လူလုပ်အရွတ်တုကို ဖန်တီးနိုင်ခဲ့

ပို့စ်တင်ချိန် - 1/18/2014 08:30:00 PM


လူသားများရဲ့ အရွတ် (cartilage) ရဲ့စွမ်းအား၊ တည်ဆောက်ပုံများကို တုပထားပြီး တစ်ရှူးအစားထိုးနည်းလမ်းဖြင့် တစ်ဆင့်အသုံးပြု နိုင်မယ့် လူလုပ်အရွတ်တု (artificial cartilage)ကို သိပ္ပံပညာရှင်တစ်စုက အောင်မြင်စွာတီထွင်နိုင်ခဲ့ပါတယ်။
လူလုပ်အရွတ်တုကို ဒူးဆစ်။ ပခုံးနဲ့တင်ပဆုံများကဲ့သို့ အဆစ်များ ဆုံရာ အရိုးတွေမှာ တပ်ဆင်အသုံးပြုနိုင်မယ်လို့လဲ သိရပါတယ်။ လူသားများအရဲ့ သဘာဝအရွတ်၊ အဆစ်များဟာထိခိုက်မှု၊ အလွန်အကျွံအသုံး ပြုခြင်း (ဥပမာ အားကစားသမားများ) တွေကြောင့် ယိုယွင်းထိခိုက်နိုင်တာကြောင့် အခုလို တီထွင်နိုင်မှုဟာ သတင်းကောင်းပဲဖြစ်ပါတယ်။
သုတေသနအဖွဲ့ခေါင်းဆောင် အရိုးအဆစ်ခွဲစိတ်ကုပါမောက္ခ Dr Farshid Guilak  နဲ့အဖွဲ့ဟာ ပင်မဆဲလ်နည်းပညာတွေကိုအသုံးပြုပြီး 3D  အရွတ်မျှင် (3 Dimersional cartiloge fiber) တွေကို သဘာဝ အရွတ်အလွှာတွေအတိုင်း ပုံစံရရှိအောင် လူသားများရဲ့ အဆစ်ပတ်ဝန်းကျင်မှာ အောင်မြင်စွာ တပ်ဆင်နိုင်သော်လည်း အဆစ်လှုပ်ရှားရာမှာ သက်သောင့်သက်သာရှိဖို့နဲ့ တပ်ဆင်အပြီးမှာ ပင်မဆဲလ်တွေ ထပ်မံပွားများစေဖို့အတွက် ဆက်လက်သုတေ သနပြုနေကြပါတယ်။
Dr Farshid Guilak က    “ဒီအရွတ်တုမှာ ရေဓာတ်အခြေခံ ပေါ်လီမာ hydrogel  ကို ထည့်သွင်းထားပါတယ်။ ခိုင်ခံ့မှု၊ အဆစ်လှုပ် ရှားရာမှာ ကောင်းမွန်စေမှု၊ အရိုးကျိုးနိုင်စွမ်းကို လျော့ကျစေပြီး အဆစ်များပွတ်မှုအား Wear and fear  ကို သဘာဝအရွတ်တွေထက် ပိုပြီး ခံနိုင်ရည်ရှိစေပါတယ်”လို့ ရှင်းပြခဲ့ပါတယ်။
လေ့လာမှုကို Journal Advan-dced Functional  Materialမှာ ဖော်ပြထားတာဖြစ်ပါတယ်။

သန့်စင်
Ref: ANI
Health Updates Journal