ဆွာရက်ဇ်နဲ့လက်ဆွဲနှုတ်ဆက်ခွင့်ကို ပေါင်၂၀နဲ့လဲလိုက်သူ

ပို့စ်တင်ချိန် - 12/18/2013 09:02:00 AM


စပါး-လီဗာပူးပွဲစဉ်မတိုင်မီ
နှစ်ဖက်အသင်း ကစားသမားတွေနဲ့ လာဘ်ကောင်ကလေးငယ်တွေ
အပြန်အလှန်နှုတ်ဆက်ခဲ့ကြရာမှာ ဆွာရက်ဇ်ရဲ့ လက်ဆွဲနှုတ်ဆက်မှုကို စပါးအသင်း လာဘ်ကောင် ကလေးတစ်ဦးက ငြင်းဆန်သွားခဲ့ပါ
တယ်။ ဘာကြောင့် သူဒီလို ငြင်းခဲ့ရတာလဲဆိုတော့
ပေါင်(၂၀)ရမယ့် အခွင့်အရေးဖြစ်နေတာကြောင့်ပါပဲ။
အဲဒီ လာဘ်ကောင်လေးရဲ့နာမည်က အိုလီဗီယာဘရောင်းဖြစ်ပြီး အသက်(၁၀)နှစ်ပဲ ရှိပါသေးတယ်။ ဘရောင်းရဲ့ဖခင်က ကစားသမားမပီသတဲ့ လုပ်ရပ်တွေလုပ်လို့ ဆွာရက်ဇ်ကို သဘောမတွေ့သူပါ။ ဒီအတွက် သူ့သမီးကို ဆွာရက်ဇ်နဲ့လက်ဆွဲနှုတ်ဆက်မှု မလုပ်ဘူးဆိုရင် ပေါင် (၂၀)ပေးမယ်ဆိုပြီး ကမ်းလှမ်းခဲ့ပါတယ်။ ဒါကြောင့် ဘရောင်းက ဆွာရက်ရဲ့ လက်ဆွဲနှုတ်ဆက်မှုကို ငြင်းခဲ့တာလို့ သိရပါတယ်။

zaw zaw tun
Yoyarlay