စောင့်ကြည့်လေ့ ရှိကြသည်။ ပြီးခဲ့သည့် ရာစုနှစ်ဝက်ကျော်မျှ စစ်တပ်က မြန်မာနိုင်ငံအား အုပ်ချုပ်ခဲ့ပြီး မကြာသေးမီကမှ နိုင်ငံရေး အပေါ် လုံးဝဥဿုံထိန်းချုပ်မှုများ အား လက် လွှတ်ပေး လိုက်သည်ကို စဉ်းစားသုံးသပ်ကြည့်လျှင် ယင်းမှာ အကျိုး အကြောင်းခိုင်လုံလှသော အလေ့အထတစ်ခု ဖြစ်ဖွယ်နိုင် ပေသည်။ ယနေ့အထိပင် သုံးနှစ်ကြာပြုပြင်ပြောင်းလဲမှု များလုပ်ခဲ့သည့်တိုင် အဆင့်မြင့်အရာရှိကြီးများမှာ သူတို့ သာ ဖြစ်နေပေသေးသည်။

ပြီးခဲ့သည့်အပတ်က တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်(ဗိုလ်ချုပ်မှူးကြီး) မင်းအောင်လှိုင်၏ မိန့်ခွန်းအသေး စိတ်ကို အပတ်စဉ်ထုတ်စာေ စာင်တစ်ခု က ဖော်ပြထုတ်ဝေ လိုက်သည့်အခါ လူတွေထိုင်ပြီးစောင့်ကြည့်နေကြခြင်း ကို အပြစ်တင်ရန် ခက်လှပေလိမ့်မည်။

သူ၏မိန့်ခွန်းတွင် စစ်တပ်သည် မည်သူ ကိုမျှမကြောက်ဟု အခြားအကြောင်း အရာများနှင့်အတူ သူက ကြေညာခဲ့သည်။ တစ်စုံတစ်ဦးကများ အကယ်၍ ထိုသတင်းစကားမရခဲ့လျှင် သူကယခုလိုထပ်ပြောပါသည်။ “မြန်မာ့တပ်မတော် သည် အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်းရွှေချမှတ် ခဲ့သောမူဝါဒများကို အမြဲ လိုက်နာမည်”ဟူ၍ဖြစ်ပါသည်။ (ဦး)သန်းရွှေသည် မြန်မာနိုင်ငံအား ၁၉၉၂ မှ ၂၀၁၁ အထိအုပ်ချုပ်ခဲ့သော စစ်အစိုးရခေါင်းဆောင် မဟုတ်ပါလား။

သူသည် ထိုအမှာစကားများကို နိုဝင်ဘာ ၂၉ ရက်တွင်ပြုလုပ်သည့် အ ရာရှိများနှင့် တံခါးပိတ်အစည်းအဝေး တွင် ပြောကြားခဲ့ဟန်တူပါသည်။ ထို သတင်းကို အစိုးရသတင်းစာများက ပုံနှိပ်ဖော်ပြခြင်းမပြုခဲ့ပါ။ ထိုပြောကြား ချက်များတွင် နိုင်ငံ၌ဆယ်စုနှစ်များကြာ ကပ်ဆိုးဆိုက်နေသည့် တအုံနွေးနွေး တိုင်းရင်းသားပဋိပက္ခများအကြောင်းနှင့်ပတ်သက်ပြီး ခပ်စွာစွာ မှတ်ချက်များ စွာလည်းပါသည်။ ထိုအထဲတွင် ဗိုလ်ချုပ်(မှူး)ကြီးက ပိုမိုကျယ်ပြန့်သော ကိုယ် ပိုင်အုပ်ချုပ်ရေးနှင့် အရင်းအမြစ်မျှဝေရေးများအား တိုက်ပွဲဝင်နေသည့် တိုင်း ရင်းသားခေါင်းဆောင်များ အား မြန်မာနိုင်ငံ၏နှစ် ရှည်ကြာ ပြည်တွင်း စစ်နှင့် ပတ်သက်ပြီး အပြစ်တင်ခဲ့သည်များလည်း ပါသည်။

ဗိုလ်ချုပ်ကြီး၏ထိုပြောကြားချက်များကသာ လူတွေကို သတိပြုဆွဲဆောင် နိုင်ခဲ့ခြင်းမဟုတ်ပါ။ ပြီးခဲ့သည့်သုံးပတ်ခန့် ဒီဇင်ဘာ ၂၁ ရက်က ထုတ်ဝေသော ကြေးမုံသတင်းစာတွင် တပ်ချုပ်ကြီး၏လတ်တလောလှုပ်ရှားမှုများကို မျက်နှာ ဖုံးအပြည့်သာမက သီးခြားစာမျက်နှာလေးမျက်နှာပါပေးကာ ဖော်ပြခဲ့ရာ စာ ဖတ်သူများအား အံ့အားတသင့်ဖြစ်သွားစေခဲ့သေးသည်။ စစ်တပ်ကအာဏာ ကို သိသိသာသာဆက်လက်ကိုင်စွဲနေဆဲဖြစ်သည့် နိုင်ငံတစ်နိုင်ငံတွင် ဗိုလ်ချုပ် ကြီးများ အား မြှောက်ပင့်ရေးသားမှုများမှာ အထူးအဆန်းတော့မဟုတ်လှပါ။သို့သော် နောက်ဆုံးရေးသားထုတ်ဝေမှုတွေကတော့ အာရုံကို ဒက်ထိစိုက်မိ သွားစေပါသည်။ အဘယ်ကြောင့်ဆိုသော် ယင်းတို့မှာ လူတွေသိအောင် တမင် တကာပေး သော သတင်းအချက်အလက်များ ဖြစ်နိုင်ခြေရှိသောကြောင့်ဖြစ် ပါသည်။

