NLD ခေါင်းဆောင်တွေ က ဒါကို အံ့အားသင့် သွားကြတယ်

ပို့စ်တင်ချိန် - 12/18/2013 11:00:00 PM


ဘာတီးလင့် တနာ သည် ဆယ်စု နှစ် သုံးခု နီးပါး အာရှ အကြောင်း ဆောင်းပါးများ ရေးသား ခဲ့သူ ဖြစ်သည်။ ထို့အပြင်  Far Eastern Economic Review အတွက် မြန်မာနိုင်ငံ ဆိုင်ရာ သတင်းထောက် အဖြစ် လုပ်ကိုင် ခဲ့သည်။ ၁၉၈၅-၁၉၈၇ ခုနှစ်များ တွင် တိုင်းရင်းသား လက်နက်ကိုင်များ ထိန်းချုပ်ထားသည့် မြန်မာနယ်စပ်များသို့ ဇနီးဖြစ်သူ ရှမ်းတိုင်းရင်းသူ နှင့်အတူ ခရီးကြမ်းကို သွားလာခဲ့ပြီး တိုင်းရင်းသား ခေါင်းဆောင်များ၊ဗမာပြည် ကွန်မြူနှစ် ပါတီ ခေါင်းဆောင်များအား တွေ့ဆုံ မေးမြန်းခြင်းများ ပြုလုပ် ခဲ့သည်။ထို့နောက် Burma in Revolt ၊ Rise and Fall of Burmesem Communism ကဲ့သို့သော နာမည်ကျော် စာအုပ်များကို ရေးသား ခဲ့သည်။ မြန်မာ့ အရေး ကျွမ်းကျင်သူ ဘာတီးလင့်တနာသည် နိုဝင်ဘာလ (၂၉)ရက်နေ့က မန္တလေးတွင် ကျင်းပသည့် လူထု ဒေါ်အမာ မွေးနေ့ပွဲသို့  တက်ရောက် ခဲ့သည်။ ဘာတီးလင့်တနာ ရောက်ရှိ နေခိုက် နိုဝင်ဘာလ (၃၀)ရက်နေ့ တွင် မန္တလေးမြို့  လူထုစာကြည့်တိုက် တွင် မြန်မာ မီဒီယာသမားများ ဖြစ်သည့် ၀င်းဖေမောင် နှင့် စိုးကျော်သူတို့ မှ တွေ့ဆုံ မေးမြန်း ခဲ့သည်။ မြန်မာ-မြောက် ကိုရီးယား ဆက်ဆံရေး၊ တိုင်းရင်းသား လက်နက်ကိုင်များ အရေး၊ ဒေါ်အောင်ဆန်းစုကြည် ၏ သမ္မတဖြစ်နိုင်ခြေ၊ မြန်မာ့နိုင်ငံရေး တွင် တပ်မတော် ၏ ကဏ္ဍ စသည်တို့ နှင့် ပတ်သက်ပြီး ဘာတီးလင့်တနာ ၏ သုံးသပ်ချက်များ ကို ဖော်ပြ လိုက်ပါသည်။

ဘာတီးရေ ခင်ဗျားနဲ့ တွေ့ရတာ သိပ်ကို အံသြစရာ ကောင်းပါတယ်။ ခင်ဗျား အကြောင်း ကို စာအုပ်တွေမှာ ဖတ်ဖူးတော့ လည်း သိပ်ကို စိတ်ဝင်စားစရာ ကောင်း တယ်ဗျ။ ခင်ဗျားက ဂျာနယ်လစ်၊ စာရေး ဆရာ၊ ပြီးတော့ ခင်ဗျားက Asia Pacific Media Services အတွက် မဟာဗျူဟာပိုင်း ဆိုင်ရာ အတိုင်ပင်ခံ။

 အဲဒါက ကျွန်တော့် ကုမ္ပဏီပဲ။ ဒါပေမဲ့ အွန်လိုင်း ၀က်ဘ်ဆိုဒ်လေးပါ။ သိပ်ပြီး မခမ်းနား ပါဘူး။

အော် ဟုတ်ကဲ့။ ခင်ဗျားက မြန်မာ၊ မြောက် ကိုရီးယား၊ အိန္ဒိယ၊ တရုတ်အကြောင်းတွေ နဲ့ ပတ်သက်တဲ့ စာအုပ်တွေ အများ ကြီး ရေးခဲ့ ပါတယ်။

          ဟုတ်ပါတယ်ဗျာ။

ကျွန်တော် စိတ်ဝင်စားတာ က ခင်ဗျား ဟာ ၁၉၈၅ ကနေ ၈၇ အထိ တိုင်းရင်း သား လက်နက်ကိုင် အများစု ထိန်းချုပ် ထားတဲ့ မြန်မာ့နယ်စပ် နေရာ အတော် များကို သွားရောက် ခဲ့တယ်။ အဲဒီ ကာလ တွေ မှာ ခင်ဗျားက ခက်ခဲ ကြမ်းတမ်း တဲ့ ခရီးတွေ ဖြတ်သန်း ခဲ့ရတယ်ဗျာ။ အဲဒီမှာ တိုင်းရင်းသား ခေါင်းဆောင်တွေ၊ ဗမာ ပြည်ကွန်မြူနစ် ပါတီ ခေါင်းဆောင် တွေနဲ့ ခင်ဗျား တွေ့ဆုံခွင့် ရခဲ့ ပါတယ်။ဒါပေမဲ့ အဲဒီ ကာလတွေမှာ ခင်ဗျား က ကြည်နူး ဖွယ် အချိန်တွေလည်း ကြုံတွေ့ ခဲ့မှာပါ။ ဘာလို့လဲ ဆိုတော့ ခင်းဗျား ရဲ့ ချစ်သူ နဲ့ ဆုံတွေ့ ခဲ့လိုပါ။

