မိုးယံထက် လွင့်ပျံတက်လာသော ဆီးဂိမ်းဖွင့်ပွဲ လက်ခုပ်သံနှင့် ခဲမှန်ဖူးတဲ့စာသူငယ် မြန်မာ

ပို့စ်တင်ချိန် - 12/18/2013 03:05:00 PM


နှစ်ပေါင်း ၄၄ နှစ်ကြာမှ မြန်မာ့မြေပေါ်သို့ တစ်ကျော့ပြန်ရောက်လာသော အရှေ့တောင်အာရှအားကစားပွဲတော်ကြီး၏ဖွင့်ပွဲက အံ့မခန်းခြိမ့်ခြိမ့်သဲလှသည်။ ဤမျှအထိ ထင်မှတ်မထား၊ မျှော်လင့်မထားခဲ့ကြသည့်အတွက်လည်း မြန်မာပြည်သူပြည်သားအားလုံး အသိအမှတ်ပြု ဂုဏ်ယူခဲ့ကြသည်။ သို့ရာတွင် ခဲအကြိမ်ကြိမ် မှန်ဖူးသည့် စာသူငယ်ကဲ့သို့ ဖြစ်နေသော မြန်မာနိုင်ငံအတွက်မူ အကောင်းမြင်စိတ်ထားကြသော်လည်း လက်ရှိပြည်တွင်း အခြေအနေနှင့် နောက်ဆက်တွဲ အလားအလာများ အ တွက် တွေးတောရင်ပူ နေကြသည်ကလည်း အမှန်ပင်ဖြစ်သည်။ လောင်ကျွမ်းနေဆဲ ပြည်တွင်းစစ်၊ နယ်ပယ်ကဏ္ဍ အသီးသီးတွင် လိုအပ်နေသော ဘဏ္ဍာရေး အခြေ အနေ၊ မဖြည့်ဆည်းနိုင်သေးသောဝမ်းနှင့် အစပျိုးနေသော ပြည်သူ့ဆုံးရှုံးနစ်နာမှု အလားအလာများကြား ဟိုဘက်ကမ်းက မီးထိန်ထိန်အတွက် ကိုယ့် ဘက်ခြမ်း မီးမှိန် နေသောလူများကလည်း အကျိုးမဲ့ဟု မြင်ကြပါသည်။ မည်သို့ပင်ဆိုစေ ကုန်ကျစရိတ်များစွာ ရင်းနှီးလုပ်ကိုင်ခဲ့သော ဆီးဂိမ်းပွဲတော်ကြီးကတော့ ကြီးကျယ် ခမ်း နား ခဲ့ပြီဖြစ်သည်။ ထိုအခမ်းအနားကြီး၏ နောက်ကွယ်တွင်တော့ တွေးတော စရာမျိုးစုံ မေးခွန်းထုတ်စရာများစွာနှင့် ပွဲပြီး မီးမသေများစွာတို့ အတွက် မေးမြန်းဖော်ပြ လိုက် ရခြင်းဖြစ်ပါသည်။

ဒေါ်စန္ဒာမင်း (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)

နိုင်ငံမှာကျင်းပနေတဲ့ ဆီးဂိမ်းပြိုင်ပွဲအပေါ်မှာ ဘယ်လိုမြင်ပါသလဲ။

ကျွန်မတို့နိုင်ငံဟာ ဒီလိုမျိုးဆီးဂိမ်း မလုပ်နိုင်တာက နှစ်ပေါင်း ၄ဝ ကျော် ကြာပြီ။ နှစ်ပေါင်း ၄ဝ ကျော်ကြာမှ ပထမဦးဆုံးအကြိမ် ပြန်လည်ပြီးအခုလို ခမ်းခမ်းနားနား ကျင်းပလာနိုင်တာကို နိုင်ငံရေးအမြင်နဲ့မကြည့်ဘဲနဲ့အမျိုးသား ရေးအမြင်နဲ့ ကြည့်ရင်ကျွန်မတို့ ဂုဏ်ယူပါတယ်။

