ရွှေ အစစ် iPad နောက်ဆုံးထွက်များ မှာယူနိုင်ပြီ

ပို့စ်တင်ချိန် - 12/13/2013 04:53:00 PM


Apple က ရွှေအစစ်နှင့်လုပ်ထားသည့် iPad Air နှင့် Mini 2 ထွက်ရှိမည်ဟု သတင်းများ ထွက်ပေါ်ခဲ့ပြီး အဆိုပါဖုန်းများကို အသုံးပြုနိုင်ရန် ဗြိတိန်အခြေဆိုက် Goldgenie က ဖန်တီးပေးလိုက်ခြင်း ဖြစ်သည်။

Apple ကုမ္ပဏီက ရွှေအစစ်နှင့် လုပ်ထားသည့် iPad Air နှင့် Mini 2 အတွက် အသုံးပြုနိုင်သည့် version မထုတ်လုပ်နိုင်ခဲ့ခြင်းကြောင့် Goldgenie က ဖန်တီးပေးခဲ့ရခြင်း ဖြစ်သည်။

အဆိုပါ ရွှေ iPad အတွက် အသုံးပြုမည့် version ကို 24ct အရည်အသွေးရှိသည့် ရွှေဖြင့် ပြုလုပ်ထားခြင်း ဖြစ်ပြီ Wi-Fi + 4G Sim Free version ဖြစ်သည်။

iPad Air - 16 GB ဗားရှင်းအတွက် ဗြိတိန်ပေါင် ၁၃၈၆ ယ ၁၂၈ GB version အတွက် ဗြိတိန်ပေါင် ၁၈၂၅ ဆိုပြီး ဈေးနှုန်းသတ်မှတ်ထားကြောင်း သိရသည်။

iPad mini with Retina Display ကို 16 GB version အတွက် ဗြိတိန်ပေါင် ၁၃၇၇ နှင့် ၁၂၈ version အတွက် ဗြိတိန်ပေါင် ၁၇၇၇ စသည့် ဈေးနှုန်းများ သတ်မှတ်ထားကြောင်း သိရသည်။

အဆိုပါiPad များအတွက် ရွှေဗားရှင်းအပြင် ပလက်တီနမ်နှင့်ပါ မှာယူလျှင် ပြုလုပ် ဖန်တီးပေးမည်ဖြစ် ကြောင်း၊ အော်ဒါမှာ ယူလိုသူများwww.goldgenie.com မှာ ၀င်ရောက်လေ့လာနိုင်မည် ဖြစ်သည်။

Mizzima Burmese