TMC Academy ၏ ကျောင်းဝင်ခွင့်နှင့် ပညာသင်ဆုများ အကြောင်းကို ရန်ကုန်၊ မန္တလေးတွင် တစ်ဦးချင်း ဆွေးနွေးပေးမည်

ပို့စ်တင်ချိန် - 1/18/2014 09:00:00 PM


TMC Academy ၏ ကျောင်းဝင်ခွင့်နှင့် ပညာသင်ဆုများ အကြောင်းကို ရန်ကုန်၊ မန္တလေးတွင် တစ်ဦးချင်း ဆွေးနွေးပွဲများ ပြုလုပ် ပေး သွားမည် ဖြစ်ကြောင်း At & S မှ သိရသည်။ မန္တလေးမြို့မှ ကျောင်းသားများအတွက် ဇန်နဝါရီလ ၂၀ ရက်၊ မွန်းလွဲ ၃ နာရီမှ ညနေ ၅ နာရီ အထိ AT & S မန္တလေးရုံးခွဲတွင် လည်းကောင်း၊ ရန်ကုန်မြို့တွင် ဇန်နဝါရီ ၂၇ ရက်၊ မွန်းလွဲ ၃ နာရီမှ ညနေ ၅ နာရီအထိ AT & S လသာ ရုံးခွဲတွင် လည်းကောင်း၊ TMC Academy မှ ပညာရေးအတိုင်ပင် ခံကိုယ်တိုင် တစ်ဦးချင်း တိုင်ပင် ဆွေးနွေးပေး မည် ဖြစ်ကြောင်း  သိရသည်။

မြန်မာနိုင်ငံမှ ပညာရေးတွင် ထူးချွန်သော ကျောင်းသား၊ ကျောင်းသူများ (သို့) International School များ မှ IGCSE ဘာသာရပ်များကို ထူးချွန်စွာ အောင်မြင်ထားသူများ (သို့)  ASEAN Sea Games ကဲ့သို့ နိုင်ငံတကာ ပြိုင်ပွဲများတွင် ပါဝင် ယှဉ်ပြိုင်ထားသူများ အနေဖြင့် စင်ကာပူ ဒေါ်လာ ၂၀၀၀ ကို ပညာသင်ဆု အဖြစ် လျှောက်ထားနိုင်ကြောင်း သိရသည်။

ဆွေးနွေးပွဲ တက်ရောက်လိုသူ ကျောင်းသား၊ကျောင်းသူများ အနေဖြင့် AT & S လသာ ရုံးခွဲ ဖုန်း-၀၁-၂၅၁ ၃၃၂၊ ၀၉-၅၁၂၄၇၆၁  နှင့် မန္တလေးရုံးခွဲ ဖုန်း-၀၂-၇၄၄၃၆၊ ၀၉-၅၀ ၆၂၁၆၁ တို့သို့ ဆက်သွယ် စုံစမ်း စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

ကိုအောင်
Internet Journal