BCA Academy မှ၂၀၁၄ ဧပြီလ ဝင်ခွင့်အတွက် ခေါ်ယူ

ပို့စ်တင်ချိန် - 1/18/2014 05:30:00 PM


အတွဲ (၁၅)၊ အမှတ် (၃)
မြန်မာနိုင်ငံမှ တက္ကသိုလ် ဝင်တန်း အောင်မြင်ထားပြီး အင်ဂျင်နီယာ ဝင်ခွင့်မရ လိုက် သည့် ကျောင်းသား၊ ကျောင်းသူများနှင့် စင်ကာပူ အစိုးရ အင်ဂျင်နီယာ ဘာသာရပ်များကို သင်ကြား လိုသော ကျောင်းသား၊ ကျောင်းသူများ အတွက် စင်ကာပူ အစိုးရ အင်ဂျင်နီယာ အကယ်ဒမီမှ ဝင်ခွင့် ခေါ်ယူလျက် ရှိကြောင်း သိရှိရသည်။

တက္ကသိုလ် ဝင်တန်းအောင်၊ တက္ကသိုလ်ဝင်တန်း တက်ရောက်ခဲ့ ကျောင်းသူ၊ ကျောင်းသားများ GCE O Level အောင်မြင်ထားသူများနှင့် စင်ကာ ပူ ဆောက်လုပ်ရေး နည်းပညာများကို သင်ယူလိုသည့် စိတ်ဝင်စားသူ မည်သူမဆို ၂၀၁၄ ဧပြီလတွင် တက်ရောက်မည့် အခွင့် အရေး ရရှိနိုင်မည် ဖြစ်သည်။ စာသင်နှစ် (၃) နှစ်တွင် အလုပ်သင် ကာလ ပါရှိပြီး စင်ကာပူ၏ ဆောက်လုပ်ရေး လုပ်ငန်းများတွင် ပါဝင် ဆောင်ရွက်နိုင်မည် ဖြစ်သည်။ BCA Academy တွင် ထူးချွန်သည့် ကျောင်းသူ၊ ကျောင်းသားများအား စကောလားရှစ်များ၊ လစဉ် ထောက်ပံ့ကြေးငွေများ၊ BCA Academy ၏ Specialist Diploma အတန်းများကို အခမဲ့ ဆက်လက် တက်ရောက်ခွင့်များ ထောက်ပံ့ပေးထားပြီး ကျောင်းသူ၊ ကျောင်းသားများ အနေဖြင့် CPR လျှောက်ထားခွင့်ကို ပါ ရရှိနိုင် မည် ဖြစ်သည်။



စိတ်ပါဝင်စားသူများ အနေဖြင့် Future Way ဖုန်း-၂၄၁၀၉၉၊ ၂၅၄၁၈၅ သို့ ဆက်သွယ် စုံစမ်း မေးမြန်းနိုင်သည်။

အေးဖြူ
Internet Journal