          မဟုတ်ဘူးဗျ။ ကျွန်တော်တို့ လက်ထပ် တာ ၁၉၈၃ ခုနှစ် ကတည်းက။ အဲဒီ မသွားခင် နှစ် နှစ်လောက်က တည်း ကပါ။

အော် ဆောရီး ဘာတီးရေ။ ဒါဆို ခင်ဗျား တို့ ဇနီးမောင်နှံ နှစ်ယောက် မြန်မာနယ်စပ် က  ခရီးကြမ်းတွေ ကို အတူ ဖြတ်သန်း ခဲ့ ရတာပေါ့။ ခင်ဗျားတို့ နှစ်ဦးက မြန်မာ ပြည်ထဲ ၀င်ဖို့ အိန္ဒိယ နယ်စပ် ကနေ တိတ် တဆိတ်ဝင် လာခဲ့ တာလား။



          ဟုတ်ပါတယ်။ ကျွန်တော်တို့ က ၁၉၈၃ ခုနှစ်၊ ဖေဖော်ဝါရီလ မှာ ရှမ်းပြည်နယ်မှာ လက်ထပ် ခဲ့ပါတယ်။ဒီနောက် ကျွန်တော်တို့ ခရီးရှည်ကြီး ကို အတူ သွားခဲ့ ပါတယ်။ ပြီး တော့ ကျွန်တော်တို့ ရဲ့ ပထမဆုံး ရင်သွေးလေး ကို သူ ကိုယ်ဝန် လွယ်တယ်။ စက်တင်ဘာလ၊ ၁၉၈၅ ခုနှစ် မှာ ကျွန်တော်တို့ ရဲ့ သမီးလေးကို နာဂပြည်မှာ မွေးဖွား ခဲ့ပါတယ်။ အဲဒီမှာ သူ နေမကောင်း ဖြစ်တယ်။ ဒါနဲ့ ကျွန်တော်တို့ စစ်ကိုင်း အထက်ပိုင်း နာဂတောင်တန်းတွေ က ဖြတ်ပြီး ခရီးကြမ်း ကို သွားခဲ့တယ်။စစ်ကိုင်းတိုင်း ထဲကနေ ကျွန်တော်တို့ နာဂသူပုန် တွေ ထိန်းချုပ် ထားတဲ့ နေရာကို ဖြတ်ပြီး ကချင်ပြည်နယ် ကို သွားတယ်။ ပြီးတော့ ကျွန်တော်တို့ တရုတ်နယ်စပ် ကို သွားပါ တယ်။ အဲဒါ ခြောက်လလောက် ကြာပါတယ်။

ခင်ဗျား ခရီးစဉ်က သိပ်ကို ကြမ်းတမ်း ခဲ့ မှာပေါ့ ဘာတီး။ ခင်ဗျား တစ်ခါတစ်ရံ ခြေလျင် လျှောက်ရမယ်၊ တစ်ခါတရံ ဆင်တွေပေါ် ကနေ သွားလာ ခဲ့ရမယ်။

          ဟုတ်တာ ပေါ့ဗျာ။ ကျွန်တော်တို့ ခရီးလမ်း က သိပ်ကိုကြမ်းတမ်း ခဲ့ပါတယ်။ ကျွန်တော် လမ်းမလျှောက် နိုင်လို့  ဆင်စီးပြီး သွား ခဲ့ရတယ်။ကျွန်တော်တို့ ချင်းတွင်းမြစ် ကို ဖြတ်ကျော် ခဲ့ရတယ်။ ဟိုပုန်း ဆိုတဲ့ ရွာလေးကို ရောက်တယ်။ အဲ့ဒီတုန်း က ဟိုပုန်းက ရွာလေး ပေါ့။ ကျွန်တော့် ခြေထောက်ကို မျှော့တွေ ၀ိုင်းတွယ်တယ်။ ခြေထောက်ကြီး ဘောလုံး လို ယောင်ကိုင်း လာပြီး ကျွန်တော် လမ်းဆက် မလျှောက်နိုင် တော့ဘူး။ ဒါနဲ့ ခြေထောက် ဒဏ်ရာ က ပိုးဝင် သွားတယ်။ ကျွန်တော် နှစ်ပတ် လောက် လမ်းမလျှောက် နိုင်ဘူး။ ဒါနဲ့ ဆင်နဲ့ ခရီးသွား ခဲ့ရတယ်။ အခု ချိန်ထိ ကျွန်တော် ခြေထောက် တစ်ဖက်က ဆာတာတာနဲ့။ အဲဒီ ဒဏ်တွေပေါ့။ ဆင်တွေ အကြောင်း ကောင်းကောင်း သိတာပေါ့။ ဒီကောင်ကြီးတွေ က သိပ်လိမ္မာတာ။ ကျွန်တော် ဆင် အကြောင်း အဘိဓာန် တစ်အုပ်လောက် ရေးရင်တောင် ရ လောက်တယ်။ ကျွန်တော်တို့ပါ ချောင်ကို ရောက်တယ်။ အဲဒီ ၁၉၈၇ လောက် က မိုးတွင်းကြီးပေါ့။ အောက်တိုဘာ မိုးတွေသည်း နေတယ်။ ကျွန်တော်တို့လမ်းလျှောက် ရတယ်။ အဲဒီမှာ ခြောက်လလောက်နေခဲ့တယ်။ ကွန် မြူနစ်ခေါင်းဆောင်တွေနဲ့ တွေ့ခဲ့တယ်။ ပြီး တော့ တရုတ်ပြည်ကို သွားတယ်။ အဲဒီမှာ အဖမ်း ခံရတယ်။ ပြီးတော့ ကျွန်တော်တို့ကို ပြန်ပို့ ပါတယ်။

