Windows XP အတွက် Microsoft Security Essentials ထောက်ပံ့မှု ဧပြီလတွင် ရပ်ဆိုင်းမည်

ပို့စ်တင်ချိန် - 1/18/2014 05:00:00 PM


Microsoft ကုမ္ပဏီသည် Windows XP operating system အတွက် Microsoft Secutriy Essentials ထောက်ပံ့နေမှုကို ၂၀၁၄ ခုနှစ်ဧပြီလ ၈ ရက်တွင် ရပ်ဆိုင်းမည်ဖြစ်ကြောင်း ကြေညာပြောကြားခဲ့သည်။

အဆိုပါ ကြေညာချက်သည် Microsoft က Windows XP အတွက် အထောက်အပံ့များ ရပ်ဆိုင်းမည့် web page သစ်မှတစ်ဆင့် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ Microsoft သည် ၂၀၁၄ ခုနှစ် ဧပြီလ ၈ ရက်တွင် Microsoft Securtiy Essentaials download ပြုလုပ်ခြင်းကို ရပ်ဆိုင်းမည်ဖြစ်ပြီး Windows XP ကိုဆက်လက်သုံးစွဲ လိုသူများအနေဖြင့် လုံခြုံရေးအန္တရာယ်ကို သတိထားသင့်ကြောင်းနှင့် ကွန်ပျူတာပေါ်တွင် မလိုလားအပ်သည့် အနှောင့်အယှက်များရန်မှ ကာကွယ်နိုင်ရန်အတွက် အဆင့်မြင့်လုံခြုံရေး နည်းပညာပါဝင်သည့် နောက်ဆုံးပေါ် software များအသုံးပြုခြင်း လက်ရှိအသုံးပြုနေသည့် software ကိုပုံမှန် update ပြုလုပ်ခြင်းစသည့် အလေ့အကျင့်များ ပြုလုပ်သင့်ကြောင်း Microsoft ကအကြံပြုထားသည်။

-နောင်နောင်
Ref: Ubergizmo
Internet Journal