သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနလက်အောက်ရှိ တက္ကသိုလ်၊ကောလိပ်၊သိပ္ပံများ တွင် ဆရာ၊ဆရာမအဖြစ်တာဝန်ထမ်းဆောင်လိုသူများအတွက် အလုပ်လျှောက်လွှာ


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန
အလုပ်ခန့်ထားရေးအတွက် လျှောက်လွှာခေါ်ယူခြင်း

၁။ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန လက်အောက်ရှိ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံ နှင့်ကျောင်းများတွင် အလုပ်ခန့်ထားနိုင်ရန်
အတွက် အောက်ဖော်ပြပါဘွဲ့ရများအား သရုပ်ပြ၊ လစာနှုန်း (၇၉၀၀၀-၁၀၀၀-၈၄၀၀၀) ရာထူးနေရာများ၌ အလုပ်ခန့်ထားရန်အတွက် သတ်မှတ်
ချက်များနှင့် ကိုက်ညီသူများ လျှောက်ထားနိုင်ပါသည်။ လျှောက်ထားသူသည်
လျှောက်လွှာနှင့်အတူ လိုအပ်သော စာရွက်စာတမ်းများ ပူးတွဲတင်ပြ၍ နီးစပ်
ရာ တက္ကသိုလ် ၊ ကောလိပ်၊ သိပ္ပံနှင့် ကျောင်းများတွင် (၂၀-၁၂-၂၀၁၃) ရက်
နေ့ နောက်ဆုံးထား၍ လျှောက်ထားနိုင်ပါသည်။

(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။

(ခ)M.E, B.E(Q), M.C.Tech, M.C.Sc, M.Sc(Phys), M.Sc(Chem), M.Sc(Maths), M.A(Eng), M.A(TEFL),M.A(Myan) ဘွဲ့ရရှိသူဖြစ်ရမည်။

(ဂ)Master ဘွဲ့ရများသည် (၃၀-၁၁-၂၀၁၃) ရက်နေ့တွင် အသက် (၂၈)နှစ်
ထက် မကြီးသူ ဖြစ်ရမည်။B.E(Q) ဘွဲ့ရသူများသည် (၃၀-၁၁-၂၀၁၃) ရက်
နေ့တွင် အသက် (၂၅) နှစ်ထက်မကြီးသူဖြစ်ရမည်ဖြစ်သည်။

(ဃ) (၆)လအတွင်းရိုက်ထားသော ပတ်စ်ပို့ ဓာတ်ပုံ(၃)ပုံ ၊ဘွဲ့လက်မှတ်မိတ္တူ၊ အသက်အထောက်အထားအတွက် တက္ကသိုလ်ဝင်တန်း
အောင် လက်မှတ်မိတ္တူ နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ၊

(င) ဒေသမရွေးတာဝန်ထမ်းဆောင်နိုင်ကြောင်း ဝန်ခံကတိရေးထိုးနိုင်ရမည်။

(စ)(၁) လအတွင်းပြုလုပ်ထားသော ကျန်းမာရေးကောင်းမွန်ကြောင်းဆေးထောက်ခံစာ။

(ဆ)(၁) လအတွင်းပြုလုပ်ထားသော အကျင့်စာရိတ္တကောင်းမွန်ကြောင်း
ကျေးရွာ/ရပ်ကွက်/ ရဲစခန်း ထောက်ခံစာ၊

(ဇ)(၆)လအတွင်းပြုလုပ်ထားသော အလုပ်သမားမှတ်ပုံတင်မိတ္တူ၊

(၂) သတ်မှတ်ချက်ကိုက်ညီသူများသည် အလုပ်ဝင်ခွင့် ရေးဖြေစာမေးပွဲ
ဖြေဆိုရမည်ဖြစ်ပါသည်။ လူတွေ့စစ်ဆေးချိန်တွင် ဘွဲ့/ နိုင်ငံသားစိစစ်ရေးကတ်/ တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်/ အလုပ်သမားမှတ်ပုံတင်မူရင်းများ တင်ပြနိုင်ရမည်။ လျှောက်လွှာများကို နီးစပ်
ရာ တက္ကသိုလ်/ကောလိပ်/သိပ္ပံ နှင့်ကျောင်းများ၌ ထုတ်ယူနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ၊ပြည်ထောင်စုဝန်ကြီးရုံး (တယ်လီဖုန်းနံပါတ် -၀၆၇-၄၀၄၀၁၇) တွင် ဆက်သွယ်စုံစမ်းနိုင်ပါသည်။
TechSpace Journal

စမ်းချောင်းမြို့နယ်တွင် ယာဉ်(၄)စီးတိုက်မိမှုဖြစ်


ရန်ကုန်၊ ဒီဇင်ဘာ ၇

၇.၁၂.၂၀၁၃ ရက်နေ့ ၀၄၂၀ အချိန် စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်း
အတိုင်း ဗားကရာလမ်းဘက် မှ ဟံသာဝတီလမ်းဘက်သို့ ယာဉ်မောင်း ဟန်မျိုးအောင်(ခ)အောင်ကြီး (ဘ)ဦးထွေးလှ၊ မကျီးတန်း တောင်ရပ်ကွက်၊ ကြည့်မြင်တိုင်မြို့နယ်နေသူမောင်းနှင်လာသော 5F/-----ကရီနာ
အနက်ရောင်ယာဉ်သည် ညောင်တုန်းလမ်းဆုံအလွန်အရောက် တစ်ဘက်ယာဉ်ကြောသို့ရောက်ရှိကာ မျက်နှာချင်းဆိုင်မှ ယာဉ်မောင်း ကိုမျိုးကြည် (ဘ)ဦးဌေးဝင်း၊ မရမ်းကုန်းမြို့နယ်နေသူမောင်းနှင် လာသော CC/----- ကရီနာဘင်အဖြူရောင်ယာဉ်အား ၀င်ရောက်တိုက်မိပြီး လမ်းယာဘက်စပ်၌ ရပ်ထားသော ဦးကျော်ကျော်ဦး၊ စမ်းချောင်းမြို့နယ်
နေသူပိုင် ၈ည/----- စူပါကာစတန်ယာဉ်နှင့် ကိုအောင်ဇော်မိုး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်နေသူ၏ AA/-----ကရီနာဘင်
အငှားယာဉ်တို့အား ဆက်လက်တိုက်မိခဲ့ပါသည်။

အဆိုပါယာဉ်တိုက်မှုကြောင့် ယာဉ်(၄)စီးပျက်စီးပြီး CC/-----ယာဉ်မောင်း ကိုမျိုးကြည်တွင် ၀မ်းဗိုက် နာကျင်ဒဏ်ရာနှင့် ၎င်းယာဉ်ပေါ်ပါခရီးသည် မအေးသက်ခိုင်တွင် နဖူး/နှာခေါင်း ပေါက်ပြဲဒဏ်ရာများ ရရှိကာ ရန်ကုန်ဆေးရုံကြီးတွင် ပြင်ပလူနာအဖြစ်ကုသရသောကြောင့်
ယာဉ်မောင်း ဟန်မျိုးအောင်(ခ) အောင်ကြီးအား စမ်းချောင်းမြို့မရဲစခန်း ယာဉ်(ပ)၁၅/၂၀၁၃၊ ပုဒ်မ ၂၇၉/၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
Yangon Police

Samsung Zawgyi Enabler v1.0 for Android


နိုင်ငံခြားရောက်မြန်မာတွေရဲ့ မြန်မာစာစနစ်မပါဝင်သေးတဲ့ Samsung ဖုန်းတွေနဲ့ ပြည်တွင်းက မြန်မာစာစနစ် (Myanmar Language) မပါဝင်သေးတဲ့ Samsung ဖုန်းတစ်ချို့တွေအတွက် Samsung Zawgyi Enabler လို့ခေါ်တဲ့ Android ဖုန်းဆော့ဝဲလေး တစ်ခုကို Myanmar Mobile App Store မှရေးသားထုတ်လုပ်လိုက်ပါပြီ ။Android 4.2 နှင့်အထက် မြန်မာစာ (Myanmar Language) မပါဝင်သေးသော Samsung ဖုန်းများကို မြန်မာဘာသာစကား Myanmar Zawgyi ထည့်သွင်းပေးမည်ဖြစ်ပါသည်။ဖုန်းတွင်း setting များအားလုံးတွင် မြန်မာဘာသာစကားပါဝင်လာစေမည်ဖြစ်ပါသည်။ Samsung Zawgyi Enabler ကိုအသုံးပြုရန် သင့်ဖုန်းအား root လုပ်ထားရန်လိုအပ်ပါသည်။ Samsung Zawgyi Enabler ကိုအသုံးပြုပြီးပါက ဖုန်းရဲ့ Setting >Language & input ထဲသို့ဝင်၍ Language တွင် Myanmar (Zawgyi) ကိုရွေးချယ်၍ မြန်မာဘာသာစကားဖြင့် ဖုန်းတွင်းစနစ်တစ်ခုလုံးကိုစတင်အသုံးပြုနိုင်စေမှာဖြစ်ပါတယ်။ နိုင်ငံခြားရောက်မြန်မာတွေရဲ့ မြန်မာစာစနစ်မပါဝင်သေးတဲ့ Samsung ဖုန်းတွေနဲ့ ပြည်တွင်းက မြန်မာစာစနစ် (Myanmar Language) မပါဝင်သေးတဲ့ Samsung ဖုန်းတွေအတွက်အခု Samsung Zawgyi Enabler ဆော့ဝဲလေးက အတော်လေးလွယ်ကူအဆင်ပြေသွားစေလိမ့်မယ်လို့ထင်ပါတယ်။ Samsung Zawgyi Enabler ကိုရေးသားဖန်တီးသူကတော့ Myanmar Mobile App Store မှ ကိုသက်နိုင်စိုး ဖြစ်ပါတယ်။ Samsung Zawgyi Enabler v1.0 for Android ကိုအောက်က link မှာ download ရယူနိုင်ပါတယ်။

Samsung Zawgyi Enabler Download လုပ်ရန်



Myanmar Mobile App Store

ခြင်ကိုက်သက်သာပြီး ခြင်ပြေးစေရန်


(၁)ကြက်သွန်ဖြူကို ဆီနှင့်ရော၍ (၂၄)နာရီထားပါ။ ထို့နောက် ရေ လက်ဖက်ရည်ပန်းကန်လုံး (၂)ခွက်၊ လတ်ဆတ်သောသံပရာရည် စားပွဲ ဇွန်း(၁)ဇွန်းရောထည့်ပြီး အ၀တ်နှင့် စစ်ပါ။ဖျန်းဘူးထဲထည့်၍ လှုပ်ခါပြီး အခန်းထောင့်ကို ပက်ဖျန်းပါ။

(၂)ယူကလစ်ဆီကို သံပရာရည်၊နေ ကြာဆီနှင့်ရော၍ အသားတွင် လိမ်း ပေးပါ။

(၃)ရှာလကာရည် Venigar ကို လိမ်းပေးနိုင်သည်။ အသားတွင် လည်းကောင်း၊ မိမိထိုင်သည်ခုံ၊ အလုပ်လုပ်သည့်စားပွဲခြေတိုင်များ တွင်လည်းကောင်း လိမ်းထားပါ။

(၄)လင်ဗင်ဒါဆီကို နားရွက်အနောက်၊ ခါး၊လည်ပင်းတို့တွင် လိမ်းထားပါ။ ရနံ့သင်းရုံမက ခြင်ကိုလည်း ပြေးစေ သည်။

အထက်ပါနည်းများမှာ ခြင်သေစေ ရန် ရည်ရွယ်ပြုလုပ်ခြင်းမျိုးမဟုတ် ဘဲ အနံ့မကြိုက်၍ ခြင်ပြေးစေသော နည်းလမ်းမျှသာဖြစ်သည်။
ထူး
Health Updates Journal

ကမ္ဘာ့ စွမ်းဆောင်ရည်အမြင့်ဆုံး လျှပ်စစ် မော်တော်ဆိုင်ကယ်


ကမ္ဘာ့ စွမ်းဆောင်ရည်အမြင့်ဆုံး လျှပ်စစ် မော်တော်ဆိုင်ကယ်ဆိုပြီး Voxan အမည်ရ ပြင်သစ်အခြေဆိုက် မော်တော်ဆိုင်ကယ် ထုတ်လုပ်ရေး ကုမ္မဏီမှ မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။

အင်ဂျင်အရွယ် ၁၀၀၀ စီစီအားနဲ့ ညီမျှတဲ့ ၁၂.၈ ကီလိုဝပ်နာရီအား သုံး ဘက်ထရီကို တပ်ဆင်ထားပေးခြင်း ဖြစ် ပါတယ်။ အမြန်ဆုံးအားဖြင့် တစ်နာရီ မိုင် ၁၀၀ အထိ မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။ ၃.၄ စက္ကန့်အတွင်း တစ်နာရီ မိုင် ၆၀ အမြန်နှုန်းကို တင်ပေး နိုင်ပါတယ်။ မြင်းကောင်ရေအား ၂၀၀ ထုတ်နိုင်ပြီး ဘီးလည်နှုန်းက တစ်မိနစ်ကို အပတ်ရေ ၁၀၅၀၀ ရှိပါ တယ်။ အား အပြည့် တစ်ခါသွင်းထားရင် မိုင် ၁၂၀ ခရီး သွားနိုင် ပါတယ်။ နာရီဝက်အတွင်း အား ၈၀ ရာခိုင်နှုန်းပြန်သွင်းနိုင်တာမို့ Electric technology မှာ Invest အများကြီးလုပ်ထား တဲ့ ဆိုင်ကယ် ဖြစ်ပါတယ်။

ဆိုင်ကယ်ရဲ့ ဈေးနှုန်းကို မကြေညာရသေးပါဘူး။ ပြီးခဲ့တဲ့ LA မော်တော် ယာဉ်ပြပွဲမှာပဲ ဝင်ရောက် ပြသခဲ့တာ ဖြစ်ပါတယ်။ Voxan Watt လို့အမည်ပေး ထားတဲ့ ယင်း ဆိုင်ကယ်ကို ၂၀၁၄ ခုနှစ်အတွင်းမှာ ထုတ်လုပ်ရောင်းချ သွားမှာ ဖြစ်ကြောင်း သိရ ပါတယ်။
.
Ref: pocketlint
အောင်ခမ်း ( Yoyarlay )

ထူးဆန်းထွေလာ သတင်းများ

 

၁၁ နှစ်အရွယ် မိန်းကလေးအား ၁၈ နှစ်ကြာ အကျဉ်းချထားပြီး အဓမ္မ ပြုကျင့်ခဲ့သူအား ထောင်ဒဏ် ၄၃၁ နှစ် ချမှတ်

         
၁၁ နှစ်အရွယ် ဂျေစီဒူးဂတ် ဆိုသူ မိန်းကလေးအား အသက် ၂၉ နှစ် အရွယ်အထိ ၁၈ နှစ်ကြာ အကျဉ်းချ အဓမ္မပြုကျင့်ခဲ့သူ ဖိလစ်ဂါရီဒို ဆိုသူအား တရားရုံးက ဇွန်လ ၂ ရက်နေ့တွင် တရားရုံးက ထောင်ဒဏ် ၄၃၁ နှစ် ချမှတ်လိုက်ကြောင်း သိရသည်။
ဂျေစီဒူးဂတ်အား အကျဉ်းချ နှိပ်စက်မှုများတွင် ပါဝင် ပတ်သက်ခဲ့သော ဖိလစ်ဂါရီဒို၏ ဇနီးဖြစ်သူ နန်စီဂါရီဒိုကိုလည်း ကာလီဖိုးနီးယား ပြည်နယ် အယ်လ်ဒိုရာဒို ကောင်တီ တရားရုံးက ထောင်ဒဏ် ၃၆ နှစ် ချမှတ်ခဲ့သည်။ ကျူးလွန်ခံခဲ့ရသည့် ဒူးဂတ်သည် စီရင်ချက်ချသည့်နေ့တွင် ကိုယ်တိုင် တက်ရောက် နားထောင်ခြင်း မရှိဘဲ မိခင်ဖြစ်သူကသာ သူ၏ ထွက်ဆိုချက်ကို ကိုင်ဆောင်ပြီး တက်ရောက်ခဲ့သည်။

ဂျေစီဒူးဂတ်၏ ထွက်ဆိုချက်ကို မိခင်ဖြစ်သူ တယ်ရီပရိုဗင်က တရားရုံးတွင် ဖတ်ပြခဲ့သည်။ ၁၉၉၁ ခုနှစ်က ကာလီဖိုးနီးယားပြည်နယ် တာဟိုးကန် တောင်ပိုင်းရှိ နေအိမ်ရှေ့တွင် ကစားနေစဉ် ပြန်ပေးဆွဲခံခဲ့ရသော ဒူးဂတ်သည် ယခုအခါ အသက် ၃၁ နှစ် ရှိနေပြီ ဖြစ်သည်။

ဒူးဂတ်ကို ၂၀၀၉ ခုနှစ်တွင်မှ အာဏာပိုင်များက ပြန်ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။ ဂါရီဒို လင်မယားသည် ၎င်းတို့အိမ်ရှိရာ ကာလီဖိုးနီးယား ပြည်နယ်၊ အန်တီယို့ခ်ျရှိ မြေအောက်ခန်းတွင် ဒူးဂတ်ကို ဖမ်းထားခဲ့သည်။ ဒူးဂတ်သည် ဂါရီဒိုနှင့် ကလေး နှစ်ယောက် ရခဲ့သည်။

ဒူးဂတ်၏ ထွက်ဆိုချက်တွင် ''ရှင်ရှိနေတဲ့ နေရာမှာ ကျွန်မဘ၀ရဲ့ နောက်ထပ် တစ်စက္ကန့်ကိုမျှ မဖြုန်းတီးပစ်ချင်တော့လို့ ဒီနေ့ ဒီနေရာမှာ ကျွန်မ ရှိမနေတာပါ''ဟု ဖော်ပြထားခဲ့သည်။

''ဖိလစ်၊ ရှင့်ရဲ့ ဖျော်ဖြေရေး အတွက် ကျွန်မကို အရာဝတ္ထု တစ်ခုလို အမြဲ အသုံးချခဲ့တယ်။ ရှင်နဲ့ ရှင့်ရဲ့လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကြောင့် ၁၈ နှစ်လုံး နေ့တိုင်း စက္ကန့်တိုင်း အမုန်းတရားတွေနဲ့ ပြည့်နှက်နေခဲ့ရတယ်။ နန်စီ၊ ရှင့်ကိုတော့ ဘာမှ မပြောလိုပါဘူး။ ရှင်တို့ နှစ်ယောက်စလုံးရဲ့ အနှစ်မပါတဲ့ စကားလုံးတွေနဲ့ တောင်းပန်မှုတွေကို ထပ်ပြောမနေပါနဲ့တော့။ ရှင်တို့ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေ အတွက် ကျွန်မလိုပဲ ရှင်တို့မှာ အိပ်မပျော်နိုင်တဲ့ညတွေ အများကြီး ရှိမယ်လို့ မျှော်လင့်ပါတယ်''ဟု ခံစားချက် အပြည့်ဖြင့် ရေးသားထားသော ထွက်ဆိုချက်ကို တင်ပြခဲ့သည်။

''ကျွန်မဘ၀နဲ့ ကျွန်မမိသားစုကို ခိုးယူသွားတဲ့ အဲဒီနှစ်တွေ အတွက် ကျွန်မ အရမ်း ဒေါသထွက်ခဲ့တယ်။ အခုချိန်မှာတော့ နေလို့ကောင်းနေပါ ပြီ။ ခြောက်အိပ်မက်တွေ ရှိမနေတော့ပါဘူး။ ခင်စရာကောင်းတဲ့ သူငယ်ချင်းတွေနဲ့ မိသားစုတွေ ရှိနေပြီ။ ရှင်တို့ ကျွန်မဆီက ဘယ်တော့မှ ထပ်မယူသွားနိုင်မဲ့ အရာတွေပေါ့။ ရှင်တို့ဟာ ကျွန်မအတွက် အရေးမကြီးတော့ဘူး''ဟု ဒူးဂတ် က ပြောကြားခဲ့သည်။

ကာလီဖိုးနီးယားပြည်နယ် ဥပဒေအရ ဂါရီဒို ကျူးလွန်ခဲ့သော ပြစ်မှုများ အတွက် သေဒဏ်ချမှတ်၍ မရနိုင်ကြောင်း သိရသည်။ အသက် ၆၀ ရှိပြီ ဖြစ်သော ဂါရီဒိုသည် ယခု စီရင်ချက်ကို အယူခံဝင်နိုင်သည်ဟု သိရသည်။