ခင်ဗျား တရုတ်ပြည် မှာ သခင်ဗသိန်းတင်နဲ့ တွေ့ခဲ့ သေးလား။
 တွေ့တယ်။ တရုတ်ပြည်မှာ မဟုတ်ဘူး။ ပန်ဆိုင်းမှာ တွေ့တာ။ ကွန်မြူနစ်ခေါင်းဆောင် အားလုံးနဲ့ တွေ့ခဲ့ပါတယ်။ သခင် ဗသိန်းတင်၊ သခင် ခင်မောင်ကြီး၊ ဗိုလ်ချုပ်ကျော်ဇော်တို့နဲ့ တွေ့ခဲ့ ပါတယ်။

ဗိုလ်ချုပ်ကျော်ဇော်နဲ့ တွေ့ခဲ့တယ်။ အေးဗျာ သူ ကတော့ မနှစ်ကပဲ ကွယ်လွန် သွားပါပြီ။

          ဟုတ်ပါတယ်။ သူက သိပ်ကို သဘောထား ပြည့် တဲ့ သူပါ။ သူ့မိသားစုနဲ့ ကျွန်တော် အခုချိန် အထိ အဆက် အသွယ် ရှိနေပါတယ်။

ခင်ဗျားပါ ချောင်မှာ ကျောင်းသား ခေါင်းဆောင်တွေနဲ့ တွေ့ ခဲ့လား။

          ၈၇ ရောက်တုန်း ကတော့ ကျွန်တော် မတွေ့ ခဲ့ဘူး။ အဲဒီတုန်း က ၈၈ အုံကကြွမှု မဖြစ် သေးဘူးလေ။ ၈၈ ပြီးတဲ့ နောက်မှာ ကျွန်တော့် မိန်းမရယ်၊ သမီးရယ်၊ ကျွန်တော် တို့ ယူနန်ကို သွားခဲ့တယ်။ ပြီးတော့ ရွှေလီကို သွားခဲ့တယ်။ ရွှေလီမှာ ကျွန်တော်တို့ ABSDF ကျောင်း သား တွေနဲ့ တွေ့ခဲ့ ပါတယ်။ သူတို့ က ကချင် ဒေသ ထဲမှာပါ။ ပြီးတော့ ကျွန်တော် သတ်ဖြတ်မှုတွေ အကြောင်း ကြားခဲ့ ရပါတယ်။ ကျွန်တော် အရမ်းကို အံ့သြပြီး တုန်လှုပ် သွားခဲ့ ပါတယ်။ ကျွန်တော် အဲဒီ အကြောင်းနဲ့ ပတ်သက် ပြီးတော့ Far Eastern Economic Review မှာ ဝေဖန် ရေးသား ခဲ့ပါ တယ်။ ကျွန်တော့်ကို အဲဒါနဲ့ ပတ်သက်ပြီး ဘာကြောင့် ရေး သလဲ မေးကြ ပါတယ်။ အဲဒါ အမှန် တကယ် ဖြစ်ပျက် ခဲ့ လို့ပဲ။ ဒီမိုကရေစီ အရေး လှုပ်ရှား တဲ့ ရဲဘော် ရဲဘက် အချင်းချင်း သတ်ဖြတ် ခဲ့တာ သိပ်ကို ကြမ်းတမ်း ရက်စက် လွန်းပါတယ်။ ဂျာနယ်လစ် တစ်ယောက် ရဲ့ ဘ၀ က ခက်ခဲ ပါတယ်။ အုပ်စု တော်တော် များများ က သူတို့ သဘောကျတဲ့ အရာ တွေကို ရေး စေချင်ပါတယ်။ တကယ် တော့ ဒီသတ်ဖြတ်မှုတွေနဲ့ ပတ်သက်ပြီး ရေး သားဖို့ တာဝန်ရှိတယ်လို့ ခံယူ ခဲ့ပါတယ်။

အဲဒီ ကာလတွေတုန်း က ခင်ဗျားက မြန်မာ အစိုးရ ရဲ့ အမည်ပျက် စာရင်းထဲ မှာ ပါခဲ့ တယ်။ ဒါကြောင့် မြန်မာ နိုင်ငံတွင်း ကို တရားဝင် လာရောက်လို့ မရဘူး မဟုတ် လား။

