သန်လျင်မြို့နယ်တွင် ယာဉ်တိမ်းမှောက်မှုကြောင့် လူ(၁၀)ဦးဒဏ်ရာရရှိ

ပို့စ်တင်ချိန် - 12/18/2013 06:13:00 PM


ရန်ကုန်၊ ဒီဇင်ဘာ ၁၈

၁၈.၁၂.၂၀၁၃ရက်နေ့၀၅၀၀အချိန်သန်လျင်မြို့နယ်သန်လျင်-ကျောက်တန်း ကားလမ်းအတိုင်း ကျောက်တန်းမှ သန်လျင်ဘက်သို့ ယာဉ်မောင်း နိုင်ဝင်း (ဘ)ဦးသန်းဌေး ၊ စံချိန်မှီရပ်ကွက်၊ ကျောက်တန်းမြို့နယ်နေသူ မောင်းနှင်လာသော ယာဉ်အမှတ် အ----၊ ဟိုင်းလတ်နက်ပြာရောင် ခရီးသည်တင်ယာဉ်သည် နတ်စင်တစ်ရာ ကုန်းဆင်းအရောက် နောက်ဘီးပြုတ်ထွက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်း၏ယာဘက်သို့ တိမ်းမှောက်သွားခဲ့သဖြင့် ယာဉ်နောက်လိုက် ဇေယျာလင်းပါကျား(၆)ဦးနှင့် မ(၄)ဦး၊ စုစုပေါင်း (၁၀)ဦးမှာ ဒဏ်ရာများ အသီးသီးရရှိခဲ့ကြသဖြင့် ရန်ကုန်ဆေးရုံကြီးနှင့် သန်လျင်ဆေးရုံတို့တွင် ဆေးဝါးကုသမှု ခံယူနေရသောကြောင့် ယာဉ်မောင်း နိုင်ဝင်းအား သန်လျင်မြို့မ ရဲစခန်းယာဉ်(ပ)၁၇၀/၂၀၁၃၊ ပုဒ်မ ၂၇၉/၃၃၇/၃၃၈ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားရှိကြောင်း သတင်းရရှိပါသည်။

Yangon Police