အမျိုး​သမီး​ထင်မှတ်ကာ အမျိုး​သား​ပြည့်​တန်ဆာကို ​ခေါ်ယူမိသည့်​ တရုတ်အမျိုး​သား​ ဒုက္ခ​တွေ့​ရ

ကိုယ်စီး​သည့်​မြင်း​ အထီး​မှန်း​၊​ အမမှန်း​ မသိခဲ့​သည့်​ ကိစ္စအတွက် တရုတ်အမျိုး​သား​တစ်ဦး​ အလွန်တုန်လှုပ်​နေ​ကြောင်း​ သိရသည်။

ဇန်ဟုသာ အမည်​ဖော်ပြ​သော အသက် ၃၈ နှစ်အရွယ် အမျိုး​သား​သည် ဂွမ်ဇီး​ရှိ လီဇူး​မှ ဂျီယန်ဘင်ဥယျာဉ်တွင် အမျိုး​သမီး​ တစ်ဦး​နှင့်​ ​တွေ့​ဆုံခဲ့​သည်။ မှိန်​ဖျော့​ဖျော့​ အလင်း​ရောင်​အောက်တွင် အဆိုပါ အမျိုး​သမီး​သည် အလွန်ကြည့်​ကောင်း​နေပြီး​ ဇန်သည် အမျိုး​သမီး​နှင့်​ ညှိနှိုင်း​ကာ လိင်ဆက်ဆံမှု တစ်ကြိမ်အတွက် ယွမ်​ငွေ ၆၀ နှင့်​ သ​ဘောတူညီမှု ရရှိခဲ့​သည်။

၎င်းတို့​သည် ​နောက်​ဖေး​လမ်း​ကြား​ အခန်း​တစ်ခုတွင် လိင်ဆက်ဆံ​နေစဉ် ရဲများ​က အလစ်ဝင်​ရောက် ဖမ်း​ဆီး​ခဲ့​သည်။ ဇန်သည် ပြူတင်း​ပေါက်မှ ခုန်ချကာ ထွက်​ပြေး​ခဲ့​သော်လည်း​ ရဲများ​က ၎င်းကို ဖမ်း​မိခဲ့​သည်။ တန်ဟုသာ အမည်​ဖော်ပြ​သော ပြည့်​တန်ဆာ အမျိုး​သမီး​မှာ အခန်း​ထဲတွင်ပင် ဖမ်း​မိခဲ့​သည်။ နှစ်ဦး​လုံး​ကို ရဲစခန်း​တွင် ​ခေါ်ယူစစ်​ဆေး​သည့်​ အခါတွင်မှ ဇန်တစ်​ယောက် ​ခေါင်း​မီး​တောက်ရခြင်း​ဖြစ်သည်။

တန်သည် အမျိုး​သမီး​ တစ်ဦး​မဟုတ်ဘဲ ၄၂ နှစ်အရွယ် ​ယောက်ျား​စစ်စစ်ကြီး​ ဖြစ်​နေ​ကြောင်း​ သိလာရ၍ဖြစ်သည်။ မိမိ​လောက် မိုက်မဲသူ မရှိဟု ဇန်က ငြီး​တွား​ခဲ့​သည်။ ​မှောင်မည်း​နေချိန်တွင် အမျိုး​သမီး​ဟုသာ ထင်ခဲ့​ကြောင်း​ ၎င်းက ဝန်ခံခဲ့​သည်။ ​ယောက်ျား​ချင်း​ လိမ်လည်မှုကို ခံရခြင်း​အတွက် ခံပြင်း​ကြောင်း​လည်း​ ဇန်ကဆိုသည်။ တန်သည် ထိုကဲ့​သို့​ ပြည့်​တန်ဆာ လုပ်ကိုင်ပြီး​ တစ်လလျင် ယွမ်​ငွေ ၈၀၀ မှ ၁ဝဝဝ ခန့်​ထိ ရရှိတတ်​ကြောင်း​ သိရသည်။

လီဇူး ​မှ ရဲများ​သည် ပြီး​ခဲ့​သည့်​ သီတင်း​ပတ်ကလည်း​ အမျိုး​သား​တစ်ဦး​၊​ အမျိုး​သမီး​တစ်ဦး​တို့​ကို ပြည့်​တန်ဆာမှုဖြင့်​ ဖမ်း​ဆီး​ခဲ့​ပြီး​ ၎င်းတို့​ထံမှ ကွန်ဒုံး​များ​၊​ အပြာရုပ်ရှင်​ခွေများ​နှင့်​ ကာမအား​ပေး​သည့်​ ​ဆေး​တောင့်​များ​ကို သိမ်း​ဆည်း​ရမိခဲ့​သည်။

မုဒိမ်း​ကျင့်​ရန် ကြိုး​ပမ်း​သူ၏ လိင်အင်္ဂါအား​ အမျိုး​သမီး​က ဓား​ဖြင့်​ဖြတ်

ဘင်္ဂလား​ဒေ့​ရှ် နိုင်ငံမှ အမျိုး​သမီး​ တစ်ဦး​သည် သူမကို မုဒိမ်း​ကျင့်​ရန် ကြိုး​ပမ်း​ခဲ့​သူ တစ်ဦး​၏ လိင်အင်္ဂါကို ဓား​ဖြင့်​ဖြတ်ပစ်ခဲ့​ကြောင်း​ သိရသည်။

ဂျာလာကာသီရှိ မာဇာပွာ​ ကျေး​ရွာတွင် သူမ၏ ​နေအိမ်အတွင်း​ ချဉ်း​နင်း​ဝင်​ရောက်ကာ မုဒိမ်း​ကျင့်​ရန် ကြိုး​ပမ်း​သူအား​ အသက် ၄၀ အရွယ် မွန်ဂျူဘီဂမ်က ခပ်ကြမ်း​ကြမ်း​ တုန့်​ပြန်လိုက်ခြင်း​ ဖြစ်သည်။ က​လေး​ ၃ ဦး​၏ မိခင်ဖြစ်​သော ဘီဂမ်သည် အဆိုပါ လူ့​အင်္ဂါ အစိတ်အပိုင်း​ကို ဖြတ်​တောက်ပြီး​နောက် ရဲထံသို့​ သက်​သေခံ ပစ္စည်း​အဖြစ် သွား​ရောက်ပြခဲ့​သည်။

သူမက အိမ်နီး​ချင်း​ဖြစ်သူ မိုဇမ်မယ်ဟက်မာဇီသည် သူမအား​ မဟား​ဒရား​ကျင့်​ကြံရန် ကြိုး​ပမ်း​ခဲ့​ကြောင်း​ တိုင်ကြား​ခဲ့​သည်။ မာဇီသည် မူလက ငြင်း​ဆိုခဲ့​သော်လည်း​ ​ဆေး​ ရုံသို့​ အလျင်အမြန် သွား​ရောက်ခဲ့​ရသည်။ ယခုအခါ မာဇီ၏ အ​ခြေအ​နေ သက်သာတိုး​တက်လာ​ကြောင်း​ ရဲတပ်ဖွဲ့​ ​ပြော​ရေး​ဆိုခွင့်​ အရာရှိ အဘူ​ခေယာကဆိုသည်။ ဘီဂမ်သည် မာဇီအား​ တုန့်​ပြန်တိုက်ခိုက်ကာ ဓား​တစ်လက်ဖြင့်​ မာဇီ၏ လိင်အင်္ဂါကို ဖြတ်​တောက်ခဲ့​ခြင်း​ဖြစ်သည်။

ထိုသို့ ​လုပ်ခြင်း​သည် မာဇီက သူမကို မုဒိမ်း​ကျင့်​ရန် ကြိုး​စား​ခဲ့​ခြင်း​ကို သက်​သေပြရန်ဟုဆိုသည်။ သူမသည် ယခင်က မာဇီအား​ ထိုကဲ့​သို့​ အလား​တူ ကြိုး​ပမ်း​မှုအတွက် တိုင်ကြား​ခဲ့​သော်လည်း​ အ​ထောက်အထား​ မခိုင်လုံခဲ့​ သော​ကြောင့်​ မာဇီမှာ လွတ်​မြောက်သွား​သည်။ မာဇီကမူ မိမိနှင့်​ ဘီဂမ်တို့​မှ တိတ်တိတ်ပုန်း​ ဇာတ်ရှုပ်​နေပြီး​ မိမိက ဇနီး​နှင့်​ က​လေး​များ​ကို သစ္စာ​ဖောက်​နေရခြင်း​ကို ဆက်မလုပ်ချင်ဟု ​ပြောဆိုခဲ့​ရာမှာ ဘီဂမ်က ယခုလို လုပ်ခဲ့​ခြင်း​ဟု စွပ်စွဲထား​သည်။

ရှာအီဘန်ဂလာ ​ဆေး​ရုံမှ ပ​ရော်ဖက်ကဆာ ရှာဖူဇာမန်က ပြတ်သွား​သော လိင်အင်္ဂါကို ​ဆေး​ရုံအ​ရောက် ယူ​ဆောင်ခဲ့​သော်လည်း​ နာရီ​ပေါင်း​ အတန်ကြာ​နေပြီ ဖြစ်​နေသဖြင့်​ ပြန်ဆက်​ပေး​ရန် မဖြစ်နိုင်​တော့​ဟု ​ပြောဆိုသွား​သည်။

ရေမချိုး တဲ့ ခင်ပွန်းနဲ့ ကွာရှင်း လိုက်တဲ့ ဇနီး


အီဂျစ် နိုင်ငံက အင်ဂျင်နီယာ အမျိုးသမီး တစ်ဦးဟာ တရားရုံးမှာ လင်မယား ကွာရှင်းဖို့ အတွက် ဦးတိုက် လျှောက်ထား လိုက်တယ်လို့ သိရပါတယ်။ အမည် မဖော်လိုတဲ့ အဲဒီ အမျိုးသမီးရဲ့ ကွာရှင်းလိုတဲ့ အကြောင်းက လက်ထပ်ပြီး တစ်လအတွင်း ရေတစ်ခါမှ မချိုးတဲ့ သူ့ခင်ပွန်းနဲ့ ဆက်လက် မပေါင်းသင်း လိုတဲ့အတွက် ကွာရှင်းခွင့် တောင်းခံ ထားတယ်လို့ သိရပါတယ်။ ခင်ပွန်း ဖြစ်သူရဲ့ အကြောင်း ပြချက်ကတော့ ရေနဲ့ဓာတ် မတည့်လို့ ရေမချိုးတာ ပါလို့ ဆိုပါတယ်။ ဇနီးက ဆရာဝန်ထံ ပြသအကြံဉာဏ် ယူပေမယ့် တစ်ကိုယ်ရေ မသန့်ရှင်းမှုနဲ့ လင်မယား အချေအတင် အငြင်းပွား ကြပါတယ်။ အကျင့်မဖျောက်နိုင် တဲ့ခင်ပွန်းက ကွာရှင်း မပေးနိုင် ဆိုတဲ့အတွက် တရားရုံးရဲ့ အမိန့်ချ မှတ်တာကို စောင့်စားနေရတယ်လို့ ဆိုပါတယ်။

အိမ်ပေါ်တက်ကာ အကြင်နာအနမ်းပေးသူကို အရေးယူ

ကိုတင်လှိုင်(မိတ္ထီလာ)
မိတ္ထီလာ၊ မေ ၂၄- မိတ္ထီလာခရိုင် ၀မ်းတွင်းမြို့နယ် အမှတ်(၁) ညောင်ပင်ရပ်နေ ရက်ကန်း အလုပ်သမ ---(၂၄)နှစ်သည် မေ၁၂ရက် ညဘက် အိမ်မှာ တစ်ဦးတည်းရှိနေစဉ် ည ၁၀နာရီက ၀မ်းတွင်းမြို့ အမှတ်(၂) ကွက်သိမ်တောင်ရပ်ကွက်နေ ကုလားကြီး(ခ) အောင် ကျော်ဆန်း ရုတ်တရက်အိမ်ပေါ်တက်လာပြီး မ..အား ပွေ့ဖက်နမ်းရှုပ်ခဲ့ကြောင်း သိရသည်။ ယင်းအတွက် ၀မ်းတွင်းရဲစခန်းတွင် အမှုဖွင့်တိုင်ကြားရာ ကုလားကြီး (ခ) အောင်ကျော်ဆန်း (၄၅)နှစ်အား ရဲစခန်းမှ (ပ)၆၄/ ၂၀၁၁၊ ပုဒ်မ ၄၅၁/ ၃၅၄ဖြင့် အမှု ဖွင့် အရေးယူထားသည်။

သမီး​ဖြစ်သူ၏ အပျိုစင်ဘဝကို ​ရောင်း​စား​ခဲ့​သည့်​ မိခင်တစ်ဦး​ ​ထောင်ဒဏ် ၁၅ နှစ် ကျခံရဖွယ်ရှိ

သမီး​ဖြစ်သူ၏ အပျိုရည်ကို ​ရောင်း​စား​ခဲ့​မှုအတွက် မိခင်တစ်ဦး​သည် ​ထောင်ဒဏ် ၁၅ နှစ် ကျခံရမည့်​ အ​ရေး​နှင့်​ ကြုံ​နေရသည်။

ယူတား ​ရှိ ​ဆော့​လိတ်စီး​တီး​မှ အမျိုး​သမီး​ သည် သူမ၏ အသက် ၁၃ နှစ်အရွယ် သမီး​လေး​၏ အပျိုရည်ကို လူတစ်ဦး​ထံ ​ဒေါ်လာ တစ်​သောင်း​ဖြင့်​ ​ရောင်း​ချရန် ကြိုး​စား​ခဲ့​သည်။ အသက် ၃၂ နှစ်ရှိ ဖီလီစီယာ ​ရေး​ မက်ကလူရာသည် ယူတား​ခရိုင် တရား​ရုံး​တွင် က​လေး​ငယ်ကို လိင်ပိုင်း​ဆိုင်ရာ မ​လျော်မကန် ပြုမူမှုဖြင့်​ တရား​စွဲဆို ခံထား​ရသည်။

ဒွန်အမည်ရှိ လူတစ်ဦး​အား​ သူမသည် ဖုန်း​မှ ဆက်သွယ်ပြီး​နောက် ၁၃ နှစ်အရွယ် သမီး​နှင့်​ လိင်ဆက်ဆံရန် ခွင့်​ပေး​မည်ဟု ​ဒေါ်လာ ၁၀၀၀၀ ဖြင့်​ ​ဈေး​တည့်​ခဲ့​ကြောင်း​ ရဲများ​ကဆိုသည်။ မိန်း​က​လေး​က မူလတွင် သူမသည် မိခင်ဖြစ်သူ၏ ဆန္ဒအတိုင်း​ လိုက်​လျောရန် စဉ်း​စား​ခဲ့သော်လည်း​ ​နောက်ပိုင်း​တွင် ယင်း​ကို ငြင်း​ဆန်ခဲ့​ကြောင်း​ ရဲများ​ထံ ​ပြောဆိုခဲ့​သည်။ ဖီလီစီယာသည် သမီး​ ဖြစ်သူကို အဝတ်ဆိုင် တစ်ခုသို့​ ​ခေါ်သွား​ကာ အဝတ်လဲခန်း​ တံခါး​ကို ဖွင့်​ပြပြီး​ သမီး​ဖြစ်သူ၏ ခန္ဓာကိုယ် အချိုး​အစား​ကို ဒွန်မြင်နိုင်ရန် တံခါး​ဖွင့်​ပြခဲ့​ကြောင်း​ သိရသည်။

ထို့ ​အပြင် မိန်း​က​လေး​၏ မ​လျော်မကန် ပုံများ​ကို လူတစ်ဦး​ထံ ပြသခဲ့​သေး​ကြောင်း​လည်း​ စွပ်စွဲခံထား​ရသည်။ လက်ရှိတွင် သူမသည် ​ဆော့​လိတ်စီး​တီး​ အကျဉ်း​ထောင်ထဲ ​ ရောက်​နေ​ကြောင်း​ သိရှိရသည်။

အမျိုး​သား​များ​ ​လေး​ကန်ထိုင်း​မှိုင်း​စွာ​နေထိုင်ပါက ဆွဲ​ဆောင်မှုပိုရှိ


အမျိုး​သား​များ​အ​နေနှင့်​ ​လေး​လေး​ကန်ကန် ထိုင်း​ထိုင်း​မှိုင်း​မှိုင်း​ ​နေထိုင်ပါက ပိုမိုဆွဲ​ဆောင်မှု ရှိ​နေတတ်​ကြောင်း​ သု​တေသန စစ်တမ်း​တစ်ခုကဆိုသည်။

၎င်းတို့ ​အ​နေနှင့်​ ပြုံး​ပြုံး​ရွှင်ရွှင် ​နေခြင်း​ကို လျစ်လျူရှုသင့်​သည်ဟု ယင်း​စစ်တမ်း​ကဆိုသည်။ တစ်ဖက်တွင်မူ အဆိုပါ အကြံပြုချက်ကို အမျိုး​သမီး​များ​အ​နေနှင့်​ ​ပြောင်း​ပြန်လိုက်နာရ​ပေမည်။ ပြုံး​ပျော်ရွှင်မြူး​နေသည့်​ မိန်း​က​လေး​များ​သည် ဆန့်​ကျင်ဖက်ကို ပိုမိုဆွဲ​ဆောင်တတ်​ကြောင်း​ က​နေဒါ သု​တေသီများ​က ​တွေ့​ရှိခဲ့​သည်။ ရွှင်ပြ​နေ​သော အမျိုး​သား​များ​သည် လိင်ပိုင်း​ဆိုင်ရာ နှိုး​ဆော်ဆွဲ​ဆောင်မှု ​လျော့​နည်း​လေ့​ရှိပြီး​ အမျိုး​သမီး​များ​တွင်လည်း​ သုန်သုန်မှုန်မှုန် ဖြစ်​နေသူများ​ကို အမျိုး​သား​ အများ​စုက သ​ဘောမ​တွေ့​ဟုဆိုသည်။

ခပ် ​ပျော်​ပျော်​နေတတ်​သော အမျိုး​သား​များ​ကို အမျိုး​သမီး​များ​က လိင်နှင့်​ဆိုင်​သော စိတ်လှုပ်ရှား​မှုမျိုး​ မရှိတတ်​ကြောင်း​ ဗြိတိသျှ ကိုလံဘီယာ တက္ကသိုလ်မှ သု​တေသီ ဂျက်ဆီကာ ထ​ရေစီက ရှင်း​ပြခဲ့​သည်။ ပ​ရော်ဖက်ဆာ တစ်ဦး​ဖြစ်​သော ထ​ရေစီက အမျိုး​သား​များ​ အ​နေနှင့်​မူ တည်တည်ငြိမ်ငြိမ် သိုသိုသိပ်သိပ် ဖြစ်​နေခြင်း​ထက် ပြုံး​ရွှင်​နေ​သော အမျိုး​သမီး​တစ်ဦး​ကို ပိုမို​တောင့်​တ လိုလား​ကြောင်း​ဆိုသည်။

သု ​တေသီများ​က ထိုကဲ့​သို့​ အမျိုး​သမီး​နှင့်​ အမျိုး​သား​ သက်​ရောက်မှု ကွာခြား​ပုံကို ရှင်း​ရှင်း​လင်း​လင်း​ မ​ဖော်ထုတ်နိုင်​သေး​ကြောင်း​ ဝန်ခံခဲ့​သည်။ ၎င်းတို့​က ဆန့်​ကျင်ဖက်လိင်ကို ဆွဲ​ဆောင်နိုင်စွမ်း​တွင် ကိုယ်အမူအရာ၏ သက်​ရောက်မှုသည် အ​တော်အတန် အ​ရေး​ပါ​သော ကဏ္ဍတွင် ရှိ​နေ​ကြောင်း​ ​ပြောဆိုသွား​သည်။


အလှမယ်ပြိုင်ပွဲ ဝင်​ရောက်ယှဉ်ပြိုင်မိသည့်​ မွတ်ဆလင်မိန်း​က​လေး​ ​ကျောက်တုံး​ဖြင့်​ပစ်​ပေါက် အသတ်ခံရ

အစ္စလာမ်ဘာသာဝင် မိန်း​က​လေး​တစ်ဦး​သည် အလှမယ်ပြိုင်ပွဲ ဝင်​ရောက်ယှဉ်ပြိုင်မိရုံဖြင့်​ ​ကျောက်တုံး​များ​နှင့်​ ပစ်​ပေါက်သတ်ဖြတ် ခံခဲ့​ရ​ကြောင်း​ သိရသည်။