ထိုသတင်းစာတွင် တစ်မျက်နှာအပြည့်ရေးထားသော သတင်းများထဲ တွင် တပ်မတော်စစ်တက္ကသိုလ် သင်တန်းဆင်းပွဲတက်သော ဗိုလ်ချုပ်မှူးကြီး ပုံနှင့်အတူ ဖော်ပြထားသည်။ ဗိုလ်ချုပ်မှူးကြီး၏အမှာစကားတွင် သူက “နိုင်ငံ တော်လုံခြုံရေး ကိုဆောင်ရွက်ရာမှာ သမားရိုးကျမဟုတ်တဲ့ အရေးယူဆောင် ရွက်မှုတွေရော၊ သမားရိုးကျအတိုင်း အရေးယူဆောင်ရွက်မှုတွေကိုပါ လုပ် ဆောင်သင့်တယ်” ဟုပြောကြားခဲ့သည်။ သူကသမားရိုးကျမဟုတ်သောအရေး ယူဆောင်ရွက်မှု နှင့်ပတ်သက်ပြီး အနက်ဖွင့်ပြောဆိုရာတွင် လူသားလုံခြုံရေး အတွေးအခေါ်အယူအဆကို အတိုင်းအတာတစ်ခုအထိရှင်းပြပြောဆိုသွား ခဲ့သည်။ လူသားလုံခြုံရေးတွင် စီးပွားရေး၊အစားအသောက် လုံခြုံစိတ်ချရရေး၊ ကျန်းမာရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ တစ်ဦးချင်းစီ၏ပုဂ္ဂိုလ်ရေးလုံခြုံမှု နှင့် နိုင်ငံတော်လုံခြုံရေးများပါဝင်ကြောင်း သူကပြောခဲ့သည်။ အထိမိဆုံးအ ချက်မှာ စစ်တပ်အာဏာပိုင်ကြီးက လူသားလုံခြုံရေးဆိုသည့်ဝေါဟာရအား အင်္ဂ္လိပ် လိုသုံးနှုန်း သွား ခဲ့ခြင်းပဲဖြစ်သည်။ ဘာတွေဖြစ်နေပြီလဲ။ ဒီစာကြောင်း တွေဖတ်ပြီး အသုံးတည့်စရာဘာတွေသိနိုင်မလဲ။ (ဗိုလ်ချုပ်မှူးကြီး)မင်းအောင် လှိုင်၏မိန့်ခွန်းမှ အနည်းဆုံးတော့ အရေးကြီးကောက်ချက်နှစ်ချက်ဆွဲနိုင်ပါ သည်။ ပထမ အချက် မှာ စစ်တပ်ဆိုင်ရာအယူဝါဒတည်ဆောက်မှုတွင် အရေး ပါလှသော အရွေ့တစ်ခုရှိနေခြင်းကိုညွှန်းဆိုပြသလိုက်ခြင်းဖြစ်သည်။ တစ်ခု မှာ တပ်မတော်၏ ဦးဆောင်မှုဟန်ပန် (စတိုင်) ကြီးမားစွာပြောင်းလဲမှုဖြစ်ပေါ် နေခြင်း ဖြစ် သည်။ ဒုတိယအချက်မှာ တပ်ချုပ်သည် လာမည့် ၂၀၁၅ တွင် ကျင်းပရန်ရှိသည့် အမျိုးသားရွေးကောက်ပွဲ၌သမ္မတအဖြစ် နိုင်ငံရေးထဲဝင် လာဖွယ်ရှိနေသည်ဆိုခြင်းကို သူ့မိန့်ခွန်းက သိသာထင်ရှားလှစွာပြဆိုနေခြင်း ပဲဖြစ်လေသည်။

၁၉၈၈ ခုနှစ် စစ်တပ်ကအာဏာသိမ်းပြီးကတည်းက လွန်ခဲ့သောနှစ်ပေါင်း ၂၅ နှစ်အတွင်း တပ်မတော်(စစ်တပ်)သည် အမျိုးသားလမ်းစဉ်သုံးရပ် (ဒို့ တာဝန်အရေးသုံးပါး)ကိုအခြေခံသော သဘောတရားကို ကျင့်သုံးလိုက်နာခဲ့ သည်။ ယင်းတို့မှာ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ် မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့ဖြစ်ကြသည်။ ထို သဘောတရားများကိုအခြေခံကာ တပ်မတော်သည် လုံးဝဥဿုံအမျိုးသားကာ ကွယ်ရေး အယူဝါဒကိုတည်ဆောက်ခဲ့ကြသည်။ ယင်းတို့အထဲတွင် ၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေလည်းပါဝင်သည်။ ယင်းသည် တပ်မတော်သမိုင်း တွင် တတိယအဆင့်အယူဝါဒတည်ဆောက်ခြင်းဖြစ်သည်။

တပ်မတော်သည် ၁၉၅၀ ပြည့်နှစ်တွင် ပထမအယူဝါဒနှင့် ၁၉၅၈ တွင် ဒုတိယအယူဝါဒကိုတည်ဆောက်ခဲ့သည်။ အသေးစိတ်အချက်အလက်တချို့ ပြောင်းလဲမှုပြုစဉ်မှာပင် သဘောတရားရေးအစီအစဉ်တွင် နိုင်ငံတော်လုံခြုံရေး ဗဟိုပြုသည့် အချက်သုံးချက်အားလုံးကို ရှင်းလင်းပြတ်သားစွာဖော်ပြခဲ့သည်။ တပ်မတော်သည် ထိုဝါဒသဘောတရားကို အလွန်လေးနက်စွာပင်ခံယူကျင့် သုံးခဲ့သည်ကို အတွေ့အကြုံများက ပြသနေပေသည်။

အဆိုပါဝါဒရေးရာလမ်းညွှန်ချက်များအား ပြည်သူလူထုအပေါ် လျှို့ဝှက် ထားသော်လည်း (၁၉၉၀ ပြည့်လွန်နှစ်များအထိ) စစ်တပ်သည် တပ်နှင့်အ ရပ်ဆက်ဆံရေးနှင့် အရပ်သားနိုင်ငံရေးများတွင်ကြားဝင်ရေးများတွင် ယင်း တို့ကို အသုံးပြုခဲ့ သည်။ ၁၉၅၀ ပြည့်လွန်နှစ်များတွင် ဝါဒရေးရာတည်ဆောက် သည့်အခါ ဥပမာအားဖြင့် တပ်မတော်သည် သူ၏အခန်းကဏ္ဍဍကို ကာကွယ် ရေးမှ ပြည်သူ့အုပ်ချုပ်ရေးနှင့် စီးပွားရေးအထိ တိုးချဲ့ခဲ့သည်။ ထို့နောက် တပ်မတော်သည် ထိုသဘော တရားရေးများကို လက်တွေ့ဆက်လက်ကျင့်သုံး ခဲ့ကြသည်။ ၁၉၅၈ မှစကာ နှစ်နှစ်ကြာ နိုင်ငံအာဏာကိုရယူခဲ့ပြီး ၁၉၅၀ ပြည့်လွန်နှောင်းပိုင်းတွင် စစ်တပ်စီးပွားရေးလုပ်ငန်းများ တည်ထောင်ခဲ့သည်။

