မြန်မာ-၀မ်ဘောင်တရုတ်ဝန်ထမ်း ၂ ဦးကို ဖမ်းဆီးမှု – မေးမြန်းချက်

ပို့စ်တင်ချိန် - 5/19/2014 03:32:00 PM

ထိန်းသိမ်းခံထားရသည့် တရုတ်နိုင်ငံသား ၂ ဦး (ဓာတ်ပုံ - Ko Han Win Aung)

စစ်ကိုင်းတိုင်း မုံရွာခရိုင် လက်ပံတောင်းကြေးနီစီမံကိန်းကို တာဝန်ယူဆောင်ရွက်နေတဲ့ မြန်မာ-၀မ်ဘောင် ကုမ္ပဏီရဲ့ တရုတ် နိုင်ငံသား ၂ ဦးကို မုံရွာခရိုင် ဆားလင်းကြီးမြို့ ဆည်တည်းကျေးရွာဟောင်းမှာ ရွာသူရွားသားတွေက ဖမ်းဆီးထိန်းထိမ်းထားပြီး ကုမ္ပဏီတာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးခွင့် တောင်းနေပါတယ်။

မြန်မာ-၀မ်ဘောင်ကုမ္ပဏီကလည်း သူ့ဝန်ထမ်းနှစ်ဦးကို လွှတ်ပေးဖို့ တောင်းဆိုနေသလို ဆည်တည်းရွာဟောင်းအနီးတသိုက်မှာ ရဲတပ်ဖွဲ့က တိုးမြှင့်ချထားပါတယ်။ ဒီဖမ်းဆီးမှုနဲ့ ပတ်သက်လို့ ဆည်တည်းရွာဟောင်းက ပြောခွင့်ရသူ မ၀င်းဝင်းဌေးကို ကိုအေးနိုင်က မေလ ၁၉ ရက်နေ့ မွန်လွဲ ၁ နာရီမှာ ဆက်သွယ်မေးမြန်းထားပါတယ်။

အသံဖိုင်နားဆင်ရန်


DVB Burmese