တူရကီ ကျောက်မီးသွေးတွင်း ပေါက်ကွဲမှု၊ ကုမ္ပဏီ တာဝန်ရှိသူ ၅ ဦးကို ဖမ်းဆီး

ပို့စ်တင်ချိန် - 5/19/2014 05:16:00 PM

မီးလောင်ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် ကျောက်မီးသွေးတွင်း – မေ ၁၈ ရက်နေ့ (ဓာတ်ပုံ – ရိုက်တာ)

တူရကီနိုင်ငံ ဆိုမာမြို့က ကျောက်မီးသွေးတွင်း မီးလောင်ပေါက်ကွဲမှု ဖြစ်ပြီးနောက် ကျောက်မီးသွေး ထုတ်လုပ်ရေးကုမ္ပဏီရဲ့ လုပ်ငန်းမန်နေဂျာအပါအ၀င် တာဝန်ရှိသူ ၅ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။

သူတို့ဟာ လူပေါင်းများစွာ သေဆုံးမှုကို လျစ်လျူရှုမှု စွဲချက်တွေနဲ့ တရား ရင်ဆိုင်နေ ရပါတယ်။

တချိန်တည်းမှာပဲ မြို့တော် အစ္စတန်ဘူလ်မှာလည်း ဆန္ဒပြပွဲတွေ ပေါ်ပေါက်နေ ပြီး ကျောက်မီးသွေးတွင်း ပိုင်ရှင်တွေဟာ အကျိုးအမြတ်ကြောင့် လုပ်ငန်းခွင် ဘေးကင်းရေး စံချိန်စံညွှန်းတွေကို မလိုက်နာဘူးလို့ ဆန္ဒပြသူတွေ က ကြွေးကြော် ပြောဆိုနေကြပါတယ်။

အများစုကတော့ ဒီလုပ်ငန်းကို ပုဂ္ဂလိကပိုင်အဖြစ် လွှဲပေးလိုက်တဲ့ အစိုးရကို အပြစ်တင်နေကြတာပါ။

ပြီးခဲ့တဲ့သီတင်းပတ်က ကျောက်မီးသွေးတွင်း မီးလောင်ပေါက်ကွဲခဲ့မှုကြောင့် လူပေါင်း ၃၀၁ ဦး သေဆုံးခဲ့တာပါ။

နောက်ဆုံး သေဆုံးသူကို မနေ့က မြှုပ်နှံလိုက်ပြီး ခုတော့ ကျောက်မီးသွေးတွင်းတ၀ိုက်က ဒေသတခုလုံးကို ပိတ်ပစ်လိုက်ပါပြီ။ အဲဒီမှာ တရားမ၀င် အလုပ်သမားခန့်အပ်မှုတွေလည်း ရှိတာကြောင့် သေဆုံးသူ စာရင်းအမှန်ကို မဖော်ပြဘူးဆိုတဲ့ သံသယတွေလည်း ရှိနေပါတယ်။

DVB Burmese