နှစ်၅၀အတွင်း မြန်မာအလှမယ် အာရှသရဖူဆောင်း (ရုပ်သံ)

ပို့စ်တင်ချိန် - 6/02/2014 08:22:00 AM


မြန်မာအလှမယ် မေမြတ်နိုးဟာ Miss Asia Pacific World 2014 ဆုကို ရရှိသွားပါပြီ။ တောင်ကိုရီးယားနိုင်ငံမှာ ပြုလုပ်သွားတဲ့ ဒီပြိုင်ပွဲမှာ အသက်(၁၈)နှစ်အရွယ် မေမြတ်နိုးဟာ လူကြိုက်အများဆုံးဆုကိုလည်း ကနေဦးက ရရှိထားပြီး မေလ ၃၁ရက်နေ့ နောက်ဆုံးအဆင့်မှာ ကိုရီးယားအလှမယ်ကို ယှဉ်ပြိုင်အနိုင်ယူကာ Miss Asia Pacific အလှမယ်ဆုကို ဆွတ်ခူးသွားတာပါ။

အခုနောက်ပိုင်း မြန်မာအလှမယ်တွေ နိုင်ငံတကာပြိုင်ပွဲတွေ ၀င်ရောက်ယှဉ်ပြိုင်လာကြပြီး အများစုက အင်တာနက်မယ်ဆု၊ လူကြိုက်အများဆုံးဆု စတဲ့ မဲပေးစနစ်ဆုတွေ ရရှိခဲ့ကြချိန်မှာ မေမြတ်နိုးက ပထမဆုံးအကြိမ် နိုင်ငံတကာ အလှမယ် သရဖူ ဆွတ်ခူးနိုင်သူ ဖြစ်လာပါတယ်။

DVB TV News



DVB TV News