စစ်တပ်သည် နိုင်ငံတော်လုံခြုံရေးအမည်နာမတပ်ကာ ၁၉၅၈၊ ၁၉၆၂ နှင့် ၁၉၈၈ တို့တွင် အာဏာသိမ်းခဲ့သည်။ ဆက်လက်ဆက်ခံကြသော စစ်အ စိုးရများက စီးပွားရေးတွင် ပြည်တွင်းဖူလုံမှုနှင့်နိုင်ငံခြားရေးမူဝါဒတွင် မိမိကိုယ် မိမိ အထီးကျန်စေမှုတို့အကျိုးအကြောင်းပြသနိုင်ရန် အဆိုပါသဘောတရား ရေးရာများကိုပဲ ဆက်လက်ကိုင်စွဲခဲ့ကြသည်။ ပညာရေး၊ စီးပွားရေးနှင့် ကျန်း မာရေးအသုံးစရိတ်များနေရာတွင် စစ်အသုံးစရိတ်ကိုတိုးချဲ့ခဲ့ခြင်းများကို တရား ဝင်ဖြစ်စေရန်အတွက် သူတို့က နိုင်ငံတော်လုံခြုံရေးဆိုသည်ကို အကြောင်းပြ ခဲ့ကြသည်။

စစ်တပ်သည် လမ်းများ၊ တံတားများ၊ ဆည်များနှင့် တောနက်ကြီးထဲတွင် မြို့တော်အသစ်ကိုပင်တည်ဆောက်ခဲ့သည်။ ကျွန်မ၏ပညာရေးသင်တန်းအ တွက် ကျွန်မအင်တာဗျူးခဲ့သည့်တပ်မတော်ခေါင်းဆောင်များမှာ ပြည်သူလူထု တွင် ဒီမိုကရေစီနှင့်လူမှုစောင့်ရှောက်ရေး စသည့်မတူခြားနားသော ဦးစား ပေးအစီအစဉ်များရှိနေကြသည်ဆိုခြင်းကို ရှင်းလင်းစွာသတိပြုမိကြလင့်ကစား နိုင်ငံတော်လုံခြုံရေးက ထိပ်တန်းအရေးကြီးလှကြောင်း အလေးပေးပြောဆို ခဲ့ကြသည်။  အမြင်တိမ်သူများ၊ ပေါ်ပြူလစ်များဟူသောအမြင်ကို စစ်တပ်အဖွဲ့ ဝင်များက ပယ်ချခဲ့ကြသည်။

သမိုင်းနှင့်ဆက်စပ်စဉ်းစားလျှင် လူသားလုံခြုံရေးဆိုသည့်အပေါ် (ဗိုလ် ချုပ်မှူးကြီး) မင်းအောင်လှိုင်က ရှင်းလင်းပြတ်သားစွာထွေးပွေ့လိုက်ခြင်းမှာ သူတို့သည် စံသတ်မှတ်ချက်များမှ သိသာစွာခွဲထွက်လာခြင်းကိုညွှန်းဆိုနေ ခြင်းဖြစ်သည်။
သူ၏ကြေညာပြောဆိုချက်များကို လေးလေးနက်နက်သာ ခံယူကြည့်ပါ က စစ်တပ်သည်  သူတို့ကိုယ်သူတို့ ဒီမိုကရေစီနှင့် လူမှုစောင့်ရှောက်ရေးတို့ အတွက် အကာအကွယ်ပေးသူအဖြစ် ပြန်လည်သတ်မှတ်ခြင်းဖြင့် ပြည်သူတို့ ၏ အသည်းနှလုံးနှင့်စိတ်များအပေါ်ရယူဖို့ကြိုးပမ်းလာမှုအဖြစ် ယင်းတို့က ညွှန်ပြနေပေသည်။

တပ်ချုပ်အနေနှင့် ၂၀၁၅ ရွေးကောက်ပွဲတွင် ဝင်ရွေးခံနိုင်ဖွယ်ရောဘယ်လိုရှိပါသနည်း။ စစ်တပ်တွင်းရှိ သတင်းအရင်းအမြစ်များစွာ၏ အဆိုအရ ထိုနှစ်တွင် သက်ပြည့်ပင်စင်ယူရမည့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် သမ္မတဝင်ရွေးခံရန် တိတ်တဆိတ်ပြင်ဆင်နေသည်ဟုသိရသည်။ စစ်တပ်မှ လွှတ်တော်ကိုယ်စားလှယ်တချို့ကလည်း ၂၀၁၅ တွင် စစ်တပ်က သူ့အား သမ္မတ လောင်းအဖြစ်အဆိုပြုလိမ့်မည်ဟု ပြောဆိုခဲ့ကြသည်။

ယခုကိစ္စတွင် လူသားလုံခြုံရေးဆိုသည့်သူ၏ အာစလျှာစသည် ပြည်သူ တို့၏ ပြင်းပြသောဆန္ဒနှင့်အတူ ဟိန်းမြည်လာလိမ့်မည်။ ရှင်းလင်းပြတ်သား သော နိုင်ငံရေးအမြင်နှင့်အတူ သူ့ကိုယ်သူ နိုင်ငံခေါင်းဆောင် (စတိတ်မင်း) အဖြစ် ပြသနိုင်လိမ့်မည်။ လက်ရှိသမ္မတဦးသိန်းစိန်၊ ပါလီမန်(လွှတ်တော်)ဥက္ကဋ္ဌဌ သူရဦးရွှေမန်း၊ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တို့အပါအဝင် တခြားသောအင်အားပြင်းထန်လှသည့်ယှဉ်ပြိုင်ဖက်များအပေါ် သူ့အနေဖြင့် ကောင်းစွာအမြတ်ထုတ်နိုင်စွမ်းပေလိမ့်မည်။

လာမည့်လများအတွင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေဖြင့် ဘာတွေ လုပ်မည်ကို မြန်မာ့နိုင်ငံရေးစောင့်ကြည့်သူများက အနီးကပ်အာရုံစိုက်လေ့လာ ကြည့်ရှုနေကြမည်မှာ အတော့်ကိုသေချာသလောက်ရှိနေပြီဖြစ်ပါသည်။

