မြိတ်မြို့၌ သစ်ခွပန်း ၊ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးရေး ထုတ်လုပ်မှု နည်းပညာ ဆွေးနွေးပွဲ ကျင်းပ

ပို့စ်တင်ချိန် - 1/25/2014 12:00:00 AM


မြိတ်မြို့၌ သစ်ခွပန်း ၊ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးရေး ထုတ်လုပ်မှု နည်းပညာ ဆွေး နွေးပွဲကို ဇန်န၀ါရီလ(၂၃)ရက် မွန်းလွဲ(၃း၃၀)က မြိတ်ခရိုင် ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်း အသင်းရုံး အစည်းအဝေး ခန်းမတွင် ကျင်းပရာ မြိတ်ခရိုင် ကုန်သည် များနှင့် စက်မှုလက်မှု လုပ်ငန်း ရှင်များအသင်းမှ တာဝန်ရှိသူများ၊ မြိတ်တက္ကသိုလ် မှ တာဝန် ရှိသူများနှင့် စိုက်ပျိုးရေး လုပ်ငန်းရှင် စုစုပေါင်း (၂၇)ဦး ၊ ထိုင်နိုင်ငံမှ စိုက်ပျိုးရေးလုပ်ငန်းရှင် (၈)ဦး တက်ရောက် ခဲ့ကြသည်။


 ရှေးဦးစွာ ဆွေးနွေးပွဲသို့ တက်ရောက် လာကြသူများမှ တစ်ဦးချင်း မိတ်ဆက် စကားပြောကြားကြပြီး ထိုင်းနိုင်ငံမှ  အဖွဲ့ခေါင်းဆောင် Mr.Nikom က ဆွေးနွေးပွဲ ကျင်းပသည် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြား သည်။ ထိုနောက် မြိတ်ခရိုင် ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်း ဒုတိယ ဥက္ကဌ ဦးထွန်း ထွန်းဝင်းက နုတ်ခွန်းဆက်စကားပြောကြားသည်။

ဆက်လက်၍ ထိုင်းနိုင်ငံမှ သစ်ခွပန်း ၊ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးရေး လုပ်ငန်းရှင် များက သစ်ခွပန်းများ ၊ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးရေးကဏ္ဍနှင့် နိုင်ငံခြားသို့ တင်ပို့ ရောင်းချမှု ကဏ္ဍများကို ရှင်းလင်းပြောကြား ပြီး မြိတ်ဒေသ စိုက်ပျိုးရေးလုပ်ငန်းရှင်များနှင့် အကျိုးတူပူးပေါင်း စိုက်ပျိုးရေး လုပ်ငန်းများ ဆောင်ရွက်ရေး ရှင်းလင်းဆွေးနွေးသည်။ ယင်းနောက် မြိတ်ဒေသ စိုက်ပျိုးရေး လုပ်ငန်းရှင်များက ဒေသနှင့် ကိုက်ညီသည့် သစ်ခွပန်း ၊ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးရေး ထုတ်လုပ်မှု နည်းပညာ များ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

မြိတ်ပုလဲမြေ