ကျွန်းစုမြို့နယ် စည်ပင်သာယာရေး အဆောက်အဦများ ငွေကောက်ခံနေခြင်း (ပေးစာ )

ပို့စ်တင်ချိန် - 12/07/2013 12:42:00 PM


ကျွန်းစုမြို့၊မြို့နယ် စည်ပင်သာယာရေး အဖွဲ့၊ အမှုဆောင် အရာရှိ အတွင်းရေးမှူး ဦးသိန်းညွှန့်နှင့် ပထော်ကျေးရွာ ရာအိမ်မှူး ဦးကျော်သီဟ တို့သည် ကျေးရွာအတွင်း အဆောက်အဦ အသစ်/ ပြင်ဆင်/ တိုးချဲ့နေသူ များကို(၁၂-၃-၂၀၁၃)ရက်နေ့တွင် တစ်ကြိမ်၊ (၂၇-၁၁-၂၀၁၃)ရက်နေ့တွင် တစ်ကြိမ်၊ စုစုပေါင်းနှစ်ကြိမ် ပုဂ္ဂ္ဂ္ဂလိကပိုင် အဆောက်အဦ ဆောက်လုပ်ခွင့်ပြုမိန့် လက်မှတ်များ လာရောက် ထုတ်ပေးခဲ့သည်။   ဌာနမှ ငွေသွင်း ချလံထုတ် ပေးခြင်းမရှိ(မရှိ)၊ အဆောက်အဦများ ကိုလည်း လိုက်လံ ကြည့်ရှူ စစ်ဆေးခြင်း မရှိ(မရှိ)ဘဲ ရွာလယ်ဓမ္ဂ္ဂ္ဂ္မာရုံမှာ ခေါ်ယူ နှုတ်ဖြင့် မေးမြန်းပြီး တစ်သောင်းကျပ်မှ ရှစ်သောင်းကျပ် အထိ ကောက်ယူသွား ခဲ့သည်။

ကျေးရွာတွင် အများစုမှာ ဆင်းရဲသူများ ဖြစ်သောကြောင့် အဆောက်အဦ တစ်ခုလုံး ပြီးစီးအောင် တစ်ကြိမ်တည်း မဆောက်လုပ်နိုင် ကြပါ။ အဆင်ပြေသည့် အခါ ထပ်မံ ဆောက်လုပ်လျှင် စည်ပင်ဌာနမှ ငွေထပ်မံ တောင်းယူနေသည်။ ကျွန်းစုမြို့နယ်ရှိ ကျေးရွာ အားလုံးတွင် ပထော်ကျေးရွာသည် အခွန်အခ အများဆုံး ပေးဆောင်နေ ရသည်။    အခြား ကျေးရွာများတွင် စည်ပင်မှ   ငွေကောက်ခံခြင်း မရှိပါ။   အဆောက်အဦ ခွင့်ပြုမိန့် အတွက် ငွေပေးသွင်းခြင်း မပြုနိုင်သူများကို စည်ပင် ဥပဒေအရ အရေးယူ ခံရမည် ဖြစ်ကြောင်း အကြောင်းကြား စာများ ပေးပို့လျှက် ရှိသည်။

သို့ဖြစ်၍ တာဝန်ရှိသူများမှ စည်ပင် အခွန်အခများကို ဥပဒေနှင့် အညီ မျှမျှတတ ကောက်ခံစေလိုကြောင်း တင်ပြ အပ် ပါသည်။      

မြိတ်ပုလဲမြေ