မြန်မာ့အပူပိုင်းဒေသရှိ မိခင်နှင်ကလေးများ အာဟာရချို့တဲ့ မြင့်တက်ဟု စစ်တမ်းကဆို

ပို့စ်တင်ချိန် - 1/18/2014 11:00:00 PM


မြန်မာနိုင်ငံ အပူပိုင်းဇုန်က မိခင်တွေ အာဟာရချို့တဲ့မှုနဲ့ ကိုယ်အလေးချိန်မပြည့်ဘဲ မွေးလာတဲ့ကလေးဦးရေ သိသိသာသာ မြင့်တက်နေတယ်လို့ စားနပ်ရိက္ခာဖူလုံရေး စစ်တမ်းတစ်ခုက ဇန်နဝါရီ ၁၆ရက်နေ့မှာ သတိပေးလိုက်ပါတယ်။

ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP၊ Save the Children နဲ့ မြန်မာအစိုးရတို့ပူးပေါင်းပြီး ကောက်ယူခဲ့တဲ့ စစ်တမ်းမှာ ဒီလို အပူပိုင်းဒေသတွင်း အာဟာရချို့တဲ့မှုဟာ လက်ခံနိုင်တဲ့အတိုင်းအတာထက် ကျော်လွန်နေတဲ့အခြေအနေမှာ ရှိတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံ အပူပိုင်းဒေသတွေဖြစ်တဲ့ မကွေး၊ စစ်ကိုင်းနဲ့ မန္တလေးတိုင်းအတွင်း ပြီးခဲ့တဲ့နှစ် ဇွန်နဲ့ ဇူလိုင်လအတွင်း ကောက်ယူခဲ့တာဖြစ်ပြီး မိခင်နဲ့ကလေး ကျန်းမာရေးအချက်အလက်ဟာ ဆက်နွယ်ပတ်သက်နေတာကြောင့် အာဟာရချို့တဲ့မှု သံသရာလည်နေတယ်လို့ ဆိုပါတယ်။

အာဟာရချို့တဲ့မှုကို တိုက်ဖျက်ဖို့နဲ့ အာဟာရပြည့်ဝမှုရှိရေးအတွက် နည်းလမ်းပေါင်းစုံနဲ့ ချဉ်းကပ်လုပ်ဆောင်ရမှာဖြစ်ပြီး အပူပိုင်းဒေသဟာ မြေပြန့်လွင်ပြင်နဲ့ တောင်တန်းဒေသနေ မိခင်နဲ့ကလေး အာဟာရပြည့်မှုထက် ဆိုးဝါးနေတာလို့ စစ်တမ်းက ဆိုပါတယ်။

မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာနဟာ WFP ၊ Save the Children တို့နဲ့ အတူ လာမယ့် ဖေဖော်ဝါရီအတွင်း ရှမ်း၊ ကချင်၊ ချင်းပြည်နယ်တွေမှာလည်း စစ်တမ်းကောက်ယူသွားမယ်လို့ ဆိုပါတယ်။
Kamayut Media