ဇန်နဝါရီ ၁၅ရက်ထုတ်   Foreign Policy  အွန်လိုင်းစာမျက်နှာတွင်  Su Mon Thazin Aung  ရေးသားသည့်  The Man to Watch  သုံးသပ်ချက် ဆောင်းပါးကို မြန်မာဘာသာသို့ ဆီလျော်အောင်ပြန်ဆိုပါသည်။

ညီလတ်

Yangon Media Group

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ပါက ဝမ်းမြောက်ဝမ်းသာလက်တွဲခေါ်မည်ဟု ဦးရွှေမန်းပြော


နေပြည်တော်၊ မဇ္ဈိမ။ ။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၏ သတင်းစာရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးနှင့် ပတ်သက်၍ သတင်းထောက်တစ်ဦးက မေးမြန်းခြင်းကို ပြန်လည်ဖြေကြားရာတွင် "အမကြီး ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရင်လည်း မိမိအနေဖြင့် ဝမ်းမြောက်ဝမ်းသာ လက်တွဲခေါ်ပါမယ်"ဟု သူရဦးရွှေမန်းက ဖြေကြားခဲ့သည်။

သူရဦးရွှေမန်း၏ သတင်းစာရှင်းလင်းပွဲကို နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံအတွင်း နေ့လည် ၁နာရီမှစတင်ကာ ၃၅မိနစ်ခန့် ပြုလုပ်ခဲ့သည်။

(မဇ္ဈိမသတင်းဌာန )

မန်း ဆေးရုံကြီးအနီး မီးလောင်မှု မိနစ် ၅၀ခန့်အကြာတွင် ငြိမ်းသတ်နိုင်ခဲ့


မန္တလေး၊ ဇန်န၀ါရီ ၂၃

မန္တလေးဆေးရုံကြီးအနီး ၇၅လမ်း၊ ၂၈-၂၉လမ်းကြားတွင် ယနေ့နေ့လယ် ၂နာရီ ၄၀ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ရာ မိနစ်၅၀ခန့်အကြာ ၃နာရီခွဲခန့်တွင် မီးငြိမ်းသတ်နိင်ခဲ့သည်။

၇၅လမ်းမပေါ်ရှိ ခရစ်ယာန်ချက်ကျောင်းနှင့် စတ္တရမဟီရပ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးကြားရှိ မြေစိုက်ပျဉ်ထောင်နှစ်ထပ်အိမ်မှ စတင်လောင်ကြွမ်းခြင်းဖြစ်ပြီး မီးလောင်ပြီး ၁၅မိနစ်ခန့်အကြာ ပျဉ်ထောင်အိမ်မှာ ပြိုကျသွားခဲ့ပြီး ဘေးနှစ်ဘက်ရှိ ချက်ကျောင်းအဆောက်အဦးနှင့် စတ္တရမဟီရပ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးအား ဆက်လက်လောင်ကြွမ်းခဲ့သည်။

မီးမှာ ဘေးနှစ်ဘက်လောင်ကြွမ်းနေ သောကြောင့် မီးသတ် နှစ်ဖွဲ့ခွဲငြိမ်းသတ်ခဲ့ရပြီး အိမ်အနောက်ဘက်ရှိ RC နှစ်ထပ်တိုက်အား အနည်းငယ်မီးစွဲခဲ့သည်။ စုစုပေါင်း အိမ်လေးလုံးလောင်ကျွမ်းခဲ့ပြီး စလောင်သည့် နှစ်ထပ်ပျဉ်ထောင်မှာ မီးလုံးဝလောင်ကျွမ်းခဲ့ပြီး ဘေးနှစ်ဘက်ရှိ တိုက်နှစ်လုံးနှင့် အနောက်ဘက် RC တိုက်တို့မှာ မည်မျှလောင်ကျွမ်းခဲ့ကြောင်း ဆုံးရှုံးမှုအသေးစိပ်တန်ဖိုး မသိရှိရေသေးပေ။ ကျွန်တော်တို့ကလည်း အမျိုးသမီးတစ်ယောက်က ဆူးဆူးဝါးဝါးအသံနဲ့လှမ်းအော်မှသိရတာ။ သိသိချင်းမီးသတ်ကို လှမ်းဖုန်းဆက်လိုက်တာပဲ။ လောင်ပြီး ၁၅မိနစ်လောက်နေတော့ စလောင်တဲ့ အိမ်က ပြာကျသွားတယ်။ နောက်တော့ဘေးနှစ်ဘက်ကို ကူးသွားတယ်။ အနောက်က RC နှစ်ထပ်ကိုတောင် မီးစွဲနေသေးတယ် ဟု မီးလောင်ကျွမ်းရာအနီး အဆောင်တွင်နေထိုင်သော ကုမ္မဏီဝန်ထမ်းအမျိုး သားတစ်ဦးကပြောသည်။

ဖိုးပြည့်

Popular Myanmar News Journal

အကွက်ဆင် အမှုဆင်ခံရဟု ဒေါ်ဘောက်ဂျာ ပြော


ကချင်ပြည်နယ် ဖားကန့်မြို့နယ် တရားရုံးမှာ အမှုရင်ဆိုင်နေရတဲ့ လယ်သမားအရေး လှုပ်ရှားသူနဲ့ တက်ကြွ လှုပ်ရှားသူ ဒေါ်ဘောက်ဂျာက သူကို စွဲဆိုထားတဲ့ အမှုဟာ အကွက်ဆင် ထားတာ ဖြစ်တယ်လို့ ပြောပါတယ်။

ယစ်မျိုးဥပဒေ ပုဒ်မ ၃၃၊ တရားဝင်လိုင်စင်မရှိဘဲ ဆေးဝါးကုသတဲ့ အတွက် ဆေးကောင်စီ ဥပဒေ ပုဒ်မ ၄၁ တွေနဲ့ စွဲဆိုထားတဲ့ အမှုတွေနဲ့ ပတ်သက်ပြီး ဇန်န၀ါရီ ၂၄ ရက်နေ့မှာ စီရင်ချက် ချမှတ်ဖို့ ရှိပြီး ချမှတ်မခံရမီ ဒေါ်ဘောက်ဂျာက အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

၂၀၀၉ ခုနှစ် ဒီဇင်ဘာလ အိမ်နီးချင်း ကွယ်လွန်သူ ဦးဇော်ဂျာ မကွယ်လွန်မီက သွားရောက် ဆုတောင်းပေးခဲ့တာကို ဆေးထိုးကုသ လူသေပါတယ်လို့ ပြစ်မှု ပုဒ်မ ၃၀၄ (က)နဲ့ ၂၀၁၁ ဇန်န၀ါရီ ၂၆ ရက်နေ့မှာ အမှု ၃ ခုကို ဖွင့်ခဲ့တာ ဖြစ်ပါတယ်။

တရားလို ဦးဇော်ဂျာ အမျိုးသမီး ဒေါ်ကိုင်ထန်ကို အာဏာပိုင်တွေက ခြိမ်းခြောက် တရားစွဲဆိုဖို့ စေခိုင်းခဲ့ပေမယ့် သူကိုယ်တိုင်က အမှု ရုပ်သိမ်းလွှာတင်ခဲ့သလို ဘယ်တရားလိုပြ သက်သေကမျှ ဒေါ်ဘောက်ဂျာအပေါ် ငြိစွန်းအောင် ထွက်ဆိုနိုင်ခဲ့ခြင်းမရှိတဲ့ အတွက် ပုဒ်မ ၃၀၄ (က)နဲ့ စွဲဆိုထားတဲ့ အမှုကို ဇန်န၀ါရီ ၁၆ ရက်နေ့က ရုပ်သိမ်းကြောင်း အမိန့်ချမှတ်ခဲ့တာ ဖြစ်ပြီး ၂ မှု ကျန်ရှိနေတာ ဖြစ်ပါတယ်။

ဒေါ်ဘောက်ဂျာက သူဟာ ယုဇနကုမ္ပဏီက သိမ်းယူထားတဲ့ လယ်သိမ်းခံ တောင်သူတွေ ဘက်ကနေ ရပ်တည်ပေးတာ ၂၀၁၀ ရွေးကောက်ပွဲအပြီး ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်ကို တရားစွဲဆိုခဲ့မှုတွေ လုပ်ဆောင်ခဲ့တာတွေ ရှိတဲ့အတွက် ဒေသခံ အာဏာပိုင်များရဲ့ ငြိုငြင်တာကို ခံရသလို အကွက်ဆင် တရားစွဲခံရတာ ဖြစ်တယ်လို့ အခုလို ပြောပါတယ်။

“ဗိုလ်ချုပ် အုန်းမြင့်ကို တရားစွဲလိုက်တဲ့အခါမှာ ဇန်န၀ါရီလ ၇ ရက်နေ့မှာ ကျမ ကော်မရှင်ကို မဲမသမာမှုနဲ့ တရားစွဲလိုက်တယ်။ ဗိုလ်ချုပ်အုန်းမြင့်က ဒီဒေသမှာ တိုင်းမှူးလုပ်လာတာ ခဲ့တာကိုး သူ့မှာက အာဏာက ရှိသေးတယ်။ နဂိုက ဥက္ကဋ္ဌပိုင်းနဲ့ အာဏာပိုင်တွေက ယုဇန အရေးလုပ်နေတဲ့အတွက် ကျမကို မကြည်ဘူး။ မကြည်တဲ့ ကြားထဲမှာ ဗိုလ်ချုပ်အုန်းမြင့်က ထပ်ပြီး မြှောက်လိုက်တဲ့ အခါမှာ သူတို့က ရတဲ့အကွက်ကို ဆင်ပြီး မရရအောင် အကွက်ဆင်ထားတာတွေ အများကြီးပါတယ်။”

မောင်ဖြစ်သူ ဆရာဝန်နဲ့ ညီမဖြစ်သူ သူနာပြုတွေ လာတဲ့အခါမှာ ရွာက ဆေးရုံမရှိတဲ့ အတွက် ရွာကလူတွေကို ကုသပေးတာတွေ ရှိခဲ့ပြီး သူတို့ရဲ့ ပစ္စည်းတွေ အိမ်မှာ ကျန်ရစ်ခဲ့တာကို မှတ်ပုံမတင်ဘဲ ဆေးခန်းဖွင့်ဖို့ လုပ်တာလို့ စွပ်စွဲခဲ့တယ်လို့လည်း သူက ပြောပါတယ်။

ဥပဒေ အထောက်အကူပြုကွန်ရက်က ဦးအောင်ထူးက ဒေါ်ဘောက်ဂျာအပေါ် စွဲဆိုတဲ့ အမှုအားလုံးမှာ တရားလိုပြ သက်သေက တရားဝင်လိုင်စင် မရှိဘဲ ဆေးဝါး ကုသကြောင်း ထွက်ဆိုခဲ့တာ မရှိတဲ့အတွက် ဥပဒေပုဒ်မ ၄၁ နဲ့ ဘယ်လို အပြစ်ပေးမလဲလို့ မေးခွန်း ထုတ်ခဲ့ပါတယ်။

ဆေးထိုးပြွန်နဲ့ ဆေးဝါးတို့ကို လက်ရှိထား သုံးစွဲတဲ့အတွက် ပုဒ်မ ၃၃ အရ စွဲဆိုခဲ့တဲ့ ရဲတပ်ဖွဲ့ကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၆၄ အရ မဟုတ်မမှန်သည့် စာတမ်းအမှတ်အသားကို ပြုခြင်း ဆိုတဲ့ ပြဌာန်းချက်ကို ကျူးလွန်ခဲ့တဲ့အတွက် ပြန်လည် တရားစွဲဆိုရမှာ ဖြစ်တယ်လို့ သူရဲ့ အီးမေးလ်မှာ ရေးသားထားပါတယ်။

ဇန်န၀ါရီလအစောပိုင်းက သမ္မတက အမှုရင်ဆိုင်နေရတဲ့ နိုင်ငံရေး လှုပ်ရှားသူတွေရဲ့ အမှုကို ရုပ်သိမ်းပေးခဲ့ပါတယ်။ ဒါပေမယ့် ဒေါ်ဘောက်ဂျာက ပါဝင်ခဲ့ခြင်း မရှိပါဘူး။

ဒါအပြင် စွဲဆိုထားတဲ့အမှုတွေကို တရားစီရင် အမိန့်ချမှတ်ခြင်း မရှိဘဲ ကြန့်ကြာနေ တာကြောင့် အချုပ်မှာ ၆ လနီးပါး အချုပ်ကျခံရတဲ့အတွက် အမှုကို အမြန်ဆုံး ပြီးပြတ်အောင် ဆောင်ရွက်ပေးဖို့ ဒေါ်ဘောက်ဂျာက တောင်းဆိုခဲ့ဖူးပါတယ်။

