အရိုးကျီးပေါင်းဖြစ်လာရင် ဘယ်လိုကုသနိုင်လဲဆိုတာ မလေးရောက်ဆရာဝန်ကြီးရှင်းပြ

ပို့စ်တင်ချိန် - 6/02/2014 06:27:00 AM


ခါးနဲ့ လည်ပင်းမှာ ဖြစ်တတ်တဲ့ အရိုးကျီးပေါင်းရောဂါကို ဘယ်လိုကုသနိုင်မလဲ။ မြန်မာပြည်မှာ အရိုးကျီးပေါင်းကို ခွဲစိတ်ကုနိုင်ပြီလား။ ရောဂါမဖြစ်အောင် နေထိုင်နည်းနဲ့ ရောဂါဖြစ်လာရင် ဘယ်လိုကုသရမယ်ဆိုတာ ဒေါက်တာ ကျော်မင်းဦးက ရှင်းပြခဲ့ပါတယ်။

အသက် ၆ဝနောက်ပိုင်း အဖြစ်များတဲ့ အရိုးကျီးပေါင်း မဖြစ်အောင် ခန္ဓာကိုယ်အနေအထား မှန်အောင် နေဖို့က အရေးအကြီးဆုံးဖြစ်ပြီး ရောဂါဖြစ်လာရင်တော့ ပြွန်အသေးစားထည့်ခွဲတဲ့နည်း၊ လေဆာဓာတ်ရောင်ခြည်အသုံးပြုပြီး ခွဲစိတ်နည်းတွေရှိတယ်လို့ မလေးရှားမှာ ဆေးကုသနေတဲ့ ဆရာဝန်ကြီးက ဆိုပါတယ်။

ကုသနည်းကတော့ နိုင်ငံတကာမှာ အတူတူပဲဖြစ်ပြီး နည်းပညာကွာဟမှုလည်း တဖြည်းဖြည်း ပျောက်သွားမယ်လို့ ဆရာဝန်ကြီးက ဆိုပါတယ်။

ဝိတိုရိယဆေးရုံမှာ ဇွန် ၁ရက်နေ့က ပြုလုပ်တဲ့ ဒီဟောပြောပွဲကို တာဝန်ယူစီစဉ်တဲ့ ဒေါက်တာ သိဂီ င်္ဝင်းက အရိုးကျီးပေါင်းဟာ မြန်မာပြည်မှာ အဖြစ်များတဲ့ရောဂါဖြစ်လို့ ဒီလိုဟောပြောပွဲစီစဉ်တာဖြစ်ပြီး သူတို့ဆေးရုံက နှုတ်ခမ်းကွဲ အာခေါင်ကွဲတွေကို အခမဲ့ခွဲစိတ်ခဲ့သလို လာမယ့် အောက်တိုဘာမှာလည်း ထပ်လုပ်ဖို့ ရှိတယ်လို့ ဆိုပါတယ်။

အရိုးကျီးပေါင်း ဟောပြောပွဲကို Stadneuron အာရုံကြော အားဆေးကုမ္ပဏီက ကူညီပံ့ပိုးပေးခဲ့တာဖြစ်ပြီး စိတ်ပါဝင်စားသူ ၅ဝလောက် တက်ရောက်ခဲ့ပါတယ်။

ကမာရွတ် မီဒီယာ


ကမာရွတ် မီဒီယာ