Android အတွက်ကိုယ်ပိုင် Windows app စတိုးကို Pokki လွှင့်တင်

ပို့စ်တင်ချိန် - 1/18/2014 06:30:00 PM


Pokki သည် Android နှင့် Windows အသုံးပြုနိုင်သော ထုတ်ကုန်များအတွက် Windows app စတိုးကိုလွှင့်တင်ခဲ့ကြောင်း အဆိုပါကုမ္ပဏီက CES တွင်ကြေညာသွားခဲ့သည်။ ထိုသို့အသစ်လွှင့်တင် လိုက်သောစတိုးကို နည်းပညာထောက်ခံချက် တစ်ခုကဲ့သို့ဖော်ပြခဲ့ကြပြီး Android ပေါ်တွင်ပထမဆုံး အကြိမ်အဖြစ် multimode ထုတ်ကုန်များနှင့် တွဲဖက်အသုံးပြုနိုင်မည် ဖြစ်သည်။

Pokki တည်ထောင်သူ Chester Ng က Windows 8 desktop mode app စတိုးနှင့် app များပေါင်းစပ်ထားခြင်းသည် Pokki ၏ဂုဏ်သတင်းကို မြှင့်တင်ပေးနိုင်မည့်ထောက်ခံချက်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ App အများအပြားသည် Android အသုံးပြုထားပြီး မျက်နှာပြင်ကြီးမားသော multimode tablet များတွင်ချုံ့၍ မရကြောင်း ထို့ကြောင့် အသုံးပြုသူများ၏ မှန်ကန်သည့် ထုတ်ကုန်များပေါ်တွင် မှန်ကန်သည့် app များရရှိနိုင်ရန် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း Chester Ng က ပြောကြားခဲ့သည်။

Pokki မှထောက်ခံချက် ပေးထားသည့် app များသည်မည်သည့် ထုတ်ကုန်၊ မည်သည့် operating system နှင့်မည်သည့် ထုတ်ကုန်အနေအထား စသည်တို့အပေါ်မူတည်၍ အသုံးပြုသူ၏ စိတ်ဝင်စားမှု အချက်အလက်များကို အခြေခံကာ ရှာဖွေပြသပေးမည်ဖြစ်ကြောင်း Chester Ng ကပြောကြားခဲ့သည်။



-စိုးထက်
Ref: CNET
Internet Journal