By ကို​ထွေး​(ဒီဗွီဘီ)

မူကြိုဆရာ၊ ဆရာမ တွေကို ဧပြီလကစပြီး အစိုးရ လစာပေးတော့မည်


လာမယ့် ၂၀၁၄ – ၁၅ ဘဏ္ဍာရေးနှစ် ဧပြီလက စပြီး အခြေခံပညာ မူကြိုအဆင့် ဆရာနဲ့ ဆရာမ ၈ ထောင်ကျော်ကို နိုင်ငံဝန်ထမ်းအဖြစ် သတ်မှတ်ပြီး သတ်မှတ်လစာ ပေးတော့မယ်လို့ ရန်ကုန်ပညာရေးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါ်ခင်မျိုးမြင့်ဖြူက ပြောပါတယ်။

ဇန်န၀ါရီ ၂၁ ရက်နေ့က ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမမှာ ကျင်းပတဲ့ အခြေခံပညာ ကဏ္ဍဆိုင်ရာ မူဝါဒ ညှိနှိုင်းဆွေးနွေးပွဲမှာ သူက ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

ဒီ ဆရာနဲ့ ဆရာမ ၈ ထောင်ကျော်ဟာ လက်ရှိအချိန်ထိ သက်ဆိုင်ရာ ကျောင်းတည်ရှိရာ ရပ်ရွာက ရပ်မိရပ်ဖတွေရဲ့ ထောက်ပံ့မှုနဲ့ ရပ်တည်နေရတာ ဖြစ်ပြီး အစိုးရ အထောက်အပံ့
တစုံတရာ မရရှိခဲ့ပါဘူး။

ဒါနဲ့ ပတ်သက်ပြီး မူကြိုပညာရပ်ဆိုင်ရာလုပ်ငန်း အန်ဂျီအိုအဖွဲ့ကနေ အစိုးရကို တိုက်တွန်း ခဲ့တာကြောင့် လာမယ့် ဧပြီလက စပြီ လစာတွေ ပေးဖို့ အစိုးရက သတ်မှတ်ပေးလိုက်တာ ဖြစ်ပါတယ်။

By ဒီဗွီဘီ

သူနာပြုတက္ကသိုလ် ကျောင်းသူကို ဓားဖြင့်ထိုးကာ တိမ်းရှောင်နေသူကို မဖမ်းမိသေး


ရန်ကုန်၊ ဇန်နဝါရီ ၂၂

လမ်းမတော်မြို့နယ် အမှတ် (၃) ရပ်ကွက်၊ ၇ လမ်းရှိ တိုက်ခန်းလှေကားတွင် လွန်ခဲ့သော တစ်ပတ်ခန့် ဇန်နဝါရီလ ၁၄ က ချစ်သူနှင့် ချိန်းတွေ့စဉ် စကားများရာမှ သူနာပြုတက္ကသိုလ် (ရန်ကုန်) နောက်ဆုံးနှစ် ကျောင်းသူကို ဓားဖြင့်ထိုးကာ ထွက်ပြေး တိမ်းရှောင်နေသူဟု တိုင်ကြားခံရသည့် ၎င်း၏ချစ်သူကို တစ်ပတ်အကြာ ဇန်နဝါရီလ ၂၁ ရက်နေ့အထိ မမိသေးကြောင်း လမ်းမတော်မြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ဇန်နဝါရီလ ၁၄ ရက် နံနက် ၆ နာရီ ၃၀ မိနစ်က သူနာပြုတက္ကသိုလ် နောက်ဆုံးနှစ် တက်ရောက်နေသော အသက် ၁၉ နှစ်အရွယ် အမျိုးသမီးသည် ၎င်း၏ချစ်သူ Heavy Machine ကုမ္ပဏီမှ အင်ဂျင်နီယာ ကိုမင်းဆန်းနှင့် အဆောင်အောက် လှေကား၌ စကားပြောနေရာမှ ကိုမင်းဆန်းက ဓားမြှောင်ဖြင့်ထိုးကာ ထွက်ပြေး တိမ်းရှောင်ခဲ့မှုနှင့် ပတ်သက်၍ ကိုမင်းဆန်းကို ဖမ်းမိနိုင်ရေးအတွက် ခရိုင်နှင့် တိုင်းရဲတပ်ဖွဲ့သို့ အကြောင်းကြားကာ စုံစမ်းလျက် ရှိကြောင်း ၎င်းက ပြောကြားသည်။

“ဓားနဲ့ထိုးပြီး ထွက်ပြေး တိမ်းရှောင်နေတဲ့ အမျိုးသားစခန်းမှာ လာအဖမ်းခံတယ်ဆိုတဲ့ အပြင်မှာ ပြောနေကြတဲ့ စကားက အမှန်မဟုတ်ပါဘူး။ လက်ရှိ ဖမ်းမိဖို့အတွက် စုံစမ်းနေဆဲပါ” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

အဆိုပါ ဓားဖြင့်ထိုးကာ ထွက်ပြေး တိမ်းရှောင်နေသည်ဟု တိုင်ကြားခံရသူ ကိုမင်းဆန်းသည် ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ (၇) ရပ်ကွက် မင်းတပ်လမ်းတွင် နေထိုင်သူဖြစ်ပြီး ၎င်းကို ဖမ်းဆီးရမိရေးအတွက် ၎င်းနှင့် ပတ်သက်သည့် အမှုကွင်းဆက်များကို စုံစမ်းဆောင်ရွက်နေကြောင်း လမ်းမတော် မြို့မရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

ဓားဖြင့်ထိုးခံရသူသည် ဧရာဝတီတိုင်း၊ ဒေသကြီး ပုသိမ်မြို့နယ် ရာမညရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး သူနာပြုတက္ကသိုလ် (ရန်ကုန်) တွင် ပညာသင်ယူနေသူ ဖြစ်ကြောင်း၊ ဓားထိုးခံရစဉ်က အဆိုပါ ကျောင်းသူ၏ အော်သံကြောင့် ၎င်း၏ မိခင်ဖြစ်သူက အခန်းအပြင် ထွက်ကြည့်ရာမှ တွေ့ရှိခဲ့ပြီး ရန်ကုန် ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ကုသခဲ့ရာ စိုးရိမ်ဖွယ် အခြေအနေ မရှိတော့ကြောင်း အမှတ် (၃) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ အဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

