မျိုးဆက်သစ် Nexus tablet တွင် Android 4.5 အသုံးပြုဖွယ်ရှိ

ပို့စ်တင်ချိန် - 1/25/2014 12:17:00 PM


အတွဲ (၁၅)၊ အမှတ် (၄)

Nexus 10 ၏မျိုးဆက်သစ် tablet သည် Android 4.5 အသုံးပြုထားသည့် ပထမဆုံး tablet ဖြစ်လာဖွယ်ရှိကြောင်း evleaks ၏ Twitter account မှဖော်ပြချက်အရ သိရသည်။

Samsung ကအသစ်ထပ်မံ ထုတ်လုပ်မည့် အထက်ပါ tablet တွင် 2,560x1,600 pixel displayကို အသုံးပြုဖွယ်ရှိပြီး ကျောဘက်တွင် 5 megapixel နှင့်အရှေ့ဘက်တွင် 3 megapixel ကင်မရာတို့ကို ထည့်သွင်းအသုံးပြု ဖွယ်ရှိကြောင်း သိရသည်။ ထို့အပြင် Samsung Exynos 5 ပရိုဆက်ဆာ၊ RAM 3GB တို့ပါဝင်လာဖွယ်ရှိပြီး storage16GB နှင့် 32 GB ဟူ၍ နှစ်မျိုးထုတ်လုပ် သွားဖွယ်ရှိကြောင်း သိရသည်။

Samsung သည် Nexus 10 ၏မျိုးဆက်သစ် tablet အားထောက်ပံ့ရန် ကောလာဟလများထွက်နေသည့် တစ်ခုတည်းသော ကုမ္ပဏီမဟုတ်ဘဲ ၎င်း tablet ကို Asus (သို့မဟုတ်) LG မှထောက်ပံ့မှုများပြု လုပ်သွားမည်ဖြစ်ကြောင်း ပြီးခဲ့သည့်လက သတင်းဌာနများက ဖော်ပြခဲ့ကြသည်။ ထို့အပြင် Nexus 10 မျိုးဆက်သစ် tablet ၏ 16GBနှင့် 32GB ဗားရှင်းများကိုမကြာမီ ထွက်ရှိလာတော့မည်ဖြစ်ကြောင်း Google Play စတိုးတွင်ဖော်ပြထားသည်။

-စိုးထက်
Ref: CNET
Internet Journal