ယူကရိန်း​မှ အသက် ၁၉ နှစ်အရွယ် ကက်တာယာကိုရန်သည် ခရီမီယာ​ဒေသရှိ ရွာတစ်ခုအနီး​ ​နေထိုင်သူဖြစ်ပြီး​ သူမ၏ အ​လောင်း​ကို ရွာပြင်တွင် ​တွေ့​ရှိခဲ့​သည်။ သူမ၏ မိတ်​ဆွေများ​က ကက်တာယာသည် ဖက်ရှင်ကျန​သော အဝတ်အစား​များ​ဖြင့်​ အလှမယ်ပြိုင်ပွဲတစ်ခုသို့​ သွား​ရောက်ယှဉ်ပြိုင်ခဲ့​ပြီး​နောက် အစ္စလာမ် ရှာရီယာ စည်း​မျဉ်း​များ​ကို ​ဖောက်ဖျက်​ကြောင်း​ စွပ်စွဲခံရပြီး​ မွတ်ဆလင် လူငယ် ၃ ဦး​က ဖမ်း​ဆီး​ကာ ​သေဒဏ်စီရင်ခြင်း​ ခံခဲ့​ရ​ကြောင်း​ ​ပြောကြား​ခဲ့​သည်။

လူငယ် ၃ ဦး​အနက် ၁၆ နှစ်အရွယ် ဘီဟယ်ဂါဇီယက် ဆိုသူကို ဖမ်း​ဆီး​ထား​ပြီး​ဖြစ်သည်။ ၎င်းက မိန်း​က​လေး​အား​ ရှာရီယာ စည်း​မျဉ်း​များ​ကို ​ဖောက်ပြန်မှုအတွက် ​သေဒဏ်ထိုက်သင့်​ကြောင်း​ ​ပြောကြား​ခဲ့​သည်။ အစ္စလာမ်ဘာသာ​ရေး​တွင် အိမ်​ထောင်​ရေး​ဖောက်ဖျက်ခြင်း​ကဲ့​သို့​ ပြစ်မှုများ​အတွက် ​ကျောက်တုံး​ဖြင့်​ ပစ်​ပေါက်သတ်ဖြတ်မှုများ​ ပြုလုပ်မှုများ​ ရှိ​နေဆဲဟု နိုင်ငံတကာ လွတ်ငြိမ်း​ချမ်း​သာခွင့်​ အဖွဲ့​ကြီး​က ​ပြောကြား​ခဲ့​သည်။

အီရန်၊ ​ နိုက်ဂျီး​ရီး​ယား​နှင့်​ ပါကစ္စတန်တို့​တွင်လည်း​ အလား​တူ ဖြစ်ရပ်များ​ ​ပေါ်​ပေါက်ခဲ့​သည်ကို မိမိတို့​ သတင်း​ရရှိထား​ကြောင်း​ အဆိုပါ အဖွဲ့​ကြီး​က ​ပြောကြား​ခဲ့​သည်။ ၂၀၀၉ ခုနှစ်က အဆိုပါ ပုံစံမျိုး​ဖြင့်​ ​သေဒဏ်ချခံရသူ ၂၇၀ ​ကျော်ထိ ရှိခဲ့​ကြောင်း​ သိရသည်။

ဗြိတိန်နိုင်ငံ၏ အသက်အငယ်ဆုံး​ ​ကြေး​စား​လူသတ်သမား

                                         
က ​လေး​အ​မေ တစ်ဦး​အား​ ​ပေါင်စတာလင် ၂၀၀ ယူကာ ပစ်သတ်ခဲ့​ပြီး​နောက် ဆန်ထရီဆန်ချက်​ဂေး​သည် ဗြိတိန်၏ အသက်အငယ်ဆုံး​ ​ကြေး​စား​လူသတ်သမား​ ဖြစ်လာသည်။

၎င်းသည် အသက် ၂၆ နှစ်ရှိ ဂွီစတန်ဆူဘာစီကို ​ပြောင်း​တို​သေနတ် တစ်လက်ဖြင့်​ ပစ်သတ်ခဲ့​သည်။ ဒုစရိုက်ဂိုဏ်း​သား​ တစ်ဦး​ဟု ယူဆရ​သော ​ဂေး​သည် ယခုကဲ့​သို့​ ရာဇဝတ်မှုများ​ကို ​ထောင်ထဲ​ရောက်​နေသည့်​ ဖ​အေတူမ​အေကွဲ အစ်ကိုနှစ်ဦး​ထံမှ ဆက်စပ်မိလာခြင်း​ဟု သုံး​သပ်ခဲ့​သည်။ ​ဂေး​သည် Riotဟူ​သော နာမည်ဝှက်ဖြင့်​ လူသိများ​သူဟု အိုး​ဘေလီရှိ တရား​သူကြီး​ တစ်ဦး​က ​ပြောကြား​ခဲ့​သည်။ ၎င်းအား​ ဆန်ထရီ၏ တူရကီလူမျိုး​ ခင်ပွန်း​ဟောင်း​က ငှား​ရမ်း​ခဲ့​ပြီး​ အမျိုး​သမီး​ကို လုပ်ကြံ​စေခဲ့​ ခြင်း​ဖြစ်သည်။

ပြီး ​ခဲ့​သည့်​နှစ် မတ်လ ၂၂ ရက်​နေ့​က ဆယ်​ကျော်သက် တစ်ဦး​သည် ဆန်ထရီ၏ တိုက်ခန်း​သို့​ သွား​ရောက်ခဲ့​သည်ကို လုံခြုံ​ရေး​ ကင်မရာက မှတ်တမ်း​ တင်ထား ​ခဲ့​သည်။ ၎င်းသည် တံခါး​ခေါက်ပြီး​ အမျိုး​သမီး​ တံခါး​လာဖွင့်​ချိန်တွင် ​သေနတ်ဆွဲကာ အိမ်ထဲဝင်သွား​သည်ကို ကင်မရာက ရိုက်ယူခဲ့​သည်။

ယခုအခါ အသက် ၁၆ နှစ် ရှိ​နေပြီဖြစ်​သော လူသတ်သမား​သည် ရရှိလာသည့်​ ​ငွေများ​ကို အဝတ်အစား​ ဝယ်ယူပြီး​ Gucciတံဆိပ်ကို တုပထား​သည့်​ ဦး​ထုပ်တစ်လုံး​ ဝယ်ယူရန် အသုံး​ပြုခဲ့​ သည်ဟုဆိုသည်။ ​ဂေး​သည် လူသတ်မှုအတွက် ပြစ်မှုထင်ရှား​သည့်​အတွက် ​မေလ ၂၄ ရက်​နေ့​တွင် ​ထောင်ဒဏ်တစ်သက် ချမှတ်ခြင်း​ ခံလိုက်ရ​ကြောင်း​ သိရှိရသည်။


မိုးပျံတိုက်ပေါ်မှ ခုန်ချနေတဲ့ တောင်ကိုရီးယား ကျောင်းသားများ


နာမည်ကြီး တောင်ကိုရီးယား သိပ္ပံနှင့် နည်းပညာ တက္ကသိုလ် Kaist တွင် မကြာခင်က ကျောင်းသား ၄ ဦးနှင့် လူအများလေးစားခံရတဲ့ ပါမောက္ခ တစ်ဦး အထပ် ၂၀ မြင့်

အဆောက်အဦများမှ ကိုယ်စီ ခုန်ချ အဆုံးစီရင် သွားခဲ့ကြသည်။

တောင်ကိုရီးယား ပညာရေး ၀န်ကြီးဌာန ကြေငြာချက်အရ ၂၀၁၀ ခုနှစ်တွင် အထက်တန်းနှင့် အလယ်တန်း ကျောင်းသား ၅၃ ယောက်၊ မူလတန်း ၃ ယောက်တို့ အပါအ၀င် စုစုပေါင်းကျောင်းသား ၁၄၆ ဦး အဆုံးစီရင်ခဲ့သည်ဟု ဆိုသည်။

ဖွံ့ဖြိုးပြီး အိုအီးစီဒီ ၃၄ နိုင်ငံအနက် တောင်ကိုရီးယား မှာ သုံးနှစ်ဆက်တိုက် သတ်သေမှု အများဆုံးနှင့် လူငယ်အများစုတွင် ပျော်ရွှင်မှု အကင်းမဲ့ဆုံး နိုင်ငံ ဖြစ်နေသည်ဟုလည်း ဆိုးလ်မြို့ရှိ Yonsei တက္ကသိုလ် လူမှုဖွံ့ဖြိုးရေး လေ့လာမှုဌာနက ထုတ်ပြန်ခဲ့သည်။

သတ်သေသူများရဲ့ အဓိက အကြောင်းရင်းမှာ စာမေးပွဲ ရလဒ် ညံ့ဖျင်းခြင်းကြောင့် ဖြစ်သည်။

ကိုရီးယား ကလေးများမှာ ကျောင်းစတက်ကတည်းက ပုံမှန် အတန်းကျောင်းအပြင် အင်္ဂလိပ်စာ၊ သင်္ချာနှင့် အခြားဘာသာရပ်ပေါင်းစုံအတွက် ကျူရှင် ယူရသည်။ ကျောင်းစာအပြင် အခြားအမှတ်ရဖို့၊ အလေးစားခံရဖို့အတွက် စန္ဒယား၊ တယော စတဲ့ ဂီတ သင်တန်းများတွင်လည်း ပြိုင်ဆိုင်ရသည်။ မနက် ၅ နာရီ ကျူရှင်ထွက်၊ နေ့ကျောင်းတက်၊ ကျူရှင်ကို ည ၁၁နာရီထိ ပြန်တက်ကြရသည်။

အပြိုင်အဆိုင်ကြီးတဲ့ ကိုရီးယား မိဘတိုင်းက သူတို့ကလေး အတန်းထဲမှာ A အဆင့် ရဖို့ ပြဌာန်းထားပြီးသား ဖြစ်သည်။ B အဆင့် ကျောင်းသားမှာ အသိုင်းအ၀ိုင်းမှ အပစ်ပယ်ခံ ဖြစ်သည်။ ပုဂ္ဂလိက ကျူရှင်စရိတ်စက အရမ်းမြင့်ပေမဲ့၊ တောင်ကိုရီးယားမှာ မွေးဖွားနှုန်း  ကျလာတဲ့အတွက် မိဘတိုင်းက ကလေး တစ်ယောက် နှစ်ယောက်အတွက် လက်လှမ်းမှီကြသည်။

လူဦးရေ နှုန်းထားရ ၂၀၂၆ ခုနှစ်တွင် သက်ကြီးရွယ်အို များပြီး၊ လူငယ် အရေအတွက် လျော့နည်း နေမည်ဟု ကိုရီးယား လူဦးရေ စစ်တမ်းဌာနက ခန့်မှန်းထားသည်။ ယခု သတ်သေသူ အများစု အသက်မှာ ၁၄ နှစ်နှင့် ၂၄ နှစ်ကြားများ ဖြစ်တဲ့အတွက်၊ ပညာရေးစနစ်ကြောင့် နှစ်စဉ် လူငယ် ၁၅၀၊ ၂၀၀ နီးပါး တိုက်မြင့်မှ ပုံမှန် ခုန်ချနေလျှင်၊ တောင်ကိုရီးယား လူဦးရေ အချိုးအစား ရှေ့ရေးမှာ စိုးရိမ်ဖွယ် ဖြစ်သည်။
မောက္ခ နိုင်ငံတကာသတင်း


ကံ​ကောင်း​စေရန် အရှင်လတ်လတ် ​မြေမြှုပ်ခံသည့်​ ရုရှား​လူမျိုး​ ​သေဆုံး​သွား


ကံ​ကောင်း​စေသည်ဟူ​သော အယူအဆဖြင့်​ အရှင်လတ်လတ် ​မြေမြှုပ်ခံခဲ့​သော ရုရှား​လူမျိုး​တစ်ဦး​ ​သေဆုံး​သွား​ခဲ့​သည်။

၎င်းသည် သူငယ်ချင်း​ တစ်ဦး​အား​ အကူအညီ​တောင်း​ကာ ​မြေ​အောက်တွင် တစ်ည​နေရန် ကြိုး​ပမ်း​ခဲ့​ခြင်း​ဖြစ်သည်။ နိုင်ငံအ​ရှေ့​ပိုင်း​ ဘလာ​ဂေါ့​ဗက်ရှချက်တွင် ​နေထိုင်​သော အသက် ၃၅ နှစ်အရွယ် ပုဂ္ဂိုလ်သည် အ​ခေါင်း​တစ်ခုထဲ ဝင်​ရောက်ကာ ​လေ​ပေါက်​လေး​များ​ ​ဖောက်ပြီး​နောက် ဥယျာဉ်တစ်ခုအတွင်း​ ​မြေမြှုပ်ခံခဲ့​ခြင်း​ဖြစ်သည်။

သူငယ်ချင်း ​ဖြစ်သူသည် အ​ခေါင်း​ထဲတွင် ဖုန်း​တစ်လုံး​နှင့်​ ​ရေတစ်ပုလင်း​ကိုပင် ထား​ခဲ့​ပေး​သည်။ ဖုန်း​မှာ အ​ရေး​ကြုံပါက ဆက်သွယ်အချက်​ပေး​ရန်ဖြစ်သည်။ ​နောက်တစ်​နေ့​ နံနက်တွင် သူငယ်ချင်း​ ဖြစ်သူမှာ ဥယျာဉ်အတွင်း​ သွား​ရောက်ပြီး​ အ​ခေါင်း​ကို ပြန်လည်​ဖော်ခဲ့​ရာ အတွင်း​မှပုဂ္ဂိုလ် ​သေဆုံး​နေသည်ကို ​တွေ့​ရှိခဲ့​ရသည်။

စုံ​ထောက်များ​က ​သေဆုံး​သူသည် ယတြာသ​ဘောဖြင့်​ အ​ခေါင်း​ထဲ တစ်ညဝင်အိပ်ခြင်း​ဖြင့်​ ဘဝတ​လျှောက် ကံ​ကောင်း​စေမည်ဟု ယုံကြည်ခဲ့​ကြောင်း​ ​ပြောကြား​သွား​သည်။ ​သေသူမှာ ကွန်ပျူတာ ပရိုဂရမ်မာ တစ်ဦး​ဖြစ်ပြီး​ က​လေး​ငယ်တစ်ဦး​လည်း​ရှိ​ကြောင်း​ သိရသည်။ အ​ခေါင်း​ကို ပြန်​ဖော်ချိန်တွင် ​မြေအနက်မှာ ၂၀ စင်တီမီတာမျှသာ ရှိ​နေ​ကြောင်း​ စုံ​ထောက်ဌာနကဆိုသည်။

ရဲများ ​သည် ​မြေမြှုပ်​ပေး​ခဲ့​သော သူငယ်ချင်း​အား​ စစ်​ဆေး​မေး​မြန်း​မှုများ​ ပြုလုပ်​နေဆဲဖြစ်သည်။ ယင်း​ဖြစ်ရပ်မျိုး​သည် ရုရှား​တွင် ပထမဆုံး​အကြိမ် ကြုံရခြင်း​ မဟုတ်​ပေ။ ပြီး​ခဲ့​သည့်​ ​နွေရာသီကလည်း​ ​မော်စကိုမြို့​သား​တစ်ဦး​ ယတြာ​ချေပြီး​ အရှင်လတ်လတ် ​မြေမြှုပ်ခံခဲ့​ရာ တစ်နာရီခွဲအကြာတွင် အ​ခေါင်း​ကို ပြန်​ဖော်ကြည့်​ပြီး​နောက် ၎င်း၏ အ​လောင်း​ကိုသာ ပြန်ရခဲ့​ဖူး​ကြောင်း​ သတင်း​များ​က ​ဖော်ပြသွား​သည်။ 

အသက် ၁၈နှစ်ပြည့်မှ ဖတ်ပါ - နောက်ဆက်တွဲ (၂)

