အာဆင်းနစ် အဆိပ်သင့်ခြင်း

ပို့စ်တင်ချိန် - 1/18/2014 07:30:00 PM


အာဆင်းနစ်ဓာတ်သည် မြေအောက်ရေတွင် အမြောက်အမြား ပျော်ဝင်လျက်ရှိသည်။ အာဆင်းနစ်သည် အနံ့အရသာမရှိဘဲ မျက်စိအမြင်နှင့်ဖြစ်စေ၊ သောက်ကြည့်ရုံနှင့် ဖြစ်စေရေထဲတွင် ပျော်ဝင်နေကြောင်း မသိနိုင်ပေ။
သောက်ရေ တစ်လီတာတွင် အာဆင်းနစ်ပျော်ဝင်နှုန်း ၀.၀၁ မီလီဂရမ်ထက် မကျော်လွန်သင့်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က သတ်မှတ်ထားသည်။ ဆန်၊ ငါး၊ အသားတို့တွင်လည်း အာဆင်းနစ်ပါဝင်နေတတ်သည်။ မှန်စက်ရုံ၊ သစ်စက်ရုံ၊ ပိုးသတ်ဆေးစက်ရုံတို့မှလည်း စွန့်ပစ်ပစ္စည်းအဖြစ် အာဆင်းနစ်ထွက်ရှိလျက်ရှိသည်။
အာဆင်းနစ် အဆိပ်သင့်လျှင် အရေပြား၊ အဆုတ်၊ ကျောက်ကပ်၊ အသည်းတို့ကို အဓိကထိခိုက်တတ်သည်။ ခေါင်းကိုက်ခြင်း၊ စိတ်ရှုပ်ထွေး ခြင်း၊ မူးဝေခြင်း၊ ၀မ်းအလွန်သွားခြင်း၊ ဖြူဖျော့ခြင်း၊အနီကွက်ထခြင်း၊ ရောင် ရမ်းခြင်း၊တက်ခြင်း၊ လက်သည်းခြေ သည်း အရောင်ပြောင်းခြင်း၊ အန် ခြင်း၊ ကြွက်တက်ခြင်း၊ ဆီးထဲသွေး ပါခြင်း၊ ဗိုက်အောင့်ခြင်း၊ ဆံပင်ကျွတ် ခြင်းတို့ တွေ့ရတတ်သည်။ အချိန်မီမကုသပါက သတိလစ်မေ့မျောပြီး အသက်ဆုံးရှုံးတတ်သည်။ အာဆင်းနစ်အဆိပ်ထိတွေ့နေ သောအ၀တ်များဖယ်ရှားခြင်း၊ ရေချိုးသန့်စင်ခြင်း၊အစာအိမ်နှင့်အူလမ်း ကြောင်းတစ်လျှောက် ဆေးကြော ခြင်း၊ သွေးသွင်းကုသခြင်း၊ အတက် ကျ ဆေးများပေးခြင်းဖြင့်ကုသနိုင်သည်။
ရေမှတစ်ဆင့် အာဆင်းနစ် အဆိပ်သင့်ခြင်းမဖြစ်စေရန် စက်ရုံ ရေဆိုးများ စနစ်တကျစွန့်ပစ်ခြင်း၊ ရေထဲတွင် အာဆင်းနစ်ပါဝင်ခြင်းရှိ မရှိ မကြာခဏစစ်ဆေးခြင်း၊ မိုးရေခံ ၍ သိုလှောင်ခြင်း၊ ရေတွင်းနက်နက် တူခြင်း၊ သောက်ရေကိုစနစ်တကျ စစ်ခြင်းတို့ဖြင့် ကာကွယ်နိုင်သည်။
အာဆင်းနစ်ကို အချိန်အတော် ကြာထိတွေ့နေရသူများကို ကလီစာ ပျက်စီးမှုရှိမရှိ အဆက်မပြတ်စောင့် ကြည့်စစ်ဆေး ပေးသင့်သည်။
သီဟ
Ref: MDI
Health Updates Journal