Nautilus ကိုမှ Google Drive ကို အသုံးပြုခြင်း

ပို့စ်တင်ချိန် - 1/25/2014 05:27:00 PM


အတွဲ (၁၅)၊ အမှတ် (၄)

Nautilus ဆိုတာ Ubuntu OS မှာ အသုံးပြုတဲ့ Gnome File Manager တစ်ခုဖြစ်ပါတယ်။ Nautilus ကို ၂၀၀၁ ခုနှစ်မှာ စတင်ပြီး ဖြန့်ချိခဲ့တာဖြစ်ပြီး အမျိုးအစားကတော့ File Manager အမျိုးအစားတစ်ခု ဖြစ်ပါတယ်။ Google Drive ကို Ubuntu OS ပေါ်မှာ အသုံးပြုချင်သူတွေအတွက် Nautilus ကို အသုံးပြုပြီး Google Drive ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Google Drive ကို အသုံးပြုဖို့အတွက် Ubuntu OS မှာ ထည့်သွင်းအသုံးပြုဖို့အတွက်ဆိုရင် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကိုပထမဦးဆုံး Update တွေ Upgrade တွေ ပြုလုပ်ထားသင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကို အသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့ အရင် Package တွေကို  Update ပြုလုပ်ရမှာ ဖြစ်ပါတယ်။ Update ပြုလုပ်ပြီးပြီဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ်ပေးရပါမယ်။

နောက်တစ်ဆင့်ကတော့ Google Drive ကို Install ပြုလုပ်ဖို့အတွက် အောက်ဖော်ပြပါ Command တွေကို တစ်ကြောင်းချင်း ထည့်သွင်းပေးရမှာဖြစ်ပါတယ်။ အသုံးပြုရမယ့် Command တွေကတော့ -

sudo add-apt-repository ppa:invernizzi/google-docs-fs

sudo apt-get update && sudo apt-get install google-docs-fs ဆိုတဲ့ Command တွေပဲဖြစ်ပါတယ်။ ဒီအဆင့်တွေ ပြီးသွားပြီဆိုရင်တော့ Google Drive ကိုစတင် အသုံးပြုနိုင်ပြီဖြစ်ပါတယ်။

Google Drive ကို အသုံးပြုဖို့အတွက် ပထမဆုံး Home ကိုဖွင့်လိုက်ပါ။ ပြီးသွားရင် Drive ဆိုတဲ့ ဖိုဒါကို ဖန်တီးရမှာ ဖြစ်ပါတယ်။ Drive ဆိုတဲ့ ဖိုဒါကို ဖန်တီးပြီးသွားရင် Terminal မှာ gmout Drive [email protected] ဆိုတဲ့ Command ကို ရိုက်ထည့်ရပါမယ်။ User Name နေရာမှာ ကိုယ်အသုံးပြုတဲ့ Google Account ရဲ့ Name ကို ရိုက်ထည့်ရမှာ ဖြစ်ပါတယ်။ ပြီးသွားရင် အဲဒီအကောင့်ရဲ့ Password ကို ထည့်ပေးရမှာ ဖြစ်ပါတယ်။ အားလုံးပြီးစီးသွားပြီဆိုရင်တော့ အချိန်ခဏလောက် စောင့်ပေးလိုက်ရင် Google Drive ဟာ Nautilus ထဲမှာ Mount ဖြစ်သွားပြီဖြစ်ပါတယ်။ ဒါဆိုရင် Google Drive ကို Nautilus မှာ စတင်အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။

သီဟ
Internet Journal