ခုမလုပ်ပဲ နောင်ရွှေ့ခြင်းနှင့် ကွန်ပြူတာ

ပို့စ်တင်ချိန် - 10/27/2013 01:48:00 PM




အောင်ခမ်း ( TSJ Team )

ရုံးမှာ အသုံးပြုနေတဲ့ ကွန်ပြူတာ တစ်လုံးက အတော်လေးကို ဟန်းနေပါပြီ။ ဟန်းတယ်၊ ဟန်းတယ်လို့ ပြောတယ်ဆိုတာ ဘယ် ပရိုဂရမ်၊ app တွေကိုဖွင့်တိုင်း၊ ဖွင့်တိုင်း ရပ်သွားလိုက်၊ မောက်စ်က လှုပ်ပေမယ့် Arrow key က ရွှေ့ မသွားပဲ ရပ်နေ။ ပြီးတော့ Not responding လို့ ပေါ်လိုက ပေါ် ဖြစ်ပါလေရော။ နောက်တော့ မရတဲ့ အဆုံး စက်ကို Power buttom အကြာကြီးနှိပ်ပြီး ပိတ်လိုက်တယ်

ပြန်ဖွင့်လိုက်တဲ့အချိန်မှာ စက်က အစောက အနေအထားထက် စာရင် သုံးလို့ ပိုကောင်းတဲ့ အနေအထား တစ်ခု ဆိုတော့ ဆက်ပြီး သုံးနေလိုက်တယ်။ နောက်နေ့လည်း အဲဒီလို ထက်ဖြစ်တော့ ထုံးစံအတိုင်း စောင့်ကြည့်လိုက်တယ်။ Respond ပြန်မလာရင် စက်ကို Power buttom ကိုအကြာကြီး နှိပ်တယ်။ ပြန်ဖွင့်တယ်။ ပြန်ကောင်းတယ်။

ဒီလိုပဲ လုပ်လာလိုက်တာ တစ်လကျော်ကြာသွားတာပေါ့။ စက်ကထူးမလာပဲ။ ဖြစ်တဲ့ အကြိမ်အရေအတွက်က တစ်ရက်ကို အနည်းဆုံး ၃ ခါ လောက်အထိ ဖြစ်တဲ့အထိပါပဲ။ Web Browser ဖွင့်တာတောင် Tab ၅ ခုထက် မဖွင့်ရဲတဲ့ အထိပါပဲ။ နောက်ဆုံးတော့ AVG နဲ့ Thread တွေကို Detect လုပ်ကြည့်လိုက်မှ Corrupted ဖြစ်နေတဲ့ file တွေပေါ်ပြီး အားလုံးကို ဖြတ်ပေးလိုက်တယ်။

Trash တွေကို Clean လိုက်တယ်။ Regiestry error တွေ ရှင်းလိုက်တယ်။ စက်က ပြန်ကောင်းသွားတယ်။

ဒီလိုပါပဲ -

လူအများစုက ( ကျနော်အပါအဝင်) ခဏတာ အဆင်ပြေမယ့် နည်းလမ်းကို ရွေးပြီး ပြဿနာကို ဖြေရှင်းလေ့ ရှိပါတယ်။ လက်တလော အဆင်ပြေရင်ပြီးရော အလွယ်လမ်းကို လိုက်ပြီး ဘယ်ပြဿနာကို မဆို ဖြေရှင်း လိုတယ်။ အဖြေကို မသိလို့ လုပ်တာက တစ်မျိုး။ အဖြေကိုသိလျက်နဲ့။ အစောက လိုဆိုရင် စက်ဟန်းတဲ့အခါ ဘာလုပ်ရမယ်၊ ညာလုပ်ရမယ်လို့ ဆရာလုပ်၊ စာရေးစားနေတဲ့ ကျနော်ကိုယ်တိုင်က ဘာမှမလုပ်ပဲ အမြန်နည်း သုံးတော့ ဒုက္ခရောက်တာ လနဲ့ချည်တာပေါ့။ အင်တာနက်လိုင်းမကောင်းလို့ သတင်း ရှာမရတဲ့ ကြားထဲ။ စက်ကပါ ဆုပ်တော့ တစ်နေ့လုပ်စာတွေ အတော်ပျက်တာ အမှန်ပါပဲ။

ဒါကြောင့်ကို ဘယ်အရာကိစ္စကိုမဆို တစ်နှပ်စား အဆင်ပြေမယ့် နည်းလမ်းထက် တစ်သက်စား အိုကေမယ့် soluction ကိုသာ ရှာဖွေ အသုံးပြုသင့်ကြောင့် အကြံပြု တိုက်တွန်း လိုက်ရ ပါတယ်။
TechSpace Journal