လှိုင်သာယာမြို့နယ်ကိတ်မုန့်စက်ရုံတွင် ယနေ့ နံနက် ဘွိုင်လာအပူချိန်လွန်ကဲရာမှ မီးလောင်

ပို့စ်တင်ချိန် - 10/27/2013 11:21:00 AM


ရန်ကုန်- အောက်တိုဘာ ၂၇
လှိုင်သာယာမြို့နယ်၊ စက်မှုဇုံ(၇)၊ ဆိပ်ကမ်းသာလမ်းနှင့် ကုန်းဘောင်လမ်းထောင့်ရှိ
ကိတ်မုန့်စက်ရုံတွင်ယနေ့ နံနက်၀၇း၀၀အချိန်က
မီးလောင်မှုဖြစ်ပွားကြောင်း Yangon Policeမှသိရသည်။
မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်မီးသတ်
ဦးစီးမှူးနှင့် အဖွဲ့တို့မှ အုပ်ချုပ်မှုယာဉ် (၃)စီး၊ မီးသတ်ယာဉ် (၂၀)စီးတို့ဖြင့် ရောက်ရှိမီးငြိမ်းသတ်ခဲ့ရာ နံနက်၀၇း၂၅အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်းသိသည်။
အဆိုပါမီးလောင်မှုဖြစ်စဉ်မှာ မုန့်လုပ်ရာတွင်အသုံးပြုသည့် ဘွိုင်လာအိုး
အပူချိန်လွန်ကဲပြီး ဆီများလျှံကျကာမီးလောင်ခြင်းဖြစ်ကြောင်း၊
စက်ရုံအတွင်းရှိဆီပေပါ (၂)လုံးနှင့် မော်တာ (၂)လုံးတို့အား
မီးစွဲလောင်ကျွမ်းခဲ့ကာ တန်းဘိုးငွေကျပ်(၄၀၀၀၀၀)ခန့်ဆုံးရှုံးသွားခဲ့ပြီး
မီးကိုပေါ့ဆစွာအသုံးပြုသူ ဘွိုင်လာတာဝန်ခံအား
လှိုင်သာယာမြို့မရဲစခန်း(ပ)၁၂၄၁/၂၀၁၃၊ ပုဒ်မ ၂၈၅ဖြင့် အမှုဖွင့်အရေးယူ
ဆောင်ရွက်လျက်ရှိသည်။
ဓါတ်ပုံ- Yangon Police