ကိုယ်ဝန်ရခြင်း


ဆရာရှင့်
နားနဲ့ မနာ ဖ၀ါးနဲ့ နာပါ၊ ကျွန်မက အသက် ၂၂ ရှိပြီဖြစ်တဲ့ အပျိုပါ၊ ကျောင်းသူပါ ဆရာရဲ့
အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ ဆိုတာတွေလည်း ဖတ်ပြီးပါပြီ အလွန် ဗဟုသုတ ရပါတယ်၊ ကျွန်မ
သိချင်တာလေး မေးပါရစေ။
ဆရာရေးထားတာက
oral sex က ကိုယ်ဝန် မရနိုင်ဘူးလို့ ဖတ်ရပါတယ်၊ ယောက်ျားလေး သုတ်ပိုး မိန်းကလေး ကိုယ်ထဲဝင်မှ
ကိုယ်ဝန်ရှိတာလားရှင်၊ ယောက်ျာလေး အရည် နဲ့ မိန်းကလေး အင်္ဂါ ထိတွေ့မိရင်ရော ကိုယ်ဝန် ရနိုင်ပါသလားရှင်
ဆရာ ကျွန်မကို ကျေးဇူးပြုပြီး ဖြေကြားပေးပါ။
ကိုယ်ဝန်ရှိသွားတယ်ဆိုတာကို
တိတိကျကျပြောရရင် ယောက်ျား လိင်အင်္ဂါကနေထွက်တဲ့ သုတ်ရည်နဲ့ မိန်းကလေး ရဲ့ မျိုးဥ တနည်းနည်းနဲ့
ထိတွေ့၊ ပေါင်းစပ်မှ ဖြစ်တာပါ။ လွယ်တယ်ဆိုလဲ ဟုတ်တယ်၊ ခက်ခဲတယ် ဆိုပြန်ရင်လဲ မှန်တယ်။
တခါတည်း ဆက်ဆံတာနဲ့ ကိုယ်ဝန်ရှိသွားတတ်သလို အိမ်ထောင်ရက်သား ကျတာ နှစ်တွေ ကြာတာတောင်မှ
သားသမီး မထွန်းကားတာလဲ ရှိတယ်။
(သုတ်ရည်ဆိုတာ)
လိင်စိတ်ဖြစ်ပေါ်လာလို့ ယောက်ျားအင်္ဂါထိပ်မှာ စိုလာတဲ့ (စီမင်) ဆိုတဲ့အရည် မဟုတ်ပါ။ မိန်းကလေးတွေမှာလဲ
လိင်စိတ်ဖြစ်လာရင် မိန်းမအင်္ဂါမှာ စိုလာတာမျိုး ဖြစ်ပါတယ်။ ယောက်ျား - မိန်းမ နှစ်ယောက် လုံးမှာ
ဒီအရည်မျိုးက ကိုယ်ဝန် မဆောင်စေနိုင်ပါ။ လိင်ဆက်ဆံရင် (လိင်အင်္ဂါ နှစ်ခု ထိစပ်ခြင်းလုပ်ရင်)
အဆင်ပြေ ချောမွေ့အောင် ပြုပြင်ပေးမှုတခုသာ ဖြစ်ပါတယ်။
လိင်ဆက်ဆံစိတ်
ပြည့်ဝသွားချိန်မှာ ထွက်လာတဲ့အရည်ကိုသာ သုတ်ရည်ခေါ်တယ်။ အထဲမှာ သုတ်ပိုးတွေပါတယ်။ သုတ်ပိုးတွေက
ကျန်းမာသန်စွမ်းရမယ်။ အရည်အတွက်ကလဲ မနည်းရဘူး။ ဒါမှ ကိုယ်ဝန် ဆောင်စေနိုင်တယ်။ သုတ်ရည်ဆိုတာ
(စီမင်)လို စိမ့်ထွက်နေတာ မဟုတ်ဘဲ၊ အရှိန်နဲ့ ပန်းထွက်လာတာပါ။
ယောက်ျားဖြစ်ဖြစ်
မိန်းမဖြစ်ဖြစ် လိင်ဆက်ဆံတာ မလုပ်ဘဲလဲ လိင်စိတ်ပြည့်ဝသွားအောင် တခြားနည်းနဲ့လုပ်ရင်
ယောက်ျားမှာ သုတ်ရည် ထွက်စေနိုင်သလို၊ မိန်းမမှာလဲ နောက်အရည်တမျိုး ထွက်စေနိုင်တယ်။
ဒါမျိုးကို တနည်းအားဖြင့် ဆန္ဒပြည့်ဝသွားတယ်၊ (ကလိုင်းမက်စ်) ရောက်တယ်၊ (အော်ဂဇင်) ရတယ်လို့
ခေါ်တယ်။ အရပ်စကားနဲ့ ဆိုရင် “ပြီး” သွားတယ်ပေါ့။ မိန်းမတွေမှာ (အော်ဂဇင်) မရဘဲနဲ့ ကိုယ်ဝန်ဆောင်သွားနိုင်တယ်။
ယောက်ျား မှာတော့ (အော်ဂဇင်) ရလို့ သုတ်ရည် ထွက်မှသာ ကိုယ်ဝန် ဆောင်စေနိုင်တယ်။
လိင်ဆက်ဆံတာ
မဟုတ်ဘဲလဲ (အော်ဂဇင်) ရစေနိုင်တယ်။ (မာစတာဘေးရှင်း) လို့ခေါ်တယ်။ နည်းအမျိုးမျိုး ရှိတယ်။
(အိုရယ်လ်) ပါးစပ်သုံးနည်းကလဲ တခုအပါအ၀င်ဖြစ်တယ်။ မိမိလက်နဲ့ မိမိဖါသာ သာယာမှုရအောင် လုပ်တာကို
အများဆုံး လုပ်ကြတယ်။ ဒီခေတ်မှာတော့ မိန်းမတွေအတွက် (တွိုင်း) ခေါ် ပစ္စည်းကရိယာ အမျိုးမျိုး
သုံးတာတွေ ရှိသလို ယောက်ျားတွေ အတွက်လဲ တခြား (တွိုင်း)တွေ ရှိတယ်။
ကိုယ်ဝန်ရှိစေဘို့
နောက်ထပ် လိုသေးတဲ့ အခြေအနေတွေကတော့ မိန်းမဟာ အသက်အရွယ်အားဖြင့် အပျိုဖေါ် ၀င်ပြီး၊ သွေးဆုံးချိန်
မတိုင်ခင်ဖြစ်ရမယ်။ လစဉ်ရာသီ လာနေသူ ဖြစ်ရမယ်။ ရာသီလာရက် နှစ်ခါအကြား လအလည် ရက်မှာ မျိုးဥအိမ်
(အိုဗရီ) ကနေ မျိုးဥ (အိုဗမ်) ထွက်ရမယ်။ နောက် သူနဲ့ဆက်ဆံသူ ယောက်ျားကလဲ လူပျို ဖြစ်ပြီးသူ ဖြစ်ရမယ်။
ကျား-မ ကွာတာတချက်ကတော့ ယောက်ျားတွေမှာ အမျိုးသမီးများလို သွေးဆုံး-သားဆုံး ဆိုတာ ဖြစ်လေ့မရှိပါ။
အဲလို
အရည်အချင်းတွေပြည့်သူ ယောက်ျားနဲ့ မိန်းမ နှစ်ယောက် လိင်ဆက်ဆံကြမယ်။ အတိအကျ ပြောရရင်
လိင်အင်္ဂါ နှစ်ခု ထိစပ်မှုကို အချိန် အတိုင်းအတာတခုထိလုပ်မယ်။ ယောက်ျား အပြီးသတ်ချိန်
(လိင်စိတ် ပြည့်ဝချိန်၊ ကလိုင်းမက်စ် ရောက်ချိန်၊) မှာ ကျားလိင်အင်္ဂါက မမွေးလမ်းကြောင်း
(ဗဂျိုင်းနာ) ထဲမှာ ထားနေတုံး သုတ်လွှတ် ရမယ်။ မိန်းကလေးက ဆန္ဒပြည့်ဝချင်မှ ပြည့်ဝသွားပါမယ်။
ဒါပေမဲ့ ကိုယ်ဝန်ရသွားနိုင်တယ်။
ဘယ်ရက်မှာဖြစ်ဖြစ်
လိင်ဆက်ဆံရင် ယောက်ျားဖြစ်သူက စိတ်ဆန္ဒပြည့်လို့ သုတ်ရည်ထွက်ချိန်မှာ မိန်းကလေးရဲ့ မွေးလမ်းအင်္ဂါအပြင်မှာ
သုတ်ရည်ကို ထုတ်လွှတ်ရင် ကိုယ်ဝန်မဆောင်စေနိုင်ပါ။ အတိအကျ ဖြစ်အောင် လုပ်ဘို့တော့ လိုတာပေါ့။
သေချာအောင် ရေးရရင် ယောက်ျားလေးဟာ လိင်ဆက်ဆံနေတုံး အချိန် ကြာစေ ချင်တာကြောင့် သုတ်ရည်
မထွက်သေးအောင် စိတ်ကိုထိန်းမယ်။ ထိန်းနိုင်အုံးတော့ ၁ စက်လောက် တွက်သွားရင် ၁ စက်ထဲမှာ
သုတ်ပိုး အရည်အတွက် သိန်းနဲ့ချီပါတာမို့ ကိုယ်ဝန်ရစေနိုင်တယ်။ (ကွန်ဒွမ်) ဟာ HIV ပိုးကူးမှာကို
ကာကွယ်တဲ့ပြင် သုတ်ရည်အားလုံး မိန်းမကိုယ်ထဲ မ၀င်လို့ ကိုယ်ဝန်မဆောင်တာ ဖြစ်ပါတယ်။
“ယောက်ျားလေးအရည်
နဲ့ မိန်းကလေးအင်္ဂါ ထိတွေ့မိရင်ရော ကိုယ်ဝန်ရနိုင်ပါသလား။” အရည်ဟာ သုတ်ရည် ဖြစ်ရမယ်၊
သုတ်ရည်ဖြစ်အုံးတော့ မိန်းကလေးအင်္ဂါနဲ့ ထိတွေ့မိယုံနဲ့ ကိုယ်ဝန်မရသေးပါ။ အထဲကို ၀င်ရပါမယ်။
အထဲဆိုတာ (ဗဂျိုင်းနား) အတွင်း၊ အတွင်းဆိုတာတောင်မှ အထဲရောက်လေလေ ကိုယ်ဝန်ရနိုင်လေ
ဖြစ်တယ်။
(ဗဂျိုင်းနား)
အဆုံးမှာ အထက်ကရှိနေတာက သားအိမ်အ၀ဖြစ်တယ်။ သားအိမ်အ၀ဆိုတာ စေ့ထားတဲ့ ပါးစပ်လို နေတာ။
အဲဒီအထဲကို သုတ်ရည်ထဲက သုတ်ပိုးတွေ ၀င်သွားမယ်။ သုတ်ရည်ဟာ တခြားအရည်မျိုးလို မဟုတ်ဘူး။
ဆွဲဆောင်မှုအား ရှိတယ်။ သူသွားရမဲ့လမ်း သူသိသလိုဘဲ။ သာမန်အရည်ဆိုတာမျိုးက (ဂရယ်ဗတီ)
ကမ္ဘာ့ဆွဲအားအရ စီးဆင်းတာ။ သုတ်ရည်ကြတော့ သံလိုက်သဘောမျိုး ဖိုဓါတ်-မဓါတ် ဆွဲဆောင်မှုအရ
တခုကနေ တခုဆီ သွားပေါင်းစပ်နိုင်စွမ်းရှိတယ်။ သုတ်ပိုးကို ဆွဲဆောင်နေတာက သားအိမ် အပေါ်ပိုင်းနားက
မျိုးဥအိမ်ကနေ ထွက်ထားတဲ့ မျိုးဥဖြစ်တယ်။ သူတို့နှစ်မျိုး သားအိမ်မှာ ဖူးဇာဆုံတာနဲ့
ကိုယ်ဝန်ရှိလာတယ်။
သတိထားဘို့
တချက်က ယောက်ျားသုတ်ရည်ဟာ လိင်ဆက်ဆံတာ မဟုတ်ဘဲ မိန်းကလေးရဲ့ (ဗဂျိုင်းနား) အတွင်းကို
တနည်းနည်းနဲ့ ၀င်ရင်လဲ ကိုယ်ဝန်ရစေနိုင်တယ်။ သဘာဝမဟုတ်နည်းနဲ့ ကလေးရအောင်လုပ်ယူတာက
ဒီနည်း သုံးတာ ဖြစ်ပါတယ်။ တနှစ်မှာ တခါသာပွင့်တဲ့ ပိတောက်ပန်းလို၊ မ-မျိုးဥဟာ တလ မှာ
၁ ကြိမ်သာ ထွက်တယ်။ သုတ်ပိုးရော မ-မျိုးဥရောဟာ ရက် နည်းနည်း ရှင်နေနိုင်တယ်။ မ-မျိုးဥ
မထွက်ခင် ရောက်နေပြီးသား ကျားသုတ်ပိုး၊ ကျားသုတ်ပိုး ၀င်မလာခင် ထွက်ထားပြီး မ-မျိုးဥတို့
တွေ့ဆုံ၊ ပေါင်းစပ်လို့လဲ ကိုယ်ဝန် ရစေနိုင်တယ်။
ဒါ့ကြောင့်
မိန်းကလေးက ရာသီလာပြီး ၁ ပါတ်(၇ ရက်) နဲ့ မလာခင် ၁ ပါတ်(၇ရက်) ဆိုတဲ့ ၁၄ ရက်အတွင်း
ယောက်ျားနဲ့ လိင်ဆက်ဆံရင် ကိုယ်ဝန်ဆောင်ဘို့ အခွင့်အလမ်း နည်းပါတယ်။ ကျန် ၂ ပါတ်မှာ
ဆက်ဆံရင် ကိုယ်ဝန် ရတတ်တယ်။ ပိတောက်ပန်းများလဲ မညှိုးမချင်း မွှေးလွန်းကြတယ် မဟုတ်ပါလား။
ဒေါက်တာ တင့်ဆွေ (၇-၄-၂၀၁၀)

Windows 8 Bootable Pendrive တစ်ခုပြုလုပ်ခြင်း


ပုံမှန်အားဖြင့်တော့ Windows တင်ရင် အခွေနဲ့ပဲတင်ကြပါတယ်။
သို့သော် DVD Drive မရှိတဲ့စက်တွေဆိုရင် Memory Stick နဲ့တင်တဲ့
အခါ ပိုအဆင်ပြေမှာပါ။ဒီတော့ Memory Stick နဲ့ Windows 8 ကိုတင်
ဖို့ Windows 8 Bootable Pendrive တစ်ခုပြုလုပ်ပုံကိုဖော်ပြလိုက်ပါ
တယ်။ကျွန်တော် Tech Space မှာတော့ အသေးစိတ်ရေးသားခဲ့ပြီးဖြစ်
ပါတယ်။ဒီမှာတော့ လိုရင်းလောက်ပဲ ရေးလိုက်ပါတယ်။

(၁) Windows 7 USB/DVD Download Tool ကို

http://www.microsoftstore.com/store/msusa/html/pbPage.Help_Win7_usbdvd_dwnTool

မှာ Download လုပ်ပြီး Install ပါ။(Windows 7 ဆိုတဲ့အမည်ကိုဂရုမစိုက်ပါနဲ့ Windows 8 ISO အတွက် လည်းသုံးစွဲနိုင်ပါတယ်)

(၂)Download လုပ် Install ပြီးရင် အဲဒါကို Run ပြီး Windows 8 ISO ဖိုင်ရှိတဲ့နေရာကို Browse လုပ်ပြီးရွေးပါ။

(၃)ယခုအခါမှာတော့ သင့်အနေနဲ့ Bootable DVD Drive သို့မဟုတ် Bootable Pendrive တို့ကိုရွေးချယ်နိုင်မှာဖြစ်ပါတယ်။သင်က Bootable Pendrive လုပ်ချင်တဲ့ USB Device ကိုရွေးချယ်ရမှာဖြစ်ပါတယ်။

(၄)Bootable Pendrive လုပ်ချင်တဲ့ USB Drive ကိုရွေးချယ်ပြီးရင် Begin Copying ကို နှိပ်ပါ( USB Drive က အနည်းဆုံး 4GB Free ရှိရပါမယ်။Drive ကို Format ချထားပါ)

(၅) ကော်ပီကူးပြီးသွားရင် ကျွန်တော်တို့ သုံးနေတဲ့ Tool က Windows 8 ISO နဲ့ Bootable Windows 8 USB Installer ကို စတင်ဖန်တီးသွားမှာဖြစ်ပါတယ်။ အဲဒါပြီးတဲ့အခါ “Bootable USB Device created successfully” ဆိုတဲ့ Message ပြပါလိမ့်မယ်။ သင့်ရဲ့ပီစီကို Restart လုပ်ပြီး USB drive မှ boot တက်နိုင်ပြီဖြစ်ပါတယ်။

ယခုတော့ သင့်မှာ Windows 8 Bootable Pendrive တစ်ခုရရှိပြီဖြစ်ပါတယ်။

Ref: http://www.smarttricks.net/create-windows-8-bootable-pendrive/

-------------------------------------------
ref:TechSpace Journal
Nyein Chan (TSJ Tech Team)

ရိုဟင်ဂျာလူမှောင်ခို စုံစမ်းဖို့ ထိုင်းကို ကုလနဲ့ အမေရိကန် တိုက်တွန်း


မြန်မာနိုင်ငံက ထွက်ခွာလာခဲ့ကြတဲ့ ရိုဟင်ဂျာ ခေါ် မွတ်စလင်တွေကို ထိုင်းလူဝင်မှုကြီးကြပ်ရေး အရာရှိတွေက လူမှောင်ခိုဂိုဏ်းတွေဆီ ပို့ပေးနေတယ်ဆိုတဲ့ ရိုက်တာသတင်းဌာနရဲ့ အထူးဆောင်းပါးတစ်ပုဒ်ပါ အချက်အလက်တွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့ ကုလသမဂ္ဂနဲ့ အမေရိကန် ပြည်ထောင်စုတို့က ထိုင်းအစိုးရကို မနေ့က တိုက်တွန်းလိုက်ကြပါတယ်။

နိုင်ငံသုံးနိုင်ငံမှာ နှစ်လကြာ စုံစမ်းမေးမြန်းခဲ့တာတွေကို အခြေခံပြီး ကြာသပတေးနေ့က ဖေါ်ပြခဲ့တဲ့ သတင်းဆောင်းပါးမှာ ထိုင်းနိုင်ငံ ထိန်းသိမ်းရေးစခန်းတွေထဲမှာ ထိန်းသိမ်းထားတဲ့ မွတ်စလင်တွေကို ပင်လယ်ပြင်မှာ စောင့်ဆိုင်းနေကြတဲ့ လူမှောင်ခိုသမားဆီ လွှဲပြောင်းပေးရေးဆိုတဲ့ လျှို့ဝှက်မူဝါဒအကြောင်း ဖွင့်ချထားပါတယ်။

အဲဒီ မွတ်စလင် လူမျိုးစုတွေကို ထိုင်းတောင်ပိုင်းကတဆင့် မလေးရှားနယ်စပ်အနီး လျှို့ဝှက်စခန်းတွေမှာထားရှိပြီး၊ မိသားစုဆွေမျိုးတွေက ငွေပေးရွေးတဲ့အထိ ထိန်းသိမ်းထားကြောင်း၊ တချို့အရိုက်နှက်ခံရ၊ အသတ်ခံရတယ်လို့ ဆောင်းပါးမှာဖေါ်ပြထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ကုလသမဂ္ဂ ဒုက္ခသည်စောင့်ရှောက်ရေးဌာန ပြောခွင့်ရသူ Vivian Tan က ဆောင်းပါးပါအချက်တွေနဲ့ ပတ်သက်ပြီး အမြန်ဆုံး စုံစမ်းစစ်ဆေးဖို့လိုပါတယ်၊ သူတို့ကို ယာယီ အကာအကွယ်ပေးထားဖို့၊ အနိုင်ကျင့် အမြတ်ထုတ်တာတွေကို တားဆီးပေးဖို့အတွက် ဒေသတွင်းနိုင်ငံတွေကိုလည်း အကူအညီတောင်းထားပါတယ်လို့ ကြေညာချက်ထုတ်ပြန် ပြောဆိုခဲ့ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ Narie Harf ကလည်း ရိုဟင်ဂျာတွေကို လူမှောင်ခိုသမားတွေဆီ ရောင်းစားတဲ့ကိစ္စမှာ ထိုင်းလူဝင်မှု ကြီးကြပ်ရေးအရာရှိတွေ ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ သတင်းတွေ ကြားသိရကြောင်း၊ ထိုင်းအစိုးရအနေနဲ့ ဒီကိစ္စအပေါ် အလေးအနက်ထားပြီး ပွင့်လင်းမြင်သာမှုရှိရှိ စုံစမ်းစစ်ဆေးဖို့ တိုက်တွန်းကြောင်း ပြောကြားပါတယ်။

နယူးယောက်အခြေစိုက် HRW လူ့အခွင့်အရေးအဖွဲ့ကတော့ အမေရိကန်အစိုးရရဲ့ လူမှောင်ခိုတားဆီးရေး အကောင်အထည်ဖေါ်မှု အခြေပြစာရင်းမှာ ထိုင်းနိုင်ငံဟာ လက်ရှိထက် အဆင့်နိမ့်သွားဖွယ်ရှိပြီး ပိတ်ဆို့အရေးယူ ခံရဖွယ်ရှိနေတယ်လို့ ပြောပါတယ်။

ရီပါဘလီကင် လွှတ်တော်အမတ် Joe Pitts ကတော့ ဒီကိစ္စအတွက် မြန်မာနဲ့ ထိုင်း နှစ်နိုင်ငံလုံးကို ဖိအားပေးအရေးယူဖို့ ပြောကြားလိုက်ပါတယ်။
RFA Burmese

ဦးလေးဖြစ်သူမှ ၁၆ နှစ်အရွယ် တူမအား မိဘတွေမရှိခိုက် သားမယားပြုကျင့်


ကျိုက်လတ်မြို့နယ်၊ အထက် ဆင်ကူး ကျေးရွာ အုပ်စု၊ ကျောင်းချောင်း .ကျေးရွာ တွင် ဦးလေးဝမ်းကွဲ မှ အသက်(၁၆)နှစ်ရှိ တူမ၀မ်းကွဲ တော်စပ်သူအား သားမယားအဖြစ် အကြိမ်ကြိမ်ပြုကျင့်ခဲ့ရာ ကာယ ...ကံရှင်မှ ကျေနပ်မှု မရှိသဖြင့် ကျေးရွာ အုပ်ချုပ်ရေးမှူးအား တိုင်ကြားရာ ၎င်းအုပ်ချုပ်ရေးမှူး မှ ပြစ်မှုကျူး လွန်သူအား အရေးယူခြင်း မရှိသည့်အပြင် အုပ်ချုပ်ရေးမှူး အာဏာ အလွဲသုံးစားလုပ် ခြိမ်းခြောက်၍ အလိုမတူ သူနှင့် ပေါင်းသင်းရန် အဓမ္မစေခိုင်းမှု ဖြစ်ပေါ်ခဲ့သည်။

လွန်ခဲ့သော တပို့တွဲလက ကျောင်းချောင်းကျေးရွာနေ မ— အသက်(၁၆)နှစ်အား ဦးလေးဝမ်း ကွဲတော်စပ်သူမှ ၎င်း၏ အစ်မများ ဘုရားဖူးသွားခိုက် သားမယားအဖြစ် အဓမ္မပြုကျင့်ကြံခဲ့သည်။ ““နင်ဒီ ကိစ္စဘယ်သူမှ ပြန်မပြောရဘူး ပြန်ပြောရင် သတ်ပစ်မယ်”” ဟု ခြိမ်း ခြောက်ကာ နောက်ထပ် (၆)ကြိမ် ခန့်ကျင့်ကြံခဲ့သည်။ မ– သည် အလိုမတူသော်လည်း ခြိမ်းခြောက် ထား၍ ကြောက်ရသည့်က တစ်ကြောင်း၊ ဦးလေး တော်စပ်နေသည် ကတစ်ကြောင်း တို့ကြောင့် မည်သူ့ကို မှမပြောဘဲ နေခဲ့ရာ မ—တွင်ကိုယ် ၀န်ရှိလာသည့် အတွက် ကျောင်း ချောင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးလှသိန်းထံတိုင် ကြားခဲ့သည်။