အဆိုပါအမှုအတွက် တိုင်ကြားခံရသူ ကိုမင်းဆန်းကို လမ်းမတော်မြို့မ ရဲစခန်းက (ပ)၉/၁၄၊ ပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့်ကာ စုံစမ်းလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှူးရုံးထံမှ သိရှိရသည်။

The Voice Weekly

အော်ရီဒူးက ခြောက်လအတွင်း ဖုန်းကတ်ရောင်းချနိုင်ရန် အစိုးရခွင့်ပြုချက်စောင့်


ရန်ကုန်၊ ဇန်နဝါရီ ၂၂

မြန်မာနိုင်ငံ၏ မိုဘိုင်းလ်ဖုန်း ဆက်သွယ်ရေးလုပ်ငန်း လုပ်ကိုင်ခွင့် တင်ဒါအောင် ကုမ္ပဏီများအနက် အော်ရီဒူးက ခြောက်လအတွင်း ဖုန်းကတ်များ ရောင်းချပေးနိုင်ရန် အစိုးရ ခွင့်ပြုချက် လိုင်စင်ကို စောင့်ဆိုင်းနေကြောင်း အော်ရီဒူးမြန်မာမှ ပြန်ကြားရေး မန်နေဂျာ ဒေါ်သီရိကြာညိုက ပြောကြားသည်။

“ကျွန်မတို့ဘက်က အစိုးရကိုရော ပြည်သူလူထုကိုပါ ကတိပေးထားတဲ့အတိုင်း လိုင်စင်ရပြီး ခြောက်လနေရင် ကတ်တွေရောင်းမယ်။ အင်တာနက် 3G ကွန်ရက်တွေကို မြို့ပြနေ ၂၅ ရာခိုင်နှုန်းနဲ့ ကျေးလက် ၇၅ ရာခိုင်နှုန်းကော မြန်မာနိုင်ငံ တစ်ဝန်းလုံးမှာ မြန်မာဘာသာနဲ့ သုံးနိုင်အောင်ရယ် Youtube ကနေ Download ချမယ်ဆို ခုလိုအဝိုင်းလည်နေတာမျိုးတွေ မရှိတော့ဘဲနဲ့ အသုံးပြုနိုင်အောင် စီစဉ်ပေးမယ်” ဟု ၎င်းကဆိုသည်။

အော်ရီဒူးမြန်မာသည် မြန်မာနိုင်ငံ၏ မြို့ကြီးများသာမက ကျေးလက်ဒေသ အထိ ကျယ်ပြန့်သည့် ဆက်သွယ်ရေး ကွန်ရက် ဖြန့်ကြက်ကာ ၎င်းတို့၏ ဆန်းသစ်တီထွင်မှု ရှိသည့် နည်းလမ်းဖြင့် 3G ကွန်ရက် ဖြန့်ကြက်ပြီး အသံတစ်မျိုးတည်းသာ အသုံးပြုနိုင်သည့် ဒေသများတွင် အချက်အလက်များပါ အသုံးပြုနိုင်ရန် စီစဉ်သွားမည် ဖြစ်ကြောင်း အော်ရီဒူးမှ ထုတ်ပြန် ကြေညာထားသည်။

3G ကွန်ရက်အတွက် အဓိကကျသည့် ရေဒီယိုနှင့် စက်ပစ္စည်းများ ပံ့ပိုးသူအဖြစ် NSN ကုမ္ပဏီကို ခန့်ထားပြီး ပြည်တွင်း မိုဘိုင်းလ် ကွန်ရက်ဖြန့်ကြက်ရန် ယမန်နှစ် ဒီဇင်ဘာလအတွင်း ZTE ကုမ္ပဏီနှင့်လည်း စာချုပ်ချုပ်ဆိုခဲ့ကြောင်း အော်ရီဒူး၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်ရန် တင်ဒါအောင်မြင်ခဲ့သော ပြည်ပကုမ္ပဏီများအတွက် လုပ်ငန်းဆောင်ရွက်ခွင့် လိုင်စင်ကို ပြီးခဲ့သည့် (ဒီဇင်ဘာလကုန်ပိုင်းတွင် နိုင်ငံတော်အစိုးရက ချပေးမည်ဟု ကတိပေးထားသော်လည်း ယခုချိန်ထိ ချထားပေးနိုင်ခြင်း မရှိသေးပေ။

နော်ဝေအခြေစိုက် Telenor ကုမ္ပဏီကလည်း လုပ်ငန်းလိုင်စင်ရပြီး ရှစ်လအတွင်း ဖုန်းကတ်များ စတင်ရောင်းချပေး သွားမည် ဖြစ်ကြောင်း ကြေညာထားသည်။

The Voice Weekly

ထောက်ကြန့်မှာ ပေါက်ကွဲမှုကြောင့် ကလေး ၂ ဦး ထိခိုက်ဒဏ်ရာရ


ရန်ကုန်တိုင်းဒေသကြီး ထောက်ကြန့်မြို့နယ် ဧကရာဇ်ရပ်ကွက်မှာ မတော်တဆပေါက်ကွဲမှု တခု ဖြစ်ပွားပြီး ကလေးငယ် ၂ ဦး ဒဏ်ရာရရှိသွားတယ်လို့ ထောက်ကြန့်ရဲစခန်း တာဝန်ကျ ရဲတပ်ဖွဲ့ဝင် တဦးက ဒီဗွီဘီကို အတည်ပြုပြောပါတယ်။

ဇန်န၀ါရီ ၂၃ ရက် ဒီနေ့မနက် ၇ နာရီခွဲလောက်က မြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံး ၀န်ထမ်းအိမ်ယာမှာ သန့်ရှင်းရေးလုပ်သား ဦးလှဝင်း နေထိုင်တဲ့ အခန်းအနီး ၈ နှစ်အရွယ် မောင်မျိုးကို နဲ့ ၁၀ လ အရွယ် သမီးဖြစ်သူ ခိုင်သဇင်ဝင်းတို့ အမှိုက်ထဲက ပါလာတဲ့ ပစ္စည်းတခုကို ကိုင်တွယ် ဆော့ကစားနေစဉ် ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

ပေါက်ကွဲမှုကြောင့် မောင်မျိုးကို လက်ဝဲ လက်ကောက်ဝတ် ပြတ်သွားပြီး ကလေးငယ် ၂ ဦးစလုံး ဒဏ်ရာများနဲ့ ဆေးရုံမှာ တက်ရောက် ဆေးကုသမှု ခံယူနေရပါတယ်။