          တကယ်တော့ မဟုတ်ဘူးဗျ။ ၁၉၈၉ မှာ ကျွန်တော် ဒီကို ရောက်လာ ခဲ့တယ်။ ကျွန်တော် တို့ ထိုင်း ကို ၁၉၈၇ ခုနှစ်၊ ဧပြီ (၇) ရက် မှာ ပြန်ရောက် ခဲ့တယ်။ မတ်လ ၈၈ မှာ ဆန္ဒပြပွဲ တွေ စတင် ဖြစ်ပွားတယ်။ နောက် သြဂုတ်၊ စက်တင်ဘာလ မှာ တစ်နိုင်ငံလုံး အုံကြွမှု တွေ ဖြစ်ခဲ့ ပါတယ်။ အဲဒါ နဲ့ ပါတ်သက်ပြီး  Far Eastern Economic Review အတွက် သတင်းတွေ ရေးပေး ခဲ့ ရပါတယ်။ ကျွန်တော် က ဘီဘီစီ အတွက် အလုပ် မလုပ်ပေမယ့် ကျွန်တော် ရေးတဲ့ ဆောင်းပါးတွေ ကို ဘီဘီစီ က ဘာသာပြန် ထုတ်လုပ် ပေးခဲ့ ပါတယ်။ အဲဒီ ကာလ တုန်း က ဘီဘီစီ သတင်းထောက် ဂါးနက်စ် က သိပ်ကို နာမည် ကြီး ပါတယ်။ ဒီဇင်ဘာ ၁၉၈၉  မှာ ထိုင်းအစိုးရ က ကျောင်းသားတွေ အများစု ကို မြန်မာ ပြည်ထဲ ပြန်ပို့  ခဲ့ပါတယ်။ ဒါကလည်း ဆောက်လုပ်ရေး လုပ်ငန်းသုံး သစ်လုံးတွေ နဲ့ အလဲအထပ် လုပ်ဖို့ပါ။



ထိုင်းအစိုးရ ကလည်း ရန်ကုန် အစိုးရ အာဏာပိုင်တွေ ကို နိုင်ငံခြား သတင်းထောက် တွေ ၀င်ခွင့် ပြု ဖို့ တိုက်တွန်း ခဲ့ပါတယ်။ ဒါကြောင့် ဒီက အစိုးရကလည်း သဘောတူ ခဲ့ပါတယ်။ ထိုင်းမှာ ရှိတဲ့ နိုင်ငံခြား သတင်းထောက် စာရင်းထဲမှာ ကျွန်တော့် နာမည်ကိုလည်း ထည့်ထား ခဲ့တယ်။ ဒါပေမဲ့ ထိုင်းမှာ ရှိတဲ့ မြန်မာသံရုံး ကို ကျွန်တော့် စာရင်း ရောက်တဲ့ အခါ ကျွန်တော့် နာမည်ကို အမှန် ခြစ်ထည့် လိုက်ပါတယ်။ ကျွန်တော်က ဘာကြောင့် အဲဒီလို ခြစ်သလဲလို့  အရာရှိ ကို မေးတဲ့ အခါ ဒီလို ခြစ်ရ မှာ ငါ့တာဝန်ပဲ လို့ ဖြေပါတယ်။ ကျွန်တော်တို့ ခရီးစဉ် က အစောင့်အကြပ် တွေနဲ့ သိပ်ကို တင်းကြပ် ခဲ့ပါတယ်။ကျွန်တော် တို့ကို ရန်ကုန်ကို ၀င်ခွင့် မပြုပါဘူး။ ကျွန်တော် တို့ မင်္ဂလာဒုံ လေဆိပ် ကို ဆိုက်တယ်။ ပြီးတော့ ကလော ကို ပို့ တယ်။ ပြီးတော့ ကယား ပြည်နယ် က လွိုင်ကော်မြို့ကို သွားရ ပါ တယ်။ ပြီးတော့ တောင်ကြီး ကို ရောက်တယ်။မိတ္ထီလာ ကနေ  မန္တလေး ရောက်တယ်။ ပြီးတော့ ပုဂံ မှာ ကျွန်တော်တို့  နှစ်ရက်လောက် လည်ခွင့် ပေးတယ်။ ပြီးတော့ ရန်ကုန် မင်္ဂလာဒုံ လေဆိပ်ကို တန်းသွား ရပါတယ်။ အဲဒီမှာ သတင်း စာရှင်းလင်းပွဲ တက်ရပါတယ်။ ဗိုလ်ချုပ် ခင်ညွန့် က ပြုလုပ် တာပါ။ ကျွန်တော် မေးခွန်း အချို့ မေးခဲ့ ပါတယ်။ ဘီဘီစီ သတင်းထောက် ဦးနေမင်း ကို ဖမ်းဆီး တဲ့ ကိစ္စ နဲ့ ပတ်သက်ပါ တယ်။ ပြီးတော့ ကျွန်တော်တို့ လေဆိပ်ကို သွားရ ပါတယ်။ လေဆိပ်ရောက်တော့ အရာရှိ တစ်ယောက်က ကျွန်တော့်ဆီ ပြေးလာပါ



တယ်။ ကျွန်တော့်ကို အုပ်စုနဲ့ ခွဲပြီးတော့ ဗိုလ်ချုပ် တစ်ယောက် နဲ့ တွေ့ခွင့် ပေးပါတယ်။ သူက ဗိုလ်ချုပ် ခင်ညွန့် ပါ။ သူက ကျွန်တော် တို့ကို မြန်မာပြည် ကို ပြန်လာ လည်ဖို့ ဖိတ် ခေါ်ချင်တယ်လို့ ပြောပါတယ်။ ဒါက စိတ်ဝင် စားစရာကောင်းတယ်လို့ ကျွန်တော် ပြောပါ တယ်။ ဒါပေမဲ့ ဒီတစ်ခါ ပြန်လာရင် အုပ်စုလိုက် မလာချင် ပါဘူး။ ကျွန်တော် ကိုယ်ပိုင် သီးခြား လာချင် ပါတယ်။ သူက ခင်ဗျား လာလည် နိုင်ပါတယ်လို့ ပြောပါတယ်။ ဒါကြောင့် ၁၉၈၉ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ကျွန်တော် တစ်ယောက်တည်း တစ်ပတ် လောက် လာလည် ခွင့် ရပါတယ်။ အဲဒီနောက်ပိုင်း မှာတော့ ကျွန်တော့် ကို ၀င်ခွင့် မပြုတော့ပါဘူး။ ပြီးခဲ့တဲ့ ၂၀၁၂ အောက်တိုဘာ အထိပေါ့။