ထိုသို့ တိုင်ကြားခဲ့သော်လည်း မ–အား စော်ကားသူမှာ ၎င်းအုပ်ချုပ်ရေးမှူး ဦးလှသိန်းနှင့်လည်း ဦးလေးတော်စပ်သူ ဖြစ်နေသည့် အတွက် … ၎င်း၏ ဦးလေးအိမ်ထောင် ရေးပြိုကွဲမှာ၊ အရှက်ရမှာ၊ မျိုးရိုး ဂုဏ်သိက္ခာ ထိခိုက်မှာစိုးသဖြင့် မ– လွယ်ထားသည့် ကိုယ်ဝန်မှာ ၎င်းဦးလေးနှင့်ရသည့် ကိုယ်ဝန် ဖြစ်ပါလျက်နှင့် မည်သို့မျှ ပတ်သက် ဆက်နွယ်ခြင်း မရှိခဲ့သော ရွာထဲမှ အေးဆေး ရိုးသားသော ငလက်မ (ခ)သန်းစိုးနှင့် ပေါင်းသင်းရန် စာရွက် အလွတ်ပေါ်တွင် အတင်းလက်မှတ် ထိုးခိုင်းခဲ့သည်။

ထိုနည်းတူ ငလက်မ(ခ)သန်း စိုးကိုလည်း မ—နှင့်ပေါင်းသင်း ရမည်ဟု ရင်ဘတ်ကို ဆောင့်ဆွဲပြီး လက်မှတ် ထိုးရင် ထိုး၊ မထိုးရင် အခုချက်ခြင်း ရဲစခန်းပို့မယ်၊ ဟို ရောက်ရင် သွေးအန်အောင်ရိုက် ခိုင်းမယ်ဟု ခြိမ်းခြောက် ပြောဆို ကာစာရွက် အလွတ်ပေါ်တွင် လက်မှတ်ထိုးခိုင်းခဲ့သည်။ ၎င်းအပြင် လက်မှတ် ထိုးထားသော နေရာတွင် လက်ဗွေရာ အတုကိုပါ နှိပ်ထားခဲ့သည်။ ထို့အပြင် ကာမရယူသူ၏ ဂုဏ်သိက္ခာကို ကာကွယ်ရန် ၎င်းတို့ နှစ်ဦးအား လူကြီးများရှေ့တွင် ကန်တော့စေကာ အတင်းပေါင်း သင်းခိုင်းခဲ့သည်။

ယင်းကဲ့သို့ ကျေးရွာ အုပ်ချုပ်ရေးမှူး တစ်ယောက်၏ အာဏာကို အလွဲသုံးစားလုပ်၊ ခြိမ်းခြောက်၍ လက်ဗွေရာ အတုလုပ်ကာ အပြစ်ရှိသူ၊ အပြစ်ကွယ် ပျောက်စေရန် မည်သို့မျှ ပတ် သက်ခြင်းမရှိသူနှင့် မတရား အဓမ္မ ပေါင်းသင်းစေခဲ့ခြင်း တို့ကြောင့် ဦးလှသိန်းအား ပြစ်မှုကြီး အမှတ် (၂၀၈/၂၀၁၃)ပြစ်မှုပုဒ်မ (၅၀၆) အတင်းအဓမ္မ ကာမရယူစော်ကား သူအား ပုဒ်မ (၄၁၇)တို့ဖြင့် ၂၀၁၃ ဇွန် (၇)ရက်က ကျိုက်လတ်မြို့ နယ်တရားရုံးသို့ မ—-မှ တရား လိုပြု တရားစွဲဆိုခဲ့ရာ ကာမရယူ သူမှာပြစ်ဒဏ် (၆)လ ကျခံခဲ့ရသော်လည်း ဦးလှသိန်းမှာမူ အမှုမှ ကွင်းလုံး ကျွတ်လွတ်စေခဲ့သည်။

ယင်းအတွက်ကြောင့် ဦးလှသိန်းမှာ ပြစ်မှုထင်ရှားသော်လည်း ပြစ်ဒဏ် မကျခံရခြင်း၊ ၎င်းကျူးလွန် ငြိစွန်းသည့် ပုဒ်မ (၅၀၆) သည် ထောင်ဒဏ် (၂)နှစ်ဖြစ်စေ၊ ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေကျခံ ရမည ဖြစ်သော်လည်း ကွင်းလုံး ကျွတ်လွတ်ရခြင်း၊ လက်ရှိတွင်လည်း ကျေးရွာအုပ်ချုပ်ရေးမှူး အဖြစ် ဆက်လက် ဆောင်ရွက်နေ ခြင်းတို့အား ကျေလည်မှု မရှိသော ကြောင့် ယခုအခါ တရားလိုမှ (၃- ၁၂-၂၀၁၃)ရက်နေ့တွင် ကျိုက်လတ်မြို့နယ် ဥပဒေရုံးသို့ အယူခံဝင်ခွင့် တောင်းခံခဲ့ကြောင်း သတင်း ရရှိသည်။

 မြန်မာသံတော်ဆင့်

City Mart ဆိုင်များတွင် နိုင်ငံခြားဖြစ် အရက်၊ ဘီယာ၊ ဝိုင်နှင့် စီးကရက် ရောင်းချမှု ရပ်ဆိုင်းထားမည်


ရန်ကုန်၊ ဒီဇင်ဘာ ၆

မြန်မာနိုင်ငံတွင် ဆိုင်ခွဲအများဆုံး ဖွင့်လှစ်ထားသည့် City Mart ဆိုင်များ၊ Ocean Super Market နှင့် City Express ဆိုင်များတွင် နိုင်ငံခြားဖြစ် အရက်၊ ဘီယာ၊ ဝိုင်နှင့် စီးကရက် ရောင်းချမှုကို ကုန်သွယ်မှု မူဝါဒ ပြောင်းလဲလာသည့် အချိန်အထိ ရပ်ဆိုင်းထားမည် ဖြစ်ကြောင်း City Mart Holding ကုမ္ပဏီ အုပ်ချုပ်မှု ဒါရိုက်တာ ဒေါ်ဝင်းဝင်းတင့်က The Voice သို့ ပြောကြားသည်။

မြန်မာနိုင်ငံတွင် နိုင်ငံခြားဖြစ် အရက်၊ ဘီယာ၊ ဝိုင်နှင့် စီးကရက်တို့ကို တားမြစ် ကုန်စည်များအဖြစ် သတ်မှတ်ထားပြီး ဟိုတယ် လုပ်ငန်းလိုင်စင်နှင့် Duty Free ဆိုင်များကိုသာ တင်သွင်း ရောင်းချ ခွင့်ပြုထားသော်လည်း ဈေးကွက် လိုအပ်ချက်အရ Mart များတွင် ရောင်းချနေရကြောင်း မြန်မာနိုင်ငံ လက်လီ ရောင်းချသူများအသင်း ဥက္ကဋ္ဌလည်းဖြစ်သူ ၎င်းက ရှင်းပြသည်။
“ဈေးဝယ်သူတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်း ပေးရမှာက ကျွန်မတို့ရဲ့ စီးပွားရေး လုပ်ငန်းပါ။ အမှန်တကယ်လည်း ဈေးကွက်ထဲမှာ ဝယ်လိုအား ရှိနေတယ်။ ဒါပေမဲ့ အခု Mobile Team တွေရဲ့ စစ်ဆေးမှုတွေ ရှိလာရင် ဖြေရှင်းဖို့ ခက်ခဲတယ်။ လွန်ခဲ့တဲ့ သုံးပတ်လောက်ကစပြီး အချို့ဆိုင်တွေမှာ မရောင်းတော့ဘူး” ဟု ၎င်းကဆိုသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ဈေးကွက်အတွင်း တရားမဝင် ကုန်စည်များ သိုလှောင်၊ ဖြန့်ဖြူး၊ ရောင်းချနေမှု များကို ရှောင်တခင်နှင့် တိုင်တန်းချက်များအရ ဝင်ရောက် စစ်ဆေး လျက် ရှိပြီး မည်သည့် အချိန်တွင် မည်သည့် နေရာကို မည်သို့ ဝင်ရောက် စစ်ဆေးမည်ကိုမူ ဝန်ထမ်းအင်အား အခြေအနေအရ အတိအကျ ပြောရန် ခက်ခဲကြောင်း ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းလွင်က The Voice သို့ ပြောကြားသည်။

“ဈေးကွက်ထဲမှာ ရှိနေတဲ့ နိုင်ငံခြား အရက်၊ ဘီယာ စတာတွေကို စစ်မယ် ဆိုပေမယ့် လောလောဆယ်တော့ အထောက်အထားနဲ့ တိုင်တဲ့ နေရာတွေကို စစ်တယ်။ ဒါပေမဲ့ တိုင်မှစစ်မယ်လို့ ဆိုလိုတာ မဟုတ်ဘူး။ ဝန်ထမ်း အင်အားအရ ဘယ်အချိန်မှာ ဘာလုပ်မယ် ဆိုတာတော့ ပြောရခက်တယ်” ဟု ၎င်းကဆိုသည်။

တားမြစ် ကုန်စည် သတ်မှတ်ခြင်းတွင် ယဉ်ကျေးမှုနှင့် ဘာသာရေး ရှုထောင့်အရ ကန့်သတ်ခြင်း၊ ပြည်တွင်း စီးပွားရေး လုပ်ငန်းများ ခိုင်မာ အားကောင်းစေလိုသည့် ရှုထောင့်အရ ကန့်သတ်ခြင်းများ ရှိသကဲ့သို့ ပြည်ပ စီးပွားရေး လုပ်ငန်းများနှင့် အပြိုင် လုပ်ငန်း ယှဉ်ပြိုင်စေလိုသည့် ရှုထောင့်အရ လွတ်လပ်စွာ တင်သွင်းခွင့် ပြုခြင်းမျိုးလည်း ရှိကြောင်း စီးပွားရေး မူဝါဒပညာရှင် ဒေါက်တာအောင်ကိုကိုက ရှင်းပြသည်။
“မြန်မာနိုင်ငံမှာ ဒီနိုင်ငံခြားဖြစ် အရက်၊ ဘီယာ စတာတွေက တားမြစ်ကုန်တွေ ဖြစ်တာကြောင့် မူဝါဒ ချမယ် ဆိုရင်လည်း ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးနဲ့ တည်ငြိမ်မှု (လုံခြုံရေး) ရှုထောင့်တွေကနေ ဘက်စုံ ကြည့်ပြီးတော့မှ လုပ်ဖို့လိုမယ်” ဟု ၎င်းက အကြံပေးသည်။

တိကျခိုင်မာသည့် မူဝါဒ မရှိပါက ဈေးကွက်ကို ကမောက်ကမ ဖြစ်စေသည့် အပြင် တရားမဝင်နှင့် မှောင်ခို ဈေးကွက်များ ဆက်ရှိနေဦးမည် ဖြစ်သည့် အတွက် အမှန်တကယ် လက်တွေ့အခြေအနေကို ရင်ဆိုင်ရန် လိုကြောင်း ဒေါ်ဝင်းဝင်းတင့်က ပြောကြားသည်။

နိုင်ငံခြားဖြစ် အရက်၊ ဘီယာ စသည့် တားမြစ် ကုန်စည်များကို ပြည်တွင်း အရက်၊ ဘီယာတို့ထက် အခွန်အခ ပိုမိုကောက်ခံခြင်း၊ အကန့်အသတ်နှင့် ခွင့်ပြုခြင်းနှင့် စားသုံး/သုံးစွဲနိုင်မည့် နေရာများ ကန့်သတ်ခြင်း၊ သင့်တော်သည့် ဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ ထိန်းကျောင်းခြင်းနှင့် ပညာပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်သင့်ကြောင်း မြန်မာနိုင်ငံ လက်လီ ရောင်းချသူများ အသင်းက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသို့ အဆိုပြု တင်ပြထားကြောင်း ၎င်းကဆိုသည်။

တိကျရေရာသည့် မူဝါဒတစ်ခု မချမှတ်မီ တားဆီး စစ်ဆေးခြင်းမျိုးကို မပြုလုပ်သင့်ဘဲ တရားဝင် ကုန်သွယ်မှု လမ်းကြောင်းပေါ် ရောက်ရှိလာရန် ဆွဲဆောင် သင့်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

ဈေးကွက်အတွင်း ရှိနေသည့် အဆိုပါ နိုင်ငံခြားအရက်၊ ဘီယာ စသည့် တရားမဝင် ကုန်စည်များကို တားဆီး စစ်ဆေးခြင်း မပြုမီ တိကျ ခိုင်မာသည့် မူဝါဒတစ်ခု ချမှတ်ရန် လိုအပ်ပြီး တရားဝင် လမ်းကြောင်းပေါ် ရောက်ရှိ လာရန် ညင်သာစွာ ဆောင်ရွက်ရန် လိုကြောင်း ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေးက The Voice သို့ ပြောကြားသည်။
“ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲသာ အခြေအနေမျိုး ဖန်တီးနိုင်ဖို့ လိုပါတယ်။ ဒါမှမဟုတ်ရင် ဈေးကွက်ပုံစံ ပျက်သွားတတ်ပါတယ်” ဟု ၎င်းကဆိုသည်။

ဈေးကွက် အတွင်းရှိ တရားမဝင် ကုန်စည်များ တားဆီး ထိန်းချုပ်ရေး အတွက် တစ်ဆင့်ချင်းစီ ဆောင်ရွက်သွားရန် ရှိကြောင်း ကူးသန်း ရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းလွင်က ပြောကြားသည်။

(စစ်ငြိမ်းသူ)
The Voice Weekly

ဝူရှူး အားကစားပြိုင်ပွဲတွင် မြန်မာ ရွှေတံဆိပ် ရရှိထား


နေပြည်တော်-ဒီဇင်ဘာ၇
၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ
ဝူရှူးအားကစား ပြိုင်ပွဲကို
နေပြည်တော် ၀ဏ္ဏသိဒ္ဓိအားကစားရုံ (A) ၌ ယနေ့နံနက်တွင် ကျင်းပခဲ့ရာ
ဝူရှူး အားကစားပြိုင်ပွဲတွင် အောင်စည်သူကရွှေတံဆိပ်
ဆွတ်ခူးလိုက်ကြောင်းသိရသည်။
ဝူရှူးပြိုင်ပွဲ ထောက်လု နှစ်ယောက်တွဲအတိုက်ပြိုင်ပွဲတွင် မြန်မာမှ
ကျော်ဇင်သစ်နှင့် ဝေဖြိုးအောင်အတွဲက ရွှေတံဆိပ်ရယူနိုင်ခဲ့သည်။ ဖိလစ်ပိုင်က ငွေတံဆိပ် နှင့် ထိုင်း က ကြေးတံဆိပ် တို့ရရှိခဲ့သည်။
ဝူရှူးပြိုင်ပွဲ အမျိုးသားပွဲစဉ် Men’s DUILIAN ၏ ပွဲစဉ် (၁) တွင် လာအိုအသင်းမှ ၉.၄၁၊ ပွဲစဉ် (၂) တွင် ဖိလစ်ပိုင်အသင်းမှ ၉.၆၂၊ ပွဲစဉ် (၃) တွင် ထိုင်းအသင်းမှ ၉.၆၀၊ ပွဲစဉ် (၄) တွင် အင်အိုနီးရှားအသင်းမှ ၉.၅၈၊ ပွဲစဉ် (၅) တွင် ဘရူနိုင်းအသင်းမှ ၉.၅၅၊ ပွဲစဉ် (၆) တွင် စင်ကာပူအသင်းမှ ၉.၅၉၊ ပွဲစဉ် (၇) တွင် မြန်မာအသင်းမှ ၉.၆၄ ဖြင့် မြန်မာအသင်းမှ အနိုင်ရရှိခဲ့ကြောင်း သိရသည်။
ဝူရှူး အမျိုးသား Men'DUlJLQUAN တွင် ပထမဆု မြန်မာ၊ ဒုတိယ ဖိလစ်ပိုင်၊ တတိယ ထိုင်းအသင်းတို့
အသီးသီးရရှိကြကြောင်း သိရသည်။
Popular Myanmar News Journal

၂၀၁၅ ရွေးကောက်ပွဲ စောင့်ကြည့်နိုင်ရန် ကမ္ဘောဒီးယား ရွေးကောက် ပွဲ စောင့်ကြည့်ရေးအဖွဲ့ လာရောက် ဆွေးနွေး


ရန်ကုန်၊ ဒီဇင်ဘာ ၆

၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲ များ စောင့်ကြည့် လေ့လာရေးအတွက် ကမ္ဘောဒီးယား ရွေးကောက်ပွဲစောင့်ကြည့် လေ့လာရေးအဖွဲ့ (COMFREL) က မြန်မာနိုင်ငံရှိ အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် တစ်ပတ်ကြာ လာရောက် ဆွေးနွေးနေကြောင်း အဆိုပါ အဖွဲ့ထံမှ သိရသည်။

COMFREL အဖွဲ့ အမှုဆောင် ညွှန်ကြားရေးမှူး COMFREL ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ဒီဇင်ဘာလ ၆ ရက်နေ့က ရန်ကုန်မြို့ Orchid Hotel တွင် အရပ်ဘက် အဖွဲ့အစည်းများ၊ သတင်း မီဒီယာများနှင့် တွေ့ဆုံပြီး ကမ္ဘောဒီးယား နိုင်ငံတွင် ရွေးကောက် ပွဲ စောင့်ကြည့် လေ့လာသည့် အတွေ့အကြုံများကို ရှင်းလင်း ပြောကြားသည်။

ရွေးကောက်ပွဲများ လေ့လာ စောင့်ကြည့်ရန် ကြိုတင် ပြင်ဆင်ချိန် အနည်းဆုံး ခြောက်လခန့် လိုအပ်မည် ဖြစ်ပြီး နိုင်ငံတစ်ဝန်း မဲရုံများ၌ လေ့လာစောင့်ကြည့်မည့် စေတနာ့ ဝန်ထမ်းများကို စုဆောင်းခြင်း၊ လိုအပ်သည့် သင်တန်းများ ပို့ချခြင်း စသည်တို့ ကြိုတင် လုပ်ဆောင်ရန် လိုအပ်ကြောင်း COMFREL အဖွဲ့က ဆိုသည်။

လူဦးရေ ၁၄ သန်း ဝန်းကျင်ရှိသည့် ကမ္ဘောဒီးယားနိုင်ငံ တွင် ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူ ၁၁၀၀၀ အထိ အသုံးပြုစောင့်ကြည့်ပြီး လိုအပ်သည့် ငွေကြေး ထောက်ပံ့မှုအတွက် နော်ဝေ၊ ဥရောပသမဂ္ဂ၊ ဆွီဒင်တို့က အဓိက ကူညီကြောင်း၊ COMFREL မှာ အစိုးရ မဟုတ်သည့် အဖွဲ့အစည်း တစ်ခုဖြစ်ပြီး အဖွဲ့၏ ရွေးကောက်ပွဲဆိုင်ရာ အစီရင်ခံစာများကို ရွေးကောက်ပွဲ ကော်မရှင်က အသိအမှတ် ပြုထားကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။

ပေါင်းကူးအဖွဲ့မှ ဒေါက်တာကျော်သူက မြန်မာနိုင်ငံတွင် ၂၀၁၅ ခုနှစ်၌ ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲ လေ့လာ စောင့်ကြည့်ရေး အတွက် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ လိုအပ်သည့် ပြင်ဆင် လေ့ကျင့်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ပြောဆိုသည်။

၂၀၁၅ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရန် ရွေးကောက်ပွဲ ကော်မရှင်က ဖိတ်ခေါ်ပါက လာရောက် လေ့လာမည် ဖြစ်ကြောင်း ဥရောပသမဂ္ဂ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းအချို့က ကမ်းလှမ်းထားသည်။
The Voice Weekly

HTC One ရဲ့ ဒုတိယမြောက် မျိုးဆက် HTC One 2


HTC One ပြီးတော့ ဒုတိယမြောက် HTC One ဖြစ် HTC One 2 ကိုမြင်တွေ့ ရတော့မှာ ဖြစ်ပါတယ်။ သူ့ကို HTC M8 လို့လည်း အမည်ပေးထား ပါတယ်။

M8 ရဲ့  Leaked Photo တွေလည်း အင်တာနက်မှာ ပြန့်နှံနေပါပြီ။ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ မှာ တရားဝင် မိတ်ဆက်ပြသမယ့် ဖုန်း ဖြစ်ကြောင်း သတင်းထွက်နေခြင်း ဖြစ်ပါတယ်။ ဖုန်းမှာ ထူးခြားချက် သိပ်အများကြီး ရှိ မသွားတာက Rumor ထဲက သတင်းအရ ဖြစ်ပါတယ်။ မျက်နှာပြင် အရွယ် ၅ လက်မ 1920x1080 pixel resolution ရှိပြီး ကြည်လင်ပြတ်သားမှုက 440ppi အရည်အသွေးအထိ ရှိပါတယ်။ Qualcomm Snapdragon 800 processor ကို အသုံးပြုထားပြီး RAM က 2GB ရှိပါတယ်။ Full HD ၅လက်မ အရွယ် Display အရွယ် ဖုန်း ဆိုတော့ မျက်နှာပြင်ကျယ်တဲ့ဖုန်း ပဲ ဖြစ်ပါ တယ်။

ကင်မရာ အနေနဲ့ ယခင် HTC One ကလို Ultrapixel အမျိုးအစား ဖြစ်ပြီး ၂ ဆတိတိ အရည်အသွေး မြင့်တက်မှာ ဖြစ်ကြောင်း ဆိုထားပါတယ်။ အလူမီနီယမ် ကိုယ်ထည်နဲ့ပဲ မြင်တွေ့ရမယ့် စမတ်ဖုန်း ဖြစ်ပါတယ်။ Android Kit Kat ထည့်သွင်း ထားပါတယ်။ HTC Sense 6.0 ကိုပါ ထည့်သွင်းပေး ထား အုံးမှာ ဖြစ်ပါတယ်။ HTC One 2 လို့ခေါ်တဲ့ M8 ဟာ Samsung Galaxy S5 ရဲ့  ပြိုင်ဘက်ဖြစ်လာမယ်လို့ ခန့်မှန်းထားကြကြောင်း သိရ ပါတယ်။
.

