မဲဆောက်မြို့ ၀မ်းဒါးဖူးအထည်ချုပ်စက်ရုံမှ မြန်မာလုပ်သား ၁၁၃ဦးနစ်နာကြေး ဘတ် ၃သိန်းရရှိ

ပို့စ်တင်ချိန် - 2/25/2014 03:04:00 PM


ထိုင်းတရုတ်အလုပ်ရှင်က ကြိုတင်အကြောင်းမကြားဘဲ အလုပ်ပိတ်သိမ်းပစ်ခဲ့သဖြင့် အလုပ်ပြုတ်ခဲ့ကြရသော ထိုင်း- မြန်မာနယ်စပ်၊ မဲဆောက်မြို့၊ အမှတ်ရ ရပ်ကွက်ရှိ ၀မ်းဒါးဖူးလ် (အရပ်အခေါ်-ဟန်ထိုင်း)အထည် ချုပ်စက်ရုံမှ မြန်မာလုပ်သား ၂၁၀ဦးအနက်၊ အလုပ်ရှင်ကို တရားစွဲဆိုခဲ့ကြသည့် မြန်မာ လုပ်သား ၁၁၃ ဦးတို့သည် ဖေဖော်ဝါရီ ၂၁ရက်နေ့က နစ်နာ ကြေးအနေဖြင့် ထိုင်းနိုင်ငံသုံးငွေ ဘတ် ၃သိန်းရရှိကြကြောင်း သတင်းရရှိသည်။

အဆိုပါစက်ရုံသည်ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် ကြိုတင်အကြောင်း မကြားဘဲအလုပ်ပိတ်သိမ်းခဲ့သဖြင့် စက်ရုံရှိမြန်မာလုပ်သား ၂၁၀ ဦး တို့မှာ အလုပ်ပြုတ်ခဲ့ရသည်။ ယင်း ကိစ္စနှင့်ပတ်သက်၍ ထိုင်းအလုပ် သမားဝန်ကြီးဌာန မဲဆောက် ခရိုင်၊ အလုပ်သမားကာကွယ်ရေး ရုံး၌ ၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီ ၁၅ ရက်နေ့မှစပြီး အလုပ်ရှင်ကိုတိုင် ကြားခဲ့ကြရာ (၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ရက်)နေ့၌ အလုပ်ရှင်က နစ်နာကြေး ဘတ် ၃သိန်းပေးရန် သဘောတူခဲ့ခြင်း ဖြစ်၏။

နစ်နာကြေးများရရှိမှုနှင့် ပတ်သက်၍ အလုပ်သမားကိုယ် စားလှယ် မောင်နန်းဦးက ““ကျွန်တော်တို့အလုပ်သမား ၁၁၃ ဦး ရှိရာမှာ တစ်ဦးကို (၂၆၅၅) ဘတ်စီနစ်နာကြေးရကြပါတယ်။ ထိုင်းဥပဒေအတိုင်းရင်ဆိုင်ပြီး နစ်နာကြေးရရှိမယ်ဆိုရင် ဘတ် (၁၈)သိန်းလောက်ရဖို့ရှိပါတယ်။ ဒါပေမဲ့ အလုပ်ရှင်ကမပေးလို တာရယ်၊ ထိုင်းဥပဒေအတိုင်း ရင်ဆိုင်ရင်အချိန်ကာလ ၄/၅နှစ် လောက်ကြာမှာရယ်ကြောင့် အခုရရှိတဲ့ ဘတ် ၃သိန်းကိုပဲ လက်ခံလိုက်တာပါ။ မြန်မာသံရုံး က အလုပ်သမားသံမှူး ဦးကျော် ကျော်လွင်၊JACBA ဆရာမိုးနဲ့ အဖွဲ့အားလုံးကို ကျေးဇူးတင်ပါ တယ်””ဟု ပြောပြသည်။ အဆိုပါ ၀မ်းဒါးဖူးလ်အထည်ချုပ်စက်ရုံသည် ပြီးခဲ့သည့် ၂၀၁၃ခုနှစ်၊ နိုဝင်ဘာ လ ၁၇ရက်နေ့တွင် ကျရောက် သော မီးဖောင်မျှောပွဲတော်နေ့ (လွိုင်းကထုံး)သည် ထိုင်းအစိုးရ၏ တရားဝင်ရုံးပိတ်ရက်ဖြစ်သော် လည်း စက်ရုံပိတ်မပေးသဖြင့် အလုပ်သမားများဆန္ဒပြခဲ့ရာမှ အလုပ်သမား ၁၇ဦးကို ဦးစွာ အလုပ်ဖြုတ်ပစ်ခဲ့သည်။ သို့ရာတွင် အဆိုပါ ၁၇ဦးက မဲဆောက်မြို့ အလုပ်သမားကာကွယ်ရေးရုံးသို့ မြန်မာပြည်သားများအရေးပူးတွဲ လှုပ်ရှားမှုကော်မတီJACBA မှ တဆင့်ဆက်သွယ်တိုင်ကြားခဲ့ရာ အလုပ်ရှင်ကနစ်နာကြေး ဘတ် ၁သိန်းခွဲပေးခဲ့ရသည်။ ထိုမှတစ်ဆင့် မြန်မာအလုပ်သမား ၂၁၀ဦးတို့က အလုပ်ရှင်နှင့် အလုပ်သမားစာချုပ် ပါအချက်အလက်များ မလိုက် နာသောအလုပ်ရှင်ကို တရားစွဲ ဆိုပေးရန် မဲဆောက်မြို့အလုပ် သမားကာကွယ်ရေးရုံးတွင် တောင်းဆိုခဲ့ကြသည်။ နောက်ဆုံး တွင်မူ အဆိုပါအလုပ်သမား ၂၁၀ ဦးကို ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ရက်နေ့တွင် စက်ရုံပိတ်သိမ်း သည်ဟုအကြောင်းပြကာ အလုပ် ဖြုတ်ပစ်ရာမှ ယခုလိုနစ်နာကြေး များ ပေးခဲ့ရခြင်းဖြစ်သည်။

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ သံရုံးမှအလုပ်သမားသံမှူး ဦး ကျော်ကျော်လွင်သည် ယခုလ ဖေဖော်ဝါရီလ ၁၁ရက်နေ့က ထိုင်းအလုပ်သမားဝန်ကြီးဌာန မဲဆောက်ခရိုင် အလုပ်သမား ကာကွယ်ရေးရုံးသို့ရောက်ရှိကာ ရှောင်တခွင်ကွင်းဆင်းဆွေးနွေးခဲ့ ရာတွင် ယင်းဝမ်းဒါးဖူးလ်အထည် ချုပ်စက်ရုံပြဿနာသည် ပထမ ဦးစားပေးအကြောင်းအရာဖြစ် ခဲ့သည်။    



သောင်ရင်းနဂါး
Hot News