၂၀၁၃ ခုနှစ်တွင် Apple App Store မှမိုဘိုင်း app ရောင်းချမှု ဒေါ်လာ ၁၀ ဘီလီယံကျော်ရှိခဲ့

ပို့စ်တင်ချိန် - 1/18/2014 06:00:00 PM


Apple App Store မှမိုဘိုင်း app ရောင်းချမှုနှုန်းသည် ၂၀၁၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံကျော်ရှိခဲ့ပြီး app download ပြုလုပ်သည့် အရေအတွက် ၃ ဘီလီယံနီးပါး ရှိခဲ့ကြောင်း Apple ကုမ္ပဏီမှ ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါ မိုဘိုင်း app ရောင်းချမှုတွင် Candy Crush Saga နှင့် Clumsy Ninja တို့ကရောင်းချမှုပမာဏ အများဆုံးဖြင့် ထိပ်ဆုံးမှဦးဆောင်ခဲ့သည်။

Distimo မှထုတ်ပြန်ခဲ့သည့် အစောပိုင်းလေ့လာ ဆန်းစစ်ချက်အရ Apple App Store နှင့် GooglePlay တို့တွင်ဂိမ်းများကို download ပြုလုပ်ခြင်းနှင့် ဂိမ်းများမှဝင် ငွေရရှိခြင်းတို့က အရေးအပါဆုံး ဖြစ်ခဲ့ကြောင်း သိရသည်။

၂၀၁၃ ခုနှစ်တွင် Google Play သည်သိသိသာသာ ပြောင်းလဲတိုး တက်လာသော်လည်း Apple App Store ၏ နောက်တွင်သာ ကျန်ရစ်နေဆဲဖြစ်သည်။ App Store မှရရှိသည့် ဝင်ငွေသည် ၂၀၁၃ ခုနှစ်စက်တင်ဘာလ အလယ်အထိ Apple က ၆၅ ရာခိုင်နှုန်းရှိခဲ့ပြီး Googel က ၃၅ ရာခိုင်နှုန်းသာရှိခဲ့ကြောင်း၊ Google အနေဖြင့် ဧပြီလက ၂၆ ရာခိုင်နှုန်းသာ ရှိခဲ့ရာမှ ၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ခြင်း
ဖြစ်ကြောင်းသိရသည်။

ထိုကဲ့သို့ Apple Store နှင့် Play Store အကြားကွာဟမှုအပေါ် Business Insider မှ Jim Edwards ဆိုသူက Android များ သည် feature ဖုန်း၏နေရာတွင် အစားထိုးသုံးစွဲကြခြင်း ဖြစ်ပြီး Android သုံးစွဲသူများသည် ဖုန်းခေါ်ဆိုခြင်း၊ မက်ဆေ့ခ်ျပေးပို့ခြင်းနှင့် Bejeweled ဂိမ်းဆော့ခြင်းတို့ကိုသာ ပြုလုပ်ကြကာ ဈေးဝယ်ခြင်းကို မပြုလုပ်ကြကြောင်း သုံးသပ်ပြောကြားခဲ့သည်။

-နောင်နောင်
Ref: InfoWorld
Internet Journal