ခင်ဗျား မြန်မာပြည် ကို မရောက်တာ ဆယ်စုနှစ် နှစ်ခု ကျော်ခဲ့ပြီပေါ့။ အခု ခင်ဗျား က ခရီးတိုလေး ပြန်လည် ပတ်ခွင့် ရပါပြီ။ ဒီလိုချိန်မှာ ခင်ဗျား ရဲ့ အတိတ်ကြောင်းတွေ နဲ့ ပတ်သက်ပြီးတော့ မေးခွန်းတွေ ကြား ရတဲ့ အခါ ဘယ်လိုများ ခံစားရ ပါသလဲ။

          ဒီကို ပြန်လာရတာ သိပ်ကို အံသြစရာ ကောင်းတဲ့ ခံစားချက် ပါဗျာ။ လူတွေကို ကျွန်တော့် ရဲ့ ခံစားချက်တွေ ပြောရတာလည်း သိပ်ကို ပျော်ရွှင် ပါတယ်။ ဒီမှာ ရှိတဲ့ လူတွေ ကလည်း ကျွန်တော့် ရဲ့ ခံစားချက်တွေ ကြား သိနိုင်တာ ပျော်ရွှင် ပါတယ်။ ဒါက အပြုသဘောဆောင်တဲ့ ဖွံ့ဖြိုး တိုးတက်မှု ပါပဲ။ အခြား တစ်ဖက်က ကြည့်မယ် ဆိုရင်လည်း ပြုပြင် ပြောင်းလဲမှု ဖြစ်စဉ် က ထိပ်ပိုင်း ကနေ အောက် ကို သွားတဲ့ ဖြစ်စဉ်ပါ။ အခြေခံ ပါဝါ အဆောက်အအုံတွေ ကတော့ အခုချိန်ထိ ပြုပြင်ပြောင်း လဲမှု မရှိသေး ပါဘူး။

ကျွန်တော် နောက်ထပ် မေးခွန်း တစ်ခု လောက် မေးချင် သေးတယ်ဗျ။ ခင်ဗျား က တိုင်းရင်းသား လက်နက်ကိုင် တွေ ထိန်းချုပ် ထားတဲ့ တောတွေ၊ တောင်တွေကို လှည့်လည် သွားလာ ခဲ့ပါတယ်။ ပြီးတော့ ခင်ဗျားက တိုင်းရင်းသား လက်နက်ကိုင် တွေနဲ့ ပတ်သက်တဲ့ အတွေ့အကြုံတွေ လည်း အများကြီး ရှိပါတယ်။ အဲဒီ အတွေ့အကြုံတွေ ကနေ ခင်ဗျားက တန်ဖိုး ရှိပြီး နာမည်ကျော် တဲ့ စာအုပ်တွေ ရေးသား နိုင် ခဲ့ပါတယ်။ ဥပမာ Burma in Revolt,The Land of Jade,Rise and Fall of Burmese Communism စတာတွေ ကို ရေးခဲ့ပါတယ်။ အဲဒီ အထဲမှာ ခင်ဗျား အကြိုက်ဆုံး စာအုပ်က ဘာလဲ။

          အဲဒီလို ပြောဖို့ ရာတော့ ခက်ပါ တယ်ဗျာ။ တစ်အုပ်နဲ့ တစ်အုပ် က မတူကွဲပြားမှု တွေ ရှိပါ တယ်။ The Land of Jade ကတော့ ပုဂ္ဂိုလ် ရေးရာ ဆန်ပါတယ်။ ကျွန်တော်နဲ့ ကျွန်တော့် မိသားစုနဲ့ ပတ်သက် ပါတယ်။ The Land of Jade ကို ဒိန်းမတ်လို ဘာသာပြန် ခဲ့ပါတယ်။အိန္ဒိယ အရှေ့မြောက်ပိုင်း က မဏိပူရလို လည်း ဘာသာ ပြန်ပါတယ်။

ဘာတီရေ ဒေါ်အောင်ဆန်းစုကြည် ၂၀၁၆ မှာ သမ္မတ ဖြစ်ဖို့ တားဆီး နေတဲ့ အခြေခံ ဥပဒေထဲ ကပုဒ်မက ၅၉(စ)ပါ။ အဲဒီပုဒ်မ ကို ပြင်ဆင်ပေး လိမ့်မယ်လို့ ခင်ဗျား ထင် ပါသလား။