Ref: pocketlint
အောင်ခမ်း ( smart.com.mm )
Smart Pro Journal

အခြေခံကွန်ပြူတာသင်တန်းအပိုင်း(၂)


ဒီနေ့  Computer အကြောင်းလေး ဆက်ပြောပြပါမယ်…

INSIDE A COMPUTER

All computers contain the same basic components.
ကွန်ပျူတာတိုင်းမှာ တူညီတဲ့အခြေခံအစိတ်အပိုင်းလေးတွေပါပါတယ်…

Power Supply
A power supply changes normal household electricity into electricity that a computer can use.
ကွန်ပျူတာအလုပ်လုပ်ဖို့  Power Supply ပါဝင်ပါတယ်…

Hard Drive
A hard drive is a primary device that a computer uses to store information.
အချက်အလက်တွေကို သိမ်းဆည်းဖို့  Hard Drive ပါပါတယ်…

Expansion Card
An expansion card is a circuit board that lets you add new features to a computer. A computer usually comes with one or more expansion cards. For example, Video card, Sound Card, Modem Card and Network Interface Card are expansion cards.
ကွန်ပျူတာမှာ Video ကြည့်နိုင်တဲ့ Video Card, သီချင်းများကို နားထောင်နိုင်တဲ့ Sound Card, ကွန်ပျူတာတစ်ခုနဲ့ တစ်ခု ချိတ်ဆက်အသုံးပြုနိုင်တဲ့ Network Interface Card, အင်တာနက်ကို အသုံးပြုနိုင်တဲ့ Internal Modem Card များကို Expansion Card လို့  ခေါ်ပါတယ်…

Expansion Slot
An expansion slot is a socket on the system board. An expansion card plugs into an expansion slot. The number of expansion slots your computer has indicates how many expansion cards you can add to the computer. Before you buy a computer, make sure it has enough empty expansion slots for your future needs.
Expansion Card များ အသုံးပြုတပ်ဆင်နိုင်ရန် Expansion Slot များ ကွန်ပျူတာတွင် ပါဝင်ရပါမယ်… ကွန်ပျူတာဝယ်မယ်ဆိုရင် နောင်လိုအပ်ရင် တပ်ဆင်နိုင်တဲ့ Expansion Slot လုံလောက်စွာ ပါမပါ စစ်ဆေးဝယ်ယူသင့်ပါတယ်…

System Board
A system board is the main circuit board of a computer. All electrical components plug into the system board.
Mother Board လို့  ခေါ်တဲ့ Sysrem Board က ကွန်ပျူတာရဲ့ အဓိကအစိတ်အပိုင်းပါပဲ… CPU နဲ့  လျှပ်စစ်ပစ္စည်းများ တပ်ဆင်ထားပါတယ်…

Floppy Drive
A floppy drive stores and retrieves information on floppy disks.
ယခင်က Floppy လို့  ခေါ်တဲ့ Disk အပြားလေးတွေ သုံးပါတယ်… ယခု မသုံးတော့သလောက်ပါပဲ…
သိမ်းဆည်းနိုင်တဲ့ ပမာဏကလဲ 1.44MB မျှသာ ဖြစ်ပါတယ်…

Drive Bay
A drive bay is a space inside a hard drive, floppy drive, CD-ROM drive or DVD-ROM drive sits.
Hard Drive, CD-ROM Drive နဲ့  DVD-ROM များ တပ်ဆင်နိုင်တဲ့ နေရာများကို Drive Bay လို့  ခေါ်ပါတယ်…

CD-ROM or DVD-ROM Drive
A CD-ROM drive reads information stored on compact discs (CDs). A DVD-ROM drive reads information stored on CDs and DVD-ROM discs.
CD –ROM ဆိုတာ Compact Disc Read-only Memory ကို ဆိုလိုတာပါ… 650MB, 700MB သိမ်းဆည်းထားနိုင်ပါတယ်…
CD-R ဆိုတာ Compact Disc-Recordable ကတော့ CD ပေါ်မှာ ကူးယူနိုင်တဲ့ Disc ပါ…
ယခုအခါ CD-R Drive ကိုတပ်ဆင်နိုင်ပါတယ်…
DVD-ROM ဆိုတာ Digital Versatile Disc-Read-only Memory ပါ…
ယခုအခါ Recordable DVD Drive များကိုလည်း တပ်ဆင်အသုံးပြုနိုင်ပါတယ်…
DVD Disc က အနည်းဆုံး 4.7GB အထိ အချက်အလက်များကို သိမ်းဆည်းနိုင်ပါတယ်…
DVD မှာ 2 Sides/2 Layers ရှိပါတယ်… 17GB အထိ သိမ်းဆည်းနိုင်ပါတယ်…





Random Access Memory (RAM)
RAM temporarily stores information inside a computer. This information is lost when you turn off the computer.
ကွန်ပျူတာဖွင့်ထားစဉ်မှာ ပုံတွေကို မြင်ရအောင် တင်ပေးထားတဲ့ Temporarily Memory ပါ…
ကွန်ပျူတာပိတ်ရင် ပျောက်သွားပါတယ်…




Central Processing Unit (CPU)
A CPU is the main chip in a computer. The CPU processes instructions, performs calculations and manages the flow of information through a computer.
ကွန်ပျူတာရဲ့ အဓိကအစိတ်အပိုင်းပါ… CPU ပေါ်မူတည်ပြီး Intel Pentium IV, Core 2 Duo, Intel Core i5 စသဖြင့် Model အမျိုးအစားအလိုက် ခေါ်ဝေါ်ပါတယ်…




Protect Your Equipment
Changes in electrical power can damage equipment and information.
လျှပ်စစ်ဓါတ်အားပြောင်းလဲရင် ကွန်ပျူတာပျက်တတ်တဲ့အတွက် ကာကွယ်ရန်လိုအပ်ပါတယ်…




Surge Protector
A surge protector, or surge suppressors guards a computer against surges. A surge is a fluctuation in power. These fluctuations happen most often during storms.
ရုတ်တရက်မိုးကြိုးပစ်ရင် လျှပ်စစ်ဓါတ်အား ရုတ်တရက်ပြောင်းလဲတတ်တဲ့အတွက် Surge Protector ကို ခံသုံးသင့်ပါတယ်…



UPS
An Uninterruptible Power Supply (UPS) protects a computer from a loss of power. A UPS contains a battery that stores electrical power. If the power fails, the battery can run the computer for a short time so you can save your information.
လျှပ်စစ်ဓါတ်အား ရုတ်တရက်ပြတ်တောက်သွားရင် မိမိ အချက်အလက်တွေကို သိမ်းဆည်းနိုင်ဖို့  UPS ကို ခံသုံးသင့်ပါတယ်…



ယခု Computer အသုံးပြုပုံ စတင်ပြောပြပါ့မယ်…


ဒါကတော့ Operating System Software ဖြစ်တဲ့ Windows 7 ရဲ့ မြင်ကွင်းလေးပဲ ဖြစ်ပါတယ်…


အောက်ခြေဘားကို Task Bar လို့  ခေါ်ပါတယ်… မိမိအလုပ်လုပ်နေတဲ့ အလုပ်ကို ဖော်ပြနေမှာ ဖြစ်ပါတယ်… Mozilla Firefox ကို ဖွင့်ထားရင် Mozilla Firefox ရဲ့ Icon ပုံလေးတွေ့ ရမှာပါ…
Gtalk ဖွင့်ထားရင် Gtalk ပုံလေး တွေ့ နေရမှာပါ…
နောက်ခံကို Desktop ဒါမှမဟုတ် Display လို့  ခေါ်ပါတယ်…
ဘယ်ဖက်ဘေးက ပုံလေးတွေကို Program Icon လို့  ခေါ်ပါတယ်… မျှားပြောင်းပြန်လေးတွေပါတဲ့ Icon ကိုတော့ Shortcut Icon လို့  ခေါ်ပါတယ်… Shortcut Icon ဆိုတာ မိမိအသုံးပြုတဲ့ Software တွေ၊ Game တွေကို အလွယ်တကူဖွင့်နိုင်အောင် Desktop ပေါ်မှာ Shortcut အနေနဲ့  တင်ထားတာပါ…



ဒီတစ်ခါ Mouse အကြောင်းလေး အသေးစိတ် ထပ်ရှင်းပြပါမယ်…
A mouse is a handheld pointing device that lets you select and move items on your screen. A mouse can come in various shapes, colors and sizes.
Mouse မှာ အရွယ်အစား၊ အရောင်၊ ပုံစံအမျိုးမျိုးရှိတာကို တွေ့ ရမှာပါ…


Resting your hand on the mouse, use your thumb and two rightmost fingers to move the mouse on the desk. Use your two remaining fingers to press the mouse buttons.
Mouse ကို ကိုင်တွယ်ရာမှာ လက်မနဲ့  ညာဖက်ဆုံးလက်ချောင်းနှစ်ချောင်းနဲ့  ညှပ်ကိုင်ပြီး လက်ညှိုးက Left Button ပေါ်သို့ လည်းကောင်း၊ လက်ခလယ်က Reft Button ပေါ်တွင် တင်ထားပြီး ကိုင်ရွှေ့  ရမှာ ဖြစ်ပါတယ်…



When you move the mouse on your desk, the pointer on the screen moves in the same direction. The pointer assumes different shapes depending on its location on the screen and the task you are performing.
Mouse ကိုရွှေ့ တဲ့အခါ Monitor Screen မှာ Pointer ကလည်း မိမိရွှေ့ တဲ့ လားရာဖက်အတိုင်း လိုက်ရွေ့ နေတာကို တွေ့ မြင်ရမှာ ဖြစ်ပါတယ်…
Pointer ပုံစံကလဲ မိမိအသုံးပြုတဲ့ Software ပေါ်မူတည်ပြီး ပြောင်းလဲမှာ ဖြစ်ပါတယ်…




Mouse Actions
There are four common mouse actions.
Mouse မှာ Action လေးမျိုးရှိပါတယ်…


Click
A click often selects an item on the screen. To click, press and release the left mouse button.
Mouse Left Button ကို နှိပ်လိုက်တာကို Click လုပ်တယ်လို့  ခေါ်ပါတယ်…
Screen ပေါ်မှာ ရှိတဲ့ Icon ပေါ်ကို Click လုပ်ကြည့်ပါ… Select ရွေးချယ်တဲ့သဘော Hightlight ဖြစ်သွားတယ်လို့  ခေါ်ပါတယ်…

Double-Click
A double-click often opens a document or starts a program. To double-click, quickly press and release the left mouse button twice.
Program Icon တစ်ခုပေါ် Mouse Pointer ထားပြီး Mouse Left Button ကို မြန်မြန် ၂-ချက်နှိပ်ကြည့်ပါ… Program ပွင့်သွားတာကို တွေ့ ရမှာပါ…


Drag and Drop
Dragging and dropping makes it easy to move an item on the screen. Position the pointer over an item on the screen and then press and hold down the left mouse button. Still holding down the button, move the pointer to where you want to place the item and then release the button.
Program Icon တစ်ခုပေါ်မှာ Mouse Pointer ကိုထားပြီး Mouse Left Button ကို ဖိထားလျက် မိမိရွှေ့ ပြောင်းလိုသောနေရာသို့  Drag လုပ်ပြီး လွှတ်ကြည့်ပါ… Drag and Drop က Mouse Action တစ်ခုပါ… Software တော်တော်များများမှာ အသုံးပြုရပါတယ်…



Right Click
A right-click often displays a list of commands on the screen. To right-click, press and release the right button.
Program Icon တစ်ခုပေါ်မှာ Mouse Pointer ထားပြီး Mouse Right Button ကို Click လုပ်ကြည့်ပါ… Shortcut Menu ပေါ်လာပါလိမ့်မယ်… Pop-up Menu လို့ လည်း ခေါ်ပါတယ်…





Left-handed Users
If you are left-handed, you can switch the functions of the left and right mouse buttons to make the mouse easier to use. For example, to click an item, you would press the right button instead of the left.
Mouse ကို ဘယ်သန်သမားများအတွက် Function ကို ပြင်လို့ ရပါတယ်… အဲဒီ့အခါ ဘယ်သန်သမားအတွက် Click ဟာ Left Button အစား Right Button ဖြစ်သွားပါမယ်…

Wheeled Mouse
A wheeled mouse has a wheel between the left and right mouse buttons. You can often use this wheel to scroll through information or zoom in and out. The Microsoft IntelliMouse is a popular example of a wheeled mouse.
ယခုအသုံးပြုသော Mouse များတွင် Left Button နဲ့  Right Button ကြားတွင် Wheel ပါရှိပါတယ်…
Wheel ကို အချက်အလက်များကို Scroll လုပ်ရာတွင်လည်းကောင်း၊ Zoom ပြုလုပ်ရာတွင်လည်းကောင်း အသုံးပြုပါတယ်…
ယခုနောက်ဆုံးပေါ် Mouse တွင် Double Click အသုံးပြုသကဲ့သို့  Click ပြုလုပ်နိုင်သော Button တစ်ခု တပ်ဆင်ပေးထားပါတယ်…


Cordless Mouse များကိုလည်း အသုံးပြုခြင်းဖြင့် ကြိုးများ ရှုတ်ထေးမှုနည်းစေပါတယ်…



Mouse Pad
A mouse pad provides a smooth surface for moving the mouse and can brighten up your desk. A mouse pad also reduces the amount of dirt that enters the mouse and protects your desk from scratches.
Some mouse pads have built-in wrist support for increased comfort.
Mouse ကို Mouse Pad ခံပြီး အသုံးပြုသင့်ပါတယ်… လက်ကောက်ဝတ်ကို ထောက်ပံ့ပေးသော Mouse Pad ကို အသုံးပြုသင့်ပါတယ်…

.
မူရင်း....www.fivethreeworld.net
မြန်မာ IT လူငယ်များ

အခြေခံကွန်ပြူတာသင်တန်းအပိုင်း(၁)


ကွန်ပျူတာကို စတင်လေ့လာသူများအတွက် အထောက်အကူပြုမယ်လို့  ယုံကြည်ပါတယ်…

ခုဆိုရင် ကုမ္ပဏီများ၊ သင်တန်းကျောင်းများ၊ တက္ကသိုလ်ကျောင်းများပါ ကွန်ပျူတာကို အသုံးပြုနေပြီဖြစ်တဲ့အတွက် ကွန်ပျူတာကို သုံးစွဲတတ်ရင် အကျိုးများစွာရှိမှာ ဖြစ်ပါတယ်…

ကွန်ပျူတာကို သုံးစွဲသူတိုင်းကလည်း ကွန်ပျူတာရဲ့ အခြေခံအချက်အလက်၊ ကွန်ပျူတာအခေါ်အဝေါ်များကို သိထားသင့်ပါတယ်…


ကွန်ပျူတာဟာ နိုင်ငံတကာ ဆက်သွယ်ရေးလုပ်ငန်းအတွက် မဖြစ်မနေ အသုံးပြုရန်လိုအပ်တဲ့အတွက် ကွန်ပျူတာကို သုံးတတ်အောင် လေ့လာသင်ကြားထားသင့်ပါတယ်…

ယခုအခါ တေးဂီတပညာရှင်များပါ ကွန်ပျူတာကို ကျွမ်းကျင်စွာ သုံးတတ်အောင် လေ့လာသုံးစွဲနေကြပြီ ဖြစ်ပါတယ်…

A typical computer system consists of several parts. These are computer case, monitor, keyboard, mouse, printer and modem.

ကွန်ပျူတာမှာ အစိတ်အပိုင်းများစွာ ပါဝင်ပါတယ်… အဓိက ပါဝင်တာကတော့ -

Computer Case – A computer case contains most of the major components of a computer system.

ကွန်ပျူတာ Casing မှာ အဓိကအစိတ်အပိုင်းများကို တပ်ဆင်ထားပါတယ်…



Casing မှာ ၂-မျိုးရှိပါတယ်… Desktop Casing နဲ့ 



Tower Casing ပါ…

Monitor – A monitor is a device that displays text and images generated by the computer.

Monitor ကတော့ စာတွေ၊ ပုံတွေမြင်ရအောင် လုပ်ပေးထားတဲ့ကိရိယာပါ…



Keyboard – A keyboard is a device that lets you type information and instructions into a computer.

Keyboard ကတော့ ကွန်ပျူတာထဲကို အချက်အလက်များ၊ ညွှန်ကြားချက်တွေကို ထည့်ပေးနိုင်တဲ့ ကိရိယာပါပဲ…



Mouse – A mouse is a handheld device that lets you select and move items on the screen.

Mouse ကတော့ မိမိရွေးချယ်လိုတဲ့အရာ၊ ရွှေ့ ပြောင်းလိုတဲ့အရာတွေကို လုပ်ဆောင်နိုင်တဲ့ လက်ကိုင်ကိရိယာလေးပါ…



Printer – A printer is a device that produces a paper copy of documents you create on the computer.

Printer ကတော့ ကွန်ပျူတာမှာရှိတဲ့ အချက်အလက်တွေကို စာရွက်နဲ့  ထုတ်နိုင်တဲ့ ကိရိယာပါ…



Modem – A modem is a device that lets computers communicate through telephone lines. A modem can be found outside or inside the computer case.


Modem ကတော့ ဖုံးလိုင်းမှတစ်ဆင့် ကွန်ပျူတာအချင်းချင်း ဆက်သွယ်နိုင်အောင် လုပ်ဆောင်ပေးနိုင်တဲ့ ကိရိယာပါ… Modem ကို အပြင်ဖက် (သို့ မဟုတ်) ကွန်ပျူတာ Casing အတွင်းမှာ တပ်ဆင်အသုံးပြုနိုင်ပါတယ်…




What is called Hardware and Software?

Hardware and Software are the two basic parts of a computer system.

ကွန်ပျူတာမှာ Hardware နဲ့  Software ဆိုပြီး ၂-မျိုးရှိပါတယ်…

Hardware is any part of a computer system you can see or touch.

Hardware ဆိုတာ ကွန်ပျူတာကို မြင်နိုင်ပြီး ထိတွေ့ နိုင်တဲ့အရာမှန်သမျှကို Hardware လို့  ခေါ်ပါတယ်… ဒါကြောင့် Computer Case, Monitor, Keyboard နဲ့  Mouse တို့ ဟာ Hardware ပဲ ဖြစ်ပါတယ်…

Software is a set of electronic instructions that tell a computer what to do. You cannot see or touch software.

Software ဆိုတာကတော့ ဘယ်လိုလုပ်ရမယ်ဆိုတဲ့ ကွန်ပျူတာကို ခိုင်းစေနိုင်တဲ့ ညွှန်ကြားချက်တွေကို ဆိုလိုတာပါ… ထိတွေ့ လို့  မရနိုင်ပါဘူး…

Software is divided into two kinds of software. These are Application Software and Operating System Software.

Software ကို Application Software နဲ့  Operating System Software ဆိုပြီး ၂-မျိုး ခွဲထားပါတယ်…

Application Software allows you to accomplish specific task. Popular application software includes Microsoft Word, PhotoShop & AutoCAD.

