မြောက်ကိုရီးယား အဆောက်အအုံ ပြိုကျမှု လူပေါင်းရာနှင့်ချီ သေဆုံးဖွယ်ရှိ

ပို့စ်တင်ချိန် - 5/19/2014 05:14:00 PM


မြောက်ကိုရီးယား နိုင်ငံတွင် အဆောက်အအုံတစ်ခု ပြိုကျပြီးနောက် လူပေါင်းရာနှင့်ချီ သေဆုံးခဲ့သည်ဟု ယူဆရကြောင်း ခန့်မှန်းသတင်းများ ထွက်ပေါ်လာခဲ့သည်။ ပြုံယမ်းမြို့တော်တွင် တည်ဆောက်နေသည့်ေ
မျှာ်စင်အဆောက်အအုံ တစ်ခုတွင် ထိန်းသိမ်းကိုင်တွယ်ရန် ခက်ခဲလှသည့် မတော်တဆမှုကြီးတစ်ခု ဖြစ်ပွားခဲ့ပြီး ယင်းအတွက် မြောက်ကိုရီးယား အာဏာပိုင်များ ကိုယ်တိုင်ကပင် ပြည်သူများကို ပြန်တောင်းပန်ခဲ့ရကြောင်း Daily Mailက ဖော်ပြခဲ့သည်။ KCNA သတင်းဌာနသည် ယခုမတော်တဆမှုနှင့် ပတ်သက်ပြီး အသေးစိတ် ဖော်ပြခြင်း မရှိသော်လည်း အရေးပေါ် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ရကြောင်း ဝန်ခံသွားသည်။


(အဆောက်အအုံပြိုကျမှုအတွက် မြောက်ကိုရီးယားတာဝန်ရှိသူတစ်ဦးက ပြည်သူများကို တောင်းပန်ခဲ့စဉ်)
ကွန်မြူနစ်နိုင်ငံ၏ အစိုးရပိုင် သတင်းဌာန အနေဖြင့် ပြည်တွင်းမတော်တဆမှု တစ်ခုကို ယင်းကဲ့သို့ အတည်ပြုချက် ပေးခြင်းမှာ ရှားပါးလွန်းသော အခြေအနေ တစ်ရပ်လည်း ဖြစ်သည်။ ကိုးကားသတင်းများအရ (၂၃)ထပ် အဆောက်အအုံတစ်ခု ဆောက်လုပ်ဆဲ အဆင့်တွင် ပြိုကျပြီး လူပေါင်းရာနှင့်ချီ သေဆုံး ဒဏ်ရာရမှုများ ကြုံခဲ့ကြောင်း Daily Mailက ဖော်ပြခဲ့သည်။ အဆိုပါ အဆောက်အအုံမှာ ဆောက်လုပ်ဆဲ ဖြစ်သော်လည်း အပြီးသတ်နေပြီ ဖြစ်သဖြင့် မိသားစုအချို့ ပြောင်းရွှေ့ အခြေချ နေထိုင်နေပြီဟုလည်း သိရှိရသည်။

(အပြီးသတ်နေပြီဖြစ်သည့် လူနေတိုက်ခန်းများ)
အစိုးရနှင့် နီးစပ်သူများက မြောက်ကိုရီးယား အာဏာရှင် ခေါင်းဆောင်ကြီး ကင်မ်ဂျုံအန်းသည်ပင် အဆိုပါ အခြေအနေကြောင့် ဆောက်တည်ရာမရ ဖြစ်နေပြီး ညပင်အိပ်မပျော်နိုင်အောင် ပူပန်သောကရောက်နေကြောင်း ပြောဆိုခဲ့သည်။ ထိုအတောအတွင်း အင်တာနက်တွင် ထွက်ပေါ်လာသည့် ဓာတ်ပုံတစ်ပုံ၌ စစ်တပ်ဝတ်စုံနှင့် အရာရှိ တစ်ဦးက ပြုံယမ်းမြို့ခံများကို တောင်းပန်နေသည်ကို တွေ့ရှိရသည်။ KCNAက အဆောက်အအုံ ပြိုကျသည့် အသေးစိတ် အချက်အလက်ကို ကြေညာခြင်း မရှိသော်လည်း တာဝန်ရှိသူများက အစောတလျင် အရေးယူ ဆောင်ရွက်မှုများ လုပ်ဆောင်ခဲ့ကြောင်း ကြေညာသွားသည်။

Planet Myanmar Network