ဆီးဂိမ်းပြိုင်ပွဲတွင် ရွှေမရနိုင်သည့် ကစားသမားများအား မြက်နှုတ် မြောင်းရှင်း ပြုလုပ်စေခိုင်း

ပို့စ်တင်ချိန် - 12/07/2013 10:45:00 AM


နေပြည်တော် ဒီဇင်ဘာ ၇။

မြန်မာနိုင်ငံ၌ အိပ်ရှင်အဖြစ်လက်ခံကျင်းပမည့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် ဝင်ရောက်ယှဉ်ပြိုင်မည့်
ကစားသမားများအနက် ရွှေမရနိုင်သည့် ကစားသမားများအား
မြက်နှုတ်မြောင်းရှင်း၊ ကိစ္စများအား အားကစားဝန်ကြီးဌာနမှ
ပြုလုပ်စေခိုင်းနေကြောင်း အားကစားကျေးရွှာနှင့် ဆီးဂိမ်းတွင်
ဝင်ပြိုင်မည့် ကစားသမားများထံမှစုံစမ်းသိရှိရသည်။

ကစားသမားများအား မြက်၊ နှုတ်မြောင်းရှင်း၊ ကိစ္စများအား တစ်ပတ်လျင် တင်္နဂနွေတစ်ရက် လုပ်ခိုင်း လျက်ရှိပြီး ကျန်ရက်များတွင် လေ့ကျင့်ရေး
ကွင်းများ၌ အားကစားလေ့ကျင့်ခန်းများ နည်းပြများက သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

“တစ်ပတ်ကိုတစ်ရက်လောက်တော့ လုပ်ရတယ် မလုပ်လို့တော့မရဘူး ဒီလိုကစားသမားတွေကို မြက်နှုတ်မြောင်းရှင်း၊ ခိုင်းတာ တခြားနိုင်ငံတွေမှာ ရှိလားမရှိလားဆိုတာကို ကျွန်တော်အနေ့နဲ့ မပြောချင်ဘူး အဲ့တာတွေကို ကျွန်တော်အနေနဲ့ ပြောရင် အကုန်ပါကုန်လိမ့်မယ်” ဟု အားကစားနည်းပြ တစ်ဦးကဆိုသည်။

၄၄ နှစ်ကြာပြီးမှသာ ပြန်လည်ကျင်းပခွင့်ရသည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စား ပြုဝင်ရောက်ယှဉ်ပြိုင်မည့်
ကစားသမား များသည့် အားကစားဝန်ကြီးဌာများ၏စိတ်ကြိုက်
ရွှေးချယ်ထားခြင်းသာ ဖြစ်ပြီး ယင်းကဲ့သို့  ကစားသမားများအား
မြက်နှုတ်မြောင်းရှင်း၊ လုပ်ခိုင်းခြင်းသည့် မည်သို့ မှမဖြစ်သင့်ကြောင်း အားကစားသမားများ၏မိဘများကပြောသည်။

“ဒါကတော့ ဘယ်လို့ မှမဖြစ်သင့်ဘူး ဒီထက်ဆိုးတာတွေက အားကစားသမားတွေကိုထားတဲ့နေရာတွေမှာဆိုရင် အဆောင်
တစ်ခုမှာ ၃၀၀ ရာလောက်ပဲတန်တဲ့ ကော်ရေခွက်တစ်လုံးပေးထားတယ် အကြောင်းတစ်ခုပေး ထားတယ် အကြောင်းတစ်ခုခုကြောင့် အဲ့ရေခွက်တစ်ခုခု ဖြစ်မယ်ဆိုရင် ၃၀၀၀ ပြန်ရော်ရမယ်တဲ့ နောက်တစ်ခု က ရေပန်းတွေတက်ထားတယ် ဒါပေမယ့် အဲဒီရေပန်းတွေ ဘယ်တော့မှ ဖွင့်မချိုးရဘူးလို့ အဲ့ဒီကလူတွေကပြော တယ်”ဟု အားကစားသမား တစ်ယောက်၏ မိဘတစ်ဦးကပြောပြသည်။

အထက်ပါအကြောင်းအရာများနှင့်ဆက်စပ်၍ အားကစားသမား တစ်ယောက်၏ နောက်ထပ်မိဘတစ်ဦးကလည်း “အားကစားတွေကို ထားမယ့်နေရာတွေကို တီဗီထဲမှာရိုက်ပြတဲ့နေရာကတစ်မျိုး တကယ်ထားတဲ့နေရာတွေက တစ်မျိုး အစတုန်းကတော့ ကျွန်မအနေနဲ့ ဘယ်လိုမှမသိဘူး တကယ်တန်းကိုယ့်သားသားသမီးတွေ ဘယ်လို နေနေရလည်းဆိုတာကို ကျွန်မ အနေနဲ့ သွားကြည့်မှသိရတာ” ဟု အားကစားမိဘတစ်ဦးက လည်းပြောပြသေးသည်။

၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဝင်ရောက်
ယှဉ်ပြိုင်မည့် အားကစားသမားများ၏မိဘ များသည် ယင်းတို့ ၏ သားသမီးပါဝင်မည့် အဖွင့်ပွဲစဉ်နှင့်အအပိတ်ပွဲစဉ်တို့ အားယခုအချိန်ထိ
ကြည်ရှုခွင့်မရရှိ သေးကြောင်း သိရသည်။

ဒီဇင်ဘာလ ၁၂ ရက်နေမှ ၂၂ ရက်နေ့အထိ ၂၇ ကြိမ်မြောက်
အရှေ့တောင်အာရှအားကစားပြိုင်ပွဲအား နေပြည်တော်၊ ရန်ကုန်၊
မန္တလေးမြို့ နှင့် ငွေဆောင် ကမ်းခြေများတွင် ကျင်းပပြုလုပ်သွား
မည်ဖြစ်သည်။

နှင်းနွယ်
The Myanma Age