Application Software ဆိုတာက မိမိလုပ်ငန်းနဲ့ ပတ်သက်ပြီး ကျွမ်းကျင်စွာ အသုံးပြုနိုင်တဲ့ ညွှန်ကြားချက်တွေကို ဆိုလိုတာပါ… ရုံးလုပ်ငန်းလုပ်တဲ့သူတွေအတွက် စာစီစာရိုက်လုပ်နိုင်တဲ့ Microsoft Word, PageMaker၊ အစည်းအဝေးတွေမှာ Slide Show လုပ်ပြီး Presentation လုပ်ဆောင်နိုင်တဲ့ Microsoft PowerPoint၊ အချက်အလက်များ ထည့်သွင်း သိမ်းဆည်းထားနိုင်တဲ့ Micosoft Access၊ စာရင်းဇယားများ တွက်ချက်ထည့်သွင်းနိုင်တဲ့ Microsoft Excel၊ ဒီဇိုင်းများ၊ ရုပ်ပုံများကို ပြင်ဆင်နိုင်တဲ့ PhotoShop၊ အခြေခံအင်ဂျင်နှီယာပုံများ ဆွဲနိုင်တဲ့ AutoCAD ဆိုတာတွေဟာ Application Software လို့  ခေါ်ပါတယ်…

Operating System Software controls the overall activity of a computer. Most new computers come with the Windows XP, Vista & Windows 7.

Operating Software ဆိုတာကတော့ ကွန်ပျူတာရဲ့ လုပ်ဆောင်ချက်အားလုံးကို ထိန်းချုပ်ပေးနိုင်တဲ့ အရာပါပဲ… ကွန်ပျူတာတစ်ခုမှာ Operating System Software ဟာ မရှိမဖြစ်လိုအပ်တာပါ… အခုနောက်ပိုင်း ကွန်ပျူတာမှာ တင်ထားတတ်တဲ့ Windows XP, Vista နဲ့  Windows 7 ဆိုတာတွေဟာ Operating System Software ပါ…

How Computers Work
ကွန်ပျူတာအလုပ်လုပ်ပုံ

A computer collects processes, stores and outputs information.


ကွန်ပျူတာဆိုတာ အချက်အလက်များ စုဆောင်းသိမ်းဆည်းခြင်းနဲ့  အချက်အလက်များကို ပြန်လည်ထုတ်ပေးနိုင်တဲ့ ကိရိယာပါ…

Input

An input device lets you communicate with a computer. You can use input devices to enter information and issue commands. A keyboard, mouse and joystick are input devices.


ကွန်ပျူတာထဲကို အချက်အလက်ထည့်ပေးနိုင်တဲ့ Keyboard၊ အမိန့် ပေးတာတွေကို ကူးယူရွှေ့ ပြောင်းနိုင်တဲ့ Mouse၊ Game ကစားရာတွင် အသုံးပြုတဲ့ Joystick တို့ ကို Input Device လို့ ခေါ်ပါတယ်…

Process

The Central Processing Unit (CPU) is the main chip in a computer. The CPU processes instructions, performs calculations manages the flow of information through a computer system. The CPU communicates with input, output and storage devices to perform tasks.

ကွန်ပျူတာမှာ အဓိက ထိန်းချုပ်ထားတဲ့အရာကတော့ CPU ပါ… Central Processing Unit ပါ… ကွန်ပျူတာတစ်ခုလုံးရဲ့ လုပ်ဆောင်ချက်အားလုံးကို ထိန်းချုပ်ပေးထားတဲ့အရာပါ…

Store

A storage device reads and records information on storage media. The computer uses information stored on the storage media to perform tasks. Popular examples of storage devices include a hard drive, floppy drive, CD-Recordable drive and tape drive.

ကွန်ပျူတာရဲ့ အချက်အလက်တွေကို သိမ်းဆည်းပေးထားတဲ့ ကိရိယာကတော့ Hard Drive လို့ ခေါ်တဲ့ Harddisk ပါ… များသောအားဖြင့် Hard drive C အဖြစ် သိကြမှာပါ… အရင်က Floppy drive၊ Tape drive တို့ ကို သုံးပေမဲ့ အခု မသုံးတော့သလောက်ပါပဲ… ခုချိန်မှာ Memory Stick၊ CD-R၊ CD-RW၊ DVD Drive တို့ ကို သုံးလာကြပါပြီ…


Output


An output device lets a computer communicate with you. These devices display information on a screen, create printed copies or generate sound. A monitor, printer and speakers are output devices.

အချက်အလက်တွေ၊ ပုံတွေကို မြင်ရတဲ့ Monitor၊ အသံတွေကို နားထောင်လို့ ရတဲ့ Speakers၊ Microphone၊ စာရွက်နဲ့ ထုတ်မြင်ရတဲ့ Printer စတာတွေဟာ Output Device တွေပဲ ဖြစ်ပါတယ်…

Bytes
Bytes are used to measure the amount of information a device can store.

Byte ဆိုတာ မိမိသိမ်းဆည်းလိုက်တဲ့ ကွန်ပျူတာအချက်အလက်က Size ဘယ်လောက်လဲဆိုတာ တိုင်းတာတဲ့စနစ်ပါ.. ကိုယ်သိမ်းဆည်းလိုက်တဲ့ စာက ဘယ်လောက် KB ရှိတယ်၊ သီချင်းက ဘယ်လောက် MB ရှိတယ်၊ ဓါတ်ပုံက ဘယ်လောက် MB ရှိတယ်ဆိုတာ ပြောတတ်ဖို့ လိုပါတယ်… တွက်တတ်ဖို့  လိုပါတယ်… ကိုယ့်ရဲ့ ကွန်ပျူတာ Hard disk က ဘယ်လောက် GB ရှိတယ်ဆိုတာ ပြောနိုင်ဖို့  လိုပါတယ်…

Byte
One byte is one character. A character can be a number, letter or symbol.
One byte consists of eight bits (binary digits). A bit is the smallest unit of information a computer can process.

One byte ဆိုတာ One character ပါ… နံပါတ်တစ်ခု၊ စာတစ်ခု (သို့ မဟုတ်) သင်္ကေတတစ်ခု ဖြစ်နိုင်ပါတယ်…

Kilobyte (K)
One kilobyte is 1,024 characters. This is approximately equal to one page of double-spaced text.

1 Kilobyte = 1,024 Bytes = 103 Bytes (nearly)

Megabyte (MB)
One megabyte is 1,048,576 characters. This is approximately equal to one book.

1 Megabyte = 106 Bytes

Gigabyte (GB)
One gigabyte is 1,073,741,824 characters. This is approximately equal to a shelf of books in a library.

1 Gigabyte = 109 Bytes

Terabyte (TB)
One terabyte is 1,099,511,627,776 characters. This is approximately equal to an entire library of books.

1 Terabyte = 1012 Bytes


ကွန်ပျူတာနည်းပညာများ လေ့လာဆည်းပူးနိုင်ကြပါစေ…
မူရင်း.. www.fivethreeworld.net
မြန်မာ IT လူငယ်များ

ကာကွယ်ရေး ဦးစီးချုပ်မှ လက်နက်ကိုင် ပဋိပက္ခနှင့် အကြမ်းဖက်မူ ဒီမိုကရေစီက လက်မခံဟု ဆို


ရခိုင်ပြည်နယ်ရှိ တပ်နယ် အသီးသီးသို့ လာရောက် လည်ပတ်ခဲ့သော မြန်မာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်မှူးကြီး မင်းအောင်လိုင်မှ တပ်မတော်သားများနှင့် တွေ့ဆုံစဉ် လက်နက်ကိုင်ပဋိပက္ခနှင့် အကြမ်းဖက်မှုများကို မည်သည့်ဒီမိုကရေစီ ကျင့်သုံးမှုမျိုးကမျှ လက်မခံကြောင်း ပြောဆိုသွားခဲ့သည်ဟု နိုင်ငံပိုင် သတင်းစာများတွင် ဖေါ်ပြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ဒီဇင်ဘာ ၄ ရက်နေ့က ကျောက်တော်တပ်နယ် န၀ရတ် ခန်းမနှင့်  စစ်တွေတပ်နယ် ဗန္ဓုလခန်းမတို့၌ တပ်နယ်များမှ အရာရှိ၊ စစ်သည် မိသားစုများနှင့် တွေ့ဆုံစဉ် ထိုသို့ အမှာ စကား ပြောကြားခဲ့သည်ဟု ဆိုသည်။

“ ပစ္စုပ္ပန်ကာလ လက်ရှိတာဝန်ထမ်းဆောင်နေသော အရာရှိ/စစ်သည်အားလုံးတွင် စည်းကမ်းရှိသောတပ်၊ အမိန့် နာခံသော တပ်ဖြစ်စေရေး တာဝန်ရှိကြောင်း၊ ဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်ဖြစ်စေရေး ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာတွင် လက်နက်ကိုင် ပဋိပက္ခနှင့် အကြမ်းဖက်မှုများကို မည်သည့်ဒီမိုကရေစီ ကျင့်သုံးမှုမျိုးကမျှ လက်မခံကြောင်း၊ သို့ဖြစ်၍ တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေး ကိစ္စရပ်များကို စိတ်ရှည်စွာ ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့ရွေးချယ်ထားသည့် ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ဖြောင့်ဖြောင့် တန်းတန်း လျှောက်လှမ်းနိုင်ရေး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နှင့် တက်ညီလက်ညီ ကြိုးပမ်း ဆောင်ရွက် သွားရန် လိုအပ်ကြောင်း”  တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ပြောကြားသွားခဲ့သည်ဟု သိရသည်။
(နိရဉ္စရာ- ၇ ဒီဇင်ဘာ ၂၀၁၃)
narinjara burmese news

BMW ကားကုမ္ပဏီ မြန်မာဈေးကွက်ဝင်


ရန်ကုန်၊ ဒီဇင်ဘာ ၆

ကမ္ဘာကျော် ကားကုမ္ပဏီတစ်ခုဖြစ်သည့် ဂျာမနီနိုင်ငံ အခြေစိုက် BMW ကားကုမ္ပဏီ၏ နောက်ဆုံးပေါ် ကားသစ်များနှင့် အဆင့်မြင့် ဝန်ဆောင်မှုများ ပေးရန်အတွက် သဘောတူညီမှု ရရှိပြီ ဖြစ်ကြောင်း BMW ကားကုမ္ပဏီ၏ မြန်မာနိုင်ငံ တစ်ဦးတည်း ကိုယ်စားလှယ် အဖြစ် ဆောင်ရွက်ခွင့်ရသော Prestige Automobile ကုမ္ပဏီ၏ ပြန်ကြားရေးနှင့် ဆက်ဆံရေး အရာရှိ ဒေါ်စန်းစန်းမြင့်က ပြောကြားသည်။

BMW ၏ နောက်ဆုံးပေါ် ကားသစ်များကို တင်သွင်း ရောင်းချသွားမည့်အပြင် BMW ၏ ပထမဦးဆုံး အရောင်းပြခန်းကိုလည်း ၂၀၁၄ ခုနှစ်အတွင်း ရန်ကုန်မြို့တွင် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

BMW ကားများကို တင်သွင်း ရောင်းချမည့်အပြင် အဆင့်မြင့် ကားပစ္စည်း ကိရိယာများနှင့် ကားပြုပြင် ထိန်းသိမ်းရေးစင်တာ၊ ကားဘော်ဒီ ဝပ်ရှော့တို့ကို BMW ကုမ္ပဏီမှ ပညာရှင်များ၏ အကြံဉဏ်များနှင့် ဝန်ဆောင်မှု ပေးသွားမည် ဖြစ်ကြောင်း ဒေါ်စန်းစန်းမြင့်က ဆိုသည်။

မော်တော်ယာဉ် မူဝါဒ အပြောင်းအလဲနှင့်အတူ မော်တော်ယာဉ် အရောင်းပြခန်းများ အများအပြား ဖွင့်လာသည့်အပြင် ကမ္ဘာကျော် ကားကုမ္ပဏီ ကြီးများသည်လည်း ပြည်တွင်း ဈေးကွက်သို့ ဝင်ရောက်လျက်ရှိရာ နိုဝင်ဘာလ ၃၀ ရက်နေ့က နာမည်ကြီး ဂျာမနီ ကားကုမ္ပဏီ တစ်ခုဖြစ်သည့် Mercedes-Benz ကားအရောင်းပြခန်းကို ရန်ကုန်မြို့တော် ၇ မိုင် (ပြည်လမ်း) တွင် ဖွင့်လှစ်ခဲ့သည်။

အဆိုပါ Presitge Automobile ကုမ္ပဏီသည် ဆောက်လုပ်ရေး လုပ်ငန်းသုံး စက်ပစ္စည်း ယန္တရားများ၊ ခရီးသည်တင် ယာဉ်များကို ဥရောပ ကုမ္ပဏီများ၏ ဖြန့်ချိရေး ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်နေသော Octagon International Services ကုမ္ပဏီ၏ ညီနောင် ကုမ္ပဏီတစ်ခု ဖြစ်ကြောင်း Prestige Automobile ကုမ္ပဏီက ထုတ်ပြန်ထားသည်။

ယင်းကုမ္ပဏီများမှာ နာမည်ကျော် ရွှေတောင် လုပ်ငန်းစုက ပိုင်ဆိုင်သည့် ကုမ္ပဏီများလည်း ဖြစ်သည်။
The Voice Weekly

အငှားယာဉ် တင်သွင်းခွင့် ရန်ကုန်တိုင်းအစိုးရ အစီအစဉ်ဖြင့် ယာယီရပ်ဆိုင်း


ရန်ကုန်၊ ဒီဇင်ဘာ ၆

ပြည်ပမှ အငှားယာဉ် (Taxi) တင်သွင်းမှုများနှင့် တင်သွင်းခွင့် လျှောက်ထားသည့် ကုမ္ပဏီများကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ရက်အကန့်အသတ်မရှိ ယာယီ ရပ်ဆိုင်းထားကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီးဌာန ဝန်ကြီး ဦးအောင်ခင်က The Voice သို့ ပြောကြားသည်။

ရန်ကုန်မြို့တွင်း လမ်းပန်း ဆက်သွယ်ရေး ခက်ခဲလာမှုနှင့် ယာဉ်ကြော ပိတ်ဆို့ခြင်းများ ဖြစ် ပေါ်နေသည့်အတွက် အငှားယာဉ် တင်သွင်းမှု များကို ခွင့်မပြုသေးခြင်း ဖြစ်ကြောင်း ၎င်းကရှင်းပြ သည်။

ဒီဇင်ဘာလ ပထမပတ်မှ စတင်၍ ပြည်ပမှ အငှားယာဉ် တင်သွင်းခွင့်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ပိတ်လိုက်ခြင်း ဖြစ်ပြီး ပြန်ခွင့်ပြုမည့် ရက်ကိုမူ မပြောကြားနိုင်သေးကြောင်း၊ လောလောဆယ် တင်သွင်းခွင့် လျှောက်ထားသည့် ယာဉ်အစီးရေ ရာနှင့်ချီ၍ ရှိကြောင်း ဦးအောင်ခင်က ပြောကြားသည်။

အငှားယာဉ် တင်သွင်းမည့် ကုမ္ပဏီသည် သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရ၏ ခွင့်ပြုချက်ရမှသာ ကုမ္ပဏီ တစ်ခုလျှင် အစီးရေ ၅၀ တင်သွင်းခွင့် ရှိမည် ဖြစ်ပြီး တိုင်းအစိုးရ ခွင့်ပြုချက် မရလျှင်မူ တင်သွင်းခွင့် မပြုကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ယာဉ်ကြီးကြပ်ရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။
“ကျွန်တော်တို့ကတော့ ပိတ်တယ် မပိတ်ဘူးဆိုတာ မသိဘူး။ အခုထက်ထိတော့ တင်သွင်းခွင့် ပြုထားပါတယ်” ဟု ယင်းတာဝန်ရှိသူက ဆိုသည်။

ရန်ကုန်မြို့တွင်း အငှားယာဉ်များ များပြားခြင်းနှင့် ခရီးသည်တင် ယာဉ်များ၏ စည်းကမ်းမဲ့ မောင်းနှင်မှု များကြောင့် အများပြည်သူများ သွားလာရသည်မှာ ပိုမိုခက်ခဲလျက် ရှိပြီး ခုံးကျော် တံတားများ ဖွင့်လှစ် ပေးပြီးသော်လည်း ယာဉ်ကြော ပိတ်ဆို့မှုများ ဆက်လက် ဖြစ်ပေါ်နေဆဲ ဖြစ်ကြောင်း ဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုမှ ယာဉ်မောင်းတစ်ဦးက ပြောကြားသည်။
The Voice Weekly

Human Resource Journal 6-Dec-13


ဒီဇင်ဘာ (၇) ရက်နေ့ထုတ် မြဝတီသတင်းစာ


ဒီဇင်ဘာ (၉) ရက်နေ့ထုတ် The Voice Weekly ဂျာနယ် အတွဲ (၉)၊ အမှတ် (၄၈)


Good Health ဂျာနယ်၊ အမှတ် ၄၆၄


ကေတီဗွီနှင့်မာဆက်မှ မိန်းကလေးအများအပြား ပြည်ခိုင်ဖြိုးပါတီသို့ ဝင်ရောက်


မုံရွာမြို့ရှိ ကေတီဗွီနှင့်မာဆက်မှ မိန်းကလေးအများအပြား ပြည်ခိုင်ဖြိုးပါတီသို့ ဝင်ရောက်နေလျက်ရှိကြာင်း သတင်းရရှိသည်။"အာဏာပိုင်တွေနဲ့ ပါတီကလူတွေနဲ့ ဆိုင်ကိုလာကြပါတယ်။ ကျွန်တော်တို့ကလည်း ဆိုင်အခြေအနေအရမို့ ဝင်ရောက်ကြရတာပါ။ တော်ကြာ ဆိုင်ကိုတစ်ခုခု လုပ်ပစ်မှာစိုးတယ်လေ။ သူတို့က ပါတီဝင်ကတ်ပြားတွေ ထုတ်ပေးပါတယ်" ဟု မုံရွာမြို့ရှိ ကေတီဗွီမန်နေဂျာတစ်ဦးက ပြောကြားသည်။
...
"ဟုတ်ပါတယ်။ အခုတစ်လော ကျွန်တော်တို့ဆိုင်ကို ကေတီဗွီဆိုင်က ကောင်မလေးတွေရဲ့ ပြည်ခိုင်ဖြိုးပါတီဝင်ကတ်ပြားတွေကို ပလတ်စတစ်လာလောင်းကြပါတယ်။ အခု ကျွန်တော်ရေတွက်ကြည့် သလောက် နှစ်ရာနီးပါး လောင်းပေးခဲ့ရပြီးပြီ" ဟု မုံရွာမြို့ပေါ်တွင် ကွန်ပျူတာစာစီစာရိုက်ဆိုင် ဖွင့်လှစ်ထားသူတစ်ဦးက ပြောကြားသည်။
"မသိပါဘူး။ ဂျာကြီးက နင်တို့ဝင်လိုက်ဆိုလို့ ဓာတ်ပုံတွေပေး၊ ကိုယ်ရေးအချက်အလက်တွေ ပေးလိုက်တာ။ ညီမတို့ကတော့ ဘာခံယူချက်မှမရှိပါဘူး" ဟု ကေတီဗွီဆိုင်တစ်ခုတွင် အလုပ်လုပ်နေသော မိန်းကလေးငယ်တစ်ဦးမှ ပြောသည်။

၂၀၁၅ ရွေးကောက်ပွဲနီးလာသောကြောင့် ပြည်ခိုင်ဖြိုးပါတီမှ အာဏာပိုင်များနှင့်ပူးပေါင်းပြီး ယခုကဲ့သို့ နည်းလမ်းပေါင်းစုံဖြင့် ပါတီဝင်အရေအတွက်များစေရန် လုပ်ဆောင်နေခြင်း ဖြစ်နိုင်ကြောင်း၊ ပါတီဝင်တစ်ယောက်ဖြစ်စေရန် မဲဆွယ်စည်းရုံးနိုင်သော်လည်း ယခုကဲ့သို့ စီးပွားရေးသမားများ၏ အကြောက်တရားကို အခွင့်အရေးတစ်ခု အဖွယ်အသုံးချခြင်းမှ မဖြစ်သင့်ကြောင့် မုံရွာမြို့ရှိ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးမှ ပြောကြားသည်။

ThanLarWaddy Times

(၇.၁၂.၂၀၁၃) ရက်နေ့ လက်ရှိအချိန်အထိ နိုင်ငံအလိုက် (၁၁ နာရီ ၅၀ မိနစ်) ရရှိထားသော ဆုတံဆိပ်စာရင်း


