Facebook ကို တစ်လွဲသုံးခြင်း

ပို့စ်တင်ချိန် - 12/13/2013 06:18:00 PM


မနက်အိပ်ယာထတော့ Facebook ပေါ်တက်ကြည့်လိုက်တယ်။

ရွှေပြာတောင်မှာအရေးအခင်းဖြစ်တဲ့ ပုံတွေမြင်လိုက်ရတယ်။ မဖြစ်သေးဘူး င့ါသူငယ်ချင်းတွေသိအောင် ရှဲပေးလိုက်အုံးမယ်။

"တီတီတီတီ" ။ ဖုန်းသံကလည်းမြည်လာတယ်။ သူငယ်ချင်းတစ်ယောက်ပါ။ "ဟေ့ကောင် တို့တွေ ဆူးလေမှာ ဆန္ဒပြနေတယ်ကွ။ င့ါတို့ ပုံတွေ မင်းမြန်မြန်လာခဲ့။ ငါတို့ Facebook page နဲ့ အကောင့် တွေမှာလည်း ပုံတွေ တင်ထားတယ်။ ဝင်ကြည့်" သူငယ်ချင်းက အဲ့လိုပြောတော့ ကျနော်က

"အေးအေး သယ်ရင်း ငါအခုပဲလာပြီ" လို့ပြောပြီး သူတင်တဲ့ ပုံတွေကို ဝင် Like လုပ် အကောင့်မှာရှဲပေးလိုက်သေးတယ်။ အကောင့်မှာက Friend ငါးထောင် ရှိတော့ တစ်နာရီအတွင်းပွသွားမှာပါ။ ဒီလိုနဲ့ Laptop ကိုပိတ်ပြီး ဖုန်းအင်တာနက်ဖွင့်လို့ ဆူးလေကို ဘတ်စ်ကား နဲ့သွားပါတယ်။

ဟာ... လမ်းမှာ လူတွေရိုက်ပွဲဖြစ်နေပါလား။ မဲမဲနဲ့ ဖြူဖြူတွေ ရိုက်နေကြတာ။ ဒါ မဲမျိုး၊ ဖြူမျိုး ရန်ပွဲ ဖြစ်မယ်။ ပုံလေးရိုက်ပြီး Facebook ပေါ် တင်လိုက်အုံးမှ။ ကော်နက်ရှင်က မကောင်းတော့ ပုံလေး နည်းနည်းသေးအောင်လုပ်ပြီး တင်လိုက်အုံးမှပဲ။ ပုံ Status မှာ ဒီလိုလေး ရေးမယ်ကွာ " .. လမ်းထိပ်တွင် ဘာသာခြားတို့ အထိကရုန်းဖြစ်၊ ဗမာတွင် လူ သုံးဦးသေ"......။ ဟဲ ဟဲ။ ဟုတ်တာမဟုတ်တာ နောက်မှထား။ ဒါမှ ဖွဘုတ်မှာ ငါနာမည်ကြီးမှာ။

"တီတီတီတီ" ။ သာအေး ဖုန်းဆက်တာပဲ။ ကိုင်လိုက်အုံးမှ။ "ဟေ့ကောင်...။ ... လမ်းထိပ်မှာ အမဲတွေ ကြမ်းနေတယ်ဆို။ ငါတို့အဖွဲ့ လူ အယောက် ၂၀ ဓားကိုယ်စီနဲ့ ချီတက်နေပြီကွ။ မင်းရှိနေမယ်မလား"

"အေးအေး" ငါရှိနေမယ်သယ်ရင်း..။ လာသာလာခဲ့။ ငါလည်း ဝင်လုံးနေတယ်" လို့ ကျနော် အေးအေးပဲပြန်ဖြေလိုက်တယ်။ ဟုတ်တာ မဟုတ်တာ နောက်မှထား နာမည်ကြီးဖို့က အဓိက။

