ရဲတွေ လုပ်ပုံကိုင်ပုံ မဟုတ်ရင် ဖုန်းဆက်တိုင်ကြားနိုင်

ပို့စ်တင်ချိန် - 12/18/2013 06:45:00 AM


ရဲတပ်ဖွဲ့ဝင်တွေ မတော်မတရား လုပ်ထားတာ တွေ့မြင်ကြားသိသမျှ ဘယ်နေရာကပဲ ကြားသိခဲ့ရရ အရေးပေါ်ဖုန်းနံပတ်တွေ အပြင် အင်တာနက် အီးမေးလ်စသဖြင့် နည်းလမ်းပေါင်းစုံ သုံးပြီး တိုင်ကြားနိုင်တယ်။

နာမည်ဖော်ပြပြီး တိုင်လို့ရသလို နာမည် မဖော်ပြဘဲ တိုင်လာလည်း စုံစမ်းစစ်ဆေးတယ်။ တိုင်ကြားနိုင်တဲ့ အရေးပေါ်ဖုန်းနံပါတ်တွေကို အခုနှစ် ဖေဖော်ဝါရီလက စတင် ဖွင့်လှစ်ခဲ့တာ ဖြစ်ပြီး အရင်အရေးပေါ်ဖုန်း ၁၉၉ ကို အသက်ဝင်အောင်လည်း ပြန်လည်ကြိုးပမ်းနေတယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြောခွင့်ရ ရဲမှူးချုပ် ၀င်းခေါင်က ပြောပါတယ်။

၂၀၁၃ ခုနှစ် ဇန်န၀ါရီလကနေ နိုဝင်ဘာလကုန်လောက်အထိ နည်းပေါင်းစုံနဲ့ တိုင်ကြားလာလို့ အရေးယူခဲ့တဲ့ အမှုပေါင်း ၁၀၀၀ ကျော်ရှိပြီး၊ အရေးပေါ်ဖုန်းကတဆင့် တိုင်ကြားလို့ စစ်ဆေးအရေးယူခဲ့တဲ့ အမှုပေါင်းက ၅၀၀ ကျော်ရှိတယ်လို့လည်း ရဲမှူးချုပ်က ပြောပါတယ်။

ရဲမှူးချုပ်ဝင်းခေါင်ကို ဆက်သွယ်မေးမြန်းထားတာ အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။
DVB Burmese