ကမ္ဘာ့ စွမ်းဆောင်ရည်အမြင့်ဆုံး လျှပ်စစ် မော်တော်ဆိုင်ကယ်

ပို့စ်တင်ချိန် - 12/07/2013 10:30:00 PM


ကမ္ဘာ့ စွမ်းဆောင်ရည်အမြင့်ဆုံး လျှပ်စစ် မော်တော်ဆိုင်ကယ်ဆိုပြီး Voxan အမည်ရ ပြင်သစ်အခြေဆိုက် မော်တော်ဆိုင်ကယ် ထုတ်လုပ်ရေး ကုမ္မဏီမှ မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။

အင်ဂျင်အရွယ် ၁၀၀၀ စီစီအားနဲ့ ညီမျှတဲ့ ၁၂.၈ ကီလိုဝပ်နာရီအား သုံး ဘက်ထရီကို တပ်ဆင်ထားပေးခြင်း ဖြစ် ပါတယ်။ အမြန်ဆုံးအားဖြင့် တစ်နာရီ မိုင် ၁၀၀ အထိ မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။ ၃.၄ စက္ကန့်အတွင်း တစ်နာရီ မိုင် ၆၀ အမြန်နှုန်းကို တင်ပေး နိုင်ပါတယ်။ မြင်းကောင်ရေအား ၂၀၀ ထုတ်နိုင်ပြီး ဘီးလည်နှုန်းက တစ်မိနစ်ကို အပတ်ရေ ၁၀၅၀၀ ရှိပါ တယ်။ အား အပြည့် တစ်ခါသွင်းထားရင် မိုင် ၁၂၀ ခရီး သွားနိုင် ပါတယ်။ နာရီဝက်အတွင်း အား ၈၀ ရာခိုင်နှုန်းပြန်သွင်းနိုင်တာမို့ Electric technology မှာ Invest အများကြီးလုပ်ထား တဲ့ ဆိုင်ကယ် ဖြစ်ပါတယ်။

ဆိုင်ကယ်ရဲ့ ဈေးနှုန်းကို မကြေညာရသေးပါဘူး။ ပြီးခဲ့တဲ့ LA မော်တော် ယာဉ်ပြပွဲမှာပဲ ဝင်ရောက် ပြသခဲ့တာ ဖြစ်ပါတယ်။ Voxan Watt လို့အမည်ပေး ထားတဲ့ ယင်း ဆိုင်ကယ်ကို ၂၀၁၄ ခုနှစ်အတွင်းမှာ ထုတ်လုပ်ရောင်းချ သွားမှာ ဖြစ်ကြောင်း သိရ ပါတယ်။
.
Ref: pocketlint
အောင်ခမ်း ( Yoyarlay )