ချင်းလူမျိုးစုထဲက ၁ဝမျိုးကို ဇိုမီးမျိုးနွယ်စုအဖြစ် သတ်မှတ်စေလိုဟု ဇီုမီးပါတီပြော

ပို့စ်တင်ချိန် - 1/18/2014 09:15:00 PM


မြန်မာအစိုးရက သတ်မှတ်ထားတဲ့ ချင်းမျိုးနွယ်စု ၅၃စုထဲက မျိုးနွယ်စု ၁ဝမျိုးကို သီးခြားခွဲပြီး ဇိုမီးမျိုးနွယ်စုလို့ သတ်မှတ်ပေးစေလိုတယ်လို့ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်က ဇန်နဝါရီ ၁၇ရက်နေ့မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

လာမယ့် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူတဲ့အခါမှာ ခေါရ်နို၊ ဂွီတီ၊ ဇီဇမ်၊ ဆိုင်းဇမ်၊ ဇို၊ ဟိုင်ဒင်း၊ တေဇမ်၊ သာဒို၊ ဒင်နဲ့ ဟွမ်ဂို လူမျိုး ၁ဝမျိုးကို ဇိုမီးလူမျိုးစုအဖြစ် စုစည်းကောက်ခံပေးဖို့နဲ့ ဒီမျိုးနွယ်စု ၁ဝစုဟာ ဘာသာစကားချင်း နားလည်ကြသူတွေဖြစ်တယ်လို့ ဆိုပါတယ်။

ချင်းမျိုးနွယ်စု ၅၃ခုရှိတယ်လို့ သတ်မှတ်ထားချက်ကို သူတို့အနေနဲ့ လက်မခံကြောင်း၊ ချင်းဆိုတာ ဒေသကို ကိုယ်စားပြုတာဖြစ်ပြီး လူမျိုးကို ကိုယ်စားပြုတာမဟုတ်တဲ့အကြောင်း၊ ဇိုမီးမျိုးနွယ်စု တစ်သိန်းလောက် ရှိတယ်လို့ ဆိုပါတယ်။

ဇိုမီးမျိုးနွယ်စုတွေဟာ သီးခြားဘာသာစကားနဲ့ စာပေယဉ်ကျေးမှုရှိပြီး ဇိုမီး၊ ဟိုမီး၊ လိုင်မီး၊ ဆတ်မီး ၄မျိုးရဲ့ စကားတွေကိုတော့ ပြောဆိုနိုင်ကြတယ်လို့ ဆိုပါတယ်။
Kamayut Media