အခုလိုကျင်းပနိုင်တာက တရုတ် နိုင်ငံရဲ့အကူအညီကိုယူပြီး လုပ်တယ်။ ဒါတွေက တစ်ချိန်ကျရင် တစ်ဖက်က အခွင့်အရေးတွေ ယူလာနိုင်တယ်။ ပြန် ပေးဆပ်ရမယ်။ ဒီလို စိတ်ပူတာတွေရှိ နေကြသံထွက်လာတော့ ဘာပြောချင်ပါသလဲ။

ကျွန်မတို့နိုင်ငံက နှစ်ပေါင်း အများကြီး ခေတ်နောက်ကျနေပြီ။ ဒီတော့ ကျွန်မတို့နိုင်ငံက ပညာရှင်တွေနဲ့ လုပ်လို့မရဘူး။ အခြားက တတ်သိနားလည်တဲ့ ပညာရှင်တွေကို ဒီလိုပဲ ငှား ယူရတယ်။ ဒီအတွက် ကျွန်မတို့ ကုန်ကျစရိတ်တွေရှိပါတယ်။ ဒါကြောင့် လွှတ်တော်ကလည်း ဒီကုန်ကျစရိတ်တွေကို များတဲ့အတွက် အများကြီးတော့ သဘောမတူခဲ့ပါဘူး။ ဒါပေမဲ့လည်း ဒီဟာက ကျွန်မတို့နိုင်ငံရဲ့နှစ်ပေါင်း ၄ဝ ကျော်မှ ပထမဦးဆုံးလုပ်ရတဲ့အတွက်ကိုပဲ တခမ်းတနားဖြစ်ရမယ်။ ဒါ့ထက်ကို ရှေ့အလား အလာကိုအများကြီးကြည့် ပြီး ကုန်ကျစရိတ်ကို ထည့်မတွက်ဘဲ လုပ်ခဲ့ကြတာဖြစ်တယ်။ ဒီနေရာမှာ တရုတ်ပညာရှင်ပဲလုပ်လုပ်၊ အမေရိကန် ပညာရှင်ပဲလုပ်လုပ် ကုန်ကျ စရိတ်ကိုပေးပြီးလုပ်ခိုင်းတာပါ။ အလကားလုပ်ခိုင်း တာမဟုတ်ပါဘူး။ စေတနာလည်း သူတို့ဘက်က ပါတာပေါ့။ အဲဒီလိုမျိုးဖြစ်တဲ့ အတွက် ရှေ့မှာ အကျိုးအမြတ် ထုတ် စရာ အကြောင်းမရှိပါဘူး။

ဒီဆီးဂိမ်းကုန်ကျစရိတ်က အမေရိ ကန်ဒေါ်လာ သန်းနဲ့ချီပြီးကုန်တယ်။ ဒါပေမဲ့ ကိုယ့်ရဲ့နိုင်ငံမှာ ပညာရေး၊ ကျန်းမာရေးကဏ္ဍတွေမှာ လိုအပ်ချက် တွေရှိနေတယ်။ ဒါကိုေ တာ့ မဖြည့်ဘဲ ငွေကုန်ကြေးကျခံပြီး လုပ်နေကြတယ်ဆို တဲ့ တစ်ဖက်မှာလည်း ဝေဖန်သံတွေ ထပ်ရှိနေပါတယ်ခင်ဗျာ။ ဒါကိုရော ဘယ်လို မှတ်ချက်ပြုလိုပါသလဲ။

ဟုတ်ပါတယ်။ အိမ်တစ်ခု၊ မိသား စုတစ်ခုအနေနဲ့ မြင်ကြည့်မယ်ဆိုရင်  နေ့စဉ်အထွေထွေ အိမ်စရိတ်ကို တစ် နေ့ ကျပ် ၃ဝဝဝ လို့ သတ်မှတ်ထားပေ မယ့် ရုတ်တရက် ကိုယ့်ဆွေမျိုးသားချင်း က မင်္ဂလာဆောင်တစ်ခု ကျင်းပလိုက် မယ်လို့ရှိလာရင် ကျပ် ၅ဝဝဝ လက်ဖွဲ့မှ သင့်တော်တယ်လို့ ဒီနေရာမှာ သတ် မှတ်လိုက်ရင်ငွေ ၅ဝဝဝ ကို သုံးမှာပဲ။ တစ်ခါတလေ ကိုယ့်တိုင်းပြည်အတွက် မမျှော်လင့်ဘဲ သုံးရမယ်ဆိုတဲ့အပိုင်းတွေ ရှိလာရင်သုံးရမှာပဲ။ ပညာရေး၊ ကျန်းမာ ရေးကို သုံးရမယ်ဆိုတဲ့အတွေးက မှန် ပါတယ်။ ဒီပညာရေး၊ ကျန်းမာရေးက ရေရှည်စီမံကိန်းပါ။ အခုဟာက တစ် ခဏအတွင်းမှာ မမျှော်လင့်ဘဲ သုံးလိုက် ရတဲ့ပိုက်ဆံပါ။ ပညာရေးနဲ့ ကျန်းမာရေး တိုးတက်သွားဖို့ကို နှစ်ရှည် စီမံကိန်း ချပြီး လုပ်ရမှာဖြစ်သလို ခုဟာက တိုင်းပြည်ရဲ့ပုံရိပ်တစ်ခုကို ပြရမှာဖြစ်တဲ့ အတွက် အခု ကုန်ကျစရိတ်တွေက သုံး သင့်သုံးထိုက်တဲ့ အသုံးစရိတ်တွေပါ။