By ဒီဗွီဘီ

HR Management and Training Journal အမှတ် (၂၂၉) ၂၄၊ ဇန်နဝါရီ၊ ၂၀၁၄ ခုနှစ်

Myanmar Journal Download Free

အကျယ်ချဲ့ကြည့်ရန်





ထောက်ကြန့်မှာ ပေါက်ကွဲမှုကြောင့် ကလေး ၂ ဦး ထိခိုက်ဒဏ်ရာရ


ရန်ကုန်တိုင်းဒေသကြီး ထောက်ကြန့်မြို့နယ် ဧကရာဇ်ရပ်ကွက်မှာ မတော်တဆပေါက်ကွဲမှု တခု ဖြစ်ပွားပြီး ကလေးငယ် ၂ ဦး ဒဏ်ရာရရှိသွားတယ်လို့ ထောက်ကြန့်ရဲစခန်း တာဝန်ကျ ရဲတပ်ဖွဲ့ဝင် တဦးက ဒီဗွီဘီကို အတည်ပြုပြောပါတယ်။

ဇန်န၀ါရီ ၂၃ ရက် ဒီနေ့မနက် ၇ နာရီခွဲလောက်က မြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံး ၀န်ထမ်းအိမ်ယာမှာ သန့်ရှင်းရေးလုပ်သား ဦးလှဝင်း နေထိုင်တဲ့ အခန်းအနီး ၈ နှစ်အရွယ် မောင်မျိုးကို နဲ့ ၁၀ လ အရွယ် သမီးဖြစ်သူ ခိုင်သဇင်ဝင်းတို့ အမှိုက်ထဲက ပါလာတဲ့ ပစ္စည်းတခုကို ကိုင်တွယ် ဆော့ကစားနေစဉ် ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

ပေါက်ကွဲမှုကြောင့် မောင်မျိုးကို လက်ဝဲ လက်ကောက်ဝတ် ပြတ်သွားပြီး ကလေးငယ် ၂ ဦးစလုံး ဒဏ်ရာများနဲ့ ဆေးရုံမှာ တက်ရောက် ဆေးကုသမှု ခံယူနေရပါတယ်။

DVB Burmese

အပြည်ပြည်ဆိုင်ရာ အမြန်ချောပို့လုပ်ငန်းအား ပုဂ္ဂလိကသို့ ယခုနှစ်အတွင်း လုပ်ကိုင်ခွင့်ပြုမည်


အပြည်ပြည်ဆိုင်ရာ အမြန်ချောပို့ လုပ်ငန်းအား နိုင်ငံတကာအဆင့်မီ ဝန်ဆောင်မှု ပေးနိုင်ရန်အတွက် ပုဂ္ဂလိကသို့ ယခုနှစ်အတွင်း လုပ်ကိုင်ခွင့်ပြုသွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ စီမံကိန်းနှင့် လေ့ကျင့်ရေးဌာန၊ နေပြည်တော် ဗဟိုစာတိုက်ကြီးမှ သိရသည်။ ယင်းအမြန်ချောပို့ လုပ်ငန်းအား လုပ်ကိုင်ခွင့်ပြုနိုင်ရန်အတွက် တင်ဒါခေါ်ယူထားပြီး စိစစ်ရွေးချယ်ရေး ကော်မတီ ဖွဲ့စည်း၍ ရွေးချယ်မှုများ ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။ “အခု ပြည်တွင်းအမြန်ချောပို့ကို လုပ်ကိုင်ဖို့ ကုမ္ပဏီတွေ ရွေးချယ်ပြီးပြီဆိုတော့ ပြည်ပကုမ္ပဏီတွေကိုလဲ မကြာမီ လွှဲပြောင်း လုပ်ကိုင်ခွင့်ပြုတော့မှာပါ။ ကုမ္ပဏီဘယ်နှခုကို လုပ်ကိုင်ခွင့်ပေးမလဲတော့ စိစစ်ရွေးချယ်ရေးအဖွဲ့က ဆုံးဖြတ်မှာဖြစ်ပါတယ်။ အတိအကျတော့ ပြောလို့မရသေးပါဘူး” ဟု မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း စီမံကိန်းနှင့် လေ့ကျင့်ရေးဌာန၊ နေပြည်တော် ဗဟိုစာတိုက်ကြီးမှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောသည်။ ယင်းလုပ်ငန်းအား လုပ်ကိုင်ရန်အတွက် ပြည်တွင်းပြည်ပ ကုမ္ပဏီရှစ်ဖွဲ့မှ လာရောက်လျှောက်ထားပြီး အဆိုပါ အမြန်ချောပို့ လုပ်ငန်းကို မှတ်ပုံတင်စနစ်ဖြင့် ဝန်ဆောင်မှုပေးမည့် Registered Service Provider အဖြစ် ဆောင်ရွက်နိုင်ရန် ပြည်တွင်းပြည်ပ ကုမ္ပဏီများကို လျှောက်ထားခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း သိရသည်။ “ပုဂ္ဂလိက လုပ်ငန်းက ဝန်ဆောင်မှုပေးနေတဲ့ အပြည်ပြည်ဆိုင်ရာ အမြန်ချောပို့ လုပ်ငန်းတွေဖြစ်တဲ့ EMS, DHL လို ဝန်ဆောင်မှုပေးနိုင်ဖို့ ပုဂ္ဂလိကကို လွှဲပြောင်း လုပ်ကိုင်စေမှာပါ။ ပိုပြီး တိုးတက်မြန်ဆန်မှုရှိအောင် လုပ်သွားမှာပါ” ဟု ပြောသည်။ လက်ရှိတွင် ဇန်နဝါရီ ၁ ရက်မှစတင်၍ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မှတ်ပုံတင်စနစ်ဖြင့် အမြန်ချောပို့ လုပ်ငန်း လုပ်ကိုင်ခွင့်ပြုလိုက်သည့် ကုမ္ပဏီများမှာ Magnate Group Logistics, UCS, Royal Express နှင့် SBS ကုမ္ပဏီလီမိတက်တို့ဖြစ်ပြီး တစ်နှစ်လျှင် ကျပ်သိန်း ၆၀၀ ပေးသွင်း၍ လုပ်ကိုင်ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း ၂၀၁၄ ခုနှစ် ဇန်နဝါရီ ၂၃ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။ "

khit lu nge