ဗီဇာ ၄ နှစ်ပြည့် အလုပ်သမားများ ကြိုလုပ်ရန် မြန်မာသံရုံး တိုက်တွန်း

ပို့စ်တင်ချိန် - 12/18/2013 08:45:00 PM


ထိုင်းနိုင်ငံမှာ လာရောက် အလုပ်လုပ်ကိုင်နေတဲ့ ၄ နှစ် ဗီဇာသက်တမ်းပြည့် မြန်မာ အလုပ်သမားတွေအတွက် သက်တမ်းတိုးတဲ့ ကိစ္စကို တနေရာတည်းအပြီး လုပ်ဆောင်ပေးနိုင်မယ့် (OneStopService) ရုံးတွေ ဖွင့်လှစ်နိုင်ခြင်း မရှိသေးပါဘူး။

ဒါပေမယ့် မြန်မာသံရုံးကတော့ သက်ဆိုင်ရာ ထိုင်းအလုပ်သမားရုံးတွေဆီ အလုပ်ရှင်နဲ့ အတူ သွားရောက်ပြီး သက်တမ်းတိုးတဲ့ကိစ္စကို ကြိုတင်ဆောင်ရွက်ထားကြဖို့ မြန်မာ အလုပ်သမားတွေကို တိုက်တွန်းလိုက်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ သံတမန်အရာရှိ ဦးကျော်ကျော်လွင်ကို ဒီဗွီဘီက ဆက်သွယ် မေးမြန်းထားပါတယ်။


DVB Burmese