ဟုတ်ကဲ့ခင်ဗျ။ ခုချိန်မှာက လယ်ယာမြေပြဿနာတွေ၊ မပြည့်စုံတဲ့ အတွက် ဆန္ဒပြမှုတွေ ဒါတွေရှိနေရဲ့ သားနဲ့ မပြေလည်သေးဘဲနဲ့ ဒီပွဲကြီး ကျင်းပနေတယ်။ လိုအပ် ချက်တွေ မပြည့်စုံဘဲကျင်းပနေတာကို လွှတ်တော် ရော အစိုးရကပါ နစ်နာနေတဲ့ ပြည်သူ ကိုမျက်ကွယ်ပြုနေတာလား၊ ဒီလိုရော ဖြစ်မနေဘူးလား။

ဒါက မဆိုင်ဘူး။ နိုင်ငံတိုင်း နိုင်ငံ တိုင်းမှာ အားလုံးအဆင်ပြေချောမွေ့ နေတာ မရှိဘူး။ ချောမွေ့နေတဲ့ တိုင်း ပြည်လည်းမရှိပါဘူး။ နိုင်ငံတိုင်းနိုင်ငံ တိုင်းမှာ နိုင်ငံရေး၊ စီး ပွားရေး၊ လူမှုရေး ဆိုတဲ့ပြဿနာတွေ ရှိကြပါတယ်။ ဒါပေမဲ့ လည်း အဲဒီပြဿနာတွေနဲ့ ရင်ဆိုင်နေ ကြတဲ့အခါမှာ တိုင်းပြည်က လူတွေက စိတ်ညစ်နေတဲ့အချိန်၊ အဲဒီလို ပြဿ နာ တွေနဲ့ ရင်ဆိုင်နေရတဲ့အချိန်မှာ ဒီလိုမျိုး ကြီးပဲ သွားမလား။ အဲတော့တစ်နည်း အားဖြင့် ဆီးဂိမ်းကြီးကို ကျင်းပလိုက် ခြင်းအားဖြင့် နံပါတ်-၁ အမျိုး သားရေး စိတ်ဓာတ်တွေ တက်ကြွလာခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ် မြန်မာ ဆိုတာကို ဂုဏ်ယူလာခဲ့တယ်။ အကောင်းဘက်က ကြည့်လိုက်တဲ့အခါ ဒါတွေရှိတယ်။ ဆီးဂိမ်းကြီး ကို နိုင်ငံရေးအမြင်နဲ့ မကြည့်ဘဲနဲ့ အားကစားအမြင် အမျိုး သားရေးစိတ်ဓာတ်အမြင်နဲ့ ကြည့်လိုက် ပါ။ ပြဿနာတွေ ဘယ်လောက်ပဲ များ များ၊ ပြဿနာတွေ ဘယ်လောက်ပဲ ရင်ဆိုင်နေရနေရ၊ တစ်ချိန်က ကမ္ဘာမှာ  မြန်မာက အောက်ကျနောက်ကျ ရှိခဲ့ရ ပေမယ့် ခုချိန်မှာ ကျွန်မတို့က ကမ္ဘာ့ အလယ်မှာ မြန်မာဟေ့လို့ ဝံ့ဝံ့ကြွား ကြွား နဲ့ ထုတ်ပြနိုင်တာကိုက အမျိုးသားရေး စိတ်ဓာတ်အမြင်နဲ့ ကြည့်ရင် အကောင်း ဘက်ကပါပဲ။ ပြဿနာတွေကအမြဲတမ်းပဲ ရင်ဆိုင်နေရမှာပါပဲ။ ဒါကို အုပ် ချုပ် ရေး ပိုင်းက လမ်းကြောင်းမှန်မှန်နဲ့ ဖြေ ရှင်းလုပ် ဆောင်သွားရပါမယ်။ တစ်ဖက် ကလည်း ပြည်သူလူထုကို စိတ်ဓာတ် တက်ကြွလာအောင် လုပ်ပေးရပါလိမ့် မယ်။ လို လည်း လိုအပ်ပါတယ်။

