မြန်မာနိုင်ငံ၏ အနည်းဆုံးလုပ်ခလစာဥပဒေ ယခုနှစ်အတွင်းထွက်ပေါ်လာရန်ရှိနေ

ပို့စ်တင်ချိန် - 1/25/2014 06:22:00 PM


ရန်ကုန်၊ ဇန်နဝါရီ ၂၅။

မြန်မာနိုင်ငံ၏ နည်းဆုံးလုပ်ခလစာဥပဒေ ယခုနှစ်အတွင်းထွက်ပေါ်လာရန် ရှိနေကြောင်း အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ပေးရေး အမျိုးသားကော်မတီနှင့် အလုပ်သမား၊ အလုပ်ကိုင် နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ ဇန်နဝါရီ ၂၄ ရက်က သိရသည်။

နည်းဆုံးလုပ်ခလစာဥပဒေ အား ၂၀၁၄ ခုနှစ် ဇွန်လ တွင် လွှတ်တော်သို့ တင်ပြမည်ဖြစ်ပြီး ယခုနှစ်ကုန် တွင်သတ်မှတ်ပြဌာန်းရန်ရှိကြောင်း အလုပ်သမား၊ အလုပ်ကိုင် နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနမှ အကြီးတန်း အရာရှိတစ်ဦးက ပြောသည်။

“ဇွန်လမှာ လွှတ်တော်ကိုတင်ပြနိုင်အောင် လုပ်ထားတယ်။ ယခု နှစ်အတွင်းတော့ သတ်မှတ်နိုင်လိမ့်မယ်လို့  ထင်တယ် ဒီလိုသက်မှတ်ပေးတဲ့ အခါမှာလည်း အလုပ်ရှင်နဲ့ အလုပ်သမားတွေ ပြေလည်အောင် ပြည်နယ်တိုင်း အသီးမှာ အလုပ်သမားနဲ့ အလုပ်ရှင် အလုပ်ရုံဆွေးနွေးပွဲတွေ များများလုပ်ရဦးမယ်” ဟု အထက်ပါပုဂ္ဂိုလ်က ဆိုသည်။

ယင်းကဲ့သို့  ထွက်ပေါ်လာစေရန်အတွက်  MRDI နှင့် နိုင်ငံခြားအဖွဲ့အစည်းများသည် မန္တလး၊ ရန်ကုန်၊ ပဲခူး ၊ တိုင်းများတွင် စစ်တမ်းများ ကောက်ယူခြင်းနှင့် အချက်အလက်ကောင်ယူရာတွင် လူတစ်ယောက်၏ တစ်နေ့ ၈ နာရီ လုပ်ခသည် ၇၀၀၀ အထက်တွင် ရှိနေပြီး အခြေခံလူတမ်းများ၏ တစ်လ လုပ်ခသည် ၂၀၀၀၀၀ အထက် တွင် ရှိသင့်ကြောင်း အဆိုပါစစ်တမ်းများက ထွက်လာသည်။

“ကျွန်တော်တို့  ကတော့  အခြေခံလူတမ်းစားတွေဖြစ်တဲ့သူတွေဆီမှာ လိုက်ကောက်တယ် ကောက်တဲ့အခါမှာလည်း ယောင်္ကျား တစ်ယောက်ရဲ့ တစ်လုပ်ခလစာက အိမ်မှာရှိတဲ့ မိန်းမနဲ့  မူလတန်း ကလေးအတွက် လုံလောက်ရမယ် ဒါတွေကိုလည်း အလုပ်သမားရေးဝန်ကြီးဌာနကို တင်ပြထားတယ် ” ဟု မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် မှ ကိုနော်အောင် က ဆိုသည်။

လက်ရှိ ၂၀၁၁ ခုနှစ်မှ စတင်ကာ အစိုးရဝန်ထမ်းများ၏ လုပ်ခလစားများနှင့် ခံစားခွင့်များသည့် တိုးလားလျက်ရှိ သော်လည်း ပုဂ္ဂလိကဝန်ထမ်းများ၏ လစာသည် သာမန်သာရှိနေပြီး ယင်းတို့ ၏လုပ်ခလစာအား အမြန်ဆုံးတိုး ပေးသင့်ပြီး မြင့်တက်လာမည့် ကုန်ဈေးနှုန်းကိုလည်း ထိန်းချုပ်သင့်ကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့် လင်းအဖွဲ့အစည်းမှ အလုပ်သမားအရေး ကူညီဆောင်ရွှက်ပေးနေသူ မသက်သက်အောင်က ပြောသည်။

“အနည်းဆုံး လုပ်ခလစာကို အမြန်ဆုံးသတ်မှတ်ပေးသင့်တယ် ဘာလို့ လည်းဆိုတော့ အစိုးရဝန်ထမ်းတွေ လစာတိုးပြီဆိုတာနဲ့  ကုန်ဈေးနှုန်းကတက်လာတယ် ဒါတွေကို အစိုးရဝန်ထမ်းတွေက ခံစားရတာမဟုတ် ဘူး အောက်ခြေလူတန်းစားတွေသာ ခံစားရတာ” ဟု မသက်သက်အောင်က ဆိုသည်။

၁၉၅၀ ခုနှစ်တွင် မြန်မာနိုင်ငံ၏ လုပ်ခလစာသည် အာဆီယံနိုင်ငံများတွင် အမြင့်ဆုံးတွင် ရှိခဲ့ပြီး ယင်းအချိန်က အခြေခံလူတစ်ယောက်၏ လုပ်ခလစာသည် ၎င်း၏မိသားစု ၅ ယောက် ထိုင်စားနိုင်ခဲ့ပြီး ၁၉၆၂ ခုနှစ် နောက် ပိုင်းတွင် မြန်မာနိုင်ငံ၏ လုပ်ခလစာသည် နိမ့်ကျသွားခဲ့သည်။

နှင်းနွယ်
The Myanma Age