ဂျက်လေယာဉ်ဆီ ရောင်းသည့်လုပ်ငန်းအတွက် အကျိုးတူ ဖိတ်ခေါ်

ပို့စ်တင်ချိန် - 5/19/2014 05:16:00 PM


စွမ်းအင်ဝန်ကြီးဌာနဟာ ပြည်တွင်း လေဆိပ်တွေမှာ ဂျက်လေယာဉ်ဆီ ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းတွေ အကျိုးတူ ပူးပေါင်းဆောင်ရွက်ဖို့ နိုင်ငံခြား ကုမ္ပဏီတွေကို ဖိတ်ခေါ်ထားတယ်လို့ နေပြည်တော် စွမ်းအင်ဝန်ကြီးရုံး တာဝန်ရှိသူတဦး ဒီဗွီဘီကို အတည်ပြုပြောဆိုပါတယ်။

အကျိုးတူ ပူးပေါင်းလုပ်ကိုင်လိုတဲ့ နိုင်ငံခြားကုမ္ပဏီဟာ အနည်းဆုံး ပြည်ပ နိုင်ငံသုံးခု က လေဆိပ်သုံးခုမှာ ဂျက်လေယာဉ်ဆီ ဖြန့်ဖြူးရောင်းချတဲ့ အတွေ့အကြုံရှိဖို့ လိုတယ်လို့ စည်းကမ်းသတ်မှတ်ထားပါတယ်။

လက်ရှိမြန်မာ့ရေနံထွက်ကုန် ပစ္စည်း ဖြန့်ဖြူးရေးအင်တာပရိုက်စ်ဟာ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ မန္တလေး တံတားဦးလေဆိပ်၊ နေပြည်တော်လေဆိပ်တွေကနေ နှစ်စဉ် ဂျက်လေယာဉ်ဆီ လီတာ ၁၂၇ သန်းကျော် ဖြန့်ဖြူးရောင်းချနေပါတယ်။

DVB Burmese