ဒါဆိုရင် အစ်မက ဒီလိုအကုန်အကျခံခြင်းဟာ အကျိုးမယုတ်ဘူး။ တစ်ဖက်က ပြန်ရနိုင်တယ်လို့ ဒီသဘောပြောခဲ့တော့ ဘာတွေပြန်ရမှာလဲ။

ကျွန်မတို့နိုင်ငံကို နိုင်ငံတကာက ဘယ်လိုမြင်နေလဲ၊ ဘယ်လို သဘောထားနေလဲ၊ အင်မတန်မှ နုံချာနေတဲ့ တိုင်းပြည်၊ ဆင်းရဲနေတဲ့ တိုင်းပြည်  တော်တော်လေး စုတ်ပြတ်နေတဲ့ တိုင်းပြည်လို့ မြင်နေကြတယ်လို့ထင်နေကြတဲ့ သူတွေရှိတယ်။ ကမ္ဘာမှာ မြန်မာဆိုတာ နဲ့ တော်တော်လေးညံ့ဖျင်းတယ်လို့ဆို တဲ့အမြင်တွေကို နံပါတ် တစ်ဖြေဖျောက် နိုင်တယ်။ ဒီလို ခမ်းခမ်းနားနားကြီး ကျင်းပခြင်းအားဖြင့် ငါတို့ဟာ အထိုက် အလျောက် လုပ်နိုင်တယ်လို့ပြနိုင်တယ်။ ခုပွဲကို ကြည့်ခြင်းအားဖြင့် မြန်မာတွေ ဆိုတာ မညံ့ဘူး။ သူတို့နဲ့ ပူးပေါင်း လုပ်ကိုင်လို့ရတယ်လို့ ဒီလို အမြင်တွေ ရှိခြင်းဖြင့်  စီးပွားရေးပိုင်း စတဲ့ကဏ္ဍတွေမှာ ယုံကြည်စွာနဲ့ ပူးပေါင်းလာမယ်။ ဒီရလဒ်တွေ ရှိ လာနို င်ပါတယ်။

သမ္မတဦးသိန်းစိန်က သူ့ရဲ့လက်ထက်မှာ ပုံရိပ်ကောင်းရနိုင်ဖို့ ဒီပွဲကိုကျင်းပတာလို့ ပြောကြပြန်တယ်။ ဒါကိုရော ဘာပြောလိုပါသေးလဲခင်ဗျ။

ကျွန်မတစ်ခု ပြောပါ့မယ်။ ကျွန်မတို့က အတိုက်အခံပါတီပါ။  အတိုက်အခံဆိုတာက အစိုးရလုပ်တိုင်း အတိုက်အခံလိုက်လုပ်နေရတာမဟုတ်ပါဘူး။ ကျွန်မတို့က အစိုးရရဲ့ ပျော့ကွက်၊ မှားကွက် ရှိတာကို ထောက်ပြဝေဖန်ပြရမယ့် ပါတီပါ။ ကောင်းတယ်ဆိုတဲ့ဟာကို လည်းကောင်းတယ်လို့ ပြောရမယ့် ဝတ္တရားရှိပါတယ်။ ဦးသိန်းစိန် သမ္မတ ဖြစ်လို့ ဒီပွဲကြီးပဲလုပ်လုပ်၊ ကျွန်မတို့ ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်ပဲ သမ္မတ ဖြစ်လို့ လုပ်လုပ် ဒါကလုပ်ကိုလုပ်ရမယ့် အလုပ်ဆိုရင် မည်သည့်အစိုးရပဲဖြစ်ဖြစ် လုပ်ရမှာပဲ။ တာဝန်ကျလာတယ်ဆိုရင် အောင်မြင်အောင်လုပ်ရမှာက သူ့တာဝန်ပဲလေ။ ဒါဆိုကျွန်မတို့က ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်မှ ဒီပွဲလုပ်တာကို အားပေးရ မှာလား။ ဦးသိန်းစိန်လုပ်လို့ အားမပေးရတော့ဘူးလား။

