ဆိုင်ကယ်အချက်ပြမီးမပြဘဲချိုးကွေ့စဉ် နောက်မှမောင်းနှင်လာသောဆိုင်ကယ်နှင့်တိုက်မိ

ပို့စ်တင်ချိန် - 12/07/2013 11:15:00 AM


နေပြည်တော်၊ ဒီဇင်ဘာ ၇
၆-၁၂-၂၀၁၃ ရက်နေ့ ၁၄၀၀ အချိန် ချောက်မြို့နယ်၊ စလေ-မိုလာကားလမ်း၊ မိုင်တိုင်အမှတ် (၀/၇)နှင့်(၁/၀)ကြား၊ စလေဓါတ်မြေသြဇာစက်ရုံရှေ့တွင် မိုလာမှစလေသို့ ချောက်မြို့၊ ဓါတ်မြေရပ်ကွက်နေ မျိုးလှိုင်(၄၁)နှစ်မောင်းနှင်လာသော ၁၉ယ/xxxxx ဖီလင်-၁၁၀ အနက်ရောင်ဆိုင်ကယ်သည် အချက်ပြမီး မပြဘဲ လမ်း၏၀ဲဘက်သို့ချိုးကွေ့စဉ် နောက်မှ ချောက်မြို့နယ်၊ ဥယျာဉ်ရွာနေ ဦးမျိုးလွင်(၄၈)နှစ် မောင်းနှင်ပြီး သမီးဖြစ်သူ မခြူးဝေဇင်ဦး(၂၄)နှစ်လိုက်ပါလာသည့် ၁၉ယ/xxxxxx ဇင်းနစ်-၁၁၀ အနက်ရောင်ဆိုင်ကယ်နှင့်ပွတ်တိုက်မိပြီး ဆိုင်ကယ်တိမ်းမှောက်ခဲ့သည်။ ထိုသို့တိမ်းမှောက်မှုကြောင့် ဦးမျိုးလွင်တွင် ယာပါးဖူးရောင်ဒဏ်ရာနှင့် မခြူးဝေဇင်ဦးတွင် ယာချိုစောင်းပေါက်ပြဲ၊ ယာပုခုံးပွန်း ဒဏ်ရာများအသီးသီးရရှိခဲ့သောကြောင့် ဆိုင်ကယ်မဆင်မခြင်မောင်းနှင်သူ မျိုးလှိုင်အား စလေနယ်မြေ ရဲစခန်း ယာဉ်(ပ)၁၆/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၃၇ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲဇာနည်