လူမျိုးရေး တိုက်ခိုက်မှုများကြောင့် ဗီယက်နမ်ရှိ တရုတ်နိုင်ငံသားသုံးထောင်ခန့် ပြန်လည်ခေါ်ယူ

ပို့စ်တင်ချိန် - 5/19/2014 04:30:00 PM


ဟိုချီမင်းမြို့တော်ရှိ တန်ဆွန်နတ်လေဆိပ်တွင် ဗီယက်နမ်နိုင်ငံမှထွက်ခွာရန် စောင့်ဆိုင်းနေသော တရုတ်နိုင်ငံသားများကို မေလ ၁၅ ရက်က တွေ့ရစဉ် (STRINGER/REUTERS)

ဗီယက်နမ်နိုင်ငံတွင် တရုတ်ဆန့်ကျင်ရေး အဓိကရုဏ်း များ ဖြစ်ပွားပြီးနောက် လုံခြုံရေး စိုးရိမ်ရခြင်းကြောင့် တရုတ်အ စိုးရသည် နိုင်ငံသား သုံးထောင် ခန့်ကို ပြန်လည်ခေါ်ယူခဲ့ကြောင်း တရုတ်နိုင်ငံပိုင် မီဒီယာက ကြေ ညာသည်။

ဆင်ဟွာ သတင်းဌာနက ဖော်ပြခဲ့သည့်သတင်းတွင် အစိုးရ က ပြန်လည်ခေါ်ယူ ကယ်ဆယ်ခဲ့ သူများထဲတွင် အပြင်းအထန် ဒဏ်ရာရသည့် လူ ၁၆ ဦးလည်း ပါဝင်ကြောင်း ဆိုသည်။ ၎င်းတို့ ကို လေယာဉ်ပေါ်တွင်ပင် ဆေး ကုသမှုပေးပြီး ခေါ်ယူခဲ့ရခြင်းဖြစ် ကာ နောက်ထပ် တရုတ်နိုင်ငံသား များကို ကယ်ထုတ်ပြောင်းရွှေ့နိုင် ရန်အတွက်လည်း သင်္ဘောငါး စီး စေလွှတ်ထားကြောင်းဆိုသည်။

ဗီယက်နမ်တွင် တရုတ်ဘက်မှ အငြင်းပွားနေသည့် တောင်တ ရုတ်ပင်လယ်အတွင်း ရေနံတူးစင် ဆောက်လုပ်ရန် ကြိုးပမ်းမှုနှင့် ပတ်သက်၍ ကန့်ကွက်ဆန္ဒပြမှု များမှတစ်ဆင့် တရုတ်ဆန့်ကျင် ရေး အဓိကရုဏ်းများ နေရာအနှံ့ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ဗီယက်နမ် အစိုးရ၏ထုတ် ပြန်ချက်အရ လုပ်သားများ၏ ဆန္ဒ ပြမှုများမှာ ပြည်နယ် ၆၃ ခုမှ မြို့ ပေါင်း ၂၂ မြို့သို့ ပျံ့နှံ့သွားပြီး လူအုပ်စုလိုက် ဆူပူအကြမ်းဖက် သူများက နိုင်ငံခြားသားပိုင် စက်ရုံများကို မီးရှို့ခြင်း၊ တရုတ်လူမျိုး များကို ပစ်မှတ်ထားတိုက်ခိုက် ခြင်းများ ပြုလုပ်ခဲ့ကာ တရုတ်လုပ် သားအနည်းဆုံး နှစ်ဦးသေဆုံး၍ တစ်ရာကျော် ဒဏ်ရာရခဲ့ကြောင်း ဆိုသည်။

တရုတ်အစိုးရက စနေ နေ့တွင် ဗီယက်နမ်မှ ကယ်ထုတ် ခဲ့သည့် တရုတ်နိုင်ငံသားဦးရေမှာ ၃၀၀၀ ကျော်ရှိပြီး ၎င်းတို့ကို ဗီယက် နမ်ရှိ တရုတ်သံရုံးမှ စီစဉ်ပေးမှုဖြင့် ဇာတိနိုင်ငံသို့ ပြန်ခေါ်လာခြင်း ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာနက ထုတ်ပြန်သည်။

‘‘မကြာမီကပဲ ဗီယက်နမ် တောင်ပိုင်းမှာ နိုင်ငံခြားကုမ္ပဏီ တွေကို ပစ်မှတ်ထားတဲ့ အကြမ်း ဖက်မှုတွေကြောင့် တရုတ်နိုင်ငံ သားတွေနဲ့ ကုမ္ပဏီတွေရဲ့ နေရာ အဆောက်အအုံတွေ ပျက်စီးမှု ဖြစ်ခဲ့ရပါတယ်။ နိုင်ငံခြားရေးဌာ နဟာ နိုင်ငံသားတွေကို ဗီယက် နမ်ကို ခရီးမထွက်ကြဖို့ ယာယီ တားဖြစ်ထားပါတယ်’’ ဟုလည်း တရုတ်နိုင်ငံခြားရေးဌာနက စနေ နေ့တွင် ထုတ်ပြန်ခဲ့သည်။

ဗီ ယက်နမ်တွင် စနေနေ့ကလည်း နောက်ထပ်တရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ပြုလုပ်ရန် နှိုးဆော် မှုများဖြစ်ပေါ်လျက်ရှိရာ တိုင်ပေ သမ္မတမာယင်းကျောင်းကလည်း ဗီ ယက်နမ်နိုင်ငံတွင်း အကြမ်းဖက် မှုများထပ်ဖြစ်ပါက တိုင်ပေသား များကို ကယ်ဆယ်နိုင်ရန် ခရီး သည်တင်လေယာဉ်များကို အ သင့်ပြင်ထားရန် အမိန့်ထုတ်ထား ကြောင်း သတင်းများတွင် ဖော် ပြသည်။

—Ref: AFP

7Day Daily