ဟုတ်ကဲ့ တချို့ကလည်းဒီလို ကျင်းပတာကို ခါးခါးသီးသီးနဲ့မကြိုက်ချင်ကြဘူး။ ဒီအပေါ်မှာ မှတ်ချက်ထပ်ပြု ပေးပါဦး။

အပြစ်ပြောတဲ့သူတွေကို ကျွန်မ အပြစ်မမြင်ပါဘူး။ လူတွေက ခုချိန်မှာ အထူးသဖြင့် လယ်ယာစိုက်ပျိုးရေး ကဏ္ဍမှာဆိုရင်လည်း လယ်သမားတွေ ဖိနှိပ်ခံနေရတယ်။ အထူး သဖြင့် အောက်ခြေ မှာ တကယ့်ကို အကောင်အထည် မဖော်နိုင်ကြတဲ့သူတွေကြောင့် တောင် သူတွေ စိတ်ဆင်းရဲနေကြတယ်။ ဒါကို ကိုယ်ချင်းစာပါတယ်။ နားလည်းလည် ပါတယ်။ ဒါပေမဲ့ ဒါကို အမျိုးသားရေး အမြင်နဲ့ကြည့်ရင် အဖြေကတစ်မျိုး ထွက်လာပါလိမ့်မယ်။

ဒေါ်ခွန်ဂျာ (ကချင်ငြိမ်းချမ်းရေး ကွန်ရက်)

အခုဆို ဆီးဂိမ်းဖွင့်ပွဲကို ဖွင့်လှစ် လိုက်ပါပြီ။ ဒီအပေါ်မှာ ကချင်တိုင်းရင်းသူတစ်ဦးရဲ့အမြင်ကို သိချင်ပါတယ်။

နှစ်ပေါင်း ၄ဝ ကျော်မှ ဒီတစ်ခါ  ကျင်းပတဲ့ပွဲကို မြန်မာက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံခွင့်ရတယ်။ ဒါကိုပဲ အောင်မြင်စွာ လုပ်နိုင်ခဲ့တယ်။ အသိအ မှတ်ပြုပါတယ်။ ဒါက နံပါတ် ၁ အနေနဲ့ ပြောတာပါ။ နံပါတ် ၂ အနေနဲ့ ပြောရ ရင် ခုအစိုးရက တစ်လွဲဆံပင်ကောင်းဖြစ် နေလား။ ဒါကိုလည်း ပြောချင်ပါတယ်။ ကိုယ့်မှာက အဓိကကတော့ ပြည်သူ ပေါ့။ ဘာမှကိုမပြည့်စုံသေးဘဲ ဒီလိုကြီးကြီးကျယ်ကျယ်ကြီး ထလုပ်လိုက်တာကို တော့ မကောင်းဘူးလို့ ဝေဖန်ချင်တယ်။