အံမယ် ငါရိုက်ပြီးတင်လိုက်တဲ့ ပုံက ၁၅ မိနစ်အတွင်း Share ၁သောင်းကျော်သွားပါလားဟ။ ဟိဟိ။ ကောင်းတယ်။ Facebook message တစ်စောင်ရောက်နေပါလား။ အော် ဘာများလဲလို့ တောင်ကြီးက သူငယ်ချင်းတစ်ယောက် ဘာသာရေးထိကရုန်းတကယ်ဖြစ်မဖြစ် လှမ်းမေးတာပါလား။ ဒီလိုလေး ဖြေပေးလိုက်အုံးမှ။

"အေးဟုတ်တယ် သယ်ရင်း။ တို့ဗမာ လူအယောက် ၁၀၀ သေတယ်။ ..ထိပ်မှာ အသေခံဗုံးပေါက်တယ်။ ဗယာကျော်သည်ဗမ်းမီးလောင်လို့ လူ ၂၀ သေတယ်။ ပွဲတွေအပီအပြင်ကြမ်းနေတယ်။ တောင်ကြီး တင်မက၊ မြန်မာနိုင်ငံတစ်ဝန်း သတိရှိကြပါ။ မိမိလူမျိုးအတွက် ဒီ သတင်းကို ရှဲပေးပါ။ မရှဲရင် သင်ဟာ လူမျိုးမချစ်ဘူးလို့ မှတ်ယူပါမယ်"

ဟိဟိ။ ဆေးတော့ထိုးလိုက်ပြီ။ ဘာပဲဖြစ်ဖြစ် ငါတော့ ဖွဘုတ်မှာ နာမည်ကြီးတော့မှာပဲ။  အဲ။ ဆူးလေး ရောက်ပြီ။ အံမယ် တယ်များနေပါလား။ ဟာ. တုတ်တွေကိုယ်စီနဲ့ပါလား။ ပုံတွေမြန်မြန်ရိုက်မှ။ ဟိုမှာ င့ါသယ်ရင်း ကိုသာဗျော။

"ဟေ့ကောင်သာဗျော၊ ရိုက်ကုန်ပီလားဟ။ အေးကွ အစောလေးတင် မြန်မာပြည်အထက်ပိုင်း၊ အောက်ပိုင်း၊ တောင်ကြီး နဲ့အခြားမြို့ တွေမှာပါ ရိုက်ကုန်ပြီကြားလို့ တို့လည်း ရိုက်ချင်တာနဲ့ ဒီရောက်လာတာ။"

တိန်။ ငါ့ထက်တောင် တယ် နာမည်ကြီးချင်နေပါလားဟ။ တို့လည်းရောချလိုက်မယ်။ "အေးကွ။ ဒီကောင်တွေ မလွယ်ဘူး။ တို့တွေကို တိုက်နေပြီ။ ကိုယ့်အမျိုးကို ကာကွယ်ရမယ်ကွ။ နေအုံး။ င့ါပုံလေး facebook မှာတင်ဖို့ လှလှလေးရိုက်ပေးအုံး။ ပုံလှအောင် အဝတ်တွေနည်းနည်းဖြဲလိုက်အုံးမယ်။"

"ငရုတ်ဆီပါလိုရင်ပြော သယ်ရင်း ငါ့မှာပါလာတယ်" လို့သာဗျောက ပြောတာနဲ့ မထူးဇာတ်ခင်းပြီး ငရုတ်ဆီပါ နဖူးမှာလူးရင် တုတ်ဆွဲပြီး ဟန်ရေးပြနေတဲ့ ပုံ အရိုက်ခံလိုက်တယ်။ ပြီးတာနဲ့ Facebook ပေါ် ဖုန်းနဲ့ တင်လိုက်တယ်။ ပုံတင်နေတုန်း ရဲကားတွေလည်းရောက်လာပါလေရော၊ ဘာသာခြားတွေလည်း ရောက်နေပြီး ဘယ်ကောင်က ထဆဲလိုက်လဲမသိဘူး။ သုံးဖွဲ့လို့ ရိုက်ကုန်တော့ ကျနော်လည်း ဝရုန်းသုန်းကားထွက်ပြေးရပါတယ်။

