တရားခံကိုဘိန်းဖြူထည့်ထားသောပုလင်းပေးပြီး ထွက်ပြေးမှု တာမွေမြို့နယ်တရားရုံး၌ဖြစ်ပွား

ပို့စ်တင်ချိန် - 1/18/2014 05:30:00 PM


တာမွေမြို့နယ် တရားရုံးထုတ် တရားခံများကို အင်းစိန်အကျဉ်း ထောင်သို့ပို့ဆောင်ရန် တရားရုံးအချုပ်မှထုတ်၍ အချုပ်ယာဉ်ပေါ် သို့တင်နေစဉ် မူးယစ်မှုဖြင့် တရားစွဲခံထားရသော အချုပ်သားထံသို့ ဘိန်းဖြူဟုယူဆရသော အမှုန့်ပေးပြီးထွက်ပြေးသွားမှု ယမန်နေ့ညနေ ၄ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးမှသိရသည်။

တာမွေမြို့နယ်တရားရုံး ပြစ်မှုကြီးအမှတ် ၄၉၇/၂ဝ၁၃၊ မူး/စိတ် ပုဒ်မ ၁၅/၁၆(ဂ)အမှုမှ တရားခံ ရဲစည်သူ(ခ)နှာခေါင်းကို အမည် မသိ အသက် (၃ဝ)ခန့် အမျိုးသားတစ်ဦးက စနိုးတာဝါတစ်ခုလှမ်း ပေး၍ထွက်ပြေး သွားခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနောက် ရဲစည်သူ(ခ)နှာခေါင်းကို သက်သေများဖြင့်ရှာဖွေ ရာ ၄င်း၏ဝဲဘက်ချိုင်းကြားအတွင်းမှ ပင်နီဆီလင်ပုလင်းဖြင့်ထည့် ထားသော ဘိန်းဖြူဟုယူဆရသည့် အဖြူရောင်အမှုန့် ဝဒသမ ၂၅ ဂရမ်ခန့်ကိုလည်းကောင်း၊ ယာဘက်ချိုင်းအတွင်းမှ ဒေါ်ကြင်ချွဲပုပ် ချဆေးဘူးဖြင့်ထည့်ထားသည့် ဘိန်းဖြူဟုယူဆရသော အဖြူရောင် မှုန့် ဝ ဒသမ ဝ၈ ဂရမ်ခန့်စီပါ ဆေးဘူးနှစ်ဘူးအားလည်းကောင်း စုစုပေါင်း ဝ ဒသမ ၄၁ ဂရမ်၊ တန်ဖိုးကျပ် ၇၅ဝဝဝခန့်နှင့်စနိုးတာဝါ အိတ်ခွံအတွင်းမှ ၁ခခ ဆေးထိုးအပ်တစ်ချောင်းတို့ကို တွေ့ရှိခဲ့ရ ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

တရားခံရဲစည်သူကို စစ်ဆေးရာမှ ၄င်းထံသို့မူးယစ်ဆေးများ လာရောက်ပို့ဆောင်သူမှာ မျိုးဝင်းထိုက်(စုံစမ်းဆဲ)ဖြစ်ကြောင်း သိရသဖြင့် ရဲစည်သူနှင့်ရဲဝင်းထိုက်တို့အား တာမွေမြို့မရဲစခန်းမှ မယ(ပ)၁/၂ဝ၁၄၊ မူး/စိတ်ပုဒ်မ ၁၅/၁၆(ဂ/၂၁)ဖြင့် အမှုဖွင့်ထားပြီး တရားခံမျိုးဝင်းထိုက်ကို ရှာဖွေလျက်ရှိကြောင်းသိရသည်။

The Union Daily