          အဲဒီ ပုဒ်မကို ပြင်ဖို့ရာ သိပ်ကို ခက်ခဲ ပါတယ်။ နည်းဥပဒေ တွေကြောင့်ပါ။ လွှတ် တော်ထဲမှာ ၇၅ ရာခိုင် နှုန်းကျော်နဲ့ ပြည်သူ့ ဆန္ဒခံယူပွဲလည်း လုပ်ရမှာမို့ပါ။လူတွေမေ့ နေတဲ့ စိတ်ဝင်စားစရာ ကောင်းတဲ့ အချက် လည်းရှိပါတယ်။ ပထမဆုံး ၇၄ အခြေခံ ဥပဒေထဲမှာ ပြောခဲ့တာက နိုင်ငံခြား တိုင်း ပြည်နဲ့ ရင်းနှီးမှုရှိတဲ့ သူတွေက သမ္မတ မဖြစ် နိုင်ဘူးလို့ပဲ ပြောခဲ့တာ။ လက်ထပ်တာတွေ၊ သားသမီး ကိစ္စတွေ မပါဘူး။ အဲဒီကာလက ရန်ကုန်ရဲ့ လူဦးရေ တစ်ဝက်က အိန်္ဒိယသား တွေပါ။ ပြီးတော့ အိန်္ဒိယ ကလည်း လွတ်လပ် ရေးရပြီး ခါစပါ။ ဒီတော့ မြန်မာ-အိန်္ဒိယ အနွယ်တွေ သမ္မတ မဖြစ်အောင် တားရပါတယ်။ ဗိုလ်ချုပ် နေ၀င်းကိုလည်း ကြည့်ပါ။ သူ ရတနာ နတ်မယ်ကို လက်ထပ် ခဲ့တယ်။ သူမ က ဗြိတိသျှ နိုင်ငံသူပါ။ သူက သြစတြေး လျ မှာတော့ နေတယ်။ အဲဒီ ဥပဒေသာ အတည် ပြုနိုင်ခဲ့မယ်ဆိုရင် ဦးနေ၀င်း တောင် သမ္မတ ဖြစ်မှာ မဟုတ်ဘူး။ သူက နိုင်ငံခြားသူကို လက်ထပ် ခဲ့တာပါပဲ။ ဒါပေမဲ့ ဒီလို မဖြစ်ခဲ့ ပါဘူး။ အခု ဒေါ်အောင်ဆန်းစုကြည်ကို တား မြစ်ထားတဲ့ ပုဒ်မ ကတော့ အဓိပ္ပာယ် မရှိပါဘူး။ သူ့ကို သက်သက် ရည်ရွယ် တားမြစ်ထား တာဖြစ်တယ်။ တခြား ဘာမှ မဟုတ်ဘူး။ စစ်တပ်က  ဒါကို ပြောင်းလဲဖို့ ဆုံးဖြတ် မလား တော့ မသိဘူး။ ဒါပေမဲ့ ပြောင်းလဲဖို့ ကတော့ သိပ်ခက်ခဲ ပါတယ်။ ၂၀၁၅ မတိုင်မီ ဒီကိစ္စဖြစ် ဖို့ကတော့ အတော်လေး အလှမ်း ဝေးပါ တယ်။

မြန်မာ နိုင်ငံ ရေးမှာ စစ်တပ် ပါဝင်ပတ် သက်မှုက အနှေးနဲ့ အမြန် လျော့ကျသွား မယ်လို့ ခင်ဗျားထင်လား။

          ဖြစ်မှာပါ။ ဒါပေမဲ့ အချိန်တော့ ယူရမှာ ပါ။ မျိုးဆက် တစ်ဆက် လောက်လည်း ဖြစ် ချင်ဖြစ်မှာပါ။ ၂၀၀၈ အခြေခံဥပဒေက စစ်တပ် ကို နိုင်ငံအုပ်ချုပ်မှုနဲ့ နိုင်ငံရေးမှာ ပါဝင်နိုင် အောင် သေချာ လုပ်ထားပါတယ်။ ဒီမိုက ရက်တစ်ဆန်ပြီး ဖယ်ဒရယ် အခြေခံဥပဒေ လည်း ဖြစ်ချင် ဖြစ်မှာပေါ့။ ဒါမျိုးကို အသစ်ရေး ဆွဲတာတို့၊ ပြင်ဆင် တာတို့ မလုပ်မချင်းတော့ ဒီကိစ်္စက အမြန်အကောင် အထည်ပေါ်မယ့်ပုံ မရှိပါဘူး။ တကယ်တော့ စစ်တပ်က နိုင်ငံရေး မှာ ပါဝင်ပတ်သက်တာ ပြဿနာ မဟုတ်ဘူး လို့ထင်တယ်။ ပိုအရေးကြီးတာက စစ်တပ်က ဗြူရို ကရေစီ ယ်္တရားမှာ ပါဝင်ပတ်သက် နေခြင်းပါ။ အစိုးရ ဘယ်သူပဲ တက်တက်၊ အစိုးရအတွက် အလုပ် လုပ်ပေးနေတဲ့ ပြည်သူ့ ၀န်ထမ်းတွေကို စစ်တပ်က လွှမ်းမိုးထား ပါတယ်။ အစိုးရ ဌာနတွေ၊ အင်စတီကျုးရှင်း တွေကို ကြည့်ပါ။ အဲဒီမှာအုပ်ချုပ်နေသူ အများစုက စစ်သား အဟောင်းတွေပါ။ ခင်ဗျား က လုံလောက်တဲ့ အရပ်သား ၀န်ကြီးတွေပါ တဲ့ အစိုးရရှိရင်တောင်မှ ဗြူရိုကရေစီ ယန္တရား ကို စစ်တပ်က ကာလရှည်လွှမ်းမိုးထား တာပါ။ နောက်မျိုးဆက်သစ်၊ ခင်ဗျားမျိုး ဆက်က ဖြစ်ချင် ဖြစ်မှာပေါ့ဗျာ။ ခင်ဗျားတို့ Challenge ၊ ကျွန်တော်တော့ မသိဘူး၊ (ရယ်လျက်)။ အဲဒါ မပြောင်းဘဲနဲ့တော့ အခြား အခြေခံ အင်စတီ ကျုးရှင်းတွေ ပြောင်း မယ်လို့ ကျွန်တော် မမြင်ဘူး။ ဒါကြောင့် လည်း ဗြူရိုကရေစီ ယန္တရားမှာ စစ်တပ် ပါဝင် ပတ်သက် နေခြင်းက နိုင်ငံရေးမှာ ပါဝင် ပတ် သက်နေ တာထက် ပိုအရေးကြီးတယ်လို့ ဆိုချင်တာ။

စစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင် တွေ အကြားက အပစ် အခတ် ရပ်စဲရေး သဘောတူညီချက် နောက်ကွယ်က အခြေ အနေနဲ့ ပတ်သက်ပြီး ခင်ဗျား အမြင်ကို ကျွန်တော် ဖတ်ဖူးပါတယ်။ အပစ်အခတ် ရပ်စဲတဲ့ စပ်ကူး မက်ကူးကာလမှာ ပဋိပက်္ခ ဇုန်အတွင်းက သယံဇာတ တွေကလျှင် မြန်စွာ ပျောက်ကွယ် ကုန်တယ်လို့ ခင်ဗျား ပြောဖူးပါတယ်။ ဒီတော့ အပစ်အခတ် ရပ်စဲရေးနဲ့ နိုင်ငံရေး ဆွေးနွေးမှု ဘယ် ဟာက ပိုပြီးအရေးပါ ပါသလဲ။

          တကယ်တော့ ဒီကိစ္စ နှစ်ရပ်လုံးက ခွဲ ခြား လို့မရပါဘူး။ ဒါက နှစ်ဘက်လုံးရဲ့ လို အပ်ချက်တွေကို ညှိနှိုင်းရမယ့် ကိစ်္စပါ။ ဗမာ ရယ်၊ ဗမာမဟုတ်တဲ့ အခြားတိုင်းရင်း သား အဖွဲ့တွေမှာ နိုင်ငံရေး အဖွဲ့အစည်းဖြစ် ချင် ဖြစ်မယ်၊ လက်နက်ကိုင် အဖွဲ့အစည်းဖြစ် ချင်ဖြစ်မယ်။ အရပ်ဘက် လူ့အဖွဲ့အစည်း ဖြစ်ချင် ဖြစ်မယ်။ ဘုံသဘော တူညီချက် ကတော့ ပင်လုံစာချုပ်ကို အသိအမှတ် ပြုရေး ပါ။ ပြောရရင် ဖယ်ဒရယ် ပြည်ထောင်စု၊ ဖယ် ဒရယ်စစ်တပ် တည်ဆောက်ရေးပါ၊ ဘယ်လို လဲတော့ မသိဘူး။ ဒီလိုအပ်ချက်တွေကတော့ သေချာတယ်။ အစိုးရဘက်ကိုကြည့် မယ် ဆိုရင်လည်း သူတို့က ၂၀၀၈ အခြေခံ ဥပဒေကို လေးစား လိုက်နာရမယ်၊ တည်ဆဲ ဥပဒေတွေကို လေးစားရမယ်။ အပစ်အခတ် ရပ်စဲရေးက ဒုတိယအရေး ပါတဲ့ကိစ္စပါ။ ပိုင်း ခြားပေမယ့် လိုင်းက ဒီမှာပါ။ နိုင်ငံရေးကိစ္စ ပါ။ ပြီးတော့ ဒီကိစ္စက ဗမာမဟုတ်တဲ့ တိုင်း ရင်းသားတွေက ဗမာတွေကိုပဲ ဆန့်ကျင်နေ တာ မဟုတ်ဘူး။ ဥပမာ ကချင်ပြည်နယ်မှာဆို ရှမ်းနီအုပ်စုတွေ ရှိတယ်။ ပအို့ဝ်တောင်ကြား က ပအို့ဝ်တွေက ရှမ်းစော်ဘွားတွေကို ယခင် ကတည်းက တော်လှန်ခဲ့တာပါ။ ပြည်မကို မ ဟုတ်ပါဘူး။ ဒီကိစ္စက သိပ်ကို ရှုပ်ထွေးပါ တယ်။ ဗမာ သို့မဟုတ် မြန်မာဆိုတဲ့ ကိစ္စက သိပ်ကိုအရေးပါတဲ့ ကိစ္စမဟုတ်ပါဘူး။ စစ်မှန် တဲ့ အပစ် အခတ်ရပ်စဲ ရေး ရဖို့လိုအပ်ပါတယ်။ အစိုးရရဲ့ စစ်တပ်က အလေး မထားတဲ့ စက္ကူ တစ်ရွက်ပဲ ဖြစ်နေလို့ မရပါဘူး။ ကချင် လွတ် မြောက်ရေးတပ်မတော်က ၁၇ နှစ်တာ အပစ် အခတ် ရပ်စဲရေး သဘောတူခဲ့တယ်။ ၁၉၉၄ ကနေ ၂၀၁၁ ထိပါ။ ဒါပေမဲ့ နောက်တော့ သူတို့တွေ တိုက်ခိုက် ခံခဲ့ရတယ်။ ကေအိုင် အေက အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက် ခဲ့တာ မဟုတ်ဘူး။ ရှမ်းပြည် မြောက်ပိုင်း တပ်မတော်လည်း လက်ရှိအချိန်မှာ တိုက် ခိုက်ခံနေရတယ်။ ကရင်ပြည်နယ် မှာတော့ လက်ရှိအချိန်မှာ တိုက် ပွဲတွေ မရှိဘူး၊ ဒါပေမဲ့ အဲ့ဒီမှာ မကြုံဖူးတဲ့ ပမာဏနဲ့ အစိုးရတပ်တွေ အခြေစိုက်မှုက များပြား နေတယ်။ ရဟတ် ယာဉ်ကွင်းတွေ တည်ဆောက် တာမျိုး တွေ ပေါ့။