ဟဟ။ မီးခုံးဗုံး တစ်လုံး ကြဲတယ်ဟ။ Facebook ပေါ်မှာ မီးခိုးဗုံး အလုံး ၄၀ ကျော်ကြဲတယ်လို့ဖွဖို့ ပုံလေး ရိုက်အုံးမှ။ ဒီလိုနဲ့ ပုံရိုက်ပြီး ဖွဘုတ်ပေါ်မှာ အထူးသတင်း အနေနဲ့ မီးခုံးဗုံး အလုံး ၄၀ ကြဲပြီး ဘာသာရေးအဓိကရုန်းပြင်းထန်းကြောင်း ရေးပြီးတင်ပစ်တယ်။ မကြာဘူး။ ၁၅ မိနစ်အတွင်း ကိုယ်တင်ထားတဲ့ ငရုတ်ဆီ လူးထားပုံကို မီးခိုးဗုံးတစ်လုံး ပုံကော ရှဲပေါင်း ၁သောင်းအထက်တက်ပြီး တစ်မဟုတ်နာမည်ကြီးလာတယ်။ ဟာ.. နယ်တွေမှာ တကယ်ဖြစ်နေပါလားဟ။ ငါပြောတယ တကယ်ယုံပြီးချကုန်ပြီ။ မထူးဘူး။ ရောချမယ်။  "ရန်ကုန်မှာအခြေအနေမဟန်တော့ပါဘူး။ ဆိုင်တွေလည်းပိတ်ကုန်ပါပြီ" အဲ့လိုကွန်းမင့်တွေ လိုက်ပေးပစ်တယ်။

ဒီလိုနဲ့ အိမ်ပြန်တော့ သူငယ်ချင်းဖုန်းတွေ တစ်ဂွံဂွံလာပါလေရော။ ကိုယ်ကလည်း မီးလောင်ရာလေပင့်ချင်နေလေတော့ "အေး ဟုတ်တယ် ငယ်ချင်း။/ င့ါနဖူး အရိုက်ခံလိုက်ရတယ်ကွ။/ အေးအေး။ /မင်းတို့လည်းမခံနဲ့ချသာချ/ ပုံတွေသာ ဖွဘုတ်ပေါ် ဆက်ဆက်သာတင်ပေး။/ ငါတို့ Like ပြီးရှဲပေးမယ်။ / ညဘက်တွေ ပိုကောင်းတယ်။/ ရိုက်ကွာ။/ အေး တို့ပြောတာတွေ အားလုံး Facebook ပေါ် ပြန်တင်ကွ/ Facebook မှာ ပုံတွေ ပလူပျံပြီလားကွ။/ ဟေ့အေး။ တို့တွေ တကယ်ပြေးရတော့မယ်။/ ဟာ...။ နေရာတိုင်းမှာ တကယ်ဖြစ်နေပြီကွ/ ဟာ.... အိမ်တွေ တကယ်မီးလောင်ကုန်ပြီ/ သယ်ရင်းရေ။ ငါပြေးရတော့မယ်/ ဟာ လုပ်ပါအုံး တို့အိမ်ကို ဂဲနဲ့ ထုနေပြီ။/ ပြေးပြီဟေ့။/

ဒီလိုနဲ့ နောက်နေ့မနက် အိပ်ယာထလိုက်တော့ လူကိုယ်တိုင် ခြေမလှုပ်နိုင် လက်မလှုပ်နိုင်ပဲ ဆေးရုံပေါ်မျာ ကျောက်ပတ်တီးနဲ့ ဖြစ်နေပါလား။
----
----
---
သင်ခန်းစာ - Facebook သည် ယနေ့ခေတ်တွင် သတင်းအချက် ကူးပြောင်းရန် အလျင်မြန်ဆုံး နှင့်  အလွယ်ကူဆုံး ဖြစ်သည်။ ယင်းကို တစ်လွဲအသုံးချကာ တိုင်းပြည်ပျက်စေမည့် လုပ်ရပ်မျိုး မလုပ်မိပါ စေနှင့်။

--
အောင်ခမ်း (TSJ team)