ဟုတ်ပါပြီ မကောင်းဘူးဆိုတာမျိုးကို ဘာကြောင့်ထည့်သွင်းပြီး ဒီလို ပြောရတာပါလဲခင်ဗျ။

သူတို့တွေရဲ့ ကုန်ကျစရိတ်က ကျပ် သန်းပေါင်း တစ်သိန်းကျော်ကုန် မယ်လို့ သိရတယ်။ နိုင်ငံရဲ့ အခြေခံ အကျဆုံးဖြစ်တဲ့ ပညာရေး၊ ကျန်းမာရေး ကိုတစ်နှစ်စာလုံး ခွင့်ပြုပေးထားတာ ထက်ကို အဆပေါင်းများစွာများနေတယ်။ ဒီဆီးဂိမ်းလုပ်ပြီး တစ်ခဏလေးနဲ့ ကုန် သွားမယ့်အစား ဒီလောက်မများသော ဆီးဂိမ်းမှာသုံးမယ့် ငွေရဲ့ ၂၅ ရာခိုင်နှုန်း ခန့်ကိုသာ အစိုးရကထည့်ပေးရင် အနည်း ဆုံးတော့ ပညာရေးကဏ္ဍ၊ ကျန်းမာရေး ကဏ္ဍ ဒီနှစ်ခုမှာတော်တော်လေးအဆင် ပြေသွားနိုင်တယ်။ အခြားကိစ္စထည့် မပြောဘူးနော်။ ပြည်မမှာတော့ ထား တော့။ ခုဆို တောင်ပေါ်ဒေသမှာဆိုရင် ကျန်းမာရေး ဆေးပေးခန်းတော့ရှိရဲ့။ ဆေးမရှိ၊ ဆရာမ မရှိ၊ စာသင်ကျောင်း တော့ရှိရဲ့ ဆရာ မရှိ၊ ကလေးတွေ ကျောင်းမနေနိုင်။ အဆောက်အအုံ မကောင်း။ ဒါတွေကို ဖြည့်ပေးရမယ့် အစား နိုင်ငံတကာမှာ မျက်နှာပန်းလှ အောင် တစ်လွဲတွေးပြီး လုပ်နေတာ မျိုး ဖြစ်နေလို့ အမှန်ပြောရရင် ကျွန်မ ကတော့ မကြိုက်ပါဘူး။

ဒါဆိုရင် တစ်ဖက်ကလည်း ပြော ပါပြီ။ ဒါကို နိုင်ငံရေးအမြင်နဲ့ မဟုတ်ဘဲ အမျိုးသားရေးအမြင်နဲ့ ကြည့်ပါ။ အမြင် တွေ ကွဲသွားလိမ့်မယ်လို့ ဆိုထား ပါတယ်။ ဒေါ်ခွန်ဂျာရဲ့ အမြင်ကရော။

အမျိုးသားရေးနဲ့ ကြည့်ချင်ပါတယ်။ ဒါပေမဲ့ ဒီအချိန်မှာ မကြည့်နိုင် သေးဘူး။ အထူးသဖြင့် ယမ်းငွေ့တွေဝေ နေပြီး မိမဲ့၊ ဖမဲ့၊ နေစရာ၊ စားစရာမရှိ နေရာပျောက်နေတဲ့ စစ်ရှောင်တွေ လက်ရှိအချိန်အထိ အခွင့်အရေးပျောက် နေတဲ့ တိုင်းရင်းသားအရေးတွေ၊ နှစ် ၆ဝ ကျော်ကြာသည့်အထိ ငြိမ်းချမ်းရေး မရသေးသော အခြေအနေတွေ၊ ဒါတွေ ရှိသေးလို့ မကြည့်နိုင်တာ၊ ဆီးဂိမ်းမှာ ယှဉ်ပြိုင်တဲ့ သူတွေ၊ ဝိုင်းဝန်းကူညီတဲ့ သူတွေကိုတော့ အပြစ် မပြောပါဘူး။ ဒါ့ကြောင့် ငတ်နေကြတဲ့ အချိန်မှာ ဒီ လော က်ကြီး ငွေကုန်ခံတာ မကောင်း ဘူး။ ဒီငွေက ကိုယ့်ဆီကပဲ ပြောပြော၊ နိုင်ငံတကာကပဲ ချေးချေး၊ အချိန်တန် ရင် ပြန်ဆပ်ရမှာ။ နောက်ပြီး ဒီငွေက ပြည်သူ့ ပိုက်ဆံ ပဲ။ ဒါ့ကြောင့်မို့ ပြောနေ ရတာ။

အခုလည်း တရုတ်နိုင်ငံရဲ့ ကူညီပံ့ပိုးမှုတွေ ပါဝင်တော့ တချို့ကလည်း ကြိုတင်ပြီး အစိုးရိမ်လွန်ကြတာတွေ ရှိနေကြတယ်ဗျ။ ဒေါ်ခွန်ဂျာဘက်ကရော။