          အပစ်အခတ် ရပ်စဲရေး အတွက်ပဲ တိုင်း ရင်းသား အဖွဲ့တွေကို လက်မှတ်ရေး ထိုင်းခိုင်း နေခြင်းက မြန်မာ့ငြိမ်းချမ်းရေး စင်တာရဲ့ အကြီးအကျယ် လွှဲမှားတဲ့ အချက်လို့ပဲ ထင် ရတယ်။ ဒါဟာ လက်နက်ကိုင် ပဋိပက္ခနိဂုံး ချုပ်ဖို့ရဲ့ အစလို့တောင် ပြောလို့ မရဘူး။ ဗမာ မဟုတ်တဲ့ တိုင်းရင်းသား တွေနေတဲ့ နေရာ တွေမှာ စစ်ရေးချဲ့ထွင်တာတို့၊ တိုက်ပွဲဖြစ် တာတွေကို ရပ်တန့် ပစ်ရမယ်။ ရေးထိုးထား တဲ့ သဘောတူညီချက်တွေကို နှစ်ဖက် လုံးက လိုက်နာရမယ်။ ဒါပေမဲ့ နိုင်ငံရေး ဆွေးနွေးမှု မပါတဲ့ ကနဦး ဆွေးနွေးမှုကို လုပ်ဆောင်ရင် ဘာတိုးတက်မှုမှ ရမှာမဟုတ်ဘူး။ ပြဿနာ က MPC ကလည်း ဒါကို မလုပ်နိုင် ဘူးလို့ ဆိုတယ်။ ဒါကြောင့်မို့လို့ ဒီကိစ်္စက အနှစ် သာရ မရှိဘူးလို့ ဆိုရမယ်။ ဘာကြောင့် လဲဆိုတော့ အခြားခိုင်မာတဲ့ သဘောတူညီ ချက် မရှိဘဲနဲ့ အဓိပ္ပာယ် မဲ့တဲ့ စာရွက်တစ် ရွက်ပေါ်မှာပဲ လူတိုင်းကို လက်မှတ် ရေးထိုး ခိုင်းနေလို့ပါ။ ပြီးတော့ လက်နက် ကိုင်တပ်ဖွဲ့ တွေကို ကားတွေ တင်သွင်းဖို့ လိုင်စင်တွေ ထုတ်ပေးတယ်။ အခြားစီးပွားရေး အကျိုး အမြတ် တွေ ရအောင် ဖန်တီးပေး နေတယ်။ ဒါက အလုပ် မဖြစ်ပါဘူး။ အကယ်၍ တိုင်း ရင်းသား ခေါင်းဆောင် အချို့က MPC ရဲ့ ကမ်းလှမ်းမှုကို လက်ခံရင်တောင်မှ သူတို့ရဲ့ ဒေသ အသီးသီးမှာရှိတဲ့ သာမန်ပြည်သူ တွေ အကြားမှာ မကျေနပ်မှုတွေ၊ ကန့် ကွက်မှုတွေ ရှိလာ ပါလိမ့်မယ်။ ဒါမျိုးက ကချင်ပြည် နယ်မှာ လည်း ဖြစ်ဖူး တယ်လေ။ နာမည်ကြီး တဲ့ အချက်က စစ်တပ်ထဲက လူအချို့က ဖယ် ဒရယ်ကို သဘောပေါက်တယ်။ ဖယ်ဒရယ် စနစ်ကို သွားမယ် ဆိုရင်လည်း မလွယ်ကူပါ ဘူး။ ပထမအဆင့်အနေနဲ့ ကြည့်မယ်ဆိုရင် ဒီမှာဖြစ်နေတဲ့ တိုင်းရင်းသား ပဋိပက္ခတွေကို ကြည့်ပါ။ ဗမာနဲ့ ဗမာမဟုတ်တဲ့ ကြားမှာဖြစ် နေတဲ့ ပဋိပက္ခ မဟုတ်ဘူး။ ကချင်ပြည်နယ် မှာ ကြည့်ရင်လည်း ရှမ်းနီ တိုင်းရင်းသား တွေလည်းရှိတယ်၊ ပအို့ဝ် တောင်ကြားမှာ လည်း ရှမ်းစော်ဘွား တွေကို တွန်းလှန် ခဲ့တာပဲ။ ဗမာကို ပုန်ကုန်တာ မဟုတ်ပါဘူး။ ဒီပြဿနာ တွေက သိပ်ကို ရှုပ်ထွေးပါတယ်။

 ဆက်ရန်
messenger