ဆီးရီးယားရဲ့ အနာဂတ်တွင် သမ္မတအာဆက် အတွက်နေရာမရှိကြောင်း ဂျွန်ကယ်ရီ ပြော

ပို့စ်တင်ချိန် - 1/18/2014 06:25:00 PM


ဓာတ်ပုံ - ရိုက်တာ
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ဆီးရီးယားသမ္မတ ဘတ်ရှာ အယ် အာဆက်အနေနဲ့ ဆီးရီးယားနိုင်ငံရဲ့ အနာဂတ်အတွက် နေရာမရှိကြောင်းနဲ့ အမေရိကန်အနေနဲ့ အာဆက်ကို ဆက်လက်ဖိအားပေးဖို့ အမြဲတမ်း ရွေးချယ်စရာရှိကြောင်း ဇန်န၀ါရီလ ၁၇ ရက်နေ့က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ဂျွန်ကယ်ရီဟာ နောက်အပတ် ဆီးရီးယားငြိမ်းချမ်းရေးကိစ္စဆွေးနွေးမယ့် ဂျီနီဗာ တူးညီလာခံမှာ အမေရိကန်အဖွဲ့ကို ခေါင်းဆောင်ပြီး တက်ရောက်မှာဖြစ်ပါတယ်။ ဆီးရီးယား အတိုက်အခံ တပ်ပေါင်းစုက ငြိမ်းချမ်းရေးညီလာခံ တက်ရောက်ဖို့ ဆွစ်ဇာလန်နိုင်ငံမှာ သဘောထား ယူနေချိန်မှာပဲ ဂျွန်ကယ်ရီက အခုလို ပြောဆိုခဲ့တာဖြစ်ပါတယ်။
ဆီးရီးယား နိုင်ငံခြားရေးဝန်ကြီးက ဇေန်န၀ါရီလ ၁၇ ရက်နေ့က အပစ်အခတ်ရပ်စဲရေးနဲ့ စစ်သုံ့ပန်း ဖလှယ်ရေး အစီအစဉ်တွေကို မော်စကိုမြို့မှာ ချပြခဲ့ပေမယ့် ဒီအစီအစဉ်တွေဟာ ဂျီနီဗာ တူး ငြိမ်းချမ်းရေးညီလာခံကို လမ်းလွှဲဖို့ ကြိုးစားမှုသာဖြစ်တယ်လို့ ဂျွန်ကယ်ရီက ဝေဖန်ပြောဆိုခဲ့ပါတယ်။
DVB Burmese