အယ်လ်ကေဒါများအားတိုက်ခိုက်ရန် အီရတ်သို့ စစ်လက်နက်ပစ္စည်းများ ပေးပို့ရန် အမေရိကန် သဘောတူညီ

ပို့စ်တင်ချိန် - 1/18/2014 04:09:00 PM


လတ်တလောတွင် ဖော်လူဂျာဒေသအား ထိန်းချုပ်ထားသည့် အယ်လ်ကေဒါနှင့် ချိတ်ဆက်စစ်သွေးကြွများ အားတိုက်ခိုက်ရန်အတွက် အီရတ်ဝန်ကြီးချုပ် နိုရီအယ်လ်မာလီကီ၏ စစ်လက်နက်ပစ္စည်းများနှင့် စစ်သားများ တောင်းခံမှု ကို အမေရိကန်မှ သဘောတူညီခဲ့ကြောင်း အကြီးတန်း ကာကွယ်ရေးအရာရှိ တစ်ဦးမှ ပြောကြားသွားသည်။

ပင်တဂွန်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စတိဗ်ဝါရင်းမှ မာလီကီ၏တောင်းခံမှုရှိကြောင်း အတည်ပြုခဲ့ပြီး အမေရိကန်မှ M-16နှင့် M-4 ရိုင်ဖယ်များကို ခဲယမ်းများနှင့်အတူ ထောင်ချီပို့မည်ဖြစ်ကြောင်း ထပ်မံပြော ကြားခဲ့သည်။ အီရတ်သို့ ရက်သတ္တပတ် အနည်းငယ်အတွင် ရောက်ရှိမည်ဖြစ်ကြောင်းလည်း ပြောကြားသွား သည်။ အီရတ်လုံခြုံရေးဝန်ထမ်းများကို ဂျော်ဒန်တွင် သင်တန်းပေးရန်အတွက်လည်း အမေရိကန်သည် အီရတ်များနှင့် ဆွေးနွေးလျက်ရှိသည်။

မာလီကီသည် ထပ်မံပြီး Hellfire misslesပေါင်း တစ်ရာကိုလည်း တောင်းခံထားကြောင်း အမေရိကန် ဒုတိယတန်း လုံခြုံရေးအရာရှိမှ ဆိုသည်။ သို့သော် ၎င်းတောင်းခံမှုသည် ကွန်ဂရက်၏ ခွင့်ပြုချက် ရရှိရန် လိုအပ်ကြောင်း သိရှိရသည်။

အမေရိကန်သည် 2005ခုနှစ်ကတည်းက အီရတ်စစ်ဘက်ဆိုင်ရာနှင့် လုံခြုံရေး ဝန်ထမ်းများအား လေ့ကျင့်ပေးရန် အမေရိကန်ဒေါ်လာ 14 ဘီလျံကျော်ကျော် တန်ဖိုးရှိ လက်နက်နှင့် ပစ္စည်းကိရိယာများ ပေးပို့ထားခဲ့ကြောင်း ကာကွယ်ရေးဌာနမှ သတင်းအချက် အလက်များအရ သိရှိရသည်။ ပြီးခဲ့သော တစ်နှစ်တာ ကာလတည်းတွင်ပင် C-130J လေယာဉ် 6စီးနှင့် Rapid Avenger မြေပြင်မှ ဝေဟင်ပစ်ဒုံးများ ကို အမေရိကန်မှ ပေးပို့ခဲ့သည်။ ထို့ပြင် 2010နှင့် 2012အတွင်းတွင် M1A1 တင့်ကားများ စုစုပေါင်း အစီးရေ 140ကို ပံ့ပိုးထားခဲ့သည်။

ယခုလ အစောပိုင်းက အမေရိကန် ဒုတိယသမ္မတ ဂျိုးဘိုင်ဒင်သည် အီရတ်ခေါင်းဆောင်များနှင့် ဆွေးနွေး ခဲ့ကြသော်လည်း စစ်လက်နက်ပစ္စည်းများနှင့် တိုက်ခိုက်ရေး ရိုင်ဖယ်မျာအကြောင်း ပြောဆိုခဲ့ခြင်း မရှိပေ။

REF: FoxNews
The Myanma Age