ကချင် နိုင်ငံရေးသမား ဒေါ်ဘောက်ဂျာ ပြန်လွတ်လာပြီ

ပို့စ်တင်ချိန် - 1/25/2014 08:16:00 AM

၂ဝ၁၂ ခုနှစ်က ထိုင်းနိုင်ငံ၊ ချင်းမိုင်က ဖိုရမ်တခု လာတက်စဉ် ဒေါ်ဘောက်ဂျာ၊ ဓာတ်ပုံ-Seamus Martov / The Irrawaddy)

ကချင်ပြည်နယ် အမျိုးသား ဒီမိုကရေစီ အင်အားစု NDF ပါတီ ဥက္ကဋ္ဌ ဒေါ်ဘောက်ဂျာဟာ ကချင်ပြည်နယ် ဖားကန့်မြို့နယ် တရားရုံးအမိန့်နဲ့ ရဲစခန်းက ဇန်နဝါရီလ ၂၄ ရက် နေ့ က ပြန်လည် လွတ်မြောက်လာပါပြီ။

ဒေါ်ဘောက်ဂျာဟာ ဆေးထိုးလို့ လူသေစေမှု ပုဒ်မ ၃ဝ၄ ( က ) ၊ ဆေးထိုးပြွန်အပ်၊ ဆေးဝါးတွေ လက်ဝယ် ထား သုံးစွဲတယ် ဆိုတဲ့ ယစ်မျိုး ဥပဒေ ပုဒ်မ (၃၃)၊ တရားဝင်လိုင်စင်မရှိဘဲ ဆေးဝါးကုသတယ်ဆို တဲ့ ဆေး ကောင်စီ ဥပဒေ ပုဒ်မ (၄၁) ဆို တဲ့ ပုဒ်မ ၃ ခုနဲ့ တရားစွဲခံခဲ့ရပြီး ဖားကန့်မြို့နယ် ရဲ စခန်းမှာ ယမန်နှစ် ဇူလိုင်လ ကတည်းက ချုပ်နှောင်ခံနေခဲ့ရသူပါ။

ဦးဇော်ဂျာ ကွယ်လွန်ခဲ့မှုတွင် ဒေါ်ဘောက်ဂျာက ဆေးထိုးပေးခဲ့တယ်ဆိုပြီး တရားစွဲထားတဲ့ တရား လို
ဒေါ်ကိုင်ထန် ကိုယ် တိုင်က အမှု ရုပ်သိမ်းလွှာတင်ခဲ့သည့်အပြင် မည်သည့် တရားလိုပြသက်သေ ကမျှ
ဒေါ်ဘောက်ဂျာ အပေါ်ငြိစွန်းအောင် ထွက်ဆိုနိုင်ခဲ့ခြင်းမရှိလို့ ဒေါ်ဘောက်ဂျာ ဆေးထိုးကုသ၍ လူသေပါ တယ်ဆိုတဲ့ ပြစ်မှု ဆိုင်ရာ ဥပဒေ ပုဒ်မ ၃၀၄ (က)နဲ့ စွဲဆိုထားသော အမှု ကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၆ ရက်
နေ့က ရုပ်သိမ်းကြောင်း တရားရုံးက အမိန့်ချခဲ့ပြီး ကျန် အမှု ၂ ခုကို ဆက်ပြီး ရင်ဆိုင်နေခဲ့ရတာပါ။

ကျန်အမှု ၂ ခုကို ရင်ဆိုင်နေရစဉ် ယမန်နေ့ကတော့ တရားရုံးက အပြီးသတ်အမိန့်ချမှတ်ပြီး အခုလို လွတ်မြောက်လာတာ ဖြစ်တယ်လို့ ရှေ့နေကွန်ရက်က ဆိုပါတယ်။

အလားတူ ကချင်သတင်းဌာနသတင်းတပုဒ်မှာလည်း ဒေါ်ဘောက်ဂျာကို မနေ့က တရားရုံးက ယစ်မျိုး ပုဒ်မ ၃၃ ကိုတော့ အပြစ်ရှိတယ်အမိန့်ချလိုက်ပေမယ့် ကျန်တာအပြစ်မရှိပဲ လွတ်မြောက်လာတာဖြစ်တယ် လို့ ဖော်ပြထားပါတယ်။

ဒေါ်ဘောက်ဂျာဟာ ဒေသခံ တောင်သူတွေ၊ ပြည်သူတွေကြားမှာ အလွန်လူကြိုက်များပြီး ပြီးခဲ့တဲ့ ၂ဝ၁ဝ ခုနှစ် ရွေးကောက် ပွဲတုန်းက ဖားကန့်မြို့နယ်မှာ NDF ပါတီကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူလည်း ဖြစ် ပါတယ်။

ဒေါ်ဘောက်ဂျာကို စွဲဆိုထားတဲ့ အရေးအပါဆုံး ပုဒ်မကို တရားရုံးက ရုပ်သိမ်းပြီး အခြေအနေကို သတင်းထောက် Seamus Martov ရဲ့ Negligent Homicide Charge Against Kachin Politician Dropped မှာလည်း ဖော်ပြခဲ့ပါတယ်။


အိမ့်သံစဉ် ~
Irrawaddy ဧရာဝတီ သတင်း