လင်မယားစကားများစဉ် ဖျန်ဖြေပေးသူကို ထိုးကြိတ်ခဲ့သဖြင့် ဖျန်ဖြေသူက တုတ်ဖြင့်ရိုက်၍ သေဆုံး

ပို့စ်တင်ချိန် - 5/19/2014 06:32:00 PM


ရန်ကုန်၊ မေ ၁၉

၁၈.၅.၂၀၁၄ရက်နေ့ ၁၃၀၀အချိန်ခန့်တွင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)
မြို့နယ်၊ (၉၃)ရပ်ကွက်နေသူများဖြစ်ကြသည့် သက်ဦး၊(၂၂)နှစ်၊ (ဘ)ဦးမြသိန်း နှင့် စိန်ဝင်းရွှေ၊(၃၀)နှစ်တို့သည် အရက်အတူ
သောက်ခဲ့ပြီး နေအိမ်သို့ပြန်လာခဲ့ကြောင်း၊

ထိုသို့ပြန်လာစဉ်
စိန်ဝင်းရွှေ၏နေအိမ်ရှေ့အရောက်၌ အရက်သောက်သည့်ကိစ္စနှင့်
ပတ်သက်ပြီး စိန်ဝင်းရွှေနှင့် ၎င်း၏ဇနီးတို့စကားများကြစဉ် သက်ဦးမှ
ဝင်ရောက်ဟန့်တားခဲ့ကြောင်း၊ ထိုသို့ဟန့်တားခဲ့သဖြင့် စိန်ဝင်းရွှေမှ သက်ဦးအား ထိုးကြိတ်ကန်ကြောက်ခဲ့ကြောင်း၊ ယင်းသို့ပြုလုပ်သဖြင့် သက်ဦးမှ နေအိမ်ရှေ့ရှိ အရှည်(၁)ပေခွဲ၊ လုံးပတ်(၁၀)လက်မခန့်ရှိ သစ်သားတုံးဖြင့် စိန်ရွှေဝင်းအား ရိုက်နှက်ခဲ့ပြီးထွက်ပြေးသွားခဲ့ကြောင်း၊

စိန်ရွှေဝင်းတွင် ဦးခေါင်းနောက်စေ့၌ ပေါက်ပြဲဒဏ်ရာ(၂)ချက်ရရှိခဲ့၍ သင်္ဃန်းကျွန်းစံပြဆေးရုံသို့ တင်ပို့ကုသစဉ် သေဆုံးသွားခဲ့ကြောင်း သိရှိခဲ့ရသဖြင့် ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့မရဲစခန်း (ပ)၁၉၁/၂၀၁၄၊
ပြစ်မှုပုဒ်မ ၃၀၂ဖြင့် အမှုဖွင့်ကာ သက်ဦးအား ဖမ်းဆီးရမိရေးအတွက်
ဆောင်ရွက်ခဲ့ပါသည်။

အမှုမှ ပြစ်မှုကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင်သွားသူ သက်ဦးကို ဖမ်းဆီးရမိရေးအတွက် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်
များနှင့် ခရိုင်အထူးမှုခင်းနှိမ်းရေးဌာနစုမှတပ်ဖွဲ့ဝင်များက စုံစမ်း
ဆောင်ရွက်ခဲ့ရာ ၁၆၃၀ အချိန်တွင် ခရမ်းချောင်းရေထိန်းတံခါးရှိ ပိန်းကန်ကျေးရွာသို့ထွက်ခွာမည့်စက်လှေပေါ်မှဖမ်းဆီးရမိခဲ့ပြီး အမှုဖြင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police