ရန်ကုန်စည်ပင်သာယာနယ်နိမိတ်ထဲ ဟိုင်းလတ်ယာဉ်လိုင်း ပြေးဆွဲခွင့် ပိတ်မည်

ပို့စ်တင်ချိန် - 1/25/2014 08:30:00 AM


မြို့လည် ၆ မြို့နယ်က လွဲပြီး ရန်ကုန်စည်ပင်သာယာ နယ်နိမိတ်ထဲ ၀င်ရောက် ပြေးဆွဲနေတဲ့ ဟိုင်းလတ်ယာဉ်လိုင်းတွေကို လာမယ့် ဖေဖော်ဝါရီ ၁၅ ရက် နောက်ဆုံးထားပြီး ရပ်ဆိုင်းရမယ်လို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့က ညွှန်ကြားထားကြောင်း ဟိုင်းလတ်ယာဉ်လိုင်း ပြေးဆွဲနေသူတွေက ပြောပြပါတယ်။

သက်ဆိုင်ရာ အာဏာပိုင်တွေအနေနဲ့ ဟိုင်းလတ်ယာဉ်တွေကို မီနီဘတ်စ်တွေနဲ့ ပြောင်းလဲ အစားထိုး ပြေးဆွဲဖို့ လမ်းညွှန်ခဲ့ပေမယ့် ယာဉ်ပိုင်ရှင် အများစု ငွေကြေးမတတ်နိုင်လို့ အခက်အခဲ တွေ့နေရတယ်လို့ ပြောပြကြပါတယ်။

လက်ရှိ ရန်ကုန်စည်ပင်သာယာ နယ်နိမိတ်ထဲ ၀င်ရောက် ပြေးဆွဲနေတဲ့ ဟိုင်းလတ် ယာဉ်လိုင်း ၄၆ လိုင်း၊ အစီးရေ ၈၀၀ ၀န်းကျင်ရှိပေမယ့် မီနီဘတ်စ် အစားထိုး ပြောင်းလဲ နိုင်တာက အစီး ၇၀ ပဲ ရှိတဲ့အတွက် ဒီ ယာဉ်လိုင်းတွေကို မှီခိုသွားလာနေတဲ့ ခရီးသည်တွေ အခက်အခဲ တွေ့နိုင်တယ်လို့ ယာဉ်လိုင်းပြေးဆွဲနေသူတွေက ပြောပြကြပါတယ်။
DVB Burmese