ယာဉ်ထိန်းရဲလက်နှင့် ထိန်းချုပ်သော မီးပွိုင့်များကိစ္စ (အယ်ဒီတာထံ ပေးစာ)


သို့
အယ်ဒီတာရှင့်

ကျွန်မက ကုမ္ပဏီဝန်ထမ်းတစ်ဦးပါ။ မိုးကောင်း၊ ရန်ကင်းလမ်းနားမှာနေပြီး အလုပ်က မြို့ထဲမှာမို့ အခုလို ကားလမ်းတွေကျပ်၊ ယာဉ်တွေကျပ်တဲ့ အတွက် ရုံးကို အရင်ထက်ပိုစောပြီး ထွက်တတ်ပါတယ်။ အခုဂျာနယ်ကို စာရေးပို့ရတာက တိုင်ကြားတယ်၊ အရေးယူပေးဖို့ ဆိုတာမျိုးထက် နားမလည်တဲ့ အရာတစ်ခုကို ရှင်းရှင်းလင်းလင်း သိရဖို့ မေးမြန်းရတာဆို ပိုမှန်ပါလိမ့်မယ်။ ကျွန်မတို့လာတဲ့ လမ်းတစ်လျှောက်မှာ ဖြတ်ရတဲ့ မီးပွိုင့်ပေါင်းက မနည်းပါဘူး။ တစ်ခါတလေ မီးပွိုင့်ကို မမြင်ရခင်လောက်က တည်းက ကားပိတ်ပြီး အဲဒီပွိုင့်ကိုဖြတ်ရဖို့ ကားပေါ်မှာ ချွေးတဒီးဒီးကျ အောင်စောင့်ရပါတယ်။

ခု ပြောပြချင်တာလည်း အဲဒီမီးပွိုင့်တွေ ကိစ္စပါ။ တချို့မီးပွိုင့်တွေက အဝါ၊ အစိမ်း၊ အနီ အရောင်သုံးရောင်သာပါပေမယ့် တချို့က ကားသွားဖို့သတ်မှတ်ပေးတဲ့ ကားရပ်ဖို့ အချိန်ပြစနစ်လေးပါပါရှိတာ တွေ့ပါတယ်။ အဲဒီ စနစ်လေးပါတဲ့ မီးပွိုင့်မျိုးတွေကို ကျွန်မတို့ ပိုနှစ်သက်ပါတယ်။ ဘာလို့လဲဆိုတော့ ဘယ်အချိန်ပြန်ပြီး မီးစိမ်းမလဲဆိုတာ မှန်းဆပြီးတော့မျှော်ရတာ မဟုတ်ဘဲ စက္ကန့်လျော့သွားတာကို ကြည့် နေနိုင်လို့ပါပဲ။ ဒါပေမဲ့ ခုအဲဒီလိုမဟုတ်တော့ပါဘူး။ မီးစိမ်းပြတဲ့ စက္ကန့် တွေလည်း မမှန်တော့သလို မီးနီပြပြီး ရပ်ခိုင်းတဲ့ စက္ကန့်တွေကလည်း မှားယွင်းနေပါတယ်။

တချို့ပွိုင့်တွေမှာ မီးနီပြလိုက်ပြီး စက္ကန့် ၆ဝ ဆိုတာ ပေါ်နေပေမယ့် တကယ်တမ်း မီးနီစပြတဲ့ ချိန်ကစလို့ အဲဒီနံပါတ်က မတက်ပါဘူး။ အဲဒီ စက္ကန့် ၆ဝ မှာပဲ ၁ မိနစ် ၂ မိနစ်လောက် ရပ်နေပါသေးတယ်။ တော်တော်လေးကြာမှ အဲဒီစက္ကန့်က စတက်ပါတယ်။ အဲဒီတော့ မီးနီကြောင့်ရပ်နေရတဲ့ ယာဉ်ကြောက သတ်မှတ်တဲ့ မီးနီချိန်ထက်ပို ပြီး ကြာမြင့်စွာရပ်နေရပါတယ်။ မီးပွိုင့်တွေက မီးစိမ်းရင် ခဏလေးဖြစ်ဖြစ် နေပြီး မီးနီရင်တော့ တမေ့တမောကြီး ဖြစ်ဖြစ်နေသလိုပဲ ခံစားလာရပါ တယ်။ လမ်းဆုံက ယာဉ်ထိန်းရဲ ရုံးလေးတွေထဲ ကြည့်ရင်လည်း ယာဉ်ထိန်းတွေရှိတာကိုလည်း တွေ့နေရပါတယ်။ ဒါပေမဲ့ အဲဒီလို မီးပွိုင့်မှာတပ်ထားတဲ့ မိနစ်စနစ်ကြီး ကြန့်ကြာ ပြီးမှ စတင်ရေတွက်တာကို သူတို့ မသိတာလားဆိုတာ သိချင်ပါတယ်။

ကျွန်မတို့ ပြည်သူ၊ ပြည်သားတွေက တစ်နေ့တစ်နေ့ ကားပေါ်မှာတင် နာရီပေါင်းများစွာ အချိန် ကုန်နေကြရပါ တယ်။ ကားတွေများပြီး လမ်းတွေကျပ်၊ ယာဉ်တွေကျပ် ဖြစ်နေတဲ့အပေါ် ဘာမှ ထပ်ပြီးစောဒက မတက်လိုတော့သော်လည်း အဲဒီလို မီးပွိုင့်တွေ မှာ လိုတာ ထက်ပိုပြီး ကားတွေ မီးနီရပ်နေကြရတာကိုတော့ သက်ဆိုင် ရာက ကြည့်ရှုကြပ်မတ်ပေးပါလို့ အယ်ဒီတာကတစ်ဆင့် တောင်းဆိုပါရစေ။

မသန္တာ (ရန်ကင်း)
Popular Myanmar News Journal

တိုင်းရင်းသား လက်နက်ကိုင် ညီလာခံကျင်းပရေး KNU ဗဟိုကော်မတီ အစည်းအဝေးခေါ်ယူ


ရန်ကုန်၊ ဒီဇင်ဘာ ၆

နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးအတွက် ဘုံသဘော တူညီချက်တစ်ခု ချမှတ်နိုင်ရန် ဒုတိယအကြိမ်မြောက် ပြုလုပ်မည့် တိုင်းရင်းသား လက်နက်ကိုင် ညီလာခံ ကျင်းပရေးအတွက် ကရင် အမျိုးသား အစည်းအရုံး (KNU) က ဗဟိုကော်မတီ အစည်းအဝေး ခေါ်ယူကျင်းပလျက် ရှိကြောင်း KNU ဘားအံ ဗဟိုဆက်ဆံရေးရုံး ဒုတိယတာဝန်ခံ ဦးစောမန်းသိန်းက ပြောကြားသည်။

အဆိုပါ ဗဟိုကော်မတီ အစည်းအဝေးကို ဒီဇင်ဘာ ၅ ရက်နေ့မှ စတင်ကာ KNU ဝါးလေးစခန်းတွင် ပြုလုပ်လျက် ရှိပြီး ဗဟိုကော်မတီဝင်များ အားလုံး တက်ရောက် ဆွေးနွေးလျက် ရှိကြောင်း ၎င်းက ရှင်းပြသည်။

အဆိုပါ အစည်းအဝေးက တိုင်းရင်းသား လက်နက်ကိုင် ညီလာခံ ကျင်းပမည့် ရက်နှင့် နေရာကို ဆွေးနွေး ဆုံးဖြတ်မည် ဖြစ်ကြောင်း KNU နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။
“အစည်းအဝေးက ခေါ်တာ နှစ်ရက် ရှိပြီ။ ဒီနေ့အထိပြီးမှာ မဟုတ်သေးဘူး။ အားလုံး ဆွေးနွေးပြီးသွားရင် လုပ်ငန်းစဉ်တွေကို ထုတ်ပြန်မှာပါ” ဟု ၎င်းကဆိုသည်။

KNU နယ်မြေအတွင်း ဒုတိယအကြိမ်မြောက် ပြုလုပ်မည့် လက်နက်ကိုင် ညီလာခံတွင် နိုဝင်ဘာလ အတွင်းက KIO ဌာနချုပ် လိုင်ဇာတွင် ပြုလုပ်ခဲ့သော ပထမအကြိမ် ညီလာခံ၏ နိုင်ငံလုံးဆိုင်ရာ အပစ် အခတ် ရပ်စဲရေး သဘောတူညီချက်ကို ထပ်မံဆွေးနွေး သွားမည် ဖြစ်ကြောင်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ထံမှ သိရှိရသည်။

နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးရန်အတွက် နိုဝင်ဘာ ပထမပတ်အတွင်း KIO ဌာနချုပ် လိုင်ဇာတွင် တိုင်းရင်းသား ထိပ်သီး ခေါင်းဆောင်များက တက်ရောက် ဆွေးနွေးခဲ့ပြီး နိုင်ငံလုံး ဆိုင်ရာ အပစ်ရပ်စဲရေး ဘုံသဘောညီချက်ကို တိုင်းရင်းသား လက်နက်ကိုင် ၁၇ ဖွဲ့က လက်မှတ် ရေးထိုးထားသည်။

အဆိုပါ ရရှိလာသော ဘုံသဘော တူညီချက်များကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး ဒုတိယအကြိမ် တွေ့ဆုံပွဲကို ကရင်ပြည်နယ် ဘားအံမြိုတွင် ပြုလုပ် သွားမည် ဖြစ်ကြောင်း ထုတ်ပြန် ကြေညာထားသည်။
The Voice Weekly

မန္တလေးမြို့၌ အသုံးမပြုရသေးဘဲ သတ်မှတ်ထားသော တပ်မြေဧရိယာများကို မြို့ပြစီမံကိန်းတွင် သုံးစွဲနိုင်ရန် ADB အကြံပြု

မန္တလေးမြို့အား မန္တလေးတောင်ပေါ်မှ တွေ့မြင်ရစဉ်

မန္တလေးမြို့ကို ၂၀၄၀ ခုနှစ်တွင် တိုးပွာလာမည့် လူဦးရေ သုံးသန်းအတွက်ပါ မြို့ပြ စီမံကိန်းဖြစ် ဆောင်ရွက်သွားရန် အတွက် အသုံးမပြုရသေးဘဲ သတ်မှတ်ထားသော တပ်မြေဧရိယာများကို မြို့ပြစီမံကိန်းတွင် သုံးစွဲနိုင်ရန် လိုအပ်ကြောင်း Green City အဖြစ် ဆောင်ရွက်ရန် လာရောက်သည့် စိမ်းလန်းသော မန္တလေးမြို့တော် အတွက် မဟာဗျူဟာ ဖွံ့ဖြိုးမှု စီမံချက်ချရန် လေ့လာမှုလုပ်ငန်း အစီအစဉ် အခြေအနေ တင်ပြခြင်းနှင့် ဦးစားပေးလုပ်ငန်းများ သတ်မှတ်ခြင်းအကြောင်း ရှင်းလင်းတင်ပြသည့် အခမ်းအနားတွင် ADB မှ အဖွဲ့ခေါင်းဆောင် Alistair Blunt က ပြောကြားသည်။

လက်ရှိ မန္တလေးမြို့ လူဦးရေ ၁ ဒသမ ၂သန်းရှိကာ ၂ ဒသမ၅၊ ၂ဒသမ၉ သန်းထိ တိုးလာနိုင်ပြီး တိုးပွားလာမည့် လူဦးရေ သုံးသန်းအတွက်ပါ ကြိုတင်တွက်ချက် ထားကြောင်းနှင့် Green City အတွက် မြို့တွင်းမြို့ပြင် စီမံကိန်း အောင်မြင်ရန် စဉ်းစားဆောင်ရွက်မည် ဖြစ်ကြောင်း အဆိုပါ အဖွဲ့ခေါင်းဆောင်က ပြောကြားသည်။

''မန္တလေးမှာ မသုံးသေးဘဲ သတ်မှတ်ထားတဲ့ တပ်မြေဧရိယာတွေ၊ လေဆိပ်မြေ နေရာတွေကို စနစ်တကျ စီမံခန့်ခွဲ နိုင်မယ်ဆိုရင် မြို့သူမြို့သားတွေအတွက် ကောင်းကောင်း အသုံးချနိုင်မှာပါ။ အဲလိုမြေနေရာ အလွတ်တွေ အများကြီး ရှိပါတယ်'' ဟု ADB မှ အဖွဲ့ခေါင်းဆောင် Alistair Blunt က ထောက်ပြပြောဆို ခဲ့ပါသည်။ ကျပ်သိန်း ၁၀၀ ခန့် သတ်မှတ်ထားသည့် မြို့တော်စည်ပင်၏ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းနှင့် ပတ်သက်၍လည်း သာမန်ဝန်ထမ်း တစ်ဦး၏ ၀င်ငွေရာခိုင်နှုန်း ၂၀ ကို သုံးစွဲရသည့်အတွက် ရေရှည်အတွက် ခက်ခဲနိုင်ကြောင်း၊ ၀င်ငွေနည်းပါးသူ၏ ၂၀ ရာခိုင်နှုန်းကသာ ၀ယ်ယူနိုင်မည်ဖြစ်ပြီး ပြန်လည်စဉ်းစား စေလိုကြောင်း တင်ပြခဲ့သည်။

မန္တလေးမြို့စွန် နေရာများတွင် အစိမ်းရောင်ရပ်ဝန်း ရှိပြီးသား ဖြစ်သဖြင့် Green City အတွက် လွယ်ကူကြောင်း၊ မြို့တွင်းသွားလာချိန်နှင့် ကုန်ကျစရိတ် လျှော့ချရန် မြို့တွင်းမြို့ပြင်ပတ်လမ်း ဖောက်လုပ်ရန် စီစဉ်ထားကြောင်း သိရသည်။

မန္တလေးမြို့ကို ဆက်လက်တိုးချဲ့ရန် မြို့အရှေ့ဘက် ပုသိမ်ကြီးမြို့နယ်နှင့် တောင်ဘက် အမရပူမြို့နယ်တို့မှာ သင့်လျော်ပြီး စိုက်ပျိုးမြေများ ပါဝင်သဖြင့် စိုက်ပျိုးရေး ၀န်ကြီးဌာနမှ ခွင့်ပြုပါက ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
Eleven Media Group

ပဋိပက္ခများက လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို ပိုမိုဖြစ်စေဟု ဒေါ်အောင်ဆန်းစုကြည် သုံးသပ်

ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်မြို့ ချက်ထရီယမ် ဟိုတယ်၌ မီဒီယာများနှင့် ဒီဇင်ဘာ ၆ ရက်က တွေ့ဆုံစဉ်

ပဋိပက္ခ ဖြစ်စဉ်များက လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် မှုများကို ပိုမိုဖြစ်စေသည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဒီဇင်ဘာ ၆ ရက်တွင် ရန်ကုန်မြို့၊ ချက်ထရီယမ် ဟိုတယ်၌ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

ပဋိပက္ခများနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများနှင့် ပတ်သက်၍ မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားရာတွင် ဒေါ်အောင်ဆန်းစုကြည်က ပဋိပက္ခများကြောင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ဖြစ်ရခြင်း မဟုတ်သော်လည်း အဆိုပါ ပဋိပက္ခများကမူ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို ပိုမိုဖြစ်ပေါ် စေသည်ဟု ထည့်သွင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။

''ဒီနှစ်ခုက သီးသန့်စီပါ။ တစ်ခုက လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ တစ်ခုက ပဋိပက္ခ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို ဘာကြောင့် လုပ်ကြသလဲ ဆိုတာ ကျွန်မ အမြဲတမ်း စဉ်းစားမိပါတယ်။ ဒါဟာ စိတ်ပိုင်းဆိုင်ရာ ပြဿနာ တစ်ခုလား၊ လူမှုရေးပြဿနာ တစ်ခုလား။ ပဋိပက္ခတွေကြောင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဖြစ်တာ မဟုတ်ပါဘူး။ ဒါပေမဲ့ ပဋိပက္ခမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ပိုဖြစ်တယ်။ ငြိမ်းချမ်းတဲ့ နေရာတွေမှာတောင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ဖြစ်နိုင်ပါတယ်။ ဒီအချက်ကို လေးလေးနက်နက်နဲ့ ဖြေရှင်းဖို့ လိုပါတယ်'' ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

လိင်ပိုင်းဆိုင်ရာ ပွင့်လင်းမြင်သာမှုရှိသည့် နိုင်ငံများတွင် ဖြစ်ပေါ်သည့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများမှာမူ စိတ်ပိုင်းဆိုင်ရာ ပြဿနာကြောင့်ဟု ထင်ကြောင်း၊ ပဋိပက္ခ ကာလများတွင် ရရာလက်နက်ကို အသုံးပြု တတ်ကြကြောင်း၊ ပဋိပက္ခမှာ အနိုင်ရရန် တွေ့ရာနည်းလမ်းများကို အသုံးပြုတတ်ကြကြောင်း၊ ယင်းနေရာတွင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ဖြစ်ပေါ်ခြင်းမှာမူ လူမှုရေး ပြဿနာ ဖြစ်ကြောင်း၊ လူ့အဖွဲ့အစည်း တစ်ခုတွင် လိင်ပိုင်းအကြမ်းဖက်မှု ဖြစ်ဖူးသည် ဆိုပါက ပဋိပက္ခ အခြေအနေ၌ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ဖြစ်ပေါ်လာနိုင်ခြေ ပိုများကြောင်းလည်း ၎င်းက သုံးသပ်သည်။

ဒေါ်အောင်ဆန်းစုကြည်က ''ပဋိပက္ခ အခြေအနေမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ဖြစ်ပေါ်လာရင် တော်တော်ကို ဆိုးရွားနိုင်ပါတယ်။ ပဋိပက္ခ ကာလတွေမှာ တရားဥပဒေ စိုးမိုးမှုကင်းမဲ့လေ့ ရှိနေတတ်ပါတယ်။ ပဋိပက္ခတွေ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို ဖြေရှင်းဖို့ ဇာစ်မြစ်ကို သိဖို့လိုပါတယ်'' ဟုလည်း ပြောကြားသည်။

စစ်တပ်မှ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ပြုလုပ်ခြင်း ရှိနေသည်ဟူသော ပြောကြားချက်များနှင့် ပတ်သက်၍ ထပ်မံမေးမြန်းရာတွင် ဒေါ်အောင်ဆန်းစုကြည်က ယင်းအချက်မှာ တရားဥပဒေ စိုးမိုးမှု အားနည်းခြင်းကြောင့် ဖြစ်ကြောင်း၊ ယင်းအချက်ကို စစ်တပ်မှ ကိုင်တွယ်ရန်လိုကြောင်း၊ စစ်တပ်သည် သီးသန့်နိုင်ငံရေး အဖွဲ့အစည်း တစ်ခုလည်း ဖြစ်နေပြီး ပဋိပက္ခကာလများတွင် စစ်တပ် မဟုတ်သည့် လက်နက်ကိုင် တပ်ဖွဲ့များလည်း လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုများ ရှိနေကြောင်း ပြောကြားသွားသည်။

လက်ရှိအစိုးရ လက်ထက်တွင် ရခိုင်ပြည်နယ်၌ ၂၀၁၂ ခုနှစ် ဇွန်နှင့် အောက်တိုဘာလ၊ ၂၀၁၃ ခုနှစ် စက်တင်ဘာ လကုန်ပိုင်းနှင့် အောက်တိုဘာလဆန်း စသည်တို့တွင် ပဋိပက္ခများ ဖြစ်ပေါ်ခဲ့ပြီး လက်ရှိအချိန်ထိ ပုဒ်မ ၁၄၄ များ ထုတ်ပြန်ထားဆဲ ဖြစ်ကြောင်း သိရသည်။

၂၀၁၃ ခုနှစ် မတ်လ နှောင်းပိုင်းတွင်လည်း မိတ္ထီလာမြို့မှ စတင်ကာ နေပြည်တော် နယ်မြေနှင့် ပဲခူးတိုင်း အနောက်ခြမ်း မြို့နယ်များတွင် ပဋိပက္ခများ ဆက်တိုက် ဖြစ်ပွားခဲ့သည်။ ၂၀၁၃ ခုနှစ် မေလနှောင်းပိုင်း တွင်လည်း ရှမ်းပြည်နယ် လားရှိုးမြို့၌ ဆူပူအကြမ်းဖက်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
Eleven Media Group