လင်မယားစကားများစဉ် ခင်ပွန်းမှ ဓါးဖြင့်ထိုး၍ ဇနီးသေဆုံး

ပို့စ်တင်ချိန် - 2/25/2014 12:11:00 AM


ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄

၂၄.၂.၂၀၁၄ရက်နေ့ ၀၉၀၀အချိန်ကျောက်တန်းမြို့နယ်၊တံတားမြို့နယ်ခွဲ
နေ သိန်းဝင်း(ခ)သူဟန်(၂၆)နှစ်၊လယ်စားရင်းငှား (ဘ)ဦးသန်းလွင်နှင့် ဇနီးဖြစ်သူမနွယ်နီ(၁၈)နှစ် တို့သည် သုံးခွမြို့နယ်၊ ကဒပ္ပနကျေးရွာအုပ်စု၊ အရှေ့တံခွန်တိုင်ရွာရှိ ဦးဇော်ဝင်း၏လယ်ကွင်းအတွင်း ပဲများခူးဆွတ်သည့် အလုပ်လုပ်ကိုင်နေကြစဉ် ခင်ပွန်းဖြစ်သူ သိန်းဝင်းသည် ပဲမခူးဘဲနေသဖြင့် ဇနီးဖြစ်သူမနွယ်နီကပြောဆိုရာမှ စကားများကြပြီး သိန်းဝင်း(ခ)သူဟန်မှ မနွယ်နီအား အရိုးအသွား(၆)လက်မခန့်ရှိ မီးဖိုချောင်သုံးဓါးဖြင့်ထိုးခဲ့၍ မနွယ်နီတွင် ရင်ညွန့်၌ထိုးသွင်းဒဏ်ရာ(၂)ချက်၊ ၀ဲ/ယာနံကြား၌ထိုးသွင်း ဒဏ်ရာ(၂)ချက်၊ ၀ဲလက်မောင်း၊တံတောင်တို့တွင် ပြတ်ရှဒဏ်ရာ(၂)ချက်၊ ၀ဲလက်ဖျံ၌ပြတ်ရှဒဏ်ရာ(၇)ချက်၊ ယာခြေသလုံး၌ပြတ်ရှဒဏ်ရာ(၁)ချက် တို့ရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပါသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ သေဆုံးသူမနွယ်နီ၏ မိခင်ဒေါ်တင်လှမှ သိန်းဝင်း(ခ)သူဟန်အား အရေးယူ ပေးပါရန်တိုင်တန်းခဲ့သဖြင့် သုံးခွမြို့မရဲစခန်း (ပ)၅၆/၂၀၁၄၊ ပုဒ်မ ၃၀၂ဖြင့်အမှုဖွင့်ကာ တရားခံဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police