ထိုင်းမှ ကန့်ကွက်သူများက ၀န်ကြီးချုပ်ရုံးကို လျှပ်စစ်မီးဖြတ်၊ ရေဖြတ်ကာ ၀န်းရံပိတ်ဆို့

ပို့စ်တင်ချိန် - 12/13/2013 05:41:00 PM




ဒီဇင်ဘာ ၁၃။

ထိုင်းနိုင်ငံတွင် ဖြစ်ပွားနေသည့် အစိုးရဆန့်ကျင့်ရေး ဆန္ဒပြပွဲတွင် ကန့်ကွက်သူများက ဘန်ကောက်မြို့ရှိ ၀န်ကြီးချုပ်ရုံး အဆောက်အဦကို လျှပ်စစ်ဓာတ်အားနှင့် ရေထောက်ပံ့မှုများ ဖြတ်တောက်လိုက်ကြသည်။ ဒီဇင်ဘာ ၁၂၇က်က ကန့်ကွက် သူများသည် အဆောက်အဦကို ၀န်းရံကာဆီးထားသော သံဆူးကြိုးများကို ဖြတ်တောက်လိုက်ပြီး ၀န်းရံပိတ်ဆို့မှုကို တစ်ဆင့်တိုး ပြုလုပ်ခဲ့ကြသည်။

ကန့်ကွက်သူများက အတာအဆီးများ ပြုလုပ်နေသည့် ရဲတပ်ဖွဲ့ကို ဖယ်ရှားပေးရန်နှင့် စစ်တပ်မှာ အာဏာ သိမ်းပေးရန်လည်း တောင်းဆိုနေကြသည်။ သူတို့က ၀န်ကြီးချုပ် ယင်းလက်ရှင်နာဝတ်တရာကို နှုတ်ထွက်ပေးရန်နှင့် ကြားဖြတ်အစိုးရအဖွဲ့ ဖွဲ့စည်းပေးရန် တောင်းဆိုထားကြသည်။

ကန့်ကွက်သူများက ၀န်ကြီးချုပ်ရုံး ခြံဝန်းကို ကာရံစောင့်ကြပ်နေသော ရဲတပ်ဖွဲ့ဝင်များ ဖယ်ရှားမပေးလျှင် ဖြစ်သည့်နည်းဖြင့် အဆောက်အဦ၀န်းအတွင်းသို့ ၀င်ရောက်ကြမည်ဟု ဆိုကြသည်။ ဆန္ဒပြသူများက လျှပ်စစ်မီးနှင့် ရေလွှတ်သည့် နေရာများကို ဖြတ်တောက်လိုက်ကြောင်း ဘန်ကောက်မြို့ ရဲတပ်ဖွဲ့မှ အရာရှိတစ်ဦးက အတည်ပြု ပြောကြားခဲ့သည်။ ထိုအချိန်တွင် ၀န်ကြီးချုပ် ယင်းလက်သည် ရုံးအတွင်း ရှိ၊ မရှိကိုမူ တရားဝင်ပြောကြားခြင်း မရှိခဲပေ။

လွန်ခဲ့သော တစ်ပတ်ကမူ ရဲတပ်ဖွဲ့ဝင်များသည် ကန့်ကွက်သူများ ၀င်ရောက်လိုသည့် အစိုးရအဆောက်အဦ ၀န်းခြံများအတွင်း လျောလျောရှူရျူ ၀င်ရောက်ခွင့်ပြုခဲ့သည်။ ထိုသို့ လိုက်လျောခွင့်မပြုမီ နှစ်ရက်ကမူ အကြမ်းနည်းဖြင့် နှိမ်နှင်းခဲ့ဖူးသည်။

Ref: Reuters
The Myanma Age