HI-WAY အမှတ်တံဆိပ် ဟန်းဆက်များကို အရစ်ကျစနစ်ဖြင့် ရောင်းချပေးမည်

ပို့စ်တင်ချိန် - 1/18/2014 08:00:00 PM


အတွဲ (၁၅)၊ အမှတ် (၃)
နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့ ယုဇနဈေးအနီး ဖွင့်လှစ်ထားသည့် GREEN Mobile (1) နှင့် ပေါင်းလောင်း အားကစားကွင်းအနီးတွင် ဖွင့်လှစ်ထားသော GREEN Mobile (2) တို့တွင် တရုတ်နိုင်ငံလုပ် ဟန်းဆက်များ ဖြစ်သော HI-WAY အမှတ်တံဆိပ် ဟန်းဆက်မျိုးစုံအား မည်သူ့ကိုမဆို အရစ်ကျစနစ်ဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း အဆိုပါဆိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ HI-WAY အမှတ်တံဆိပ် ဟန်းဆက်မျိုးစုံမှာ လူတန်းစားမရွေး ဝယ်ယူအသုံးပြုနိုင်သည့် ဈေးနှုန်းတွင်ရှိကြောင်း၊ စက်ရုံထုတ် အမှားအယွင်းကြောင့်ဖြစ်ပါက တစ်နှစ်တိတိ အာမခံပေးသောစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ် ကြောင်းသိရသည်။ Android OS, Touch Screen သုံး ဟန်းဆက်မော်ဒယ် (၄) မျိုး၊ JAVA, Keypad သုံး မော်ဒယ် (၁) မျိုးတို့ဖြစ်ပြီး ဈေးနှုန်းမှာ အရည်အသွေးအလိုက် ကျပ်တစ်သိန်းခွဲမှ ကျပ်သုံးသောင်းခွဲအထိ ရှိကြောင်းသိရသည်။

“မည်သူမဆိုကို အရစ်ကျစနစ်နဲ့ ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။ အရပ်သားဆိုရင် အရစ်ကျ စနစ်နဲ့ ဝယ်ယူဖို့ အုပ်ချုပ်ရေးမှူးရုံးအနေနဲ့ သိထားပြီးဖြစ်ကြောင်းနဲ့ ရပ်ကွက်အတွင်း အမှန်တကယ် နေထိုင်ကြောင်း ရပ်ကွက်ရဲ့ ထောက်ခံစာလိုသလို ဝန်ထမ်းဆိုရင်လည်း မိမိဌာနက အကြီးအကဲရဲ့ ထောက်ခံစာတွေ၊ မှတ်ပုံတင်မိတ္တူ၊ အိမ်ထောင်စုဇယား စတာတွေ လိုအပ်မှာဖြစ်ပါတယ်” ဟု GREEN Mobile မှ တာဝန်ရှိသူက ပြောသည်။ အသေးစိတ်သိရှိလိုပါက GREEN Mobile ဖုန်း-၀၆၇- ၂၅၃၅၄ နဲ့ ၀၉-၄၂၀၇၀၉၇၈၆ သို့ ဆက်သွယ်စုံစမ်းနိုင်မည်ဖြစ်သည်။

ကျော်ဇေယျ၊ နေပြည်တော်
Internet Journal