ပူတာပေါ့ရှင်။ ဘာမှ မျှော်လင့် ချက် မပါဘူးဆိုတာကတော့ မဖြစ်နိုင်ပါ ဘူး။ ခုတော့ ဘာဖြစ်ဖြစ် ကျေးဇူးရှိ သွားပြီပေါ့။ ပြန်ဆပ်ရမှာလေ။ ဘာ နည်းလမ်းနဲ့ လဲ။ မြစ်ဆုံကြီး က ယာယီ ရပ်ထားတာနော်၊ တော်ကြာမှ တရုတ် ကြီးကို ကြောက်ရပါတယ်လို့ ထပ်ပြော နေရဦးမယ်။ ကြိုပူရတာပေါ့။ ဖြစ်တတ် လွန်းလို့ပါ။

အခု ဆီးဂိမ်းဖွင့်ပွဲကို နိုင်ငံတကာ ကလည်း ချီးကျူးတယ်။ ခမ်းနားလို့။ စီးပွားရေးဘက်က အမြင်ကလည်း ဆီးဂိမ်းနောက်ဆက်တွဲပြီးရင် အရင် ကထက် ပိုတိုးတက် လာမယ့်ပေါ့။ အမျိုး မျိုးပေါ့ဗျာ။ ဒါကိုလည်း ဖြေပေးပါဦး။

ဒါကိုက ခက်နေတာပေါ့။ ပြော သာ ပြောရတာ။ ဆီးဂိမ်းကို နိုင်ငံရဲ့ ၈၅ ရာခိုင်နှုန်း လူဦးရေလောက်က ကြိုက် နှစ်သက်နေကြတော့ပြောရင် အမုန်းခံ နေရဦးမယ်။ ဒါပေ မဲ့ ပြောစရာရှိတာ ပြောရမှာပဲ။ ဆီးဂိမ်းရှိရှိ၊ မရှိရှိ။ နိုင်ငံ တကာက မျက်စိကျနေတာ ကြာပါပြီ ရှင်။ အကွက်အကွင်းကောင်းလို့လေ။ ဒါမလုပ်လည်း လာမှာပါပဲ။ လုပ်မှ ရယ် လို့ မဟုတ်ပါဘူး။ နိုင်ငံတကာကလည်း ဒီအစိုးရဘက် ပါနေတယ်လေ။ ဘာ လုပ်လုပ် အကောင်းကြီးပါပဲ။ အနောက် ကမ္ဘာက ပိုဆိုးတာပေါ့။ အိမ်နီးချင်း အင် အားကြီးတွေ ရှိတော့ အာဏာ လွန်ဆွဲနေကြတော့ စိတ်ချ။ လာမှာ။ ဆီးဂိမ်းတစ်ခုထဲကြောင့်တော့ မဟုတ်ပါဘူး။

ဒါဆို ဆီးဂိမ်းအပေါ်မှာ အန်တီက အရင်တုန်းက မကောင်းဘူးဆိုပြီး ကန့်ကွက်ဖူးသလား။

မကန့်ကွက်ဖူးပါဘူး။ အားလုံးကလည်း ကန့်ကွက်ရမှန်းလည်း မသိခဲ့ကြဘူး။  အခုဟာက ဆီးဂိမ်းကို မကောင်းဘူးလို့ မပြောဘူး။ ကောင်းတယ်။ ဒါပေမဲ့ ဖြစ်သင့်ရဲ့လား။ ဒါကိုပဲ ပြောနေတာ။

အခု လက်ရှိမှာ ဆန္ဒပြမှုတွေ၊ မြေယာပိုင်ဆိုင်မှု အငြင်းပွားမှုတွေက မပြီးပြတ်သေးဘူး ရှိနေတယ်။ ဒီလို အချိန်မှာ ဒါလုပ်ရလားလို့ ဒေါ်ခွန်ဂျာ ကပြောတယ်။ ဒါတွေရှိနေလို့ ဆီးဂိမ်းက မကျင်းပရတော့ဘူးလား။

မှန်တာပေါ့။ မကျင်းပသင့်ဘူး။ ကျင်းပချိန် မတန်သေးဘူး။ ခု ဒါတွေရှိတာက နည်းနည်းလေး။ နောင်ဆို ပိုဆိုး မှာ။ ကျောက်ဖြူ- ကူမင်းရထားလမ်းလာ ဦးမယ်။ ဒီအခါမှာ ဆို သိမ်းပါတော့မယ် မြေတွေ၊ ဒီထက်ကို ပိုဆိုးမယ်။ ပြည်သူ တွေရင်ထဲမှာ မအေးကြသေးပါဘူး။

