တရုတ်နိုင်ငံတွင် iPhone ကြိုတင်မှာယူမှု တစ်သန်းပြည့်ခဲ့

ပို့စ်တင်ချိန် - 1/25/2014 01:46:00 PM


အတွဲ (၁၅)၊ အမှတ် (၄)

ကမ္ဘာပေါ်တွင် အသုံးပြုသူအများဆုံး မိုဘိုင်းဝန်ဆောင်မှု ကုမ္ပဏီ China Mobile Ltd က ယခုရက်သတ္တပတ် အကုန်တွင် စတင်ရောင်းချတော့မည့် Apple iPhone ကိုကြိုတင်မှာယူမှု အရေအတွက်တစ် သန်းရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

China Mobile ဥက္ကဋ္ဌ Xi Guohua နှင့် Apple အမှုဆောင်အရာရှိချုပ် Tim Cook တို့သည်ဘေဂျင်းတွင် တွေ့ဆုံခဲ့ပြီးအနာဂတ်တွင် ပူးပေါင်းမှုပြုလုပ်ရန် ဘုတ်အဖွဲ့ဆိုင်ရာ သဘောတူညီ မှုများရရှိခဲ့ကြောင်း China Mobile ကပြောကြားခဲ့သည်။ သို့သော် သဘောတူညီမှု အသေးစိတ်ကို ဖော်ပြခြင်းမရှိခဲ့ပေ။ China Mobile နှင့် Apple တို့သည်လစဉ် ကြေးပေးသွင်းပြီး မိုဘိုင်းဖုန်းအ သုံးပြုသူ ၁.၂ ဘီလီယံရှိသည့် ဈေးကွက်တွင်နှစ်ဖွဲ့လုံး ညှိနှိုင်းမှုကို ၆ နှစ်ကြာပြုလုပ်ပြီးနောက် ပြီးခဲ့လကမှ သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် China Mobile က ဒီဇင်ဘာ ၂၅ ရက်နေ့မှစတင်၍ အွန်လိုင်းတွင် iPhone ကြိုတင်မှာယူနိုင်သည့် အစီအစဉ်ကိုပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

-စိုးထက်၊
Ref: SFGATE
Internet Journal