မိုးညှင်းဒီဂရီကောလိပ် ကျောင်းလမ်းမကြီးတွင် ကျောက်ချပြီး လမ်းပြင်ဆင်မှုကြန့်ကြာနေမှုကြောင့် လူသေမှုဖြစ်သည်ဟုဆို

ပို့စ်တင်ချိန် - 1/18/2014 07:31:00 PM


ဇန်န၀ါရီ ၁၈။

ကချင်ပြည်နယ် မိုးညှင်းမြို့မိုးညှင်းဒီဂရီကောလိပ်ကျောင်းသို့ သွားရာလမ်းမကြီးအား တဖက်၃ပေတိုးချဲ့ဆောင်ရွက်ခြင်းတွင် ၀ာာဝန်ရှိသူများက ပြင်ဆင်မှုကြန့်ကြာနေမှုများကြောင့် ကျောင်းသားများနှင့်ပြည်သူများယာဉ်တိုက်မှုများ ဖြစ်နေကြောင်းဒေသခံများထံမှ သိရသည်။

ဇန်န၀ါရီ၁၅ရက်ညနေ ၃နာရီ၌ မိုးညှင်းဒီဂရီကောလိပ် ကျောင်းဘက်သို့ သွားသော လမ်းမကြီးပေါ်တွင် Waveဟွန်ဒါ အမျိုးအစား၁၂၅ဆိုင်ကယ် စီးလာသော ရွာသစ်ကုန်းကျေးရွာမှ မမေဦးခင်သည် ရွာသစ်ကုန်းစာသင်ကျောင်းသို့သဲကြမ်းများပို့နေသော တုံဖုန်းကားအပြာ ယာဉ်အမှတ် (၉ဌ/၁၇၂၄၂)အား ကျော်တက်ရာ ကား၏၀ဲဘက်နောက်ဘီးဖြင့် မမေခင်ဦး၏ ဦးခေါင်းကိုကြိတ်မိကာ  သေဆုံးခဲ့ကြောင်း မိုးညှင်းရဲစခန်းမှ သိရသည်။

“ကားဆရာက ကျော်တက်ဖို့ လက်ပြတော့ ကျွန်မနှင့်သမီးတို့က ကျော်တက်လိုက်တယ်၊ အခင်းဖြစ်တဲ့နေရာမှာ လမ်းချဲ့ဖို့ကျောက်တွေ ချထားတာ၊ လမ်းကကျဉ်းပြီး ကျောက်ချထားတဲ့ နေရာနဲ့ လမ်းကနိမ့်မြင့် ဖြစ်နေတာ ကြာပြီဆိုတော့ သမီးကကျော်လို့ မရဘဲချော်လဲပြီး ကားဘီးနဲ့ ကြိတ်သွားတာ၊ ဦးခေါင်းကြေမွ ၊လက်မောင်းရိုးကျိုးသွားခဲ့ပြီး ကျွန်မမျက်စိရှေ့မှာ ဆုံးသွားခဲ့တာ”ဟု မမေဦးခင်၏မိခင်က ပြောသည်။

အရှေ့စုရပ်ကွက် ၅လမ်းနေ အသက်၃၂နှစ် အဘဦးမောင်ကျန်၏သား ယာဉ်မောင်းကျော်ထွေးအား ယာဉ်(ပ)၁/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄ကဖြင့် မိုးညှင်းမြို့မ ရဲစခန်းမှ အရေးယူထားကြာင်း သိရသည်။

သီဟအောင်(ကချင်)
The Myanma Age