သို့သော်လည်း ဒီပွဲကြောင့် မျိုးချစ် စိတ်ဓာတ် ပိုရှိသွားမယ်လေ။ ကမ္ဘာမှာ မြန်မာလို့ ကြွေးကြော်နိုင်တာပေါ့။

ဗမာတွေအတွက် မှန်ပါတယ်။ တိုင်းရင်းသားတွေ အတွက်မမှန်ဘူးဖြစ်နေတယ်။ တိုင်းရင်းသားဝတ်စုံဝတ်ပြီးပတ်ပြေးနေရုံနဲ့ မျိုးချစ်စိတ်ဓာတ်ရှိ လာမှာတော့ မဟုတ်ဘူး။ ဗမာအငွေ့ အသက်တွေပဲ များပါတယ်။ တိုင်းရင်းသား ဆိုတာက အငွေ့အသက်နည်းနည်းပဲပါတယ်။ အရင်က ဘုရင်စနစ်ကိုပဲ လွမ်းပြနေတယ်။ ကချင်၊ ကရင် ဒါတွေ ရဲ့ယဉ်ကျေးမှု မပါဘူး။ ဒါက ဖျော်ဖြေ ရေး၊ ပြိုင်ပွဲမှာရော၊ ချင်းတိုင်းရင်းသား နှစ်ယောက်ကို အနားကပ်ပြီးမှ နိုင်ခြေမရှိလို့ဆိုပြီး  မပြိုင်ခိုင်းတော့ဘူး။ တိုင်း ရင်းသားမို့ ခွဲခြား တာလား။ ဒါတွေကို ရော သိကြပါရဲ့လား။ ရှုံးတော့ရော ဘာဖြစ်သေးလဲ၊ ပြိုင်ရပြီးတာပဲ။

ဘာများ ဖြည့်စွက်ပြောလိုပါသေးလဲ။

ဒါတွေက ကျွန်မတစ်ယောက်တည်းရဲ့ အမြင်ပါ။ ကျွန်မလည်း ဒီနိုင်ငံသားပါ။ တိုးတက်ချင်တာပေါ့။ ပြိုင်ပွဲ ကြီးတွေ လက်ခံကျင်းပပေးချင်တာပေါ့။ ကိုယ့်မှာက မပြည့်သေး ဘဲ ဘောင်ဘင် မခတ်ချင်တာပါ။ လာမယ့်နှစ်ဆို လာပါ ပြီ အာဆီယံ ဥက္ကဋ္ဌ။ ဒီအတွက်ရော ပြည့်စုံပြီလား။ အခြေခံအဆောက် အအုံလိုနေပါသေးတယ်။ ဟိုတစ်ကွက် ဒီ တစ်ကွက်ပြရင်တော့ ကောင်းတာ ပေါ့။ ဒီအတွက် အားထုတ်ကြရဦးမှာ။ ဆီးဂိမ်းမှာတောင် အခြားကိစ္စမကြည့်နဲ့ အင်တာနက် ကို မြန်နှုန်းမြှင့်ပေး မယ် ပြောတာ ရွှန်းရွှန်းဝေလို့။ လက်တွေ့မှာ နှေးလိုက်တာ ဒုံရင်းပဲ။ ကတိပေးပြီးပြည် သူ့ရှေ့မှာ ပြောတာတောင် လက်တွေ့ မှာ တစ်လွဲလုပ်ရင်လာမယ့် ရှေ့ခရီး ယုံရပါ့မလား။ ဒီအစိုး ရမှာ ရှေ့ဆက် စိန်ခေါ်မှုတွေက အများကြီးပါ။ ဒါတွေ ရှိနေပါသေးတယ်။ အကြွေးနဲ့တော့ ဟန်မလုပ်ပြနိုင်ပါဘူး။ တစ်ခဏတာ ပျော်ဖို့၊ ဂုဏ်ရှိဖို့၊ ပြည်သူကို မငဲ့ ကွက် တာ လား။ ဒါပဲ ပြောချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။

မ င်း သုေ အာ င်ေ တွ့ ဆုံေ မး မြ န်း သ ည်
Popular Myanmar News Journal